< ယေရမိ 35 >

1 ယု​ဒ​ဘု​ရင်​ယော​ရှိ​၏​သား ယော​ယ​ကိမ်​မင်း လက်​ထက်​၌​ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​အား၊-
Słowo, które doszło do Jeremiasza od PANA za dni Joakima, syna Jozjasza, króla Judy, mówiące:
2 ``သင်​သည်​ရေ​ခပ်​သား​ချင်း​စု​အ​ပေါင်း​တို့ ထံ​သို့​သွား​၍​စ​ကား​စ​မြည်​ပြော​ပြီး​လျှင် သူ​တို့​အား​ဗိ​မာန်​တော်​အ​ခန်း​တစ်​ခု​သို့ ခေါ်​ဆောင်​ကာ​စ​ပျစ်​ရည်​ကို​တိုက်​လော့'' ဟု​မိန့်​တော်​မူ​၏။-
Idź do domu Rekabitów, porozmawiaj z nimi i wprowadź ich do domu PANA, do jednej z komnat, i daj im wino do picia.
3 သို့​ဖြစ်​၍​ငါ​သည်(အ​ခြား​ယေ​ရ​မိ​၏​သား၊ ဟာ​ဗ​ဇိ​ညာ​၏​မြေး) ယာ​ဇ​ညာ​နှင့်​သူ​၏ ညီ​အစ်​ကို​များ၊ သား​များ​ဖြစ်​ကြ​သော ရေ​ခပ်​သား​ချင်း​စု​အ​ပေါင်း​တို့​ကို၊-
Zabrałem więc ze sobą Jaazaniasza, syna Jeremiasza, syna Chabasiniasza, jego braci, wszystkich jego synów i cały dom Rekabitów;
4 ဗိ​မာန်​တော်​သို့​ဖိတ်​ကြား​ပြီး​လျှင်​ပ​ရော​ဖက် ဟာ​နန်​၏​တ​ပည့်​များ​နေ​ထိုင်​ရာ​အ​ခန်း​သို့ ခေါ်​သွား​၏။ ဟာ​နန်​ကား​ဣ​ဂ​ဒါ​လိ​၏​သား ဖြစ်​သ​တည်း။ ထို​အ​ခန်း​သည်​အ​ရာ​ရှိ​များ ၏​အ​ခန်း​အ​နီး​ဗိ​မာန်​တော်​အ​ရာ​ရှိ​ကြီး တစ်​ဦး​ဖြစ်​သော​ရှလ္လုံ​၏​သား​မာ​သေ​ယ​၏ အ​ခန်း​အ​ထက်​၌​ရှိ​လေ​သည်။-
I wprowadziłem ich do domu PANA, do komnaty synów Chanana, syna Jigdaliasza, męża Bożego, która [była] obok komnaty książęcej nad komnatą Maasejasza, syna Szalluma, stróża progu.
5 ထို​နောက်​ငါ​သည်​စ​ပျစ်​ရည်​အပြည့်​ရှိ​သည့် ခွက်​ဖ​လား​များ​နှင့် အိုး​များ​ကို​ရေ​ခပ်​အ နွယ်​ဝင်​တို့​၏​ရှေ့​တွင်​ချ​ထား​၍​သူ​တို့ အား``စပျစ်​ရည်​အ​နည်း​ငယ်​သောက်​ကြ​ပါ'' ဟု​ပြော​၏။-
Potem postawiłem przed synami domu Rekabitów czasze pełne wina i kubki i powiedziałem do nich: Pijcie wino.
6 သို့​ရာ​တွင်​ထို​သူ​တို့​က``ရေ​ခပ်​၏​သား၊ အ​ကျွန်ုပ်​တို့​၏​ဘိုး​ဘေး​ဖြစ်​သူ​ယော​န​ဒပ် က​အ​ကျွန်ုပ်​တို့​သည်​သား​စဉ်​မြေး​ဆက် အ ဘယ်​အ​ခါ​၌​မျှ​စ​ပျစ်​ရည်​ကို​မ​သောက် ရန်​ပ​ညတ်​ခဲ့​သည်​ဖြစ်​၍​အ​ကျွန်ုပ်​တို့ သည်​စ​ပျစ်​ရည်​မ​သောက်​ကြ​ပါ။-
Lecz oni odpowiedzieli: Nie pijemy wina, bo Jonadab, syn Rekaba, nasz ojciec, nakazał nam, mówiąc: Nie pijcie wina, ani wy, ani wasi synowie, aż na wieki.
