< ယေရမိ 36 >

1 ယော​ရှိ​၏​သား​ယု​ဒ​ဘု​ရင်​ယော​ယ​ကိမ်​နန်း​စံ စ​တုတ္ထ​နှစ်​၌​ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​အား၊-
유다 왕 요시야의 아들 여호야김 사 년에 여호와께로서 예레미야에게 말씀이 임하니라 가라사대
2 ``သင်​သည်​စာ​လိပ်​တစ်​ခု​ကို​ယူ​၍​ဣသ​ရေ​လ ပြည်၊ ယု​ဒ​ပြည်​နှင့်​နိုင်​ငံ​တ​ကာ​တို့​ကို​ရည်​မှတ် ၍ ငါ​မိန့်​မှာ​တော်​မူ​ခဲ့​သ​မျှ​သော​စ​ကား​တို့ ကို​ရေး​မှတ်​လော့။ ယော​ရှိ​မင်း​လက်​ထက်​၌​ငါ ၏​ဗျာ​ဒိတ်​တော်​ကို​စ​တင်​ခံ​ယူ​ရ​ချိန်​မှ အ​စ​ပြု​၍ ယ​နေ့​တိုင်​အောင်​သင့်​အား​ငါ​မိန့် ကြား​ခဲ့​သ​မျှ​သော​စ​ကား​တို့​ကို​ရေး​မှတ် လော့။-
너는 두루마리 책을 취하여 내가 네게 말하던 날 곧 요시야의 날부터 오늘까지 이스라엘과 유다와 열방에 대하여 나의 네게 이른 모든 말을 그것에 기록하라
3 ယု​ဒ​ပြည်​သား​များ​သည်​မိ​မိ​တို့​အ​တွက် ငါ ရည်​မှန်း​ထား​သည့်​ဘေး​အန္တ​ရာယ်​ဆိုး​၏​အ ကြောင်း​ကို​ကြား​သိ​ရ​ပါ​မူ မိ​မိ​တို့​၏​အ​ကျင့် ဆိုး​များ​ကို​စွန့်​ပစ်​ကောင်း​စွန့်​ပစ်​ကြ​လိမ့်​မည်။ ထို​အ​ခါ​ငါ​သည်​သူ​တို့​ပြု​ကျင့်​သည့်​မ ကောင်း​မှု​ဒု​စ​ရိုက်​များ​အ​တွက်​အ​ပြစ် ဖြေ​လွှတ်​တော်​မူ​မည်'' ဟု​မိန့်​တော်​မူ​၏။
유다 족속이 내가 그들에게 내리려한 모든 재앙을 듣고 각기 악한 길에서 돌이킬듯 하니라 그리하면 내가 그 악과 죄를 사하리라
4 သို့​ဖြစ်​၍​ငါ​သည်​နေ​ရိ​၏​သား​ဗာ​ရုတ်​ကို ခေါ်​ပြီး​လျှင် မိ​မိ​အား​ထာ​ဝ​ရ​ဘု​ရား​မိန့် ကြား​ခဲ့​သ​မျှ​သော​စကား​တို့​ကို​ရေး​မှတ် ရန်​နှုတ်​တိုက်​ချ​ပေး​လေ​သည်။ ဗာ​ရုတ်​သည် လည်း​စာ​လိပ်​တစ်​ခု​တွင်​ရေး​မှတ်​၍​ထား​၏။-
이에 예레미야가 네리야의 아들 바룩을 부르매 바룩이 예레미야의 구전대로 여호와께서 그에게 이르신 모든 말씀을 두루마리 책에 기록하니라
5 ထို​နောက်​ငါ​သည်​ဗာ​ရုတ်​အား``ငါ​သည်​ဗိ​မာန် တော်​သို့​ဝင်​ခွင့်​မ​ရ​ပါ။-
예레미야가 바룩을 명하여 가로되 나는 감금을 당한지라 여호와의 집에 들어갈 수 없은즉
