< ယေရမိ 35 >
1 ၁ ယုဒဘုရင်ယောရှိ၏သား ယောယကိမ်မင်း လက်ထက်၌ထာဝရဘုရားသည်ငါ့အား၊-
This is the word that came to Jeremiah from the LORD in the days of Jehoiakim son of Josiah king of Judah:
2 ၂ ``သင်သည်ရေခပ်သားချင်းစုအပေါင်းတို့ ထံသို့သွား၍စကားစမြည်ပြောပြီးလျှင် သူတို့အားဗိမာန်တော်အခန်းတစ်ခုသို့ ခေါ်ဆောင်ကာစပျစ်ရည်ကိုတိုက်လော့'' ဟုမိန့်တော်မူ၏။-
“Go to the house of the Rechabites, speak to them, and bring them to one of the chambers of the house of the LORD to offer them a drink of wine.”
3 ၃ သို့ဖြစ်၍ငါသည်(အခြားယေရမိ၏သား၊ ဟာဗဇိညာ၏မြေး) ယာဇညာနှင့်သူ၏ ညီအစ်ကိုများ၊ သားများဖြစ်ကြသော ရေခပ်သားချင်းစုအပေါင်းတို့ကို၊-
So I took Jaazaniah son of Jeremiah, the son of Habazziniah, and his brothers and all his sons—the entire house of the Rechabites—
4 ၄ ဗိမာန်တော်သို့ဖိတ်ကြားပြီးလျှင်ပရောဖက် ဟာနန်၏တပည့်များနေထိုင်ရာအခန်းသို့ ခေါ်သွား၏။ ဟာနန်ကားဣဂဒါလိ၏သား ဖြစ်သတည်း။ ထိုအခန်းသည်အရာရှိများ ၏အခန်းအနီးဗိမာန်တော်အရာရှိကြီး တစ်ဦးဖြစ်သောရှလ္လုံ၏သားမာသေယ၏ အခန်းအထက်၌ရှိလေသည်။-
and I brought them into the house of the LORD, to a chamber occupied by the sons of Hanan son of Igdaliah, a man of God. This room was near the chamber of the officials, which was above the chamber of Maaseiah son of Shallum the doorkeeper.
5 ၅ ထိုနောက်ငါသည်စပျစ်ရည်အပြည့်ရှိသည့် ခွက်ဖလားများနှင့် အိုးများကိုရေခပ်အ နွယ်ဝင်တို့၏ရှေ့တွင်ချထား၍သူတို့ အား``စပျစ်ရည်အနည်းငယ်သောက်ကြပါ'' ဟုပြော၏။-
Then I set pitchers full of wine and some cups before the men of the house of the Rechabites, and I said to them, “Drink some wine.”
6 ၆ သို့ရာတွင်ထိုသူတို့က``ရေခပ်၏သား၊ အကျွန်ုပ်တို့၏ဘိုးဘေးဖြစ်သူယောနဒပ် ကအကျွန်ုပ်တို့သည်သားစဉ်မြေးဆက် အ ဘယ်အခါ၌မျှစပျစ်ရည်ကိုမသောက် ရန်ပညတ်ခဲ့သည်ဖြစ်၍အကျွန်ုပ်တို့ သည်စပျစ်ရည်မသောက်ကြပါ။-
“We do not drink wine,” they replied, “for our forefather Jonadab son of Rechab commanded us, ‘Neither you nor your descendants are ever to drink wine.
7 ၇ သူသည်အကျွန်ုပ်တို့အားအိမ်များကိုမ ဆောက်ကြရန်နှင့် လယ်များကိုမလုပ်ကြ ရန်သော်လည်းကောင်း၊ စပျစ်ဥယျာဉ်များ ကိုမစိုက်မပျိုး၊ မဝယ်မယူကြရန်သော် လည်းကောင်းမှာကြားထားပါသေး၏။ အ ကျွန်ုပ်တို့သည်သူစိမ်းတစ်ရံဆံအဖြစ်နှင့် နေထိုင်ရာပြည်တွင် ဆက်လက်နေထိုင်နိုင် ကြမည့်အကြောင်းတဲရှင်များတွင်သာ နေကြရန်ကိုလည်းမိန့်မှာခဲ့ပါ၏။-
Nor are you ever to build a house or sow seed or plant a vineyard. Those things are not for you. Instead, you must live in tents all your lives, so that you may live a long time in the land where you wander.’
