< ယေရမိ 32 >
1 ၁ ထာဝရဘုရားသည်ယုဒဘုရင်ဇေဒကိ နန်းစံဒသမနှစ်၌ ငါ့အားဗျာဒိတ်ပေး တော်မူ၏။ ထိုနှစ်သည်ဗာဗုလုန်ဘုရင် နေဗုခဒ်နေဇာနန်းစံတစ်ဆယ့်ရှစ်နှစ် မြောက်ဖြစ်သတည်း။-
犹大王西底家第十年,就是尼布甲尼撒十八年,耶和华的话临到耶利米。
2 ၂ ထိုအခါ၌ဗာဗုလုန်မင်း၏တပ်မတော်သည် ယေရုရှလင်မြို့ကိုတိုက်ခိုက်လျက်ရှိ၏။ ငါ သည်လည်းဘုရင့်နန်းတော်ဝင်းအတွင်း၌ အချုပ်ခံလျက်နေရ၏။-
那时巴比伦王的军队围困耶路撒冷,先知耶利米囚在护卫兵的院内,在犹大王的宫中;
3 ၃ ဇေဒကိမင်းသည်ငါ့အားထိုအရပ်တွင် အကျဉ်းချထားပြီးနောက်``ဤမြို့ကိုဗာဗု လုန်ဘုရင်အားငါပေးအပ်မည်။ သူသည် ဤမြို့ကိုသိမ်းယူလိမ့်မည်။-
因为犹大王西底家已将他囚禁,说:“你为什么预言说,耶和华如此说:‘我必将这城交在巴比伦王的手中,他必攻取这城。
4 ၄ ဇေဒကိမင်းသည်ဗာဗုလုန်ပြည်သားတို့ ၏ဘေးမှလွတ်မြောက်ရလိမ့်မည်မဟုတ်။ ဗာဗုလုန်ဘုရင်၏လက်တွင်းသို့သက်ဆင်း ရကာသူနှင့်မျက်နှာချင်းဆိုင်တွေ့ဆုံပြော ဆိုရလိမ့်မည်။-
犹大王西底家必不能逃脱迦勒底人的手,定要交在巴比伦王的手中,要口对口彼此说话,眼对眼彼此相看。
5 ၅ ဇေဒကိသည်ဗာဗုလုန်မြို့သို့ခေါ်ဆောင်ခြင်း ကိုခံရ၍ သူ့အားငါမစီရင်မချင်းထိုမြို့ တွင်နေရလိမ့်မည်။ သူသည်ဗာဗုလုန်အမျိုး သားတို့အားပြန်လှန်၍ပင်တိုက်ခိုက်စေကာ မူအောင်မြင်လိမ့်မည်မဟုတ်။ ဤကားငါ ထာဝရဘုရားမြွက်ဟသည့်စကားဖြစ်၏ ဟုမိန့်တော်မူကြောင်းအဘယ့်ကြောင့်ဟော ပြောကြေညာရသနည်း'' ဟုပြစ်တင် စွပ်စွဲ၏။
巴比伦王必将西底家带到巴比伦;西底家必住在那里,直到我眷顾他的时候。你们虽与迦勒底人争战,却不顺利。这是耶和华说的。’”
6 ၆ ထာဝရဘုရားသည်ငါ့အား``သင်၏ဦးရီး ရှလ္လုံ၏သားဟာနမေလသည်အာနသုတ် တွင်ရှိသည့် မိမိ၏လယ်မြေကိုဝယ်ယူရန် သင့်အားပြောကြားလာလိမ့်မည်။ အဘယ် ကြောင့်ဆိုသော်သင်သည်သူနှင့်အနီးဆုံး ဆွေမျိုးတော်စပ်သဖြင့် ထိုမြေကွက်ကို ဝယ်ယူပိုင်ခွင့်ရှိသူဖြစ်သောကြောင့်တည်း'' ဟုမိန့်တော်မူ၏။-
耶利米说:“耶和华的话临到我说:
‘你叔叔沙龙的儿子哈拿篾必来见你,说:我在亚拿突的那块地,求你买来;因你买这地是合乎赎回之理。’”
