< ယေရမိ 37 >

1 ဗာ​ဗု​လုန်​ဘု​ရင်​နေ​ဗု​ခဒ်​နေ​ဇာ​သည်​ယော​ယ ကိမ်​သား​ယေ​ခေါ​နိ​မင်း​အ​စား ယော​ရှိ​၏​သား ဇေဒ​ကိ​အား​ယု​ဒ​ဘု​ရင်​အ​ဖြစ်​ခန့်​ထား သော်​လည်း၊-
Sasa Sedekia mwana wa Yosia alitawala kama mfalme badala ya Yehoyachin mwana wa Yehoyakimu. Nebukadreza mfalme wa Babeli alikuwa amemfanya Sedekia mfalme juu ya nchi ya Yuda.
2 ဇေ​ဒ​ကိ​နှင့်​သူ​၏​မှူး​မတ်​များ​နှင့်​ပြည်​သူ များ​သည် ငါ့​အား​ထာ​ဝ​ရ​ဘု​ရား​ပေး​တော် မူ​သော​ဗျာ​ဒိတ်​တော်​ကို​မ​လိုက်​နာ​ကြ။
Lakini Sedekia, wajakazi wake, na watu wa nchi hawakusikiliza maneno ya Yahwe ambayo alitangaza kwa mkono wa Yeremia nabii.
3 ဇေ​ဒ​ကိ​မင်း​သည်​ယဇ်​ပု​ရော​ဟိတ်​များ​ဖြစ် သော ရှေ​လ​မိ​၏​သား​ယေ​ကု​လ​နှင့် မာ​သေ​ယ ၏​သား​ဇေ​ဖ​နိ​တို့​ကို​ငါ့​ထံ​သို့​စေ​လွှတ်​တော် မူ​သ​ဖြင့် သူ​တို့​သည်​ငါ့​အား``ငါ​တို့​နိုင်​ငံ​အ​ဖို့ ငါ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ထံ သို့​ဆု​တောင်း​ပတ္ထ​နာ​ပြု​ပါ'' ဟု​ပြော​ကြား ကြ​၏။-
Kwa hiyo Mfalme Sedekia, Yehukali mwana wa Shelemia, na Zefania mwana wa Maaseia kuhani alituma ujumbe kwa Yeremia nabii. Walisema, “Omba kwa niaba kwa Yahwe Mungu wetu.”
4 ထို​အ​ခါ​ငါ​သည်​ထောင်​ထဲ​သို့​မ​ရောက်​သေး ပေ။ ငါ​သည်​လူ​တို့​နှင့်​လွတ်​လပ်​စွာ​သွား​လာ ပေါင်း​သင်း​လျက်​နေ​နိုင်​သေး​၏။-
Sasa Yeremia alikuwa anakuja na kwenda miongoni mwa watu, kwa kuwa alikuwa bado hajawekwa ndani ya gereza.
5 ဤ​အ​တော​အ​တွင်း​၌​ဖာ​ရော​ဘု​ရင်​၏​တပ် မ​တော်​သည်​အီ​ဂျစ်​ပြည်​မှ​ချီ​တက်​၍​လာ​၏။ ယင်း​သို့​ချီ​တက်​လာ​ကြောင်း​ကို​ကြား​သိ ကြ​သော​အ​ခါ ယေ​ရု​ရှ​လင်​မြို့​ကို​တိုက်​ခိုက် လျက်​နေ​သည့်​ဗာ​ဗု​လုန်​အ​မျိုး​သား​တို့​သည် ဆုတ်​ခွာ​သွား​ကြ​လေ​သည်။
Jeshi la Farao lilitoka Misri, na Wakaldayo waliozingira Yerusalem walisikia habari kuhusu wao na kuondoka Yerusalem.