7 သူ​သည်​အ​ကျွန်ုပ်​တို့​အား​အိမ်​များ​ကို​မ ဆောက်​ကြ​ရန်​နှင့် လယ်​များ​ကို​မ​လုပ်​ကြ ရန်​သော်​လည်း​ကောင်း၊ စ​ပျစ်​ဥ​ယျာဉ်​များ ကို​မ​စိုက်​မ​ပျိုး၊ မ​ဝယ်​မ​ယူ​ကြ​ရန်​သော် လည်း​ကောင်း​မှာ​ကြား​ထား​ပါ​သေး​၏။ အ ကျွန်ုပ်​တို့​သည်​သူ​စိမ်း​တစ်​ရံ​ဆံ​အ​ဖြစ်​နှင့် နေ​ထိုင်​ရာ​ပြည်​တွင် ဆက်​လက်​နေ​ထိုင်​နိုင် ကြ​မည့်​အ​ကြောင်း​တဲ​ရှင်​များ​တွင်​သာ နေ​ကြ​ရန်​ကို​လည်း​မိန့်​မှာ​ခဲ့​ပါ​၏။-
Nie budujcie też domów ani nie obsiewajcie nasieniem, nie sadźcie winnic ani nie posiadajcie [żadnej], ale mieszkajcie w namiotach przez wszystkie wasze dni, abyście żyli przez wiele dni na powierzchni ziemi, w której jesteście przybyszami.
8 အ​ကျွန်ုပ်​တို့​သည်​မိ​မိ​တို့​ဘိုး​ဘေး​ရေ​ခပ် ၏​သား​ယော​န​ဒပ်​၏​ညွှန်​ကြား​ချက်​များ​ကို လိုက်​နာ​ကျင့်​သုံး​ခဲ့​ကြ​ပါ​ပြီ။ အ​ကျွန်ုပ်​တို့ ကိုယ်​တိုင်​နှင့်​အ​ကျွန်ုပ်​တို့​၏​ဇ​နီး၊ သား​သ​မီး များ​သည်​စ​ပျစ်​ရည်​ကို​အ​ဘယ်​အ​ခါ​မျှ မ​သောက်​ကြ​ပါ။-
Byliśmy więc posłuszni głosowi Jonadaba, syna Rekaba, naszego ojca, we wszystkim, co nam nakazał: nie piliśmy wina przez wszystkie nasze dni, my, nasze żony, nasi synowie i nasze córki;
9 အ​ကျွန်ုပ်​တို့​သည်​မိ​မိ​တို့​နေ​ထိုင်​ရန်​အိမ်​များ ကို​မ​ဆောက်​မ​လုပ်​ကြ​ပါ။ စ​ပျစ်​ဥ​ယျာဉ်​များ၊ လယ်​ယာ​များ​သို့​မ​ဟုတ်​ဂျုံ​စ​ပါး​များ​ကို လည်း​မ​ပိုင်​ကြ​ပါ။-
I nie budowaliśmy sobie domów do zamieszkania ani nie mieliśmy winnicy ani pola, ani siewu.
10 ၁၀ အ​ကျွန်ုပ်​တို့​သည်​တဲ​ရှင်​များ​တွင်​နေ​ထိုင် ကြ​ပါ​သည်။ မိ​မိ​တို့​ဘိုး​ဘေး​ယော​န​ဒပ် ၏​ပ​ညတ်​ကို အ​ကြွင်း​မဲ့​လိုက်​နာ​ခဲ့​ကြ​ပါ ပြီ။-
Ale mieszkamy w namiotach; byliśmy posłuszni i postępujemy zgodnie ze wszystkim, co nam nakazał Jonadab, nasz ojciec.
11 ၁၁ သို့​ရာ​တွင်​ဤ​မြို့​သည်​ဗာ​ဗု​လုန်​ဘု​ရင်​နေ​ဗု​ခဒ် နေ​ဇာ​ချင်း​နင်း​ဝင်​ရောက်​လာ​သော​အ​ခါ​၌ ဗာ​ဗု​လုန်​နှင့်​ရှု​ရိ​တပ်​များ​ကင်း​ဝေး​စေ​ရန် အ​ကျွန်ုပ်​တို့​သည် ယေ​ရု​ရှ​လင်​မြို့​သို့​လာ ရောက်​ရန်​စိတ်​ပိုင်း​ဖြတ်​ခဲ့​ကြ​ပါ​၏။ ထို့​ကြောင့် ယ​ခု​အ​ခါ​ယေ​ရု​ရှ​လင်​မြို့​တွင် အ​ကျွန်ုပ်​တို့ နေ​ထိုင်​လျက်​ရှိ​ခြင်း​ဖြစ်​ပါ​သည်'' ဟု​ပြန် ပြော​ကြ​၏။
A gdy Nabuchodonozor, król Babilonu, nadciągnął do [naszej] ziemi, powiedzieliśmy: Chodźcie, wejdźmy do Jerozolimy przed wojskiem Chaldejczyków i przed wojskiem Syryjczyków. Zostaliśmy więc w Jerozolimie.