8 ၈ အကျွန်ုပ်တို့သည်မိမိတို့ဘိုးဘေးရေခပ် ၏သားယောနဒပ်၏ညွှန်ကြားချက်များကို လိုက်နာကျင့်သုံးခဲ့ကြပါပြီ။ အကျွန်ုပ်တို့ ကိုယ်တိုင်နှင့်အကျွန်ုပ်တို့၏ဇနီး၊ သားသမီး များသည်စပျစ်ရည်ကိုအဘယ်အခါမျှ မသောက်ကြပါ။-
And we have obeyed the voice of our forefather Jonadab son of Rechab in all he commanded us. So we have not drunk wine all our lives—neither we nor our wives nor our sons and daughters.
9 ၉ အကျွန်ုပ်တို့သည်မိမိတို့နေထိုင်ရန်အိမ်များ ကိုမဆောက်မလုပ်ကြပါ။ စပျစ်ဥယျာဉ်များ၊ လယ်ယာများသို့မဟုတ်ဂျုံစပါးများကို လည်းမပိုင်ကြပါ။-
Nor have we built houses in which to live, and we have not owned any vineyards or fields or crops.
10 ၁၀ အကျွန်ုပ်တို့သည်တဲရှင်များတွင်နေထိုင် ကြပါသည်။ မိမိတို့ဘိုးဘေးယောနဒပ် ၏ပညတ်ကို အကြွင်းမဲ့လိုက်နာခဲ့ကြပါ ပြီ။-
But we have lived in tents and have obeyed and done exactly as our forefather Jonadab commanded us.
11 ၁၁ သို့ရာတွင်ဤမြို့သည်ဗာဗုလုန်ဘုရင်နေဗုခဒ် နေဇာချင်းနင်းဝင်ရောက်လာသောအခါ၌ ဗာဗုလုန်နှင့်ရှုရိတပ်များကင်းဝေးစေရန် အကျွန်ုပ်တို့သည် ယေရုရှလင်မြို့သို့လာ ရောက်ရန်စိတ်ပိုင်းဖြတ်ခဲ့ကြပါ၏။ ထို့ကြောင့် ယခုအခါယေရုရှလင်မြို့တွင် အကျွန်ုပ်တို့ နေထိုင်လျက်ရှိခြင်းဖြစ်ပါသည်'' ဟုပြန် ပြောကြ၏။
So when Nebuchadnezzar king of Babylon marched into the land, we said: ‘Come, let us go into Jerusalem to escape the armies of the Chaldeans and the Arameans.’ So we have remained in Jerusalem.”
12 ၁၂ ထိုအခါဣသရေလအမျိုးသားတို့၏ဘုရားသခင်အနန္တတန်ခိုးရှင်ထာဝရဘုရားသည် ငါ့အားယုဒပြည်သားများနှင့်ယေရုရှလင် မြို့သူမြို့သားများထံသို့စေလွှတ်၍သူတို့ အား``သင်တို့သည်အဘယ်ကြောင့်ငါ၏ညွှန် ကြားချက်များကိုမလိုက်နာကြပါ သနည်းဟု ငါထာဝရဘုရားမေး၏။-
Then the word of the LORD came to Jeremiah:
“This is what the LORD of Hosts, the God of Israel, says: Go and tell the men of Judah and the residents of Jerusalem: ‘Will you not accept discipline and obey My words?’ declares the LORD.
14 ၁၄ ယောနဒပ်၏သားမြေးတို့သည်စပျစ်ရည် မသောက်ရန်ယောနဒပ်ပေးအပ်ခဲ့သည့်ပညတ် ကိုစောင့်ထိန်းခဲ့ကြလေပြီ။ သူတို့သည်မိမိ တို့ဘိုးဘေး၏အမိန့်ကိုနာခံကြသည်ဖြစ် ၍ ယနေ့တိုင်အောင်အဘယ်သူမျှစပျစ်ရည် ကိုမသောက်ကြ။ သို့ရာတွင်သင်တို့သည် ငါအဖန်ဖန်အထပ်ထပ်သင်တို့အားပြော ဆိုခဲ့သော်လည်းငါ၏စကားကိုနားမ ထောင်။-
The words of Jonadab son of Rechab have been carried out. He commanded his sons not to drink wine, and they have not drunk it to this very day because they have obeyed the command of their forefather. But I have spoken to you again and again, and you have not obeyed Me!