6 ထို​အ​ခါ​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​က​ငါ့​အား``ငါ့ ထံ​သို့​စေ​လွှတ်​လျှောက်​ထား​စေ​သူ​ယု​ဒ ဘု​ရင်​အား၊-
Kisha neno la Yahwe lilikuja kwa Yeremia nabii na kusema,
7 `သင့်​ကို​အ​ကူ​အ​ညီ​ပေး​ရန်​ယ​ခု​ချီ​တက် လာ​သော​ဖာ​ရော​ဘု​ရင်​၏​တပ်​မ​တော်​သည် မိ​မိ​တို့​နေ​ရင်း​အီ​ဂျစ်​ပြည်​သို့​ပြန်​သွား လိမ့်​မည်။-
“Yahwe, Mungu wa Israel, asema hivi: Hiki ndivyo utakavyosema kwa mfalme wa Yuda, kwa sababu amekutuma wewe kutafuta ushauri toka kwangu, 'Ona, jeshi la Farao, ambalo lilikuja kukusaidia, liko tayari kurudi Misri, kwenye nchi yao.
8 ထို​အ​ခါ​ဗာ​ဗု​လုန်​အ​မျိုး​သား​တို့​သည်​ပြန် လာ​ပြီး​လျှင် ဤ​မြို့​ကို​တိုက်​ခိုက်​သိမ်း​ယူ​ကာ မီး​ရှို့​လိုက်​ကြ​လိမ့်​မည်။-
Wakaldayo watarudi. Watapigana dhidi ya mji huu, kuuteka, na kuuchoma.'
9 ဗာ​ဗု​လုန်​အ​မျိုး​သား​တို့​သည်​မု​ချ​ပြန်​လာ ကြ​လိမ့်​မည်။ သို့​ဖြစ်​၍​သူ​တို့​ပြန်​လာ​ကြ​တော့ မည်​မ​ဟုတ်​ဟု​သင်​တို့​အ​ထင်​မ​မှား​ကြ​စေ ရန်​သင်​တို့​အား​ငါ​ထာ​ဝ​ရ​ဘု​ရား​သ​တိ ပေး​၏။-
Yahwe asema hivi: Msidaganyane kwa kusema, “Hakika Wakaldayo wanatuacha sisi,' kwa kuwa hawatatuacha.
10 ၁၀ အ​ကယ်​၍​သင်​တို့​သည်​မိ​မိ​တို့​အား​တိုက်​ခိုက် လျက်​ရှိ​သည့်​ဗာ​ဗု​လုန်​တပ်​မ​တော်​တစ်​ခု​လုံး ကို​နှိမ်​နင်း​နိုင်​၍ ဒဏ်​ရာ​ရ​သူ​များ​သာ​လျှင် မိ​မိ​တို့​တဲ​ရှင်​များ​တွင်​ကျန်​ရှိ​တော့​သည်​ဟု ဆို​စေ​ကာ​မူ ထို​သူ​တို့​သည်​ထ​၍​ဤ​မြို့​ကို မီး​ရှို့​ပစ်​ကြ​လိမ့်​မည်' ဟု​ပြော​ကြား​လော့'' ဟု​မိန့်​တော်​မူ​၏။
Hata kama mmelishinda jeshi la Wakaldayo lote ambalo linapigana nanyi ili kwamba wanaume waliojeruhiwa walibakizwa katika mahema yao, wangeweza kunyanyuka na kuchoma mji huu.”
11 ၁၁ ဖာ​ရော​ဘု​ရင်​၏​တပ်​မ​တော်​သည်​နီး​ကပ်​၍ လာ​သ​ဖြင့် ဗာ​ဗု​လုန်​တပ်​မ​တော်​သည်​ဆုတ် ခွာ​သွား​တော့​၏။-
Basi ilikuwa wakati jeshi la Wakaldayo lilipoondoka Yerusalem wakati jeshi la Farao lilikuwa linakuja,
12 ၁၂ ထို​အ​ခါ​ငါ​ယေ​ရ​မိ​သည်​မိ​မိ​အိမ်​ထောင်​စု နှင့်​ဆိုင်​သော​အ​မွေ​ခံ​ပစ္စည်း​ကို​သိမ်း​ယူ​ရန် ယေ​ရု​ရှ​လင်​မြို့​မှ​ဗင်္ယာ​မိန်​နယ်​မြေ​သို့ စ​တင်​ထွက်​ခွာ​သွား​လေ​သည်။-
kisha Yeremia alienda toka Yerusalem kwenda nchi ya Benjamini. Alitaka kumiliki njia ya nchi huko miongoni mwa watu wake.