12 ၁၂ ထို​အ​ခါ​ဣသ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​အား​ယု​ဒ​ပြည်​သား​များ​နှင့်​ယေ​ရု​ရှ​လင် မြို့​သူ​မြို့​သား​များ​ထံ​သို့​စေ​လွှတ်​၍​သူ​တို့ အား``သင်​တို့​သည်​အ​ဘယ်​ကြောင့်​ငါ​၏​ညွှန် ကြား​ချက်​များ​ကို​မ​လိုက်​နာ​ကြ​ပါ သ​နည်း​ဟု ငါ​ထာ​ဝ​ရ​ဘု​ရား​မေး​၏။-
Wówczas doszło słowo PANA do Jeremiasza mówiące:
13 ၁၃
Tak mówi PAN zastępów, Bóg Izraela: Idź i powiedz Judejczykom i mieszkańcom Jerozolimy: Czy nie przyjmiecie pouczenia, by słuchać moich słów? – mówi PAN.
14 ၁၄ ယော​န​ဒပ်​၏​သား​မြေး​တို့​သည်​စ​ပျစ်​ရည် မ​သောက်​ရန်​ယော​န​ဒပ်​ပေး​အပ်​ခဲ့​သည့်​ပ​ညတ် ကို​စောင့်​ထိန်း​ခဲ့​ကြ​လေ​ပြီ။ သူ​တို့​သည်​မိ​မိ တို့​ဘိုး​ဘေး​၏​အ​မိန့်​ကို​နာ​ခံ​ကြ​သည်​ဖြစ် ၍ ယ​နေ့​တိုင်​အောင်​အ​ဘယ်​သူ​မျှ​စ​ပျစ်​ရည် ကို​မ​သောက်​ကြ။ သို့​ရာ​တွင်​သင်​တို့​သည် ငါ​အ​ဖန်​ဖန်​အ​ထပ်​ထပ်​သင်​တို့​အား​ပြော ဆို​ခဲ့​သော်​လည်း​ငါ​၏​စ​ကား​ကို​နား​မ ထောင်။-
Wypełniane są słowa Jonadaba, syna Rekaba, które przykazał swoim synom, aby nie pili wina. Nie piją go bowiem aż do dziś, bo są posłuszni przykazaniu swego ojca. Ja jednak mówiłem do was, z wczesnym wstawaniem i mówieniem, lecz nie słuchaliście mnie.
15 ၁၅ ငါ​သည်​မိ​မိ​၏​အ​စေ​ခံ​ပ​ရော​ဖက်​များ​ကို သင်​တို့​ထံ​သို့​အ​ဖန်​ဖန်​အ​ထပ်​ထပ်​စေ​လွှတ် ခဲ့​၏။ သူ​တို့​က​လည်း​သင်​တို့​အား​မိ​မိ​တို့ အ​ကျင့်​ဆိုး​များ​ကို​စွန့်​ပစ်​၍ ဖြောင့်​မှန်​ရာ ကို​ပြု​ကျင့်​ကြ​ရန်​ပြော​ကြား​ခဲ့​ကြ​၏။ သင် တို့​သည်​မိ​မိ​တို့​နှင့်​ဘိုး​ဘေး​တို့​အား​ငါ​ပေး အပ်​ခဲ့​သည့်​ပြည်​တော်​တွင် ဆက်​လက်​နေ​ထိုင် နိုင်​ကြ​မည့်​အ​ကြောင်း​အ​ခြား​ဘု​ရား​များ ကို​ရှိ​မ​ခိုး​ဝတ်​မ​ပြု​ကြ​ရန်​သင်​တို့​အား သ​တိ​ပေး​ခဲ့​ကြ​၏။ သို့​ရာ​တွင်​သင်​တို့​သည် ငါ​၏​စ​ကား​ကို​နား​မ​ထောင်​ကြ။ ငါ့​အား လည်း​ပ​မာ​ဏ​မ​ပြု​ကြ။-
Posłałem też do was wszystkie swe sługi, proroków, z wczesnym wstawaniem i przesłaniem, mówiąc: Niech każdy zawróci już ze swej złej drogi i poprawi swoje uczynki, nie chodźcie za innymi bogami ani im nie służcie, a będziecie mieszkać w tej ziemi, którą dałem wam i waszym ojcom. Ale nie nakłoniliście swego ucha ani mnie nie usłuchaliście.