15 ၁၅ ငါသည်မိမိ၏အစေခံပရောဖက်များကို သင်တို့ထံသို့အဖန်ဖန်အထပ်ထပ်စေလွှတ် ခဲ့၏။ သူတို့ကလည်းသင်တို့အားမိမိတို့ အကျင့်ဆိုးများကိုစွန့်ပစ်၍ ဖြောင့်မှန်ရာ ကိုပြုကျင့်ကြရန်ပြောကြားခဲ့ကြ၏။ သင် တို့သည်မိမိတို့နှင့်ဘိုးဘေးတို့အားငါပေး အပ်ခဲ့သည့်ပြည်တော်တွင် ဆက်လက်နေထိုင် နိုင်ကြမည့်အကြောင်းအခြားဘုရားများ ကိုရှိမခိုးဝတ်မပြုကြရန်သင်တို့အား သတိပေးခဲ့ကြ၏။ သို့ရာတွင်သင်တို့သည် ငါ၏စကားကိုနားမထောင်ကြ။ ငါ့အား လည်းပမာဏမပြုကြ။-
Again and again I have sent you all My servants the prophets, proclaiming: ‘Turn now, each of you, from your wicked ways, and correct your actions. Do not go after other gods to serve them. Live in the land that I have given to you and your fathers.’ But you have not inclined your ear or listened to Me.
16 ၁၆ ယောနဒပ်၏သားမြေးများသည်မိမိတို့ ဘိုးဘေး၏အမိန့်ကိုနားထောင်ကြ၏။ သင် တို့မူကားငါ၏အမိန့်ကိုနားမထောင် ကြ။-
Yes, the sons of Jonadab son of Rechab carried out the command their forefather gave them, but these people have not listened to Me.
17 ၁၇ သို့ဖြစ်၍ဣသရေလအမျိုးသားတို့၏ ဘုရားသခင်အနန္တတန်ခိုးရှင်ငါထာဝရ ဘုရားသည် မိမိကတိထားခဲ့သည့်ဘေး အန္တရာယ်ဆိုးကိုယုဒပြည်သူများနှင့်ယေရု ရှလင်မြို့သူမြို့သားများအပေါ်သို့သက် ရောက်စေမည်။ အဘယ်ကြောင့်ဆိုသော်သင် တို့သည်ငါပြောသောအခါနားမထောင်၊ ငါ ခေါ်သောအခါ၌မထူးကြသောကြောင့် ဖြစ်၏ဟုမိန့်တော်မူကြောင်းပြောကြား လော့'' ဟုမိန့်တော်မူ၏။
Therefore this is what the LORD God of Hosts, the God of Israel, says: ‘Behold, I will bring to Judah and to all the residents of Jerusalem all the disaster I have pronounced against them, because I have spoken to them but they have not obeyed, and I have called to them but they have not answered.’”
18 ၁၈ ထိုနောက်ငါသည်ရေခပ်သားချင်းစုအား ဣသရေလအမျိုးသားတို့၏ဘုရားသခင် အနန္တတန်ခိုးရှင်ထာဝရဘုရားက``သင်တို့ သည်မိမိတို့ဘိုးဘေးယောနဒပ်ပေးအပ် သည့်ပညတ်ကိုစောင့်ထိန်းကြလေပြီ။ သူ၏ ညွှန်ကြားချက်များကိုလိုက်နာကျင့်သုံးကာ သူမိန့်မှာသမျှသောအမှုတို့ကိုပြုကြ လေပြီ။-
Then Jeremiah said to the house of the Rechabites: “This is what the LORD of Hosts, the God of Israel, says: ‘Because you have obeyed the command of your forefather Jonadab and have kept all his commandments and have done all that he charged you to do,
19 ၁၉ သို့ဖြစ်၍ရေခပ်၏သားယောနဒပ်သည်ငါ ၏အမှုတော်ကိုထမ်းဆောင်မည့်သားမြေးများ အစဉ်မပြတ်ထွန်းကားရလိမ့်မည်ဖြစ်ကြောင်း ဣသရေလအမျိုးသားတို့၏ဘုရားသခင် အနန္တတန်ခိုးရှင်ငါထာဝရဘုရားကတိ ပြု၏'' ဟုမိန့်တော်မူကြောင်းပြန်ကြား ပြောဆိုလေသည်။
this is what the LORD of Hosts, the God of Israel, says: Jonadab son of Rechab will never fail to have a man to stand before Me.’”