13 ၁၃ သို့​ရာ​တွင်​ဗင်္ယာ​မိန်​တံ​ခါး​သို့ ရောက်​ရှိ​သော အ​ခါ​ဟာ​န​နိ​၏​မြေး၊ ရှေ​လ​မိ​၏​သား ဣ​ရိ​ယ​ဟု​ဆို​သူ​ကင်း​မှူး​က``သင်​သည် ဗာ​ဗု​လုန်​အ​မျိုး​သား​တို့​၏​ဘက်​သို့​ထွက် ပြေး​သူ​ဖြစ်​ပါ​သည်​တ​ကား'' ဟု​ဆို​၏။
Kama alivyokuwa katika mlango wa Benjamini, mlinzi mkuu aliyekuwa hapo. Jina lake lilikuwa Yeria mwana wa Shelemia mwana wa Hanania. Alimshika kwa kumnyakua Yeremia nabii na kusema, “Mnatoka jangwani kwa Wakaldayo.”
14 ၁၄ ငါ​က``သင်​ပြော​သ​ကဲ့​သို့​မ​ဟုတ်။ ငါ​မ​ထွက် ပြေး​ပါ'' ဟု​ပြန်​ပြော​သော်​လည်း​ဣ​ရိ​ယ သည်​ငါ​၏​စ​ကား​ကို​နား​မ​ထောင်​ဘဲ ငါ့ ကို​ဖမ်း​ဆီး​ပြီး​လျှင်​မှူး​မတ်​များ​ထံ​သို့ ခေါ်​ဆောင်​သွား​လေ​သည်။-
Lakini Yeremia alisema, “Hiyo si kweli. Siendi jangwani kwa Wakaldayo.” Lakini Yeria hakumsikiliza. Alimchukua Yeremia na kumleta kwa maafisa.
15 ၁၅ ထို​သူ​တို့​သည်​ငါ့​အား​ပြင်း​စွာ​အ​မျက်​ထွက် သ​ဖြင့်​ရိုက်​နှက်​ပြီး​လျှင် ဘု​ရင်​အ​တိုင်​ပင်​ခံ အ​ရာ​ရှိ​ယော​န​သန်​၏​အိမ်​တွင်​အ​ကျဉ်း​ချ ထား​ကြ​၏။ (ထို​အိမ်​ကို​ထောင်​အ​ဖြစ်​သို့ ပြောင်း​လဲ​၍​ထား​သ​တည်း။-)
Maafisa walikuwa wamemkasirikia Yeremia. Walimpiga na kumweka gerezani, ambayo ilikuwa nyumba ya Yonathani mwandishi, kwa kuwa waligeuza kuwa gereza.
16 ၁၆ ငါ​သည်​လည်း​မြေ​အောက်​အ​ချုပ်​ခန်း​သို့​ရောက် ရှိ​ကာ ကာ​လ​ကြာ​မြင့်​စွာ​အ​ကျဉ်း​ခံ​လျက် နေ​ရ​လေ​တော့​၏။
Kwa hiyo Yeremia alikuwa amewekwa kwenye kifungo cha chini, ambako alikuwa huko kwa siku nyingi.
17 ၁၇ ဇေ​ဒ​ကိ​မင်း​သည် ငါ့​အား​နန်း​တော်​သို့​ခေါ်​ယူ ပြီး​လျှင် ``ထာ​ဝ​ရ​ဘု​ရား​၏​ထံ​တော်​မှ​ဗျာ ဒိတ်​တော်​တစ်​စုံ​တစ်​ရာ​ရ​ရှိ​ပါ​သ​လော'' ဟု​တိတ်​တ​ဆိတ်​မေး​မြန်း​တော်​မူ​၏။ ငါ​က``ရှိ​ပါ​သည်။ အ​ရှင်​သည်​ဗာ​ဗု​လုန်​ဘု​ရင် ၏​လက်​တွင်း​သို့​ရောက်​ရှိ​ရ​ပါ​လိမ့်​မည်'' ဟု ပြန်​လည်​လျှောက်​ထား​၏။-
Kisha mfalme Sedekia alimtuma mtu mmoja aliyemleta kwenye ikulu. Kwenye nyumba yake, mfalme alimuuliza binafsi, “Kuna neno: Utatiwa kwenye mkono wa mfalme wa Babeli.”
