< ယေရမိ 32 >

1 ထာ​ဝ​ရ​ဘု​ရား​သည်​ယု​ဒ​ဘု​ရင်​ဇေ​ဒ​ကိ နန်း​စံ​ဒ​သ​မ​နှစ်​၌ ငါ့​အား​ဗျာ​ဒိတ်​ပေး တော်​မူ​၏။ ထို​နှစ်​သည်​ဗာ​ဗု​လုန်​ဘု​ရင် နေ​ဗု​ခဒ်​နေ​ဇာ​နန်း​စံ​တစ်​ဆယ့်​ရှစ်​နှစ် မြောက်​ဖြစ်​သ​တည်း။-
This is the word that came to Jeremiah from the LORD in the tenth year of Zedekiah king of Judah, which was the eighteenth year of Nebuchadnezzar.
2 ထို​အ​ခါ​၌​ဗာဗု​လုန်​မင်း​၏​တပ်​မ​တော်​သည် ယေ​ရု​ရှ​လင်​မြို့​ကို​တိုက်​ခိုက်​လျက်​ရှိ​၏။ ငါ သည်​လည်း​ဘု​ရင့်​နန်း​တော်​ဝင်း​အ​တွင်း​၌ အ​ချုပ်​ခံ​လျက်​နေ​ရ​၏။-
At that time the army of the king of Babylon was besieging Jerusalem, and Jeremiah the prophet was imprisoned in the courtyard of the guard, which was in the palace of the king of Judah.
3 ဇေ​ဒ​ကိ​မင်း​သည်​ငါ့​အား​ထို​အ​ရပ်​တွင် အ​ကျဉ်း​ချ​ထား​ပြီး​နောက်``ဤ​မြို့​ကို​ဗာ​ဗု လုန်​ဘု​ရင်​အား​ငါ​ပေး​အပ်​မည်။ သူ​သည် ဤ​မြို့​ကို​သိမ်း​ယူ​လိမ့်​မည်။-
For Zedekiah king of Judah had imprisoned him, saying: “Why are you prophesying like this? You claim that the LORD says, ‘Behold, I am about to deliver this city into the hand of the king of Babylon, and he will capture it.
4 ဇေ​ဒ​ကိ​မင်း​သည်​ဗာ​ဗု​လုန်​ပြည်​သား​တို့ ၏​ဘေး​မှ​လွတ်​မြောက်​ရ​လိမ့်​မည်​မ​ဟုတ်။ ဗာ​ဗု​လုန်​ဘု​ရင်​၏​လက်​တွင်း​သို့​သက်​ဆင်း ရ​ကာ​သူ​နှင့်​မျက်​နှာ​ချင်း​ဆိုင်​တွေ့​ဆုံ​ပြော ဆို​ရ​လိမ့်​မည်။-
Zedekiah king of Judah will not escape from the hands of the Chaldeans, but he will surely be delivered into the hand of the king of Babylon, and will speak with him face to face and see him eye to eye.
5 ဇေ​ဒ​ကိ​သည်​ဗာ​ဗု​လုန်​မြို့​သို့​ခေါ်​ဆောင်​ခြင်း ကို​ခံ​ရ​၍ သူ့​အား​ငါ​မ​စီ​ရင်​မ​ချင်း​ထို​မြို့ တွင်​နေ​ရ​လိမ့်​မည်။ သူ​သည်​ဗာ​ဗု​လုန်​အ​မျိုး သား​တို့​အား​ပြန်​လှန်​၍​ပင်​တိုက်​ခိုက်​စေ​ကာ မူ​အောင်​မြင်​လိမ့်​မည်​မ​ဟုတ်။ ဤ​ကား​ငါ ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​သည့်​စ​ကား​ဖြစ်​၏ ဟု​မိန့်​တော်​မူ​ကြောင်း​အ​ဘယ့်​ကြောင့်​ဟော ပြော​ကြေ​ညာ​ရ​သ​နည်း'' ဟု​ပြစ်​တင် စွပ်​စွဲ​၏။
He will take Zedekiah to Babylon, where he will stay until I attend to him, declares the LORD. If you fight against the Chaldeans, you will not succeed.’”
