< ယေရမိ 39 >

1 ယု​ဒ​ဘု​ရင်​ဇေ​ဒ​ကိ​နန်း​စံ​န​ဝ​မ​နှစ်၊ ဒ​သ​မ လ​၌​ဗာ​ဗု​လုန်​ဘု​ရင်​နေ​ဗု​ခဒ်​နေ​ဇာ​သည် မိ​မိ ၏​တပ်​မ​တော်​ကြီး​တစ်​ခု​လုံး​နှင့်​လာ​ရောက်​၍ ယေ​ရု​ရှ​လင်​မြို့​ကို​တိုက်​ခိုက်​လေ​သည်။-
בַּשָּׁנָ֣ה הַ֠תְּשִׁעִית לְצִדְקִיָּ֨הוּ מֶלֶךְ־יְהוּדָ֜ה בַּחֹ֣דֶשׁ הָעֲשִׂרִ֗י בָּ֠א נְבוּכַדְרֶאצַּ֨ר מֶֽלֶךְ־בָּבֶ֤ל וְכָל־חֵילֹו֙ אֶל־יְר֣וּשָׁלַ֔͏ִם וַיָּצֻ֖רוּ עָלֶֽיהָ׃ ס
2 ဇေ​ဒ​ကိ​နန်း​စံ​တစ်​ဆယ့်​တစ်​နှစ်​မြောက်၊ စ​တုတ္ထ လ၊ န​ဝ​မ​ရက်​နေ့​၌​မြို့​ရိုး​များ​ပြို​ကျ​၍ သွား​လေ​၏။
בְּעַשְׁתֵּֽי־עֶשְׂרֵ֤ה שָׁנָה֙ לְצִדְקִיָּ֔הוּ בַּחֹ֥דֶשׁ הָרְבִיעִ֖י בְּתִשְׁעָ֣ה לַחֹ֑דֶשׁ הָבְקְעָ֖ה הָעִֽיר׃
3 (ယေ​ရု​ရှ​လင်​မြို့​ကို​သိမ်း​ယူ​ရ​ရှိ​သော​အ​ခါ နေ​ရ​ဂါ​လ​ရှ​ရေ​ဇာ၊ သံ​ဂါ​နေ​ဗော၊ စာ​သ​ခိမ် နှင့်​အ​ခြား​နေ​ရ​ဂါ​လ​ရှ​ရေ​ဇာ​တို့​အ​ပါ အ​ဝင်​ဗာ​ဗု​လုန်​ဘု​ရင်​၏​မှူး​မတ်​တို့​သည် အ​လယ်​တံ​ခါး​သို့​လာ​၍​ထိုင်​ကြ​၏။)
וַיָּבֹ֗אוּ כֹּ֚ל שָׂרֵ֣י מֶֽלֶךְ־בָּבֶ֔ל וַיֵּשְׁב֖וּ בְּשַׁ֣עַר הַתָּ֑וֶךְ נֵרְגַ֣ל שַׂר־אֶ֠צֶר סַֽמְגַּר־נְב֞וּ שַׂר־סְכִ֣ים רַב־סָרִ֗יס נֵרְגַ֤ל שַׂר־אֶ֙צֶר֙ רַב־מָ֔ג וְכָל־שְׁאֵרִ֔ית שָׂרֵ֖י מֶ֥לֶךְ בָּבֶֽל׃
4 ဤ​အ​ဖြစ်​အ​ပျက်​ကို​ယု​ဒ​ဘု​ရင်​ဇေ​ဒ​ကိ နှင့် စစ်​သူ​ရဲ​ကောင်း​တို့​မြင်​လေ​လျှင်​ညဥ့်​အ​ခါ မြို့​ထဲ​မှ​ထွက်​ပြေး​ရန်​ကြိုး​စား​ကြ​၏။ သူ တို့​သည်​ဥ​ယျာဉ်​တော်​လမ်း​ဖြင့်​မြို့​ရိုး​နှစ်​ခု ကြား​ရှိ​တံ​ခါး​မှ​ထွက်​၍ ယော်​ဒန်​ချိုင့်​ဝှမ်း သို့​ရှေ့​ရှု​ထွက်​ပြေး​ကြ​လေ​သည်။-
