< ယေရမိ 34 >
1 ၁ ဗာဗုလုန်ဘုရင်နေဗုခဒ်နေဇာနှင့် တပ်မ တော်သည်လက်အောက်ခံနိုင်ငံရှိသမျှနှင့် လူမျိုးအပေါင်းတို့၏စစ်တပ်များအကူ အညီဖြင့် ယေရုရှလင်မြို့နှင့်တကွအနီး အနားရှိမြို့ရွာများကိုတိုက်ခိုက်လျက်နေ စဉ် ထာဝရဘုရားသည်ငါ့အားဗျာဒိတ် ပေးတော်မူ၏။-
Babil Kralı Nebukadnessar'la bütün ordusu, krallığı altındaki bütün uluslarla halklar, Yeruşalim ve çevresindeki kentlere karşı savaşırken RAB Yeremya'ya şöyle seslendi:
2 ၂ ဣသရေလအမျိုးသားတို့၏ဘုရားသခင် ထာဝရဘုရားသည် ငါ့အားသင်သည်ယုဒ ဘုရင်ဇေဒကိထံသို့သွား၍သူ့အားဗျာ ဒိတ်တော်ပြန်ကြားရမည်မှာ``ငါထာဝရ ဘုရားသည်ဤမြို့ကိုဗာဗုလုန်ဘုရင်အား ပေးအပ်မည်။ သူသည်ဤမြို့ကိုမီးရှို့လိမ့်မည်။-
“İsrail'in Tanrısı RAB diyor ki, ‘Git, Yahuda Kralı Sidkiya'ya RAB şöyle diyor de: Bu kenti Babil Kralı'nın eline teslim etmek üzereyim, onu ateşe verecek.
3 ၃ သင်သည်သူ၏ဘေးမှလွတ်မြောက်ရလိမ့် မည်မဟုတ်။ အဖမ်းခံရကာသူ၏လက်တွင်း သို့သက်ဆင်းရလိမ့်မည်။ သင်သည်သူနှင့် မျက်နှာချင်းဆိုင်တွေ့ဆုံပြောဆိုပြီးလျှင် ဗာဗုလုန်မြို့သို့လိုက်ပါသွားရလိမ့်မည်။-
Ve sen Sidkiya, onun elinden kaçıp kurtulamayacaksın; kesinlikle yakalanacak, onun eline teslim edileceksin. Babil Kralı'nı gözünle görecek, onunla yüzyüze konuşacaksın. Sonra Babil'e götürüleceksin.
4 ၄ အို ဇေဒကိမင်း၊ သင့်ကိုရည်မှတ်၍ ငါမိန့် မှာသည့်စကားကိုနားထောင်လော့။ သင် သည်စစ်ပွဲတွင်ကျဆုံးရလိမ့်မည်မဟုတ်။-
“‘Ancak, ey Yahuda Kralı Sidkiya, RAB'bin sözünü dinle! RAB senin için şöyle diyor: Kılıçla ölmeyeceksin,
5 ၅ အေးချမ်းစွာသေရလိမ့်မည်။ လူတို့သည် သင်၏ဘိုးဘေးများအတွက် နံ့သာပေါင်း ကိုမီးရှို့ခဲ့ကြသည့်နည်းတူ သင်၏အတွက် လည်းနံ့သာပေါင်းကိုမီးရှို့ကြလိမ့်မည်။ သူ တို့သည်`ငါတို့ဘုရင်ကွယ်လွန်ပြီ' ဟုဆို၍ သင်၏အတွက်ငိုကြွေးမြည်တမ်းကြလိမ့် မည်။ ဤကားငါထာဝရဘုရားမြွက်ဟ သည့်စကားဖြစ်၏'' ဟူ၍မိန့်တော်မူ၏။
esenlikle öleceksin. Ataların olan senden önceki kralların onuruna ateş yaktıkları gibi, senin onuruna da ateş yakıp senin için ah efendimiz diyerek ağıt tutacaklar. Ben RAB söylüyorum bunu.’”
