< ယေရမိ 33 >
1 ၁ ငါသည်ထောင်ဝင်းအတွင်းတွင်အချုပ်ခံရ လျက်ပင်ရှိနေသေးချိန်၌ ထာဝရဘုရား သည်ငါ့အားတစ်ဖန်ဗျာဒိတ်ပေးတော်မူ ပြန်၏။-
І було Єремії Господнє слово вдру́ге, коли він ще за́мкнений був на подвір'ї в'язни́ці, говорячи:
2 ၂ ကမ္ဘာမြေကြီးကိုပုံသွင်းဖန်ဆင်း၍နေ သားတကျတည်ရှိစေတော်မူသောထာဝရ ဘုရားသည် ငါ့အားဗျာဒိတ်ပေးတော်မူ၏။ ထာဝရဘုရားက၊-
„Так говорить Господь, що чинить оце, Господь, що вформо́вує це, щоб поставити міцно оце, — Господь Його Йме́ння:
3 ၃ ``ငါ့ကိုဟစ်ခေါ်လော့။ ငါထူးမည်။ စိုးစဉ်းမျှ သင်မသိနားမလည်သည့်ထူးဆန်းအံ့သြ ဖွယ်ကောင်းသောအမှုအရာများကိုသင့် အားငါဖော်ပြမည်။-
Покли́куй до Мене — і тобі відпові́м, і тобі розповім про велике та незрозуміле, чого ти не знаєш!
4 ၄ ယေရုရှလင်မြို့ရှိအိမ်များနှင့်ယုဒဘုရင် ၏နန်းတော်သည် ဝိုင်းရံပိတ်ဆို့တိုက်ခိုက်ခံ ရသဖြင့်ပြိုပျက်ရလိမ့်မည်ဖြစ်ကြောင်း ဣသရေလအမျိုးသားတို့၏ဘုရားသခင်ငါထာဝရဘုရားမိန့်တော်မူ၏။-
Бо так промовляє Господь, Бог Ізраїлів, про доми́ цього міста й про доми́ царів Юди, що їх поруйновано на оборо́нні вали́, —
5 ၅ ဗာဗုလုန်အမျိုးသားတို့အားလူအချို့ သည်တိုက်ခိုက်ကြလိမ့်မည်။ ငါအမျက် ဒေါသထွက်၍ကွပ်မျက်မည့်လူတို့၏ အလောင်းများဖြင့် သူတို့သည်ဤမြို့ကို ပြည့်နှက်နေစေကြလိမ့်မည်။ မြို့သူမြို့ သားတို့ပြုကျင့်ခဲ့သည့်ဒုစရိုက်များ ကြောင့်ငါသည်ဤမြို့ကိုမျက်နှာလွှဲ တော်မူပြီ။-
приходять вони воювати з халдеями, щоб доми́ понапо́внювати лю́дськими тру́пами, що вра́зив Я гнівом Своїм та люттю Своєю, і сховав Я від міста оцього обличчя Своє за все їхнє зло:
6 ၆ သို့ရာတွင်ငါသည်မြို့နှင့်မြို့သားတို့ကို ကုစား၍ ပြန်လည်ကျန်းမာလာစေမည်။ မြို့ သူမြို့သားတို့အားငြိမ်းချမ်းသာယာမှု နှင့်ဘေးမဲ့လုံခြုံမှုတို့ကိုရရှိရန်ငါ ပြသမည်။-
Ось Я йому ви́рощу шкурку на рані, й дам ліки, та їх уздоро́влю, і відкрию багатство споко́ю та правди для них!
7 ၇ ငါသည်ဣသရေလပြည်နှင့်ယုဒပြည်ကို ကောင်းစားစေမည်။ ထိုပြည်တို့ကိုရှေးနည်း တူပြန်လည်တည်ဆောက်၍ပေးမည်။-
І Я поверну́ долю Юди, і долю Ізраїля, і їх розбудую, немов напоча́тку.
8 ၈ ပြည်သူတို့ငါ့အားပြစ်မှားခဲ့ကြသည့်အပြစ် များကိုဆေးကြောစင်ကြယ်စေမည်။ သူတို့ ၏အပြစ်များနှင့်ပုန်ကန်မှုတို့ကိုငါခွင့် လွှတ်မည်။-
І очищу Я їх з їхньої провини всілякої, що нагріши́ли Мені, і проба́чу всі їхні провини, яки́ми нагрішили Мені, та відпа́ли від Мене.