6 ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​အား``သင်​၏​ဦး​ရီး ရှလ္လုံ​၏​သား​ဟာ​န​မေ​လ​သည်​အာ​န​သုတ် တွင်​ရှိ​သည့် မိ​မိ​၏​လယ်​မြေ​ကို​ဝယ်​ယူ​ရန် သင့်​အား​ပြော​ကြား​လာ​လိမ့်​မည်။ အ​ဘယ် ကြောင့်​ဆို​သော်​သင်​သည်​သူ​နှင့်​အ​နီး​ဆုံး ဆွေ​မျိုး​တော်​စပ်​သ​ဖြင့် ထို​မြေ​ကွက်​ကို ဝယ်​ယူ​ပိုင်​ခွင့်​ရှိ​သူ​ဖြစ်​သော​ကြောင့်​တည်း'' ဟု​မိန့်​တော်​မူ​၏။-
Jeremiah replied, “The word of the LORD came to me, saying:
7
Behold! Hanamel, the son of your uncle Shallum, is coming to you to say, ‘Buy for yourself my field in Anathoth, for you have the right of redemption to buy it.’
8 ထို​နောက်​ထာ​ဝ​ရ​ဘုရား​မိန့်​တော်​မူ​သည့်​အ​တိုင်း ပင်​လျှင် ငါ့​ညီ​ဟာ​န​မေ​လ​သည်​ငါ​ရှိ​ရာ​အ​ချုပ် ထောင်​ဝင်း​အ​တွင်း​သို့​လာ​၍``ဗင်္ယာ​မိန်​နယ်​မြေ တွင်း​ရှိ​ဒေ​သ​တွင်​ရှိ​သည့်​အ​ကျွန်ုပ်​၏​လယ် မြေ​ကို​ဝယ်​ယူ​ပါ။ သင်​သည်​အ​ကျွန်ုပ်​နှင့်​အ​နီး ဆုံး​ဆွေ​မျိုး​တော်​စပ်​သ​ဖြင့် ထို​မြေ​ကို​ဝယ်​ယူ သိမ်း​ပိုက်​နိုင်​ခွင့်​ရှိ​ပါ​သည်'' ဟု​ဆို​၏။ ထို​အ​ခါ ငါ​သည်​ဤ​အ​မှု​ကို​ပြု​ရန်​ထာ​ဝ​ရ​ဘု​ရား မိန့်​မှာ​ထား​တော်​မူ​သည်​ကို​သိ​သ​ဖြင့်၊-
Then, as the LORD had said, my cousin Hanamel came to me in the courtyard of the guard and urged me, ‘Please buy my field in Anathoth in the land of Benjamin, for you own the right of inheritance and redemption. Buy it for yourself.’” Then I knew that this was the word of the LORD.
9 ဟာ​န​မေ​လ​ထံ​မှ​လယ်​ကို​ဝယ်​ယူ​ကာ​သူ့ အား​ငွေ​ကို​ချိန်​တွယ်​၍​ပေး​၏။ လယ်​ဖိုး​ငွေ သား​မှာ​တစ်​ဆယ့်​ခု​နစ်​ခု​ဖြစ်​သ​တည်း။-
So I bought the field in Anathoth from my cousin Hanamel, and I weighed out seventeen shekels of silver.
10 ၁၀ ငါ​သည်​အ​သိ​သက်​သေ​များ​၏​ရှေ့​တွင်​စာ​ချုပ် ကို​လက်​မှတ်​ရေး​ထိုး​ကာ ချိပ်​တံ​ဆိပ်​ခတ်​နှိပ် ပြီး​လျှင်​ငွေ​ကို​ချိန်​ခွင်​ဖြင့်​ချိန်​တွယ်​၍ ပေး​၏။-
I signed and sealed the deed, called in witnesses, and weighed out the silver on the scales.
11 ၁၁ ထို​နောက်​ငါ​သည်​နှစ်​ဦး​နှစ်​ဝ​သ​ဘော​တူ​ညီ ချက်​နှင့်​စည်း​ကမ်း​သတ်​မှတ်​ချက်​များ​ပါ​ရှိ သည့် ချိပ်​တံ​ဆိပ်​နှိပ်​ထား​သော​စာ​ချုပ်​တစ် စောင်​နှင့်​ချိပ်​တံ​ဆိပ်​ခတ်​နှိပ်​မ​ထား​သည့် စာ​ချုပ်​လက်​ခံ​တစ်​စောင်​ကို​ယူ​၍၊-
Then I took the deed of purchase—the sealed copy with its terms and conditions, as well as the open copy—
12 ၁၂ မာ​သေ​ယ​၏​မြေး၊ နေ​ရိ​၏​သား​ဗာ​ရုတ်​၏ လက်​သို့​ပေး​အပ်​လိုက်​လေ​သည်။ ထို​စာ​ချုပ် များ​ကို​ငါ​သည်​သူ့​အား​ယာ​န​မေ​လ​၏ ရှေ့​၌​လည်း​ကောင်း၊ အ​ရောင်း​အ​ဝယ်​ပြု​ရာ တွင်​အ​သိ​သက်​သေ​များ​အ​ဖြစ်​လက်​မှတ် ရေး​ထိုး​ခဲ့​သူ​များ​၏​ရှေ့​၌​လည်း​ကောင်း၊ အ​ချုပ်​ထောင်​ဝင်း​အ​တွင်း​တွင်​ထိုင်​လျက် နေ​ကြ​သော​ဟေ​ဗြဲ​အ​မျိုး​သား​၏​ရှေ့​၌ လည်း​ကောင်း​ပေး​အပ်​ခြင်း​ဖြစ်​သ​တည်း။-
and I gave this deed to Baruch son of Neriah, the son of Mahseiah, in the sight of my cousin Hanamel and the witnesses who were signing the purchase agreement and all the Jews sitting in the courtyard of the guard.
