< ယေရမိ 37 >
1 ၁ ဗာဗုလုန်ဘုရင်နေဗုခဒ်နေဇာသည်ယောယ ကိမ်သားယေခေါနိမင်းအစား ယောရှိ၏သား ဇေဒကိအားယုဒဘုရင်အဖြစ်ခန့်ထား သော်လည်း၊-
၁ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာ သည် ယုဒ ရှင်ဘုရင်အရာ၌ ခန့်ထားသော ယောယကိမ် သား ခေါနိ အရာ ၌၊ ယောရှိ မင်းကြီး၏ သား ဇေဒကိ မင်းကြီး သည် နန်းထိုင် လေ၏။
2 ၂ ဇေဒကိနှင့်သူ၏မှူးမတ်များနှင့်ပြည်သူ များသည် ငါ့အားထာဝရဘုရားပေးတော် မူသောဗျာဒိတ်တော်ကိုမလိုက်နာကြ။
၂ထာဝရဘုရား သည် ယေရမိ အားဖြင့် မိန့် တော်မူ သော စကား တော်တို့ကို၊ ထိုမင်းကြီး အစ ရှိသော ကျွန် များ၊ ပြည်သူ ပြည်သားများတို့သည် နား မ ထောင်ဘဲ နေကြ၏။
3 ၃ ဇေဒကိမင်းသည်ယဇ်ပုရောဟိတ်များဖြစ် သော ရှေလမိ၏သားယေကုလနှင့် မာသေယ ၏သားဇေဖနိတို့ကိုငါ့ထံသို့စေလွှတ်တော် မူသဖြင့် သူတို့သည်ငါ့အား``ငါတို့နိုင်ငံအဖို့ ငါတို့၏ဘုရားသခင်ထာဝရဘုရားထံ သို့ဆုတောင်းပတ္ထနာပြုပါ'' ဟုပြောကြား ကြ၏။-
၃တရံရောအခါဇေဒကိ မင်းကြီး သည်၊ ရှေလမိ သား ယေဟုကလ နှင့် ယဇ်ပုရောဟိတ် မာသေယ သား ဇေဖနိ တို့ကို ပရောဖက် ယေရမိ ထံ သို့ စေလွှတ် ၍ ၊ ငါ တို့ အဘို့ ငါ တို့ဘုရား သခင်ထာဝရဘုရား အား ဆုတောင်း ပါလော့ဟု မှာ လိုက်၏။
4 ၄ ထိုအခါငါသည်ထောင်ထဲသို့မရောက်သေး ပေ။ ငါသည်လူတို့နှင့်လွတ်လပ်စွာသွားလာ ပေါင်းသင်းလျက်နေနိုင်သေး၏။-
၄ထို အခါ ယေရမိ သည် ထောင် ထဲသို့ မ ရောက် သေး။ လူ များ တို့နှင့် ပေါင်းဘော် လျက် နေသေး၏။
5 ၅ ဤအတောအတွင်း၌ဖာရောဘုရင်၏တပ် မတော်သည်အီဂျစ်ပြည်မှချီတက်၍လာ၏။ ယင်းသို့ချီတက်လာကြောင်းကိုကြားသိ ကြသောအခါ ယေရုရှလင်မြို့ကိုတိုက်ခိုက် လျက်နေသည့်ဗာဗုလုန်အမျိုးသားတို့သည် ဆုတ်ခွာသွားကြလေသည်။
၅ယေရုရှလင် မြို့ကို ဝိုင်း သော ခါလဒဲ လူတို့သည်၊ အဲဂုတ္တု ပြည်မှ ဖာရော ဘုရင်၏ ဗိုလ်ခြေ များစစ်ချီ ၍ လာကြောင်းကို ကြား လျှင် ၊ ထို မြို့မှ ထွက်သွား ကြပြီ။
6 ၆ ထိုအခါဣသရေလအမျိုးသားတို့၏ ဘုရားသခင်ထာဝရဘုရားကငါ့အား``ငါ့ ထံသို့စေလွှတ်လျှောက်ထားစေသူယုဒ ဘုရင်အား၊-
၆ထိုအခါ ထာဝရဘုရား ၏နှုတ်ကပတ် တော်သည် ပရောဖက် ယေရမိ သို့ ရောက် ၍၊