6 ၆ ထိုနောက်ဗာဗုလုန်ဘုရင်၏တပ်မတော် သည် ယေရုရှလင်မြို့ကိုတိုက်ခိုက်လျက်နေ စဉ်ပရောဖက်ယေရမိသည် ထိုအကြောင်း အရာအလုံးစုံကိုဇေဒကိအားဆင့်ဆို ပြန်ကြား၏။ ဗာဗုလုန်တပ်မတော်သည် ယုဒပြည်ရှိခံတပ်မြို့များအနက် ကျန် ရှိသေးသည့်မြို့များဖြစ်သောလာခိရှ မြို့နှင့်အဇေကာမြို့တို့ကိုလည်းတိုက် ခိုက်လျက်နေသတည်း။
Peygamber Yeremya bütün bunları Yeruşalim'de Yahuda Kralı Sidkiya'ya söyledi.
O sırada Babil Kralı'nın ordusu Yeruşalim'e ve Yahuda'nın henüz ele geçirilmemiş kentlerine –Lakiş'e, Azeka'ya– saldırmaktaydı. Yahuda'da surlu kent olarak yalnız bunlar kalmıştı.
8 ၈ ဇေဒကိမင်းနှင့်ယေရုရှလင်မြို့သူမြို့သား တို့သည် ယုဒအမျိုးသားအချင်းချင်းကျွန် စေစားမှုမရှိစေရန် ဟေဗြဲကျွန်ယောကျာ်း ကျွန်မိန်းမတို့အား လွတ်လပ်ခွင့်ပေးရန် သဘောတူညီကြလေသည်။
Kral Sidkiya Yeruşalim'deki halkla kölelerin özgürlüğünü ilan eden bir antlaşma yaptıktan sonra RAB Yeremya'ya seslendi.
Bu antlaşmaya göre herkes kadın, erkek İbrani kölelerini özgür bırakacak, hiç kimse Yahudi kardeşini yanında köle olarak tutmayacaktı.
10 ၁၀ ပြည်သူများနှင့်ပြည်သူ့ခေါင်းဆောင်အပေါင်း တို့သည် မိမိတို့ကျေးကျွန်များအားလွတ်လပ် ခွင့်ပေးပြီးလျှင် နောင်အဘယ်အခါ၌မျှပြန် ၍ကျွန်စေစားမှုမပြုပါဟုသဘောတူညီ ကြ၏။ သူတို့သည်မိမိတို့ကျေးကျွန်များ ကိုလွတ်လပ်ခွင့်ပေးကြ၏။-
Böylece bu antlaşmanın yükümlülüğü altına giren bütün önderlerle halk kadın, erkek kölelerini özgür bırakarak antlaşmaya uydular. Artık kimseyi köle olarak tutmadılar. Antlaşmaya uyarak köleleri özgür bıraktılar.
11 ၁၁ သို့သော်လည်းယင်းသို့လွတ်လပ်ခွင့်ပေးပြီး သည်နောက် စိတ်သဘောပြောင်းလဲ၍ထိုသူ တို့အားပြန်လည်ခေါ်ယူကာ အတင်း အကြပ်ကျွန်ခံစေကြပြန်၏။
Ama sonra düşüncelerini değiştirerek özgür bıraktıkları kadın, erkek köleleri geri alıp zorla köleleştirdiler.