8 ၈ ထိုနောက်ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း ပင်လျှင် ငါ့ညီဟာနမေလသည်ငါရှိရာအချုပ် ထောင်ဝင်းအတွင်းသို့လာ၍``ဗင်္ယာမိန်နယ်မြေ တွင်းရှိဒေသတွင်ရှိသည့်အကျွန်ုပ်၏လယ် မြေကိုဝယ်ယူပါ။ သင်သည်အကျွန်ုပ်နှင့်အနီး ဆုံးဆွေမျိုးတော်စပ်သဖြင့် ထိုမြေကိုဝယ်ယူ သိမ်းပိုက်နိုင်ခွင့်ရှိပါသည်'' ဟုဆို၏။ ထိုအခါ ငါသည်ဤအမှုကိုပြုရန်ထာဝရဘုရား မိန့်မှာထားတော်မူသည်ကိုသိသဖြင့်၊-
我叔叔的儿子哈拿篾果然照耶和华的话来到护卫兵的院内,对我说:“我在便雅悯境内、亚拿突的那块地,求你买来;因你买来是合乎承受之理,是你当赎的。你为自己买来吧!”我—耶利米就知道这是耶和华的话。
9 ၉ ဟာနမေလထံမှလယ်ကိုဝယ်ယူကာသူ့ အားငွေကိုချိန်တွယ်၍ပေး၏။ လယ်ဖိုးငွေ သားမှာတစ်ဆယ့်ခုနစ်ခုဖြစ်သတည်း။-
我便向我叔叔的儿子哈拿篾买了亚拿突的那块地,平了十七舍客勒银子给他。
10 ၁၀ ငါသည်အသိသက်သေများ၏ရှေ့တွင်စာချုပ် ကိုလက်မှတ်ရေးထိုးကာ ချိပ်တံဆိပ်ခတ်နှိပ် ပြီးလျှင်ငွေကိုချိန်ခွင်ဖြင့်ချိန်တွယ်၍ ပေး၏။-
我在契上画押,将契封缄,又请见证人来,并用天平将银子平给他。
11 ၁၁ ထိုနောက်ငါသည်နှစ်ဦးနှစ်ဝသဘောတူညီ ချက်နှင့်စည်းကမ်းသတ်မှတ်ချက်များပါရှိ သည့် ချိပ်တံဆိပ်နှိပ်ထားသောစာချုပ်တစ် စောင်နှင့်ချိပ်တံဆိပ်ခတ်နှိပ်မထားသည့် စာချုပ်လက်ခံတစ်စောင်ကိုယူ၍၊-
我便将照例按规所立的买契,就是封缄的那一张和敞着的那一张,
12 ၁၂ မာသေယ၏မြေး၊ နေရိ၏သားဗာရုတ်၏ လက်သို့ပေးအပ်လိုက်လေသည်။ ထိုစာချုပ် များကိုငါသည်သူ့အားယာနမေလ၏ ရှေ့၌လည်းကောင်း၊ အရောင်းအဝယ်ပြုရာ တွင်အသိသက်သေများအဖြစ်လက်မှတ် ရေးထိုးခဲ့သူများ၏ရှေ့၌လည်းကောင်း၊ အချုပ်ထောင်ဝင်းအတွင်းတွင်ထိုင်လျက် နေကြသောဟေဗြဲအမျိုးသား၏ရှေ့၌ လည်းကောင်းပေးအပ်ခြင်းဖြစ်သတည်း။-
当着我叔叔的儿子哈拿篾和画押作见证的人,并坐在护卫兵院内的一切犹大人眼前,交给玛西雅的孙子尼利亚的儿子巴录。
13 ၁၃ ငါသည်ထိုသူအားလုံးတို့၏ရှေ့၌ဗာရုတ် အား၊-
当着他们众人眼前,我嘱咐巴录说:
14 ၁၄ ``ဣသရေလအမျိုးသားတို့၏ဘုရားသခင် အနန္တတန်ခိုးရှင်ထာဝရဘုရားကသင့် အား`ဤချိပ်တံဆိပ်ခတ်နှိပ်ထားသည့်မြေ ဝယ်စာချုပ်နှင့်ချိပ်တံဆိပ်ခတ်နှိပ်မထား သည့်စာချုပ်တို့ကိုယူ၍ နှစ်ပေါင်းများစွာ မပျက်မစီးဘဲရှိစေရန်မြေအိုးထဲတွင် ထည့်ထားရမည်ဟုမိန့်တော်မူလေပြီ။-
“万军之耶和华—以色列的 神如此说:要将这封缄的和敞着的两张契放在瓦器里,可以存留多日。