7 ၇ `သင့်ကိုအကူအညီပေးရန်ယခုချီတက် လာသောဖာရောဘုရင်၏တပ်မတော်သည် မိမိတို့နေရင်းအီဂျစ်ပြည်သို့ပြန်သွား လိမ့်မည်။-
၇ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ငါ့ ကိုမေး လျှောက် စေခြင်းငှါ ၊ သင့်ကိုမှာ လိုက်သော ယုဒ ရှင်ဘုရင် အား ဤသို့ ပြန်ပြော လော့။ သင် တို့ကို စစ်ကူ ခြင်းငှါ လာ သော ဖာရော ဘုရင်၏ ဗိုလ်ခြေ တို့သည်သူ တို့နေရင်း အဲဂုတ္တု ပြည် သို့ ပြန် သွားကြ လိမ့်မည်။
8 ၈ ထိုအခါဗာဗုလုန်အမျိုးသားတို့သည်ပြန် လာပြီးလျှင် ဤမြို့ကိုတိုက်ခိုက်သိမ်းယူကာ မီးရှို့လိုက်ကြလိမ့်မည်။-
၈ခါလဒဲ လူတို့သည် လာ ပြန်၍ ၊ ဤ မြို့ ကို တိုက် ယူ ပြီးလျှင် မီးရှို့ ကြလိမ့်မည်။
9 ၉ ဗာဗုလုန်အမျိုးသားတို့သည်မုချပြန်လာ ကြလိမ့်မည်။ သို့ဖြစ်၍သူတို့ပြန်လာကြတော့ မည်မဟုတ်ဟုသင်တို့အထင်မမှားကြစေ ရန်သင်တို့အားငါထာဝရဘုရားသတိ ပေး၏။-
၉ထာဝရဘုရား မိန့် တော်မူသည်ကား ၊ အကယ်စင်စစ် ခါလဒဲ လူတို့သည် ငါ တို့ထံ မှ ထွက်သွား ကြလိမ့်မည်ဟု ဆို၍ ကိုယ် ကိုကိုယ်မ လှည့်စား ကြနှင့်။ သူတို့သည် ထွက်၍ မ သွား ရကြ။
10 ၁၀ အကယ်၍သင်တို့သည်မိမိတို့အားတိုက်ခိုက် လျက်ရှိသည့်ဗာဗုလုန်တပ်မတော်တစ်ခုလုံး ကိုနှိမ်နင်းနိုင်၍ ဒဏ်ရာရသူများသာလျှင် မိမိတို့တဲရှင်များတွင်ကျန်ရှိတော့သည်ဟု ဆိုစေကာမူ ထိုသူတို့သည်ထ၍ဤမြို့ကို မီးရှို့ပစ်ကြလိမ့်မည်' ဟုပြောကြားလော့'' ဟုမိန့်တော်မူ၏။
၁၀ထိုမျှမက၊ သင် တို့ကို စစ် တိုက်သော ခါလဒဲ စစ်သူရဲ အပေါင်း တို့ကို သင်တို့သည်လုပ်ကြံ သဖြင့် ၊ သူ တို့ တွင် ဒဏ်ချက်ထိ သော သူ သက်သက်ကျန်ကြွင်း သော်လည်း ၊ သူတို့သည် အသီးအသီးမိမိ တို့တဲ ၌ ထ ၍ ၊ ဤ မြို့ ကို မီးရှို့ ရကြလိမ့်မည်ဟု မိန့်တော်မူ၏။
11 ၁၁ ဖာရောဘုရင်၏တပ်မတော်သည်နီးကပ်၍ လာသဖြင့် ဗာဗုလုန်တပ်မတော်သည်ဆုတ် ခွာသွားတော့၏။-
၁၁ခါလဒဲ စစ်သူရဲ တို့သည် ဖာရော ဘုရင်၏ဗိုလ်ခြေ တို့ကို ကြောက်ရွံ့၍၊ ယေရုရှလင် မြို့မှ ဆုတ် သွားကြသောအခါ ၊
12 ၁၂ ထိုအခါငါယေရမိသည်မိမိအိမ်ထောင်စု နှင့်ဆိုင်သောအမွေခံပစ္စည်းကိုသိမ်းယူရန် ယေရုရှလင်မြို့မှဗင်္ယာမိန်နယ်မြေသို့ စတင်ထွက်ခွာသွားလေသည်။-