16 ၁၆ ယော​န​ဒပ်​၏​သား​မြေး​များ​သည်​မိ​မိ​တို့ ဘိုး​ဘေး​၏​အ​မိန့်​ကို​နား​ထောင်​ကြ​၏။ သင် တို့​မူ​ကား​ငါ​၏​အ​မိန့်​ကို​နား​မ​ထောင် ကြ။-
I chociaż synowie Jonadaba, syna Rekaba, wypełnili nakaz swego ojca, który im przekazał, to jednak ten lud nie był mi posłuszny.
17 ၁၇ သို့​ဖြစ်​၍​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏ ဘု​ရား​သ​ခင်​အ​နန္တ​တန်​ခိုး​ရှင်​ငါ​ထာ​ဝ​ရ ဘု​ရား​သည် မိ​မိ​က​တိ​ထား​ခဲ့​သည့်​ဘေး အန္တ​ရာယ်​ဆိုး​ကို​ယု​ဒ​ပြည်​သူ​များ​နှင့်​ယေ​ရု ရှ​လင်​မြို့​သူ​မြို့​သား​များ​အ​ပေါ်​သို့​သက် ရောက်​စေ​မည်။ အ​ဘယ်​ကြောင့်​ဆို​သော်​သင် တို့​သည်​ငါ​ပြော​သော​အ​ခါ​နား​မ​ထောင်၊ ငါ ခေါ်​သော​အ​ခါ​၌​မ​ထူး​ကြ​သော​ကြောင့် ဖြစ်​၏​ဟု​မိန့်​တော်​မူ​ကြောင်း​ပြော​ကြား လော့'' ဟု​မိန့်​တော်​မူ​၏။
Dlatego tak mówi PAN, Bóg zastępów, Bóg Izraela: Oto sprowadzę na Judę i na wszystkich mieszkańców Jerozolimy całe nieszczęście, które wypowiedziałem przeciwko nim, gdyż mówiłem do nich, a nie słuchali, wołałem ich, a nie odpowiedzieli.
18 ၁၈ ထို​နောက်​ငါ​သည်​ရေ​ခပ်​သား​ချင်း​စု​အား ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​က``သင်​တို့ သည်​မိ​မိ​တို့​ဘိုး​ဘေး​ယော​န​ဒပ်​ပေး​အပ် သည့်​ပ​ညတ်​ကို​စောင့်​ထိန်း​ကြ​လေ​ပြီ။ သူ​၏ ညွှန်​ကြား​ချက်​များ​ကို​လိုက်​နာ​ကျင့်​သုံး​ကာ သူ​မိန့်​မှာ​သ​မျှ​သော​အ​မှု​တို့​ကို​ပြု​ကြ လေ​ပြီ။-
Domowi Rekabitów Jeremiasz zaś powiedział: Tak mówi PAN zastępów, Bóg Izraela: Ponieważ byliście posłuszni nakazowi Jonadaba, waszego ojca, i przestrzegaliście wszystkich jego przykazań, i postępowaliście zgodnie ze wszystkim, co wam nakazał;
19 ၁၉ သို့​ဖြစ်​၍​ရေ​ခပ်​၏​သား​ယော​န​ဒပ်​သည်​ငါ ၏​အ​မှု​တော်​ကို​ထမ်း​ဆောင်​မည့်​သား​မြေး​များ အ​စဉ်​မ​ပြတ်​ထွန်း​ကား​ရ​လိမ့်​မည်​ဖြစ်​ကြောင်း ဣသ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် အ​နန္တ​တန်ခိုး​ရှင်​ငါ​ထာ​ဝ​ရ​ဘု​ရား​က​တိ ပြု​၏'' ဟု​မိန့်​တော်​မူ​ကြောင်း​ပြန်​ကြား ပြော​ဆို​လေ​သည်။
Dlatego tak mówi PAN zastępów, Bóg Izraela: Nie zabraknie Jonadabowi, synowi Rekaba, potomka, który by stał przede mną po wszystkie dni.

< ယေရမိ 35 >