15 ၁၅ ဣသရေလအမျိုးသားတို့၏ဘုရားသခင် အနန္တတန်ခိုးရှင်ထာဝရဘုရားက ဤပြည် တွင်အိမ်များလယ်ယာများနှင့်စပျစ်ဥယျာဉ် များကိုနောက်တစ်ဖန်အရောင်းအဝယ်ပြု လုပ်ကြလိမ့်ဦးမည်ဟုမိန့်တော်မူလေပြီ'' ဟုမှာကြား၏။
因为万军之耶和华—以色列的 神如此说:将来在这地必有人再买房屋、田地,和葡萄园。”
16 ၁၆ ငါသည်မြေဝယ်စာချုပ်ကိုနေရိ၏သား ဗာရုတ်အားပေးအပ်လိုက်ပြီးနောက်၊ ထာဝရဘုရားထံဆုတောင်း၏။-
我将买契交给尼利亚的儿子巴录以后,便祷告耶和华说:
17 ၁၇ ``အို ထာဝရအရှင်ဘုရားသခင်၊ ကိုယ်တော် ရှင်သည်မဟာတန်ခိုးအာနုဘော်တော်အား ဖြင့်ကမ္ဘာမိုးမြေကိုဖန်ဆင်းတော်မူပါ၏။ ကိုယ်တော်ရှင်မတတ်နိုင်လောက်အောင်ခက်ခဲ သောအရာဟူ၍မရှိပါ။-
“主耶和华啊,你曾用大能和伸出来的膀臂创造天地,在你没有难成的事。
18 ၁၈ ကိုယ်တော်ရှင်သည်ထောင်ပေါင်းများစွာသော လူတို့အား ခိုင်မြဲသောမေတ္တာတော်ကိုပြ တော်မူခဲ့ပါပြီ။ သို့ရာတွင်လူတို့အား မိမိတို့ဘိုးဘေးများ၏အပြစ်များ အတွက်ဒဏ်ခတ်တော်မူခဲ့ပါ၏။ ကိုယ်တော် ရှင်သည်ကြီးမြတ်တော်မူ၍တန်ခိုးတော် နှင့်ပြည့်စုံတော်မူသည့်ဘုရားဖြစ်တော် မူပါ၏။ ကိုယ်တော်ရှင်သည်အနန္တတန်ခိုး ရှင်ထာဝရဘုရားဖြစ်ပါ၏။-
你施慈爱与千万人,又将父亲的罪孽报应在他后世子孙的怀中,是至大全能的 神,万军之耶和华是你的名。
19 ၁၉ ကိုယ်တော်ရှင်၏အကြံအစည်တော်တို့သည် အံ့သြဖွယ်ကောင်း၍ ပြုတော်မူသောအမှု တော်တို့သည်ကြီးမြတ်ပါ၏။ ကိုယ်တော်ရှင် သည်လူတို့ပြုသမျှသောအမှုတို့ကိုတွေ့ မြင်တော်မူသည်ဖြစ်၍ သူတို့အားမိမိတို့ ၏အကျင့်အကြံအပြုအမူများကို လိုက်၍ဆုချတော်မူပါ၏။-
谋事有大略,行事有大能,注目观看世人一切的举动,为要照各人所行的和他做事的结果报应他。
20 ၂၀ အီဂျစ်ပြည်တွင်ကိုယ်တော်ရှင်သည်အံ့သြ ဖွယ်ရာများနှင့် ထူးဆန်းသည့်နိမိတ်လက္ခ ဏာများကိုပြတော်မူပါ၏။ ယနေ့တိုင် အောင်ပင်ထိုအမှုအရာများကိုဣသ ရေလအမျိုးသားတို့တွင်လည်းကောင်း၊ လူမျိုးတကာတို့တွင်လည်းကောင်းဆက် လက်၍ပြတော်မူလျက်ရှိသဖြင့် ကိုယ် တော်ရှင်၏သတင်းတော်သည်အရပ်ရပ် သို့ပျံ့နှံ့၍ရှိပါ၏။-
在埃及地显神迹奇事,直到今日在以色列和别人中间也是如此,使自己得了名声,正如今日一样。