၁၂ယေရမိ သည်မိမိအမျိုး ၌ မိမိအမွေဥစ္စာကို ခံ အံ့သောငှါ ၊ ဗင်္ယာမိန် ပြည် သို့သွား မည်ဟု အကြံရှိ၍ ယေရုရှလင် မြို့မှ ထွက်သွား လေ၏။
13 ၁၃ သို့ရာတွင်ဗင်္ယာမိန်တံခါးသို့ ရောက်ရှိသော အခါဟာနနိ၏မြေး၊ ရှေလမိ၏သား ဣရိယဟုဆိုသူကင်းမှူးက``သင်သည် ဗာဗုလုန်အမျိုးသားတို့၏ဘက်သို့ထွက် ပြေးသူဖြစ်ပါသည်တကား'' ဟုဆို၏။
၁၃ဗင်္ယာမိန် တံခါးဝ သို့ ရောက်သောအခါ၊ ဟာနနိ သား ဖြစ်သော ရှေလမိ ၏ သား ကင်း မှူး ဣရိယ က၊ သင် သည်ခါလဒဲ လူတို့ဘက်သို့ ကူး သွားပါသည် တကား ဟုဆို လျက်၊ ပရောဖက် ယေရမိ ကိုဘမ်းဆီး လေ၏။
14 ၁၄ ငါက``သင်ပြောသကဲ့သို့မဟုတ်။ ငါမထွက် ပြေးပါ'' ဟုပြန်ပြောသော်လည်းဣရိယ သည်ငါ၏စကားကိုနားမထောင်ဘဲ ငါ့ ကိုဖမ်းဆီးပြီးလျှင်မှူးမတ်များထံသို့ ခေါ်ဆောင်သွားလေသည်။-
၁၄ယေရမိ ကလည်း ၊ မဟုတ် ပါ။ ခါလဒဲ လူတို့ ဘက်သို့ ငါ မ ကူး မသွားပါဟုဆိုသော်လည်း ၊ ဣရိယ သည် နား မ ထောင်ဘဲ၊ ယေရမိ ကို ယူ ၍ မင်း များထံသို့ ပို့ဆောင် လေ၏။
15 ၁၅ ထိုသူတို့သည်ငါ့အားပြင်းစွာအမျက်ထွက် သဖြင့်ရိုက်နှက်ပြီးလျှင် ဘုရင်အတိုင်ပင်ခံ အရာရှိယောနသန်၏အိမ်တွင်အကျဉ်းချ ထားကြ၏။ (ထိုအိမ်ကိုထောင်အဖြစ်သို့ ပြောင်းလဲ၍ထားသတည်း။-)
၁၅မင်း များတို့သည် အမျက် ထွက်၍ ယေရမိ ကို ရိုက် ပြီးမှ ၊ စာရေး တော်ယောနသန် ၏အိမ် ၌ လှောင် ထားကြ၏။ ထိုအိမ် ကို လှောင် အိမ် လုပ် နှင့်သတည်း။
16 ၁၆ ငါသည်လည်းမြေအောက်အချုပ်ခန်းသို့ရောက် ရှိကာ ကာလကြာမြင့်စွာအကျဉ်းခံလျက် နေရလေတော့၏။
၁၆ယေရမိ သည် အိမ် အောက်မြေတွင်း ၊ လှောင် အိမ်ထဲသို့ ရောက် ၍ ၊ နေ့ရက် များ စွာနေ ရသောနောက် ၊
17 ၁၇ ဇေဒကိမင်းသည် ငါ့အားနန်းတော်သို့ခေါ်ယူ ပြီးလျှင် ``ထာဝရဘုရား၏ထံတော်မှဗျာ ဒိတ်တော်တစ်စုံတစ်ရာရရှိပါသလော'' ဟုတိတ်တဆိတ်မေးမြန်းတော်မူ၏။ ငါက``ရှိပါသည်။ အရှင်သည်ဗာဗုလုန်ဘုရင် ၏လက်တွင်းသို့ရောက်ရှိရပါလိမ့်မည်'' ဟု ပြန်လည်လျှောက်ထား၏။-
၁၇ဇေဒကိ မင်းကြီး သည် လူကိုစေလွှတ် ၍ ယေရမိ ကိုနှုတ် ပြီးမှ ၊ ထာဝရဘုရား ၏ နှုတ်ကပတ် တော်ရှိ သလောဟု နန်းတော် ၌ တိတ်ဆိတ် စွာ မေးမြန်း လျှင် ၊ ယေရမိ က၊ နှုတ်ကပတ်တော်ရှိ ပါ၏။ ကိုယ်တော်သည် ဗာဗုလုန် ရှင်ဘုရင် လက် သို့ ရောက် ပါလိမ့်မည်ဟု ပြန်လျှောက် ၏။