וַיְהִ֡י כַּאֲשֶׁ֣ר רָ֠אָם צִדְקִיָּ֨הוּ מֶֽלֶךְ־יְהוּדָ֜ה וְכֹ֣ל ׀ אַנְשֵׁ֣י הַמִּלְחָמָ֗ה וַֽ֠יִּבְרְחוּ וַיֵּצְא֨וּ לַ֤יְלָה מִן־הָעִיר֙ דֶּ֚רֶךְ גַּ֣ן הַמֶּ֔לֶךְ בְּשַׁ֖עַר בֵּ֣ין הַחֹמֹתָ֑יִם וַיֵּצֵ֖א דֶּ֥רֶךְ הָעֲרָבָֽה׃
5 သို့​ရာ​တွင်​ဗာ​ဗု​လုန်​တပ်​မ​တော်​သည် သူ တို့​အား​လိုက်​လံ​ဖမ်း​ဆီး​ရာ​ယေ​ရိ​ခေါ လွင်​ပြင်​အ​နီး​တွင်​ဇေ​ဒ​ကိ​ကို​ရ​မိ​ကြ​၏။ ထို​နောက်​သူ့​ကို​ဗာ​ဗု​လုန်​ဘု​ရင်​နေ​ဗု​ခဒ် နေ​ဇာ​ရှိ​ရာ​ဟာ​မတ်​နယ်​မြေ၊ ရိ​ဗ​လ​မြို့ သို့​ခေါ်​ဆောင်​သွား​ကြ​၏။ ထို​မြို့​တွင်​နေ​ဗု ခဒ်​နေ​ဇာ​သည်​ဇေ​ဒ​ကိ​အ​ပေါ်​၌​စီ​ရင် ချက်​ချ​တော်​မူ​၏။-
וַיִּרְדְּפ֨וּ חֵיל־כַּשְׂדִּ֜ים אַחֲרֵיהֶ֗ם וַיַּשִּׂ֣גוּ אֶת־צִדְקִיָּהוּ֮ בְּעַֽרְבֹ֣ות יְרֵחֹו֒ וַיִּקְח֣וּ אֹתֹ֗ו וַֽ֠יַּעֲלֻהוּ אֶל־נְבוּכַדְרֶאצַּ֧ר מֶֽלֶךְ־בָּבֶ֛ל רִבְלָ֖תָה בְּאֶ֣רֶץ חֲמָ֑ת וַיְדַבֵּ֥ר אִתֹּ֖ו מִשְׁפָּטִֽים׃
6 ရိ​ဗ​လ​မြို့​၌​ပင်​ဗာ​ဗု​လုန်​ဘု​ရင်​သည်​ဇေ​ဒ ကိ​၏​မျက်​မှောက်​တွင် သူ​၏​သား​တော်​တို့​ကို ကွပ်​မျက်​စေ​လေ​သည်။ သူ​သည်​ယု​ဒ​မှူး​မတ် များ​ကို​လည်း​သတ်​စေ​၍၊-
וַיִּשְׁחַט֩ מֶ֨לֶךְ בָּבֶ֜ל אֶת־בְּנֵ֧י צִדְקִיָּ֛הוּ בְּרִבְלָ֖ה לְעֵינָ֑יו וְאֵת֙ כָּל־חֹרֵ֣י יְהוּדָ֔ה שָׁחַ֖ט מֶ֥לֶךְ בָּבֶֽל׃
7 ဇေ​ဒ​ကိ​၏​မျက်​စိ​များ​ကို​ထိုး​ဖောက်​စေ​၏။ ထို​နောက်​သူ့​အား​ဗာ​ဗု​လုန်​မြို့​သို့​ခေါ်​ဆောင် သွား​ရန်​သံ​ကြိုး​များ​ဖြင့်​ချည်​နှောင်​ထား စေ​လေ​သည်။-
וְאֶת־עֵינֵ֥י צִדְקִיָּ֖הוּ עִוֵּ֑ר וַיַּאַסְרֵ֙הוּ֙ בַּֽנְחֻשְׁתַּ֔יִם לָבִ֥יא אֹתֹ֖ו בָּבֶֽלָה׃