6 သို့​ရာ​တွင်​နောက်​တစ်​ကြိမ်​လူ​တို့​အ​စာ​ရှောင် ကြ​သော​အ​ခါ​၌ ငါ​သည်​သင့်​အား​ဗိ​မာန် တော်​သို့​သွား​စေ​လို​သည်။ ငါ့​အား​ထာ​ဝ​ရ ဘု​ရား​မိန့်​ကြား​သ​ဖြင့်​သင့်​အား​ငါ​နှုတ် တိုက်​ချ​ပေး​ခဲ့​သ​မျှ​သော​စ​ကား​များ​ကို လူ​တို့​ကြား​သိ​ကြ​စေ​ရန်​သင်​သည်​ထို​စာ လိပ်​ကို​ကျယ်​စွာ​ဖတ်​ပြ​ရ​မည်။ မိ​မိ​တို့​မြို့ ရွာ​များ​မှ​ရောက်​ရှိ​လာ​ကြ​သော​ယု​ဒ​ပြည် သား​အ​ပါ​အ​ဝင်​ရှိ​ရှိ​သ​မျှ​သော​လူ​တို့ ကြား​သိ​ကြ​စေ​ရန်​သင်​သည်​ဤ​စာ​လိပ် ကို​ဖတ်​ပြ​လော့။-
너는 들어가서 나의 구전대로 두루마리에 기록한 여호와의 말씀을 금식일에 여호와의 집에 있는 백성의 귀에 낭독하고 유다 모든 성에서 온 자들의 귀에도 낭독하라
7 ထာ​ဝ​ရ​ဘု​ရား​သည်​ဤ​လူ​တို့​အား​ထိတ် လန့်​တုန်​လှုပ်​ဖွယ်​ကောင်း​သည့်​အ​မျက်​တော် ဖြင့်​ခြိမ်း​ခြောက်​တော်​မူ​ပြီ​ဖြစ်​၍ လူ​တို့​သည် မိ​မိ​တို့​အ​ကျင့်​ဆိုး​များ​ကို​စွန့်​ပစ်​ကာ ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့​ဆု​တောင်း ပတ္ထနာ​ပြု​ကောင်း​ပြု​ကြ​ပေ​လိမ့်​မည်'' ဟု ညွှန်​ကြား​ပြော​ဆို​၏။-
그들이 여호와앞에 기도를 드리며 각기 악한 길을 떠날듯 하니라 여호와께서 이 백성에 대하여 선포하신 노와 분이 크니라
8 ထို့​ကြောင့်​ဗာ​ရုတ်​သည်​မိ​မိ​အား​ငါ​မှာ​ကြား ထား​သည့်​အ​တိုင်း တိ​ကျ​စွာ​ထာ​ဝ​ရ​ဘု​ရား ၏​ဗျာ​ဒိတ်​စ​ကား​တော်​တို့​ကို​ဗိ​မာန်​တော် ထဲ​၌​ဖတ်​ပြ​လေ​၏။
네리야의 아들 바룩이 무릇 선지자 예레미야의 자기에게 명한대로하여 여호와의 집에서 책에 있는 여호와의 말씀을 낭독하니라
9 ယော​ရှိ​၏​သား​ယု​ဒ​ဘု​ရင်​ယော​ယ​ကိမ်​နန်း စံ​ပဉ္စ​မ​နှစ်၊ န​ဝ​မ​လ​၌​ဣသ​ရေ​လ​ပြည်​သား တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ရှေ့​တော်​တွင် မျက်​နှာ ပွင့်​လန်း​အံ့​သော​ငှာ​အ​စာ​ရှောင်​ချိန်​ကို​ကြေ ညာ​ကြ​သ​ဖြင့် ယေ​ရု​ရှ​လင်​မြို့​သူ​မြို့​သား အ​ပေါင်း​တို့​သည်​လည်း​ကောင်း၊ ယု​ဒ​မြို့ အ​သီး​သီး​မှ​လာ​ရောက်​ကြ​သူ​လူ​အ​ပေါင်း တို့​သည်​လည်း​ကောင်း​အ​စာ​ရှောင်​ကြ​ကုန်​၏။-