9 ၉ ယေရုရှလင်မြို့သည်ငါဝမ်းမြောက်ဂုဏ်ယူ ဝါကြွားစရာဖြစ်လိမ့်မည်။ ကမ္ဘာပေါ်ရှိလူ မျိုးအပေါင်းတို့သည် ထိုမြို့အားငါပေး အပ်သည့်ကောင်းကျိုးချမ်းသာအကြောင်း ကိုလည်းကောင်း၊ ထိုမြို့သို့ငါဆောင်ယူ လာသည့်စည်ပင်ဝပြောမှုအကြောင်းကို လည်းကောင်း ကြားသိရသောအခါကြောက် လန့်တုန်လှုပ်၍သွားကြလိမ့်မည်'' ဟု မိန့်တော်မူ၏။
І Єрусалим Мені стане за радісне йме́ння, за хвалу́ та пишно́ту всім лю́дям землі, що почують про все те добро́, що зробив Я для них! І вони полякаються та затремтя́ть через все те добро та ввесь спо́кій, який Я для нього вчинив!
10 ၁၀ ထာဝရဘုရားက``ဤအရပ်သည်သဲကန္တာ ရကဲ့သို့လူသူတိရစ္ဆာန်များကင်းမဲ့ရာဖြစ် ၏ဟု လူတို့ပြောဆိုလျက်နေကြ၏။ ယုဒ မြို့များနှင့်ယေရုရှလင်မြို့လမ်းများ တွင်လူသူတိရစ္ဆာန်များဆိတ်သုဉ်းလျက် နေသည်ဆိုခြင်းမှာမှန်ပေ၏။ သို့ရာတွင် ထိုအရပ်တို့တွင်၊-
Так говорить Господь: Ще буде почутий на місці оцьо́му, — про яке ви говорите: „Воно поруйноване, так що немає люди́ни й немає скотини“, — у містах Юди й на вулицях Єрусалиму, спусто́шених так, що немає люди́ни, й немає мешка́нця, й немає скотини, —
11 ၁၁ ဝမ်းမြောက်ရွှင်မြူးသံများနှင့်မင်္ဂလာဆောင် သတို့သားသတို့သမီးတို့၏အသံများ ကို နောက်တစ်ဖန်သင်တို့ကြားရကြလိမ့်မည်။ လူတို့သည်ကျေးဇူးတော်ချီးမွမ်းရန်ပူဇော် သကာများကို ငါ၏ဗိမာန်တော်သို့ယူဆောင် ကာသီချင်းအေးကူးကြသည့်အသံများ ကိုသင်တို့ကြားရကြလိမ့်မည်။ သူတို့က၊ `အနန္တတန်ခိုးရှင်ထာဝရဘုရား၏ ကျေးဇူးတော်ကို ချီးမွမ်းကြလော့။ အဘယ်ကြောင့်ဆိုသော်ကိုယ်တော်သည် ကောင်းမြတ်တော်မူ၍၊ မေတ္တာတော်သည်ထာဝစဉ်တည်သောကြောင့် ဖြစ်၏' ဟုမြွက်ဆိုကြလိမ့်မည်။ ငါသည်ဤပြည်ကိုရှေးကနည်းတူပြန်လည် ကောင်းစားစေမည်။ ဤကားငါထာဝရဘုရား မြွက်ဟသည့်စကားဖြစ်၏'' ဟုမိန့်တော်မူ၏။
радісний голос та голос веселий, голос молодого та голос молодої, голос тих, що говорять: „Хваліть Господа Саваота, бо добрий Господь, бо навіки Його́ милосердя!“що жертву хвали́ до Господнього дому приносять, бо Я поверну́ долю Кра́ю цього, як було напоча́тку, говорить Господь!
12 ၁၂ အနန္တတန်ခိုးရှင်ထာဝရဘုရားက``လူနှင့် တိရစ္ဆာန်ကင်းမဲ့၍သဲကန္တာရနှင့်တူသော ဤ ပြည်တွင်သိုးကျောင်းသားတို့သိုးများကို ထိန်းကျောင်းရာစားကျက်များရှိလာလိမ့် ဦးမည်။-
Так говорить Господь Саваот: Ще буде на місці оцьо́му спусто́шеному, що немає нічого воно від люди́ни та аж до скотини, та по містах його всіх — ще буде пасо́висько для пастухів, куди приведу́ть вони че́реду на відпочи́нок!