8 ဤ​အ​တော​အ​တွင်း​၌​ဗာ​ဗု​လုန်​အ​မျိုး သား​တို့​သည် ဘု​ရင့်​နန်း​တော်​နှင့်​ပြည်​သူ တို့​၏​အိမ်​များ​ကို​မီး​ရှို့​ကာ​ယေရု​ရှ​လင် မြို့​ရိုး​တို့​ကို​ဖြို​ချ​ကြ​၏။-
וְאֶת־בֵּ֤ית הַמֶּ֙לֶךְ֙ וְאֶת־בֵּ֣ית הָעָ֔ם שָׂרְפ֥וּ הַכַּשְׂדִּ֖ים בָּאֵ֑שׁ וְאֶת־חֹמֹ֥ות יְרוּשָׁלַ֖͏ִם נָתָֽצוּ׃
9 နောက်​ဆုံး​၌​တပ်​မှူး​နေ​ဗု​ဇာ​ရ​ဒန်​သည်​မြို့ တွင်း​၌​ကျန်​ရှိ​နေ​သူ​တို့​အား မိ​မိ​ထံ​သို့ ထွက်​ပြေး​လာ​ကြ​သူ​တို့​နှင့်​အ​တူ သုံ့​ပန်း များ​အ​ဖြစ်​ဖြင့်​ဗာ​ဗု​လုန်​မြို့​သို့​ခေါ် ဆောင်​သွား​လေ​၏။-
וְאֵת֩ יֶ֨תֶר הָעָ֜ם הַנִּשְׁאָרִ֣ים בָּעִ֗יר וְאֶת־הַנֹּֽפְלִים֙ אֲשֶׁ֣ר נָפְל֣וּ עָלָ֔יו וְאֵ֛ת יֶ֥תֶר הָעָ֖ם הַנִּשְׁאָרִ֑ים הֶגְלָ֛ה נְבֽוּזַר־אֲדָ֥ן רַב־טַבָּחִ֖ים בָּבֶֽל׃
10 ၁၀ သူ​သည်​ပစ္စည်း​မဲ့​ဆင်း​ရဲ​သား​အ​ချို့​အား စ​ပျစ် ဥ​ယျာဉ်​များ​နှင့်​လယ်​ယာ​များ​ကို​ပေး​အပ် ကာ​ယု​ဒ​ပြည်​တွင်​ထား​ခဲ့​၏။
וּמִן־הָעָ֣ם הַדַּלִּ֗ים אֲשֶׁ֤ר אֵין־לָהֶם֙ מְא֔וּמָה הִשְׁאִ֛יר נְבוּזַרְאֲדָ֥ן רַב־טַבָּחִ֖ים בְּאֶ֣רֶץ יְהוּדָ֑ה וַיִּתֵּ֥ן לָהֶ֛ם כְּרָמִ֥ים וִֽיגֵבִ֖ים בַּיֹּ֥ום הַהֽוּא׃
11 ၁၁ ဗာ​ဗု​လုန်​ဘု​ရင်​နေ​ဗု​ခဒ်​နေ​ဇာ​သည် တပ်​မှူး နေ​ဗု​ဇာ​ရ​ဒန်​အား၊-
וַיְצַ֛ו נְבוּכַדְרֶאצַּ֥ר מֶֽלֶךְ־בָּבֶ֖ל עַֽל־יִרְמְיָ֑הוּ בְּיַ֛ד נְבוּזַרְאֲדָ֥ן רַב־טַבָּחִ֖ים לֵאמֹֽר׃
12 ၁၂ ``သင်​သည်​သွား​၍​ယေ​ရ​မိ​ကို​ခေါ်​ယူ​ကာ ကောင်း​စွာ​ကြည့်​ရှု​စောင့်​ရှောက်​လော့။ သူ့​ကို မ​ညှင်း​ဆဲ​နှင့်။ သူ​အ​လို​ရှိ​သည်​အ​တိုင်း ဆောင်​ရွက်​၍​ပေး​လော့'' ဟု​မှာ​ကြား​တော် မူ​၏။-