유다 왕 요시야의 아들 여호야김의 오년 구월에 예루살렘 모든 백성과 유다 성읍들에서 예루살렘에 이른 모든 백성이 여호와 앞에서 금식을 선포한지라
10 ၁၀ ထို​အ​ခါ​ဗာ​ရုတ်​သည်​စာ​လိပ်​ပါ​ငါ​နှုတ် တိုက်​ချ​ပေး​သ​မျှ​သော​စ​ကား​တို့​ကို ဗိ​မာန် တော်​တွင်း​ရှိ​လူ​တို့​ကြား​နိုင်​လောက်​သော​အ​ရပ် မှ​ဖတ်​ပြ​လေ​သည်။ သူ​သည်​ဂေ​မ​ရိ​၏​သား ဘု​ရင်​၏​အ​တိုင်​ပင်​ခံ​အ​မတ်​ရှာဖန်​၏​အ​ခန်း မှ​နေ​၍​ထို​စာ​လိပ်​ကို​ဖတ်​သ​တည်း။ ထို​အ​ခန်း သည်​ဗိ​မာန်​တော်​အ​ဝင်​ဝ​တံ​ခါး​သစ်​အ​နီး အ​ထက်​တံ​တိုင်း​အ​တွင်း​၌​တည်​ရှိ​လေ​သည်။
바룩이 여호와의 집 윗뜰 곧 여호와의 집 새문 어귀의 곁에 있는 사반의 아들 서기관 그마랴의 방에서 그 책에 있는 예레미야의 말을 낭독하여 모든 백성에게 들리니라
11 ၁၁ ဂေ​မ​ရိ​၏​သား​ရှာ​ဖန်​၏​မြေး၊ မိက္ခာ​ယ​သည် ထို​စာ​လိပ်​တွင်​ပါ​ရှိ​သည့်​ထာ​ဝ​ရ​ဘု​ရား ၏​စ​ကား​တော်​တို့​ကို​ကြား​လျှင်၊-
사반의 손자요 그마랴의 아들인 미가야가 그 책에 있는 여호와의 말씀을 다 듣고
12 ၁၂ နန်း​တော်​အ​တွင်း​မှူး​မတ်​များ​စည်း​ဝေး​လျက် ရှိ​ရာ​ဘု​ရင့်​အ​တိုင်​ပင်​ခံ​အ​မတ်​၏​အ​ခန်း​သို့ သွား​လေ​သည်။ ထို​အ​ရပ်​တွင်​ဘု​ရင့်​အတိုင်​ပင်​ခံ အ​မတ်​ဧ​လိ​ရှ​မာ၊ ရှေ​မာ​ယ​၏​သား​ဒေ​လာ​သ၊ အာ​ခ​ဗော်​၏​သား​ဧ​လ​နာ​သန်၊ ရှာ​ဖန်​၏​သား ဂေ​မ​ရိ၊ ဟာ​န​နိ​၏​သား​ဇေ​ဒ​ကိ​နှင့်​အ​ခြား မှူး​မတ်​အ​ပေါင်း​တို့​ရှိ​ကြ​၏။-
왕궁에 내려가서 서기관의 방에 들어가니 모든 방백 곧 서기관 엘리사마와 스마야의 아들 들라야와 악볼의 아들 엘라단과 사반의 아들 그마랴와 하나냐의 아들 시드기야와 모든 방백이 거기 앉았는지라
13 ၁၃ မိက္ခာ​ယ​သည်​လူ​တို့​အား​ဗာရုတ်​ဖတ်​ပြ​သည့် စ​ကား​များ​အ​နက်​မိ​မိ​ကြား​သိ​ခဲ့​ရ​သ​မျှ ကို​ထို​သူ​တို့​အား​ပြော​ပြ​လေ​သည်။-
미가야가 바룩의 백성의 귀에 책을 낭독할 때에 들은 모든 말로 그들에게 고하매