13 ၁၃ ငါ​သည်​ထို​သူ​အား​လုံး​တို့​၏​ရှေ့​၌​ဗာ​ရုတ် အား၊-
In their sight I instructed Baruch,
14 ၁၄ ``ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​က​သင့် အား`ဤ​ချိပ်​တံ​ဆိပ်​ခတ်​နှိပ်​ထား​သည့်​မြေ ဝယ်​စာ​ချုပ်​နှင့်​ချိပ်​တံ​ဆိပ်​ခတ်​နှိပ်​မ​ထား သည့်​စာ​ချုပ်​တို့​ကို​ယူ​၍ နှစ်​ပေါင်း​များ​စွာ မ​ပျက်​မ​စီး​ဘဲ​ရှိ​စေ​ရန်​မြေ​အိုး​ထဲ​တွင် ထည့်​ထား​ရ​မည်​ဟု​မိန့်​တော်​မူ​လေ​ပြီ။-
“This is what the LORD of Hosts, the God of Israel, says: Take these deeds—both the sealed copy and the open copy of the deed of purchase—and put them in a clay jar to preserve them for a long time.
15 ၁၅ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​က ဤ​ပြည် တွင်​အိမ်​များ​လယ်​ယာ​များ​နှင့်​စ​ပျစ်​ဥ​ယျာဉ် များ​ကို​နောက်​တစ်​ဖန်​အ​ရောင်း​အ​ဝယ်​ပြု လုပ်​ကြ​လိမ့်​ဦး​မည်​ဟု​မိန့်​တော်​မူ​လေ​ပြီ'' ဟု​မှာ​ကြား​၏။
For this is what the LORD of Hosts, the God of Israel, says: Houses, fields, and vineyards will again be bought in this land.”
16 ၁၆ ငါ​သည်​မြေ​ဝယ်​စာ​ချုပ်​ကို​နေ​ရိ​၏​သား ဗာ​ရုတ်​အား​ပေး​အပ်​လိုက်​ပြီး​နောက်၊ ထာ​ဝ​ရ​ဘု​ရား​ထံ​ဆု​တောင်း​၏။-
After I had given the deed of purchase to Baruch son of Neriah, I prayed to the LORD:
17 ၁၇ ``အို ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်၊ ကိုယ်​တော် ရှင်​သည်​မ​ဟာ​တန်​ခိုး​အာ​နု​ဘော်​တော်​အား ဖြင့်​ကမ္ဘာ​မိုး​မြေ​ကို​ဖန်​ဆင်း​တော်​မူ​ပါ​၏။ ကိုယ်​တော်​ရှင်​မ​တတ်​နိုင်​လောက်​အောင်​ခက်​ခဲ သော​အ​ရာ​ဟူ​၍​မ​ရှိ​ပါ။-
“Oh, Lord GOD! You have made the heavens and the earth by Your great power and outstretched arm. Nothing is too difficult for You!