קָחֶ֗נּוּ וְעֵינֶ֙יךָ֙ שִׂ֣ים עָלָ֔יו וְאַל־תַּ֥עַשׂ לֹ֖ו מְא֣וּמָה רָּ֑ע כִּ֗י אִם כַּֽאֲשֶׁר֙ יְדַבֵּ֣ר אֵלֶ֔יךָ כֵּ֖ן עֲשֵׂ֥ה עִמֹּֽו׃
13 ၁၃ သို့​ဖြစ်​၍​နေ​ဗု​ဇာ​ရ​ဒန်​နှင့်​အ​မတ်​ကြီး တစ်​ဦး​ဖြစ်​သူ​နေ​ဗု​ရှာ​ဇ​ဗန်၊ အ​ခြား​အမတ် ကြီး​နေ​ရ​ဂါ​လ​ရှ​ရေ​ဇာ​အ​စ​ရှိ​သည့် ဗာ​ဗု​လုန်​ဘု​ရင်​၏​မှူး​မတ်​အ​ပေါင်း​တို့​သည်၊-
וַיִּשְׁלַ֞ח נְבֽוּזַרְאֲדָ֣ן רַב־טַבָּחִ֗ים וּנְבֽוּשַׁזְבָּן֙ רַב־סָרִ֔יס וְנֵרְגַ֥ל שַׂר־אֶ֖צֶר רַב־מָ֑ג וְכֹ֖ל רַבֵּ֥י מֶֽלֶךְ־בָּבֶֽל׃
14 ၁၄ ငါ့​အား​နန်း​တော်​ဝင်း​အ​တွင်း​မှ​ခေါ်​ယူ​ကြ​၏။ ထို​နောက်​သူ​တို့​သည်​ငါ့​အား​ဘေး​မဲ့​လုံ​ခြုံ စွာ​အိမ်​သို့​ပြန်​လည်​ပို့​ဆောင်​စေ​ရန်​ရှာ​ဖန် ၏​မြေး၊ အ​ဟိ​တံ​၏​သား​ဂေ​ဒ​လိ​၏​လက်​သို့ ပေး​အပ်​ကြ​၏။ သို့​ဖြစ်​၍​ငါ​သည်​မိ​မိ​၏ အ​မျိုး​သား​များ​နှင့်​အ​တူ​တစ်​ဖန်​နေ​ထိုင် ရ​လေ​သည်။
וַיִּשְׁלְחוּ֩ וַיִּקְח֨וּ אֶֽת־יִרְמְיָ֜הוּ מֵחֲצַ֣ר הַמַּטָּרָ֗ה וַיִּתְּנ֤וּ אֹתֹו֙ אֶל־גְּדַלְיָ֙הוּ֙ בֶּן־אֲחִיקָ֣ם בֶּן־שָׁפָ֔ן לְהֹוצִאֵ֖הוּ אֶל־הַבָּ֑יִת וַיֵּ֖שֶׁב בְּתֹ֥וךְ הָעָֽם׃ ס
15 ၁၅ ငါ​သည်​နန်း​တော်​ဝင်း​အ​တွင်း​၌ အ​ကျဉ်း​ခံ နေ​ရ​စဉ်​ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​အား ဗျာ​ဒိတ်​ပေး​တော်​မူ​၏။-
וְאֶֽל־יִרְמְיָ֖הוּ הָיָ֣ה דְבַר־יְהוָ֑ה בִּֽהְיֹתֹ֣ו עָצ֔וּר בַּחֲצַ֥ר הַמַּטָּרָ֖ה לֵאמֹֽר׃