13 ၁၃ တောင်ပေါ်ဒေသ၊ တောင်ခြေဒေသနှင့်ယုဒ ပြည်တောင်ဘက်ဒေသတို့၌ရှိသောမြို့များ နှင့်ဗင်္ယာမိန်နယ်မြေတွင်လည်းကောင်း၊ ယေရု ရှလင်မြို့နီးနားပတ်ဝန်းကျင်မှကျေးရွာ များနှင့်ယုဒမြို့များ၌လည်းကောင်း သိုး ထိန်းတို့သည်မိမိတို့သိုးများကိုတစ်ဖန် ရေတွက်လျက်နေကြလိမ့်ဦးမည်။ ဤကား ငါထာဝရဘုရားမြွက်ဟသည့်စကား ဖြစ်၏'' ဟုမိန့်တော်မူ၏။
У містах у горі́шніх, у містах до́лішніх, і в півде́нних містах, і в Веніяминовому кра́ї, і в околицях Єрусалиму, і в містах Юдиних ще прохо́дитиме череда через руки рахуючого, говорить Господь!
14 ၁၄ ထာဝရဘုရားက``ဣသရေလပြည်သား များနှင့်ယုဒပြည်သားတို့အား ငါထား ရှိခဲ့သည့်ကတိတော်ကိုအကောင်အထည် ဖော်စေမည့်အချိန်ကာလကျရောက်လာ လိမ့်မည်။-
Ось дні настаю́ть, — говорить Господь, — і Я ви́повню добре те слово, що Я провіща́в про Ізраїлів дім і про дім Юдин:
15 ၁၅ ထိုနေ့ရက်ကာလ၌ဒါဝိဒ်၏သားမြေး အစစ်အမှန်တစ်ဦးကိုပေါ်ထွန်းစေမည်။ သူသည်လည်းတိုင်းနိုင်ငံတစ်ခုလုံးတွင် မျှတဖြောင့်မှန်သည့်အမှုတို့ကိုပြုလိမ့် မည်။-
тими дня́ми та ча́су того́ Я Давидові зрощу́ Пагінця́ справедливости, — Він буде чини́ти на землі правосуддя та правду!
16 ၁၆ ထိုအချိန်ကာလကျရောက်လာသောအခါ ယုဒပြည်သူတို့သည်ကယ်ဆယ်ခြင်းကိုခံရ ကြလိမ့်မည်။ ယေရုရှလင်မြို့သူမြို့သားတို့ သည်လည်းဘေးမဲ့လုံခြုံစွာနေထိုင်ရကြ လိမ့်မည်။ မိမိတို့မြို့တော်ကို`ငါတို့အား ကယ်တင်တော်မူသောထာဝရဘုရား' ဟူ၍ခေါ်ဝေါ်သမုတ်ကြလိမ့်မည်။-
Юда буде спасе́ний в тих днях, а Єрусалим буде жити безпечно, і його будуть кликати так: „Господь — наша правда!“
17 ၁၇ ထာဝရဘုရားကဣသရေလပြည်တွင် အဘယ်အခါ၌မျှ ဒါဝိဒ်မင်းမျိုးရိုးမ ပြတ်ရစေရန်လည်းကောင်း၊-
Бо так промовляє Господь: Нема перево́ду Давидовим му́жам, що мають сидіти на троні дому Ізраїлевого,
18 ၁၈ ငါ၏ရှေ့မှောက်တွင်ရပ်လျက်မီးရှို့ရာပူဇော် သကာများကိုဆက်သ၍ ယဇ်များကိုပူဇော် ရန်အဘယ်အခါ၌မျှလေဝိအနွယ်ဝင် ယဇ်ပုရောဟိတ်မျိုးမပြတ်စေရန်လည်း ကောင်း ငါထာဝရဘုရားကတိပြု၏'' ဟု မိန့်တော်မူ၏။
і нема перево́ду в Левитів — священиків перед обличчям Моїм тому му́жеві, що буде прино́сити цілопа́лення, і спалювати хлібну жертву, і прино́сити жертву всі дні!“
19 ၁၉ ထာဝရဘုရားသည်ငါ့အား``နေ့နှင့်ညဥ့်တို့ သည်မိမိတို့အချိန်ကျလျှင်ရောက်ရှိလာ စေရန်နေ့၌ငါပြုသည့်ပဋိညာဉ်၊ ညဥ့်၌ ငါပြုသည့်ပဋိညာဉ်ကိုဖောက်ဖျက်၍ မရနိုင်။-
І було слово Господа до Єремії таке:
„Так говорить Господь: Якщо знищите ви заповіта Мого щодо дня та Мого заповіта щодо ночі, щоб не було́ дня та ночі в їхньому ча́сі,
21 ၂၁ ထိုနည်းတူစွာဒါဝိဒ်မင်းမျိုးရိုးမပြတ်စေ ရန်နှင့် ငါ၏အမှုတော်ဆောင်လေဝိအနွယ် ဝင်ယဇ်ပုရောဟိတ်မျိုးမပြတ်စေရန် ငါ့ အစေခံဒါဝိဒ်နှင့်ငါပြုခဲ့သည့်ပဋိညာဉ် ကိုလည်းဖောက်ဖျက်၍မရနိုင်။-
то знищений буде також заповіт Мій з Давидом, рабом Моїм, щоб він сина не мав, який не царював би на троні його, і з Левитами-священиками, слугами Моїми!