18 ၁၈ ကိုယ်​တော်​ရှင်​သည်​ထောင်​ပေါင်း​များ​စွာ​သော လူ​တို့​အား ခိုင်​မြဲ​သော​မေတ္တာ​တော်​ကို​ပြ တော်​မူ​ခဲ့​ပါ​ပြီ။ သို့​ရာ​တွင်​လူ​တို့​အား မိ​မိ​တို့​ဘိုး​ဘေး​များ​၏​အ​ပြစ်​များ အ​တွက်​ဒဏ်​ခတ်​တော်​မူ​ခဲ့​ပါ​၏။ ကိုယ်​တော် ရှင်​သည်​ကြီး​မြတ်​တော်​မူ​၍​တန်​ခိုး​တော် နှင့်​ပြည့်​စုံ​တော်​မူ​သည့်​ဘု​ရား​ဖြစ်​တော် မူ​ပါ​၏။ ကိုယ်​တော်​ရှင်​သည်​အ​နန္တ​တန်​ခိုး ရှင်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ပါ​၏။-
You show loving devotion to thousands but lay the iniquity of the fathers into the laps of their children after them, O great and mighty God whose name is the LORD of Hosts,
19 ၁၉ ကိုယ်​တော်​ရှင်​၏​အ​ကြံ​အ​စည်​တော်​တို့​သည် အံ့​သြ​ဖွယ်​ကောင်း​၍ ပြု​တော်​မူ​သော​အ​မှု တော်​တို့​သည်​ကြီး​မြတ်​ပါ​၏။ ကိုယ်​တော်​ရှင် သည်​လူ​တို့​ပြု​သ​မျှ​သော​အ​မှု​တို့​ကို​တွေ့ မြင်​တော်​မူ​သည်​ဖြစ်​၍ သူ​တို့​အား​မိ​မိ​တို့ ၏​အ​ကျင့်​အ​ကြံ​အ​ပြု​အ​မူ​များ​ကို လိုက်​၍​ဆု​ချ​တော်​မူ​ပါ​၏။-
the One great in counsel and mighty in deed, whose eyes are on all the ways of the sons of men, to reward each one according to his ways and according to the fruit of his deeds.
20 ၂၀ အီ​ဂျစ်​ပြည်​တွင်​ကိုယ်​တော်​ရှင်​သည်​အံ့​သြ ဖွယ်​ရာ​များ​နှင့် ထူး​ဆန်း​သည့်​နိ​မိတ်​လက္ခ ဏာ​များ​ကို​ပြ​တော်​မူ​ပါ​၏။ ယ​နေ့​တိုင် အောင်​ပင်​ထို​အ​မှု​အ​ရာ​များ​ကို​ဣ​သ ရေ​လ​အ​မျိုး​သား​တို့​တွင်​လည်း​ကောင်း၊ လူ​မျိုး​တ​ကာ​တို့​တွင်​လည်း​ကောင်း​ဆက် လက်​၍​ပြ​တော်​မူ​လျက်​ရှိ​သ​ဖြင့် ကိုယ် တော်​ရှင်​၏​သ​တင်း​တော်​သည်​အရပ်​ရပ် သို့​ပျံ့​နှံ့​၍​ရှိ​ပါ​၏။-
You performed signs and wonders in the land of Egypt, and You do so to this very day, both in Israel and among all mankind. And You have made a name for Yourself, as is the case to this day.
21 ၂၁ ရန်​သူ​များ​အား​ကြောက်​လန့်​တုန်​လှုပ်​၍ သွား​စေ​သည့်​ထူး​ဆန်း​သော​နိ​မိတ်​လက္ခ​ဏာ များ​နှင့်​အံ့​သြ​ဖွယ်​ရာ​တို့​ဖြင့် ကိုယ်​တော်​ရှင် သည်​ကိုယ်​တော်​ရှင်​၏​တန်​ခိုး​စွမ်း​အား​တို့ ကို​အ​သုံး​ပြု​၍ ကိုယ်​တော်​ရှင်​၏​လူ​မျိုး တော်​ဣ​သ​ရေ​လ​တို့​အား​အီ​ဂျစ်​ပြည် မှ​ထုတ်​ဆောင်​တော်​မူ​ခဲ့​ပါ​၏။-
You brought Your people Israel out of the land of Egypt with signs and wonders, with a strong hand and an outstretched arm, and with great terror.
22 ၂၂ ကိုယ်​တော်​ရှင်​သည် သူ​တို့​၏​ဘိုး​ဘေး​များ အား​ကတိ​ထား​တော်​မူ​ခဲ့​သည့်​အ​တိုင်း​ချမ်း သာ​ကြွယ်​ဝ​၍ အ​သီး​အ​နှံ​ပေါ​များ​သည့် ဤ​ပြည်​တော်​ကို​သူ​တို့​အား​ပေး​အပ်​တော် မူ​ပါ​၏။-
You gave them this land that You had sworn to give their fathers, a land flowing with milk and honey.