21 ၂၁ ရန်သူများအားကြောက်လန့်တုန်လှုပ်၍ သွားစေသည့်ထူးဆန်းသောနိမိတ်လက္ခဏာ များနှင့်အံ့သြဖွယ်ရာတို့ဖြင့် ကိုယ်တော်ရှင် သည်ကိုယ်တော်ရှင်၏တန်ခိုးစွမ်းအားတို့ ကိုအသုံးပြု၍ ကိုယ်တော်ရှင်၏လူမျိုး တော်ဣသရေလတို့အားအီဂျစ်ပြည် မှထုတ်ဆောင်တော်မူခဲ့ပါ၏။-
用神迹奇事和大能的手,并伸出来的膀臂与大可畏的事,领你的百姓以色列出了埃及。
22 ၂၂ ကိုယ်တော်ရှင်သည် သူတို့၏ဘိုးဘေးများ အားကတိထားတော်မူခဲ့သည့်အတိုင်းချမ်း သာကြွယ်ဝ၍ အသီးအနှံပေါများသည့် ဤပြည်တော်ကိုသူတို့အားပေးအပ်တော် မူပါ၏။-
将这地赐给他们,就是你向他们列祖起誓应许赐给他们流奶与蜜之地。
23 ၂၃ သို့ရာတွင်သူတို့သည်ဤပြည်ကိုဝင်ရောက် သိမ်းပိုက်ရကြသောအခါ ကိုယ်တော်ရှင် ၏အမိန့်တော်များကိုမလိုက်နာကြပါ။ သြဝါဒတော်တို့ကိုလည်းမကျင့်သုံး ကြပါ။ ကိုယ်တော်ရှင်ခိုင်းစေသည့်အမှု တစ်စုံတစ်ခုကိုမျှမပြုမလုပ်ကြပါ။ ထို့ကြောင့်ကိုယ်တော်ရှင်သည်ဤဘေး အန္တရာယ်ဆိုးကိုသူတို့အပေါ်သို့သက် ရောက်စေတော်မူပါ၏။
他们进入这地得了为业,却不听从你的话,也不遵行你的律法;你一切所吩咐他们行的,他们一无所行,因此你使这一切的灾祸临到他们。
24 ၂၄ ``ဗာဗုလုန်ပြည်သားတို့သည်ဤမြို့ကို ဝိုင်းရံသိမ်းပိုက်နိုင်ရန် မြေကတုတ်များ ကိုမြို့ပတ်လည်တွင်ဖို့လုပ်ထားကြပါပြီ။ သူတို့သည်တိုက်ခိုက်လျက်နေကြပါပြီ။ စစ်ဘေးငတ်မွတ်ခေါင်းပါးခြင်းဘေးနှင့် အနာရောဂါဘေးတို့ကြောင့် ဤမြို့သည် သူတို့၏လက်တွင်းသို့ကျရောက်ရပါ လိမ့်မည်။ အို ထာဝရဘုရား၊ ကိုယ်တော် ရှင်သည်မိမိမိန့်တော်မူခဲ့သမျှသော စကားများမှန်လျက်နေသည်ကိုတွေ့ မြင်တော်မူနိုင်ပါ၏။-
看哪,敌人已经来到,筑垒要攻取这城;城也因刀剑、饥荒、瘟疫交在攻城的迦勒底人手中。你所说的话都成就了,你也看见了。
25 ၂၅ သို့ရာတွင် အို ထာဝရအရှင်ဘုရားသခင်၊ ဤမြို့ကိုဗာဗုလုန်ပြည်သားတို့သိမ်းပိုက် အံ့ဆဲဆဲ၌ပင်လျှင် ကိုယ်တော်ရှင်သည်ကျွန် တော်မျိုးအားအသိသက်သေများရှေ့တွင် လယ်မြေကိုဝယ်ယူရန်အမိန့်ပေးတော် မူပါသည်တကား'' ဟုလျှောက်လေ၏။
主耶和华啊,你对我说:要用银子为自己买那块地,又请见证人。其实这城已交在迦勒底人的手中了。”
26 ၂၆ ထိုအခါထာဝရဘုရားကငါ့အား၊-
耶和华的话临到耶利米说:
27 ၂၇ ``ငါသည်လူသားအပေါင်းတို့၏ဘုရားသခင်၊ ထာဝရဘုရားဖြစ်၏။ ငါမတတ် နိုင်လောက်အောင်ခက်ခဲသည့်အမှုအရာ ဟူ၍မရှိ။-
“我是耶和华,是凡有血气者的 神,岂有我难成的事吗?