18 ၁၈ ထိုနောက်ငါက``အကျွန်ုပ်သည်အရှင်နှင့် အရှင့်မှူးမတ်များသို့မဟုတ်ဤပြည်သူ တို့ကိုအဘယ်သို့ပြစ်မှားမိသဖြင့် အရှင် သည်အကျွန်ုပ်အားအကျဉ်းချ၍ထား တော်မူပါသနည်း။-
၁၈တဖန် ယေရမိ က၊ အကျွန်ုပ်သည် ကိုယ်တော် ကို ပြစ်မှား သလော ။ ကိုယ်တော် ၏ကျွန် တို့ကို ပြစ်မှားသလော။ ဤ လူမျိုး ကို ပြစ်မှားသလော။ အဘယ်မည် သောအပြစ်ကြောင့် အကျွန်ုပ် ကို လှောင် ထားကြသနည်း။
19 ၁၉ ဗာဗုလုန်ဘုရင်သည်အရှင့်ကိုသော်လည်းကောင်း၊ ဤပြည်ကိုသော်လည်းကောင်းတိုက်ခိုက်လိမ့်မည် မဟုတ်ဟု ဟောပြောခဲ့ကြသည့်အရှင်၏ပရော ဖက်များကားအဘယ်မှာရှိပါသနည်း။-
၁၉ဗာဗုလုန် ရှင် ဘုရင်သည် သင် တို့နှင့် ဤ ပြည် ကို မ တိုက် မလာရဟု ဟောပြော သော သင် တို့၏ ပရောဖက် တို့သည် ယခုအဘယ် မှာ ရှိကြသနည်း။
20 ၂၀ အရှင်မင်းကြီး၊ အကျွန်ုပ်၏စကားကိုနား ထောင်တော်မူ၍ အကျွန်ုပ်လျှောက်ထားသည့် အတိုင်းပြုတော်မူရန်အကျွန်ုပ်ပန်ကြား ပါ၏။ အကျွန်ုပ်အားအရှင်၏အတိုင်ပင်ခံ အမတ်ယောနသန်၏အိမ်သို့ပြန်လွှတ် တော်မမူပါနှင့်။ လွှတ်တော်မူမည်ဆိုပါ မူအကျွန်ုပ်သည်ထိုအိမ်တွင်အမှန်ပင် သေရပါလိမ့်မည်'' ဟုလျှောက်၏။
၂၀သို့ဖြစ်၍၊ အကျွန်ုပ် သခင် အရှင်မင်းကြီး ၊ နားထောင် တော်မူပါ။ အကျွန်ုပ် တောင်းပန် သောစကားကို နားခံ တော်မူပါ။ အကျွန်ုပ်ကို သေ စေခြင်းငှါ ၊ စာရေး တော်ယောနသန် အိမ် သို့ ပြန် စေတော်မ မူပါနှင့်ဟု ဇေဒကိ မင်းကြီး ကို လျှောက်ဆို ၏။
21 ၂၁ ထို့ကြောင့်ဇေဒကိမင်းသည်ငါ့အားနန်း တော်ဝင်းအတွင်း၌ချုပ်နှောင်ထားရန်အမိန့် ပေးတော်မူ၏။ ငါသည်မြို့တွင်း၌မုန့်များ ကုန်သည်အထိမုန့်ဖိုများမှနေ့စဉ်နေ့တိုင်း မုန့်တစ်လုံးကိုရရှိလေသည်။ ဤသို့လျှင် ငါသည်နန်းတော်ဝင်းအတွင်း၌နေရ သတည်း။
၂၁ထိုအခါ ဇေဒကိ မင်းကြီး အမိန့် တော်ရှိ၍ ၊ ယေရမိ ကို ထောင် ဝင်း ၌ ထား ကြ၏။ မြို့ တွင် မုန့် မ ကုန် မှီ တိုင်အောင်၊ မုန့် သည် တန်းမှ မုန့် တလုံးကို နေ့ တိုင်း အစဉ်ပေး ရ၏။ ထိုသို့ ယေရမိ သည် ထောင် ဝင်း ထဲမှာ နေ လေ၏။