12 ၁၂ ထိုအခါဣသရေလအမျိုးသားတို့၏ ဘုရားသခင်ထာဝရဘုရားသည်၊-
Bunun üzerine RAB Yeremya'ya şöyle seslendi:
13 ၁၃ ငါ့အားပြည်သူတို့အားဆင့်ဆိုစေသည် မှာ``ငါသည်သင်၏ဘိုးဘေးများအား အီဂျစ်ပြည်မှကယ်ဆယ်ကာ ကျွန်ဘဝ မှလွတ်မြောက်စေခဲ့စဉ်အခါကသူတို့ နှင့်ပဋိညာဉ်ပြုခဲ့၏။-
“İsrail'in Tanrısı RAB diyor ki: Atalarınızı Mısır'dan, köle oldukları ülkeden çıkardığımda onlarla bir antlaşma yaptım. Onlara dedim ki,
14 ၁၄ သူတို့သည်မိမိဝယ်ယူထားသည့်ဟေဗြဲ ကျွန်မှန်သမျှကိုခြောက်နှစ်မျှစေစားပြီး နောက် ခုနစ်နှစ်မြောက်တွင်လွတ်လပ်ခွင့်ပေးရ ကြမည်ဖြစ်ကြောင်း သူတို့အားငါမှာကြား ခဲ့၏။ သို့ရာတွင်သင်၏ဘိုးဘေးတို့သည် ငါ့အားပမာဏမပြုကြ။ ငါပြောဆို သည့်စကားကိုလည်းနားမထောင်ကြ။-
‘Size satılıp altı yıl kölelik eden İbrani kardeşlerinizi yedinci yıl özgür bırakacaksınız.’ Ama atalarınız beni dinlemediler, kulak asmadılar.
15 ၁၅ လွန်ခဲ့သည့်ရက်အနည်းငယ်ကသင်တို့သည် စိတ်သဘောပြောင်းလဲ၍ ငါနှစ်သက်သည့် အမှုကိုပြုခဲ့ကြ၏။ သင်တို့အားလုံးပင် မိမိတို့ဟေဗြဲအမျိုးသားအချင်းချင်း တို့အား လွတ်လပ်ခွင့်ပေးရန်သဘောတူညီ ချက်ဖြင့် ငါ့နာမဖြင့်တည်ဆောက်ထား သောဗိမာန်တော်အတွင်းငါ၏ရှေ့မှောက် ၌ပဋိညာဉ်ပြုခဲ့ကြ၏။-
Sizse sonradan yola gelip gözümde doğru olanı yaptınız: Hepiniz İbrani kardeşlerinizin özgürlüğünü ilan ettiniz. Önümde, bana ait olan tapınakta bu doğrultuda bir antlaşma yapmıştınız.
16 ၁၆ သို့ရာတွင်သင်တို့သည်စိတ်သဘောထား ပြောင်းလဲကြပြန်၍ငါ့အားအသရေဖျက် ကြ၏။ သင်တို့အားလုံးပင်မိမိတို့လွတ်လပ် ခွင့်ပေးခဲ့ကြသည့်ကျေးကျွန်များကို ပြန် လည်ခေါ်ယူကာအတင်းအကြပ်ကျွန်ခံ စေကြပြန်၏။-
Ama düşüncenizi değiştirerek adıma saygısızlık ettiniz. Kendi isteğinizle özgür bıraktığınız kadın, erkek kölelerinizi geri alıp zorla köleleştirdiniz.
17 ၁၇ သို့သော်လည်းသင်တို့သည်ငါ၏စကားကို နားမထောင်၊ မိမိတို့ဟေဗြဲအမျိုးသား အချင်းချင်းတို့အားလည်း လွတ်လပ်ခွင့် မပေးခဲ့ကြဟုငါထာဝရဘုရားမြွက် ဆို၏။ ထို့ကြောင့်သင်တို့အားစစ်ဘေး၊ အနာ ရောဂါဘေးနှင့်ငတ်မွတ်ခေါင်းပါးခြင်းဘေး တို့ဖြင့် လွတ်လပ်စွာသေရခြင်းတည်းဟူ သောလွတ်လပ်ခွင့်ကိုငါပေးမည်။ ငါသည် သင်တို့အားပြုသည့်အမှုကြောင့် ကမ္ဘာပေါ် ရှိလူမျိုးတကာတို့သည်ထိတ်လန့်တုန် လှုပ်ကြလိမ့်မည်။-
“Bu nedenle RAB diyor ki, İbrani köle kardeşlerinizi, yurttaşlarınızı özgür bırakmayarak beni dinlemediniz. Şimdi ben size ‘özgürlük’ –kılıç, kıtlık ve salgın hastalıkla yok olmanız için ‘özgürlük’– ilan edeceğim, diyor RAB. Sizi dünyadaki bütün krallıklara dehşet verici bir örnek yapacağım.