16 ၁၆ ကိုယ်​တော်​က``သင်​သည်​ဆူ​ဒန်​အ​မျိုး​သား ဧ​ဗ​ဒ​မေ​လက်​အား`ဣသ​ရေ​လ​အ​မျိုး​သား တို့​၏​ဘု​ရား​သ​ခင်၊ အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ ဘု​ရား​က​ငါ​သည်​ယ​ခင်​က​ဖော်​ပြ​ခဲ့​သည့် အ​တိုင်း​ဤ​မြို့​ကို​ယို​ယွင်း​ပျက်​စီး​စေ​မည်။ ယင်း​ကို​ချမ်း​သာ​ကြွယ်​ဝ​စေ​လိမ့်​မည်​မ​ဟုတ်။ အ​ချိန်​ကျ​သော​အ​ခါ​ဤ​အ​မှု​အ​ရာ​များ ဖြစ်​ပျက်​လာ​သည်​ကို​တွေ့​မြင်​နိုင်​ရန်​သင် သည်​ထို​မြို့​တွင်​ရှိ​နေ​ပေ​လိမ့်​မည်။-
הָלֹ֣וךְ וְאָמַרְתָּ֡ לְעֶבֶד־מֶ֨לֶךְ הַכּוּשִׁ֜י לֵאמֹ֗ר כֹּֽה־אָמַ֞ר יְהוָ֤ה צְבָאֹות֙ אֱלֹהֵ֣י יִשְׂרָאֵ֔ל הִנְנִי֩ מֵבִי (מֵבִ֨יא) אֶת־דְּבָרַ֜י אֶל־הָעִ֥יר הַזֹּ֛את לְרָעָ֖ה וְלֹ֣א לְטֹובָ֑ה וְהָי֥וּ לְפָנֶ֖יךָ בַּיֹּ֥ום הַהֽוּא׃
17 ၁၇ သို့​ရာ​တွင်​သင့်​အား​ငါ​ထာ​ဝ​ရ​ဘု​ရား ကွယ်​ကာ​စောင့်​ထိန်း​တော်​မူ​မည်​ဖြစ်​၍ သင် သည်​မိ​မိ​ကြောက်​လန့်​သည့်​လူ​တို့​၏​လက် တွင်း​သို့​ကျ​ရောက်​ရ​လိမ့်​မည်​မ​ဟုတ်။-
וְהִצַּלְתִּ֥יךָ בַיֹּום־הַה֖וּא נְאֻם־יְהוָ֑ה וְלֹ֤א תִנָּתֵן֙ בְּיַ֣ד הָֽאֲנָשִׁ֔ים אֲשֶׁר־אַתָּ֥ה יָגֹ֖ור מִפְּנֵיהֶֽם׃
18 ၁၈ ငါ​သည်​သင့်​ကို​ဘေး​မဲ့​လုံ​ခြုံ​စွာ​ထား​မည် ဖြစ်​သ​ဖြင့် သင်​သည်​အ​သတ်​ခံ​ရ​လိမ့်​မည် မ​ဟုတ်။ သင်​သည်​ငါ့​ကို​ယုံ​ကြည်​ကိုး​စား သော​ကြောင့်​အ​သက်​ချမ်း​သာ​ရာ​ရ​လိမ့်​မည်။ ဤ​ကား​ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​သည့် စ​ကား​ဖြစ်​၏' ဟု​မိန့်​တော်​မူ​ကြောင်း​ဆင့် ဆို​လော့'' ဟု​မှာ​ကြား​တော်​မူ​၏။
כִּ֤י מַלֵּט֙ אֲמַלֶּטְךָ֔ וּבַחֶ֖רֶב לֹ֣א תִפֹּ֑ל וְהָיְתָ֨ה לְךָ֤ נַפְשְׁךָ֙ לְשָׁלָ֔ל כִּֽי־בָטַ֥חְתָּ בִּ֖י נְאֻם־יְהוָֽה׃ ס

< ယေရမိ 39 >