23 ၂၃ သို့​ရာ​တွင်​သူ​တို့​သည်​ဤ​ပြည်​ကို​ဝင်​ရောက် သိမ်း​ပိုက်​ရ​ကြ​သော​အ​ခါ ကိုယ်​တော်​ရှင် ၏​အ​မိန့်​တော်​များ​ကို​မ​လိုက်​နာ​ကြ​ပါ။ သြ​ဝါ​ဒ​တော်​တို့​ကို​လည်း​မ​ကျင့်​သုံး ကြ​ပါ။ ကိုယ်​တော်​ရှင်​ခိုင်း​စေ​သည့်​အ​မှု တစ်​စုံ​တစ်​ခု​ကို​မျှ​မ​ပြု​မ​လုပ်​ကြ​ပါ။ ထို့​ကြောင့်​ကိုယ်​တော်​ရှင်​သည်​ဤ​ဘေး အန္တ​ရာယ်​ဆိုး​ကို​သူ​တို့​အ​ပေါ်​သို့​သက် ရောက်​စေ​တော်​မူ​ပါ​၏။
They came in and possessed it, but they did not obey Your voice or walk in Your law. They failed to perform all that You commanded them to do, and so You have brought upon them all this disaster.
24 ၂၄ ``ဗာ​ဗု​လုန်​ပြည်​သား​တို့​သည်​ဤ​မြို့​ကို ဝိုင်း​ရံ​သိမ်း​ပိုက်​နိုင်​ရန် မြေ​က​တုတ်​များ ကို​မြို့​ပတ်​လည်​တွင်​ဖို့​လုပ်​ထား​ကြ​ပါ​ပြီ။ သူ​တို့​သည်​တိုက်​ခိုက်​လျက်​နေ​ကြ​ပါ​ပြီ။ စစ်​ဘေး​ငတ်​မွတ်​ခေါင်း​ပါး​ခြင်း​ဘေး​နှင့် အ​နာ​ရော​ဂါ​ဘေး​တို့​ကြောင့် ဤ​မြို့​သည် သူ​တို့​၏​လက်​တွင်း​သို့​ကျ​ရောက်​ရ​ပါ လိမ့်​မည်။ အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော် ရှင်​သည်​မိ​မိ​မိန့်​တော်​မူ​ခဲ့​သ​မျှ​သော စ​ကား​များ​မှန်​လျက်​နေ​သည်​ကို​တွေ့ မြင်​တော်​မူ​နိုင်​ပါ​၏။-
See how the siege ramps are mounted against the city to capture it. And by sword and famine and plague, the city has been given into the hands of the Chaldeans who are fighting against it. What You have spoken has happened, as You now see!
25 ၂၅ သို့​ရာ​တွင် အို ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်၊ ဤ​မြို့​ကို​ဗာ​ဗု​လုန်​ပြည်​သား​တို့​သိမ်း​ပိုက် အံ့​ဆဲ​ဆဲ​၌​ပင်​လျှင် ကိုယ်​တော်​ရှင်​သည်​ကျွန် တော်​မျိုး​အား​အ​သိ​သက်​သေ​များ​ရှေ့​တွင် လယ်​မြေ​ကို​ဝယ်​ယူ​ရန်​အ​မိန့်​ပေး​တော် မူ​ပါ​သည်​တ​ကား'' ဟု​လျှောက်​လေ​၏။
Yet You, O Lord GOD, have said to me, ‘Buy for yourself the field with silver and call in witnesses, even though the city has been delivered into the hands of the Chaldeans!’”
26 ၂၆ ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​က​ငါ့​အား၊-
Then the word of the LORD came to Jeremiah:
27 ၂၇ ``ငါ​သည်​လူ​သား​အ​ပေါင်း​တို့​၏​ဘု​ရား​သ​ခင်၊ ထာ​ဝ​ရ​ဘု​ရား​ဖြစ်​၏။ ငါ​မ​တတ် နိုင်​လောက်​အောင်​ခက်​ခဲ​သည့်​အ​မှု​အ​ရာ ဟူ​၍​မ​ရှိ။-
“Behold, I am the LORD, the God of all flesh. Is anything too difficult for Me?
28 ၂၈ ထို့​ကြောင့်​ငါ​သည်​ဤ​မြို့​ကို​ဗာ​ဗု​လုန်​ဘု​ရင် နေ​ဗု​ခဒ်​နေ​ဇာ​နှင့် သူ့​တပ်​မ​တော်​၏​လက်​သို့ ပေး​အပ်​မည်။ သူ​တို့​သည်​ဤ​မြို့​ကို​သိမ်း​ယူ ကြ​လိမ့်​မည်။-
Therefore this is what the LORD says: Behold, I am about to deliver this city into the hands of the Chaldeans and of Nebuchadnezzar king of Babylon, who will capture it.