22 ၂၂ ငါသည်မိုးကောင်းကင်ကြယ်တာရာများနှင့် ပင်လယ်ကမ်းခြေသဲလုံးများကဲ့သို့ရေတွက် ၍မရနိုင်အောင် ငါ၏အစေခံဒါဝိဒ်၏သား မြေးများနှင့်ငါ၏အမှုတော်ဆောင်လေဝိ အနွယ်ဝင်ယဇ်ပုရောဟိတ်တို့၏အရေ အတွက်ကိုတိုးပွားများပြားစေမည်'' ဟုမိန့်တော်မူ၏။
І як незчисле́нні ті зо́рі небесні, а мо́рський пісок незміре́нний, так помно́жу насіння Давида, Мого раба, та Левитів, що служать Мені!“
23 ၂၃ ထာဝရဘုရားသည်ငါ့အား``ငါသည်မိမိ ရွေးချယ်ထားသည့်ဣသရေလအိမ်ထောင်စု နှင့် ယုဒအိမ်ထောင်စုကိုပစ်ပယ်တော်မူပြီဟု လူတို့ပြောဆိုနေကြသည်ကိုသင်သတိပြု မိပါ၏လော။ သူတို့သည်ဤသို့လျှင် ငါ၏ လူမျိုးတော်အားမထီမဲ့မြင်ပြု၍လူမျိုး တစ်ရပ်အနေဖြင့်ပင်မမှတ်မယူကြတော့ ပေ။-
І було слово Господа до Єремії таке:
„Хіба ж ти не завва́жив, як наро́д цей казав був, говорячи: „Оби́два ті ро́ди, яких Господь вибрав, відкинув Він їх?“І наро́дом Моїм вони не́хтують, наче б не був він уже перед ними наро́дом.
25 ၂၅ သို့ရာတွင်ငါထာဝရဘုရားသည်နေ့နှင့် ညဥ့်တို့နှင့်ပဋိညာဉ်ပြုကာ ကမ္ဘာမိုးမြေကို ထိန်းချုပ်ရန်အတွက်ဋ္ဌမ္မတာတရားကို ဖန်တီး၍ထား၏။-
Так говорить Господь: Якщо заповіта Мого щодо дня та щодо ночі нема, якщо Я уставів для неба й землі не поклав,
26 ၂၆ ဤသို့ငါပြုခဲ့သည်မှာသေချာသကဲ့သို့ ယာကုပ်၏သားမြေးများနှင့်လည်းကောင်း၊ ငါ၏အစေခံဒါဝိဒ်နှင့်လည်းကောင်းထား ရှိခဲ့သည့်ပဋိညာဉ်ကိုစောင့်ထိန်းရန်သေ ချာ၏။ ငါသည်အာဗြဟံ၊ ဣဇာက်နှင့်ယာကုပ် တို့၏သားမြေးများကိုအုပ်စိုးရန်အတွက် ဒါဝိဒ်၏အမျိုးအနွယ်တစ်ဦးကိုရွေး ကောက်မည်။ ငါ၏လူမျိုးတော်အားတစ်ဖန် ပြန်၍ကောင်းစားစေမည်။ ငါသည်သူတို့ ၏အပေါ်၌ကရုဏာထားမည်'' ဟု မိန့်တော်မူ၏။
то відки́ну й насіння Якова та раба Мого Давида, щоб не брати володарі́в із насіння його для насіння Авраама, Ісака та Якова. Та не буде того, — бо верну́ їхню долю, й помилую їх!“