14 ၁၄ ထို​အ​ခါ​မှူး​မတ်​တို့​သည်​ကု​ရှိ​၏​မြစ်၊ ရှေ​လ​မိ ၏​မြေး၊ နာ​သ​နိ​၏​သား​ယေ​ဟု​ဒိ​ကို​ဗာ​ရုတ် ထံ​သို့​စေ​လွှတ်​၍ ဗာ​ရုတ်​အား​မိ​မိ​လူ​တို့​ဖတ်​ပြ သည့်​စာ​လိပ်​နှင့်​အ​တူ​လာ​ရောက်​ရန်​မှာ​ကြား လိုက်​ကြ​၏။ ဗာ​ရုတ်​သည်​လည်း​ထို​သူ​တို့​ထံ သို့​လာ​လေ​သည်။-
이에 모든 방백이 구시의 증손 셀레먀의 손자 느다냐의 아들 여후디를 바룩에게 보내어 이르되 너는 백성의 귀에 낭독한 두루마리를 손에 가지고 오라 네리야의 아들 바룩이 두루마리를 손에 가지고 그들에게로 가매
15 ၁၅ ထို​သူ​တို့​သည်​ဗာ​ရုတ်​ကို​ထိုင်​ရန်​ပြော​ကြား ပြီး​လျှင်``ဤ​စာ​လိပ်​ကို​ငါ့​တို့​အား​ဖတ်​ပြ ပါ​လော့'' ဟု​ဆို​သ​ဖြင့်​ဗာ​ရုတ်​သည်​ဖတ်​၍ ပြ​၏။-
그들이 바룩에게 이르되 앉아서 이를 귀에 낭독하라 바룩이 그들 귀에 낭독하매
16 ၁၆ ဖတ်​၍​ပြီး​ဆုံး​သွား​သော​အ​ခါ​မှူး​မတ်​တို့​သည် ထိတ်​လန့်​သည့်​အ​မှု​အ​ရာ​ဖြင့်​အ​ချင်း​ချင်း ကြည့်​ကာ``ဤ​အ​မှု​ကို​မင်း​ကြီး​အား​ငါ​တို့ သံ​တော်​ဦး​တင်​ရ​ပါ​မည်'' ဟု​ဗာ​ရုတ်​အား ပြော​ကြာ​ပြီး​လျှင်၊-
그들이 그 모든 말씀을 듣고 놀라서 서로 보며 바룩에게 이르되 우리가 이 모든 말을 왕에게 고하리라
17 ၁၇ ``သင်​သည်​အ​ဘယ်​သို့​လျှင်​ဤ​စ​ကား​အ​လုံး စုံ​ကို​ရ​ရှိ​ရေး​မှတ်​ခဲ့​ပါ​သ​နည်း။ ယင်း​တို့ ကို​သင့်​အား​ယေ​ရ​မိ​နှုတ်​တိုက်​ချ​ပေး​ပါ သ​လော'' ဟု​မေး​မြန်း​ကြ​၏။
그들이 또 바룩에게 물어 가로되 네가 그 구전하는 이 모든 말을 어떻게 기록하였느뇨 청컨대 우리에게 이르라
18 ၁၈ ဗာ​ရုတ်​သည်​လည်း၊``ဤ​စ​ကား​အ​လုံး​စုံ​ကို ယေ​ရ​မိ​က​နှုတ်​တိုက်​ချ​ပေး​၍ အ​ကျွန်ုပ်​က မင်​နှင့်​စာ​လိပ်​ပေါ်​တွင်​ရေး​ချ​ပါ​သည်'' ဟု ပြန်​လည်​ဖြေ​ကြား​၏။
바룩이 대답하되 그가 그 입으로 이 모든 말을 내게 베풀기로 내가 먹으로 책에 기록하였노라
19 ၁၉ ထို​အ​ခါ​မှူး​မတ်​များ​က``သင်​နှင့်​ယေ​ရ​မိ သည်​ထွက်​ပြေး​ပုန်း​ရှောင်​နေ​ရ​ကြ​ပေ​မည်။ သင်​တို့​ရှိ​ရာ​ကို​အ​ဘယ်​သူ​မျှ​မ​သိ​စေ နှင့်'' ဟု​ဗာ​ရုတ်​အား​ပြော​ကြား​ကြ​၏။