18 ၁၈ ထို​နောက်​ငါ​က``အ​ကျွန်ုပ်​သည်​အ​ရှင်​နှင့် အ​ရှင့်​မှူး​မတ်​များ​သို့​မ​ဟုတ်​ဤ​ပြည်​သူ တို့​ကို​အ​ဘယ်​သို့​ပြစ်​မှား​မိ​သ​ဖြင့် အ​ရှင် သည်​အ​ကျွန်ုပ်​အား​အ​ကျဉ်း​ချ​၍​ထား တော်​မူ​ပါ​သ​နည်း။-
Kisha Yeremia alisema kwa mfalme Sedekia, “Kwa namna gani nimekutenda dhambi, mjakazi wako, au watu hawa kwamba umeniweke mimi kwenye gereza?
19 ၁၉ ဗာ​ဗု​လုန်​ဘု​ရင်​သည်​အ​ရှင့်​ကို​သော်​လည်း​ကောင်း၊ ဤ​ပြည်​ကို​သော်​လည်း​ကောင်း​တိုက်​ခိုက်​လိမ့်​မည် မ​ဟုတ်​ဟု ဟော​ပြော​ခဲ့​ကြ​သည့်​အရှင်​၏​ပ​ရော ဖက်​များ​ကား​အ​ဘယ်​မှာ​ရှိ​ပါ​သ​နည်း။-
Wako wapi nabii wako, wale waliotabiri kwa ajili yako na kusema mfalme wa Babeli hatakuja dhidi yako au dhidi ya nchi hii?
20 ၂၀ အ​ရှင်​မင်း​ကြီး၊ အ​ကျွန်ုပ်​၏​စ​ကား​ကို​နား ထောင်​တော်​မူ​၍ အ​ကျွန်ုပ်​လျှောက်​ထား​သည့် အ​တိုင်း​ပြု​တော်​မူ​ရန်​အ​ကျွန်ုပ်​ပန်​ကြား ပါ​၏။ အ​ကျွန်ုပ်​အား​အ​ရှင်​၏​အ​တိုင်​ပင်​ခံ အ​မတ်​ယော​န​သန်​၏​အိမ်​သို့​ပြန်​လွှတ် တော်​မ​မူ​ပါ​နှင့်။ လွှတ်​တော်​မူ​မည်​ဆို​ပါ မူ​အ​ကျွန်ုပ်​သည်​ထို​အိမ်​တွင်​အ​မှန်​ပင် သေ​ရ​ပါ​လိမ့်​မည်'' ဟု​လျှောက်​၏။
Lakini sasa sikiliza, bwana wangu mfalme! Acha ombi langu liwe mbele yako. Usinirudie mimi kwenye nyumba ya Yonathani mwandishi, au nitakufa huko.”
21 ၂၁ ထို့​ကြောင့်​ဇေ​ဒ​ကိ​မင်း​သည်​ငါ့​အား​နန်း တော်​ဝင်း​အ​တွင်း​၌​ချုပ်​နှောင်​ထား​ရန်​အ​မိန့် ပေး​တော်​မူ​၏။ ငါ​သည်​မြို့​တွင်း​၌​မုန့်​များ ကုန်​သည်​အ​ထိ​မုန့်​ဖို​များ​မှ​နေ့​စဉ်​နေ့​တိုင်း မုန့်​တစ်​လုံး​ကို​ရ​ရှိ​လေ​သည်။ ဤ​သို့​လျှင် ငါ​သည်​နန်း​တော်​ဝင်း​အ​တွင်း​၌​နေ​ရ သ​တည်း။
Kwa hiyo mfalme Sedekia alitoa amri. Wajakazi wake walimwekea mipaka Yeremia katika uwanja wa walinzi. Alipewa mkate kila siku kutoka mtaa wa waokaji mkate, mpaka mkate wote mjini uliisha. Basi Yeremia alibaki kwenye uwanja walinzi.

< ယေရမိ 37 >