18 ၁၈ ယုဒပြည်နှင့်ယေရုရှလင်မြို့မှခေါင်းဆောင် များသည် နန်းတွင်းအရာရှိများ၊ ယဇ်ပုရော ဟိတ်များ၊ ပြည်သူများနှင့်အတူမိမိတို့ နှစ်ခြမ်းခွဲထားသည့်နွားလား၏စပ်ကြား တွင်လျှောက်သွားကာ ငါနှင့်ပဋိညာဉ်ပြုခဲ့ ကြ၏။ သို့ရာတွင်သူတို့သည်ငါ၏ရှေ့မှောက် တွင် မိမိတို့ပြုခဲ့သည့်ပဋိညာဉ်ကိုချိုး ဖောက်ကြ၏။ ထို့ကြောင့်နွားလားကိုသူ တို့ပြုသကဲ့သို့သူတို့အားငါပြုမည်။-
Antlaşmamı bozan, danayı ikiye ayırıp parçaları arasından geçerek önümde yaptıkları antlaşmanın koşullarını yerine getirmeyen bu adamları –Yahuda ve Yeruşalim önderlerini, saray görevlilerini, kâhinleri ve dana parçalarının arasından geçen bütün ülke halkını–
20 ၂၀ ငါသည်သူတို့ကိုရန်သူများ၏လက်သို့ ပေးအပ်မည်။ သူတို့အားသတ်ဖြတ်လိုသူ များ၏လက်သို့ပေးအပ်မည်။ သူတို့၏ အလောင်းများသည်ငှက်များတောသားရဲ များ၏အစာဖြစ်လိမ့်မည်။-
can düşmanlarının eline teslim edeceğim. Cesetleri yırtıcı kuşlara, yabanıl hayvanlara yem olacak.
21 ၂၁ ယုဒဘုရင်ဇေဒကိနှင့်မှူးမတ်များအား သူ တို့ကိုသတ်ဖြတ်လိုသည့်ရန်သူများ၏လက် သို့ငါပေးအပ်မည်။ ငါသည်သူတို့အားယခု အတိုက်အခိုက်ရပ်စဲလိုက်သည့် ဗာဗုလုန် ဘုရင်၏တပ်မတော်လက်သို့ပေးအပ်မည်။-
“Yahuda Kralı Sidkiya'yla önderlerini de can düşmanlarının eline, üzerinizden çekilen Babil ordusunun eline teslim edeceğim.
22 ၂၂ ထိုတပ်မတော်ကိုငါအမိန့်ပေးသဖြင့် သူ တို့သည်ပြန်လာ၍ဤမြို့ကိုတိုက်ခိုက်သိမ်း ယူပြီးလျှင် မီးရှို့လိုက်ကြလိမ့်မည်။ ငါသည် ယုဒမြို့တို့ကိုလူသူကင်းမဲ့ရာသဲကန္တာရ ကဲ့သို့ဖြစ်စေမည်။ ဤကားငါထာဝရဘုရား မြွက်ဟသည့်စကားဖြစ်၏'' ဟုမိန့်တော်မူ၏။
Buyruğu ben vereceğim diyor RAB. Babilliler'i bu kente geri getireceğim. Saldırıp kenti ele geçirecek, ateşe verecekler. Yahuda kentlerini içinde kimsenin yaşamayacağı bir viraneye çevireceğim.”