이에 방백들이 바룩에게 이르되 너는 가서 예레미야와 함께 숨고 너희 있는 곳을 사람에게 알리지 말라 하니라
20 ၂၀ မှူး​မတ်​တို့​သည်​စာ​လိပ်​ကို​ဘု​ရင့်​အ​တိုင် ပင်​ခံ​အ​မတ်​ဧ​လိ​ရှ​မာ​၏​အ​ခန်း​တွင်​ထား ခဲ့​၍ နန်း​တော်​သို့​သွား​ရောက်​ကာ​မင်း​ကြီး အား​ဖြစ်​ပျက်​သ​မျှ​အ​ကြောင်း​စုံ​ကို​သံ တော်​ဦး​တင်​ကြ​၏။-
그들이 두루마리를 서기관 엘리사마의 방에 두고 뜰에 들어가 왕께 나아가서 이 모든 말로 왕의 귀에 고하니
21 ၂၁ ထို​အ​ခါ​မင်း​ကြီး​သည်​ယေ​ဟု​ဒိ​အား​စေ လွှတ်​၍​စာ​လိပ်​ကို​အ​ယူ​ခိုင်း​လေ​သည်။ ယေ​ဟု ဒိ​သည်​လည်း​ဧ​လိ​ရှ​မာ​၏​အ​ခန်း​မှ​ထို​စာ လိပ်​ကို​ယူ​ပြီး​လျှင် မင်း​ကြီး​နှင့်​တ​ကွ​မင်း ကြီး​၏​ပတ်​လည်​တွင်​ရပ်​လျက်​နေ​သည့် မှူး​မတ်​များ​၏​ရှေ့​တွင်​ဖတ်​ပြ​၏။-
왕이 여후디를 보내어 두루마리를 가져오게 하매 여후디가 서기관 엘리사마의 방에서 가져다가 왕과 왕의 곁에 선 모든 방백의 귀에 낭독하니
22 ၂၂ ထို​ကာ​လ​သည်​ဆောင်း​အ​ခါ​ဖြစ်​၍​မင်း ကြီး​သည် မိ​မိ​၏​ဆောင်း​ရာ​သီ​စံ​နန်း အ​တွင်း​မီး​အိုး​ကင်း​ရှေ့​တွင်​ထိုင်​လျက်​နေ​၏။-
때는 구월이라 왕이 겨울 궁전에 앉았고 그 앞에는 불피운 화로가 있더라
23 ၂၃ ယေ​ဟု​ဒိ​ဖတ်​၍​သုံး​လေး​ပိုဒ်​မျှ​ပြီး​သည် နှင့်​တစ်​ပြိုင်​နက်​မင်း​ကြီး​သည် ထို​အ​ပိုဒ်​တို့ ကို​ဋ္ဌား​နှင့်​လှီး​ဖြတ်​၍​မီး​ထဲ​သို့​ပစ်​ထည့် လိုက်​၏။ သူ​သည်​ဤ​နည်း​အ​တိုင်း​ပင်​စာ လိပ်​တစ်​ခု​လုံး​မီး​လောင်​ကျွမ်း​၍​သွား သည့်​တိုင်​အောင်​ပြု​လေ​သည်။-
여후디가 삼 편 사 편을 낭독하면 왕이 소도로 그것을 연하여 베어 화로 불에 던져서 온 두루마리를 태웠더라
24 ၂၄ သို့​ရာ​တွင်​စာ​လိပ်​ပါ​စ​ကား​အ​လုံး​စုံ​ကို ကြား​ရ​သူ​မင်း​ကြီး​နှင့်​တ​ကွ အ​ဘယ်​မှူး မတ်​မျှ​ကြောက်​လန့်​မှု​မ​ဖြစ်​ကြ။ နောင်​တ ရ​သည့်​လက္ခ​ဏာ​ကို​လည်း​မ​ပြ​ကြ။-
왕과 그 신하들이 이 모든 말을 듣고도 두려워하거나 그 옷을 찢지 아니하였고