29 ၂၉ ဤ​မြို့​ကို​တိုက်​ခိုက်​သူ​ဗာ​ဗု​လုန်​အ​မျိုး​သား တို့​သည်​လာ​၍​မီး​ရှို့​ကြ​လိမ့်​မည်။ အိမ်​ခေါင်​မိုး များ​အ​ထက်​တွင်​ဗာ​လ​ဘု​ရား​အား​နံ့​သာ ပေါင်း​ကို​မီး​ရှို့​ပူ​ဇော်​ခြင်း​အား​ဖြင့်​လည်း ကောင်း၊ အ​ခြား​ဘု​ရား​များ​အ​တွက်​စပျစ် ရည်​ပူ​ဇော်​သကာ​ကို​သွန်း​လောင်း​ခြင်း​အား ဖြင့်​လည်း​ကောင်း ငါ​၏​အ​မျက်​တော်​ကို​လူ တို့​လှုံ့​ဆော်​ရာ​အိမ်​များ​နှင့်​အ​တူ ဤ​မြို့ တစ်​မြို့​လုံး​သည်​လောင်​ကျွမ်း​၍​သွား​လိမ့် မည်။-
And the Chaldeans who are fighting against this city will come in, set it on fire, and burn it, along with the houses of those who provoked Me to anger by burning incense to Baal on their rooftops and by pouring out drink offerings to other gods.
30 ၃၀ ဣ​သ​ရေ​လ​နှင့်​ယုဒ​ပြည်​သား​တို့​သည်​ရှေး မ​ဆွ​က​ပင်​လျှင်​အ​စ​ပြု​၍ ငါ​မ​နှစ်​သက် သည့်​အ​မှု​များ​ကို​သာ​လျှင်​ပြု​ခဲ့​ကြ​ပေ သည်။ ဣ​သ​ရေ​လ​ပြည်​သား​တို့​သည်​မိ​မိ တို့​သွန်း​လုပ်​သည့်​ရုပ်​တု​များ​အား​ဖြင့် ငါ​၏​အ​မျက်​တော်​ကို​လှုံ့​ဆော်​ခဲ့​ကြ​၏။-
For the children of Israel and of Judah have done nothing but evil in My sight from their youth; indeed, they have done nothing but provoke Me to anger by the work of their hands, declares the LORD.
31 ၃၁ ဤ​မြို့​ကို​တည်​ထောင်​သည့်​နေ့​မှ​အ​စ​ပြု​၍ မြို့​သူ​မြို့​သား​တို့​သည် ငါ​၏​အ​မျက်​တော် ကို​ပြင်း​ထန်​စွာ​လှုံ့​ဆော်​ခဲ့​ကြ​၏။-
For this city has aroused My wrath and fury from the day it was built until now. Therefore I will remove it from My presence
32 ၃၂ ဣ​သ​ရေ​လ​ပြည်​သား​များ​နှင့်​ယု​ဒ​ပြည် သား​များ၊ သူ​တို့​၏​ဘု​ရင်​များ​နှင့်​မှူး​မတ် များ၊ ယဇ်​ပု​ရော​ဟိတ်​များ​နှင့်​ပ​ရော​ဖက် များ၊ ယု​ဒ​ပြည်​နှင့်​ယေ​ရု​ရှ​လင်​မြို့​တွင် နေ​ထိုင်​ကြ​သူ​တို့​ပြု​ကျင့်​သည့်​မ​ကောင်း​မှု များ​အ​တွက် ငါ​သည်​ဤ​မြို့​ကို​ပျက်​သုဉ်း စေ​ရန်​စိတ်​ပိုင်း​ဖြတ်​ထား​လေ​ပြီ။-
because of all the evil the children of Israel and of Judah have done to provoke Me to anger—they, their kings, their officials, their priests and prophets, the men of Judah, and the residents of Jerusalem.
33 ၃၃ သူ​တို့​သည်​ငါ့​ကို​ကျော​ခိုင်း​ကြ​၏။ ငါ​သည် သူ​တို့​အား​ဆက်​လက်​၍​သွန်​သင်​ပါ​သော် လည်း သူ​တို့​သည်​နား​မ​ထောင်​လို​ကြ။ ဆုံး​မ​ပဲ့​ပြင်​မှု​ကို​မ​ခံ​ယူ​လို​ကြ။-
They have turned their backs to Me and not their faces. Though I taught them again and again, they would not listen or respond to discipline.
34 ၃၄ သူ​တို့​သည်​ငါ​၏​နာ​မ​တော်​ဖြင့်​တည်​ဆောက် ထား​သည့်​ဗိ​မာန်​တော်​တွင် ရွံ​ရှာ​ဖွယ်​ကောင်း သော​ရုပ်​တု​များ​ကို​ထား​ရှိ​လျက်​ညစ် ညမ်း​စေ​ကြ​၏။-
They have placed their abominations in the house that bears My Name, and so have defiled it.