25 ၂၅ ဧ​လ​နာ​သန်၊ ဒေ​လာ​ယ​နှင့်​ဂေ​မ​ရိ​တို့ သည်​မင်း​ကြီး​အား ထို​စာ​လိပ်​ကို​မီး​မ​ရှို့ ရန်​လျှောက်​ထား​တောင်း​ပန်​ကြ​သော်​လည်း မင်း​ကြီး​သည်​သူ​တို့​၏​ပန်​ကြား​ချက်​ကို နား​မ​ထောင်​ချေ။-
엘라단과 들라야와 그마랴가 왕께 두루마리를 사르지 말기를 간구하여도 왕이 듣지 아니하였으며
26 ၂၆ ထို​နောက်​သူ​သည်​အာ​ဇ​ရေ​လ​၏​သား၊ စ​ရာ​ယ၊ အာ​ဗ​ဒေ​လ​၏​သား​ရှေ​လ​မိ​တို့​နှင့်​အ​တူ သား​တော်​ယေ​ရ​မေ​လ​အား ငါ​နှင့်​ငါ​၏​စာ ရေး​ဗာ​ရုတ်​ကို​ဖမ်း​ဆီး​ရန်​အ​မိန့်​ပေး​လေ သည်။ သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​သည်​ငါ တို့​နှစ်​ယောက်​အား​ဝှက်​ထား​တော်​မူ​၏။
왕이 왕의 아들 여라므엘과 아스리엘의 아들 스라야와 압디엘의 아들 셀레먀를 명하여 서기관 바룩과 선지자 예레미야를 잡으라 하였으나 여호와께서 그들을 숨기셨더라
27 ၂၇ ဗာ​ရုတ်​အား​ငါ​နှုတ်​တိုက်​ချ​ပေး​သည့်​စာ​လိပ် ကို​မင်း​ကြီး​မီး​ရှို့​လိုက်​ပြီး​နောက်​ထာ​ဝ​ရ ဘု​ရား​သည်​ငါ့​အား၊-
왕이 두루마리와 바룩이 예레미야의 구전으로 기록한 말씀을 불사른 후에 여호와의 말씀이 예레미야에게 임하니라 가라사대
28 ၂၈ ``သင်​သည်​အ​ခြား​စာ​လိပ်​တစ်​ခု​ကို​ယူ​၍ ယော​ယ​ကိမ်​မင်း​မီး​ရှို့​လိုက်​သည့်​စာ​လိပ်​တွင် ပါ​ရှိ​သ​မျှ​သော​စ​ကား​တို့​ကို​ရေး​မှတ်​၍ ထား​လော့။-
너는 다시 다른 두루마리를 가지고 유다 왕 여호야김의 불사른 첫 두루마리의 모든 말을 기록하고
29 ၂၉ ယော​ယ​ကိမ်​မင်း​အား​လည်း​ထာ​ဝ​ရ​ဘု​ရား က``သင်​သည်​စာ​လိပ်​ကို​မီး​ရှို့​ပစ်​ပြီး​လျှင် ယေ​ရ​မိ​အား​ဗာ​ဗု​လုန်​ဘု​ရင်​သည်​ဤ​ပြည် သို့​လာ​ရောက်​၍​လူ​များ၊ တိ​ရစ္ဆာန်​များ​ကို​သုတ် သင်​ဖျက်​ဆီး​ပစ်​လိမ့်​မည်​ဟု​အ​ဘယ်​ကြောင့် ဟော​ပြော​ရ​ပါ​သ​နည်း​ဟု​မေး​မြန်း​ခဲ့​ပေ သည်။-
또 유다 왕 여호야김에 대하여 이같이 말하기를 여호와의 말씀에 그가 이 두루마리를 불사르며 말하기를 네가 어찌하여 바벨론 왕이 정녕히 와서 이 땅을 멸하고 사람과 짐승을 이 땅에서 없어지게 하리라 하는 말을 이 두루마리에 기록하였느뇨 하도다
30 ၃၀ သို့​ဖြစ်​၍​သင်​၏​သား​မြေး​များ​သည်​အ​ဘယ် အ​ခါ​၌​မျှ ဒါ​ဝိဒ်​မင်း​၏​ရာ​ဇ​ပလ္လင်​၌ မင်း​အ​ဖြစ်​ကို​ရ​ရှိ​ကြ​လိမ့်​မည်​မ​ဟုတ်​ဟု ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဆို​၏။ သင်​၏​အ​လောင်း ကို​လည်း​နေ့​အ​ခါ​နေ​ပူ​၍​ညဥ့်​အ​ခါ ဆီး နှင်း​ထိ​ရာ​အ​ရပ်​တွင်​ပစ်​ထုတ်​ထား​ကြ လိမ့်​မည်။-
그러므로 나 여호와가 유다 왕 여호야김에 대하여 이같이 말하노라 그에게 다윗의 위에 앉을 자가 없게 될것이요 그 시체는 버림을 입어서 낮에는 더위, 밤에는 추위를 당하리라
31 ၃၁ သင်​တို့​ကူး​လွန်​ခဲ့​ကြ​သည့်​အ​ပြစ်​များ အ​တွက် ငါ​သည်​သင်​နှင့်​သင်​၏​သား​မြေး​တို့ အား​သင့်​မှူး​မတ်​များ​နှင့်​အ​တူ​အ​ပြစ်​ဒဏ် ခတ်​မည်။ သင်​နှင့်​ယေ​ရု​ရှ​လင်​မြို့​သူ​မြို့ သား​များ၊ ယု​ဒ​ပြည်​သား​များ​သည်​ငါ သ​တိ​ပေး​ခဲ့​သည်​ကို​ပ​မာ​ဏ​မ​ပြု​ကြ။ သို့​ဖြစ်​၍​ငါ​သည်​မိ​မိ​ခြိမ်း​ခြောက်​ခဲ့​သည့် ဘေး​အန္တ​ရာယ်​ဆိုး​ကို သင်​တို့​အ​ပေါ်​သို့ သက်​ရောက်​စေ​မည်​ဟု​မိန့်​တော်​မူ​ကြောင်း ပြန်​ကြား​ပြော​ဆို​လော့'' ဟု​မိန့်​မှာ တော်​မူ​၏။
또 내가 그와 그 자손과 신하들을 그들의 죄악을 인하여 벌할 것이라 내가 일찍 그들과 예루살렘 거민과 유다 사람에게 선포하였으나 그들이 듣지 아니한 그 모든 재앙을 내리리라 하셨다 하라
32 ၃၂ ထို​အ​ခါ​ယေ​ရ​မိ​သည်​အ​ခြား​စာ​လိပ်​တစ် ခု​ကို​ယူ​၍​မိ​မိ​၏​စာ​ရေး​ဗာ​ရုတ်​အား​ပေး​၏။ ဗာ​ရုတ်​သည်​ယော​ယ​ကိမ်​မင်း​မီး​ရှို့​လိုက်​သည့် စာ​လိပ်​တွင်​ပါ​ရှိ​သ​မျှ​သော​စ​ကား​တို့​ကို ငါ​နှုတ်​တိုက်​ချ​ပေး​သည့်​အ​တိုင်း​ရေး​ချ​လေ သည်။ ငါ​နှုတ်​တိုက်​ချ​ပေး​သည့်​အ​လား​တူ စ​ကား​များ​ကို​ထပ်​လောင်း​ဖြည့်​စွက်​၍ ပေး​လေ​သည်။
이에 예레미야가 다를 두루마리를 취하여 네리야의 아들 서기관 바룩에게 주매 그가 유다 왕 여호야김의 불사른 책의 모든 말을 예레미야의 구전대로 기록하고 그 외에도 그 같은 말을 많이 더 하였더라

< ယေရမိ 36 >