35 ၃၅ သူ​တို့​သည်​မိ​မိ​တို့​သား​သ​မီး​များ​အား မော​လုပ်​ဘု​ရား​ကို​ယဇ်​ပူ​ဇော်​ရန်​ဟိန္နုံ​ချိုင့် ဝှမ်း​တွင် ဗာ​လ​ဘု​ရား​အ​တွက်​ယဇ်​ပလ္လင်​ကို တည်​ဆောက်​ကြ​၏။ ဤ​အ​မှု​ကို​ပြ​ရန်​သူ​တို့ အား​ငါ​မ​ခိုင်း​စေ​ခဲ့။ သူ​တို့​သည်​ယု​ဒ​ပြည် သား​တို့​အား​ဤ​သို့​အပြစ်​ကူး​လွန်​ရန်​ပို့ ဆောင်​လမ်း​ပြ​ကြ​လိမ့်​မည်​ဟု​လည်း အ​ဘယ် အ​ခါ​က​မျှ​ငါ​မ​တွေး​တော​မိ​ခဲ့'' ဟု မိန့်​တော်​မူ​၏။
They have built the high places of Baal in the Valley of Hinnom to make their sons and daughters pass through the fire to Molech—something I never commanded them, nor had it ever entered My mind, that they should commit such an abomination and cause Judah to sin.
36 ၃၆ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​က``ယေ​ရ​မိ၊ ဤ​မြို့ သည်​စစ်​ဘေး၊ ငတ်​မွတ်​ခေါင်း​ပါး​ခြင်း​ဘေး နှင့်​အ​နာ​ရော​ဂါ​ဘေး​တို့​ကြောင့် ဗာ​ဗု​လုန် ဘု​ရင်​၏​လက်​တွင်း​သို့​ကျ​ရောက်​ရ​လိမ့်​မည် ဟု​ပြည်​သူ​တို့​ပြော​ဆို​နေ​ကြ​၏။ နောက်​ထပ် ငါ​မိန့်​မှာ​ရန်​ရှိ​သည့်​စ​ကား​ကို​ယ​ခု​နား ထောင်​လော့။-
Now therefore, about this city of which you say, ‘It will be delivered into the hand of the king of Babylon by sword and famine and plague,’ this is what the LORD, the God of Israel, says:
37 ၃၇ ငါ​သည်​ဒေါ​သ​အ​မျက်​ချောင်း​ချောင်း​ထွက် ၍​ထို​သူ​တို့​အား​ကွဲ​လွင့်​စေ​ခဲ့​သည့်​တိုင်း နိုင်ငံ​များ​မှ​ပြန်​လည်​စု​သိမ်း​မည်။ ထို​နောက် သူ​တို့​ကို​ဤ​အ​ရပ်​သို့​ပြန်​လည်​ခေါ်​ဆောင် ကာ​ဘေး​မဲ့​လုံ​ခြုံ​စွာ​နေ​ထိုင်​စေ​မည်။-
I will surely gather My people from all the lands to which I have banished them in My furious anger and great wrath, and I will return them to this place and make them dwell in safety.
38 ၃၈ ထို​အ​ခါ​သူ​တို့​သည်​ငါ​၏​လူ​မျိုး​တော် ဖြစ်​ကြ​လျက် ငါ​သည်​လည်း​သူ​တို့​၏ ဘု​ရား​ဖြစ်​လိမ့်​မည်။-
They will be My people, and I will be their God.
39 ၃၉ ငါ​သည်​သူ​တို့​အား​မိ​မိ​တို့​၏​အ​ကျိုး၊ နောင် လာ​နောက်​သား​တို့​၏​အ​ကျိုး​ငှာ​တစ်​ခု​တည်း သော​ရည်​ရွယ်​ချက်​ဖြင့်​အ​သက်​ရှင်​စေ​မည်။ ထို​ရည်​ရွယ်​ချက်​မှာ​ငါ့​ကို​အ​စဉ်​အ​မြဲ ကြောက်​ရွံ့​ရို​သေ​ကြ​ရန်​ပင်​ဖြစ်​သည်။-
I will give them one heart and one way, so that they will always fear Me for their own good and for the good of their children after them.
40 ၄၀ ငါ​သည်​သူ​တို့​နှင့်​ထာ​ဝ​ရ​ပ​ဋိ​ညာဉ်​ပြု​မည်။ သူ​တို့​အား​ထာ​ဝ​စဉ်​ကောင်း​ကျိုး​ပေး​မည်။ သူ တို့​သည်​အ​ဘယ်​အ​ခါ​၌​မျှ​ငါ့​ကို​မ​စွန့် မ​ပယ်​စေ​ကြ​စေ​ရန် သူ​တို့​၏​နှ​လုံး​တွင်​ငါ့ ကို​ကြောက်​ရွံ့​ရို​သေ​သော​စိတ်​သ​ဘော​ကို ငါ​ရ​ရှိ​စေ​မည်။-
I will make an everlasting covenant with them: I will never turn away from doing good to them, and I will put My fear in their hearts, so that they will never turn away from Me.
41 ၄၁ သူ​တို့​အား​ကောင်း​ကျိုး​ပေး​ရန်​ကို​သာ​နှစ် သက်​မည်။ ဤ​ပြည်​တွင်​အ​စဉ်​အ​မြဲ နေ​ရာ ချ​ထား​မည်။
Yes, I will rejoice in doing them good, and I will faithfully plant them in this land with all My heart and with all My soul.
42 ၄၂ ``ငါ​သည်​ဤ​ဘေး​အန္တ​ရာယ်​ဆိုး​ကို သူ​တို့ အ​ပေါ်​သို့​သက်​ရောက်​စေ​ခဲ့​သည့်​နည်း​တူ သူ တို့​အား​ငါ​က​တိ​ရှိ​ခဲ့​သည့်​ကောင်း​ကျိုး ချမ်း​သာ​မှန်​သ​မျှ​ကို​ခံ​စား​စေ​မည်။-
For this is what the LORD says: Just as I have brought all this great disaster on this people, so I will bring on them all the good I have promised them.
43 ၄၃ ဤ​ပြည်​သည်​လူ​နှင့်​တိ​ရစ္ဆာန်​ကင်း​မဲ့​သည့် သဲ​ကန္တာ​ရ​ကဲ့​သို့​ဖြစ်​လိမ့်​မည်​ဟူ​၍​လည်း ကောင်း၊ ဗာ​ဗု​လုန်​ပြည်​သား​တို့​၏​လက်​တွင်း သို့​ကျ​ရောက်​ရ​လိမ့်​မည်​ဟူ​၍​လည်း​ကောင်း လူ​တို့​ပြော​ဆို​နေ​ကြ​၏။ သို့​ရာ​တွင်​ဤ ပြည်​ရှိ​လယ်​ယာ​များ​ကို​အ​ရောင်း​အ​ဝယ် ပြု​လုပ်​ကြ​လိမ့်​မည်။-
And fields will be bought in this land about which you are saying, ‘It is a desolation, without man or beast; it has been delivered into the hands of the Chaldeans.’
44 ၄၄ လူ​တို့​သည်​လယ်​ယာ​များ​ကို​ဝယ်​ယူ​ကာ စာ ချုပ်​များ​ကို​အ​သိ​သက်​သေ​တို့​ရှေ့​တွင်​လက် မှတ်​ရေး​ထိုး​၍​ချိပ်​တံ​ဆိပ်​ခတ်​နှိပ်​ကြ​လိမ့် မည်။ သူ​တို့​သည်​ဤ​အမှု​တို့​ကို​ဗင်္ယာ​မိန်​နယ် နှင့်​ယေ​ရု​ရှ​လင်​မြို့​နီး​နား​ပတ်​ဝန်း​ကျင်​ရှိ ကျေး​ရွာ​များ​၌​လည်း​ကောင်း၊ ယု​ဒ​မြို့​ရွာ များ၊ တောင်​ပေါ်​ဒေ​သ၊ တောင်​ခြေ​ဒေ​သ​နှင့် တောင်​ဘက်​ယု​ဒ​ပြည်​၌​လည်း​ကောင်း​ပြု ကြ​လိမ့်​မည်။ ငါ​သည်​လူ​တို့​အား​မိ​မိ​တို့ ပြည်​သို့​ပြန်​လည်​ပို့​ဆောင်​မည်။ ငါ​ထာ​ဝ​ရ ဘု​ရား​မိန့်​တော်​မူ​၏'' ဟု​မိန့်​မြွက်​တော် မူ​၏။
Fields will be purchased with silver, and deeds will be signed, sealed, and witnessed in the land of Benjamin, in the areas surrounding Jerusalem, and in the cities of Judah—the cities of the hill country, the foothills, and the Negev—because I will restore them from captivity, declares the LORD.”

< ယေရမိ 32 >