28 ၂၈ ထို့ကြောင့်ငါသည်ဤမြို့ကိုဗာဗုလုန်ဘုရင် နေဗုခဒ်နေဇာနှင့် သူ့တပ်မတော်၏လက်သို့ ပေးအပ်မည်။ သူတို့သည်ဤမြို့ကိုသိမ်းယူ ကြလိမ့်မည်။-
耶和华如此说:我必将这城交付迦勒底人的手和巴比伦王尼布甲尼撒的手,他必攻取这城。
29 ၂၉ ဤမြို့ကိုတိုက်ခိုက်သူဗာဗုလုန်အမျိုးသား တို့သည်လာ၍မီးရှို့ကြလိမ့်မည်။ အိမ်ခေါင်မိုး များအထက်တွင်ဗာလဘုရားအားနံ့သာ ပေါင်းကိုမီးရှို့ပူဇော်ခြင်းအားဖြင့်လည်း ကောင်း၊ အခြားဘုရားများအတွက်စပျစ် ရည်ပူဇော်သကာကိုသွန်းလောင်းခြင်းအား ဖြင့်လည်းကောင်း ငါ၏အမျက်တော်ကိုလူ တို့လှုံ့ဆော်ရာအိမ်များနှင့်အတူ ဤမြို့ တစ်မြို့လုံးသည်လောင်ကျွမ်း၍သွားလိမ့် မည်။-
攻城的迦勒底人必来放火焚烧这城和其中的房屋。在这房屋上,人曾向巴力烧香,向别神浇奠,惹我发怒。
30 ၃၀ ဣသရေလနှင့်ယုဒပြည်သားတို့သည်ရှေး မဆွကပင်လျှင်အစပြု၍ ငါမနှစ်သက် သည့်အမှုများကိုသာလျှင်ပြုခဲ့ကြပေ သည်။ ဣသရေလပြည်သားတို့သည်မိမိ တို့သွန်းလုပ်သည့်ရုပ်တုများအားဖြင့် ငါ၏အမျက်တော်ကိုလှုံ့ဆော်ခဲ့ကြ၏။-
以色列人和犹大人自从幼年以来,专行我眼中看为恶的事;以色列人尽以手所做的惹我发怒。这是耶和华说的。
31 ၃၁ ဤမြို့ကိုတည်ထောင်သည့်နေ့မှအစပြု၍ မြို့သူမြို့သားတို့သည် ငါ၏အမျက်တော် ကိုပြင်းထန်စွာလှုံ့ဆော်ခဲ့ကြ၏။-
这城自从建造的那日直到今日,常惹我的怒气和忿怒,使我将这城从我面前除掉;
32 ၃၂ ဣသရေလပြည်သားများနှင့်ယုဒပြည် သားများ၊ သူတို့၏ဘုရင်များနှင့်မှူးမတ် များ၊ ယဇ်ပုရောဟိတ်များနှင့်ပရောဖက် များ၊ ယုဒပြည်နှင့်ယေရုရှလင်မြို့တွင် နေထိုင်ကြသူတို့ပြုကျင့်သည့်မကောင်းမှု များအတွက် ငါသည်ဤမြို့ကိုပျက်သုဉ်း စေရန်စိတ်ပိုင်းဖြတ်ထားလေပြီ။-
是因以色列人和犹大人一切的邪恶,就是他们和他们的君王、首领、祭司、先知,并犹大的众人,以及耶路撒冷的居民所行的,惹我发怒。
33 ၃၃ သူတို့သည်ငါ့ကိုကျောခိုင်းကြ၏။ ငါသည် သူတို့အားဆက်လက်၍သွန်သင်ပါသော် လည်း သူတို့သည်နားမထောင်လိုကြ။ ဆုံးမပဲ့ပြင်မှုကိုမခံယူလိုကြ။-
他们以背向我,不以面向我;我虽从早起来教训他们,他们却不听从,不受教训,
34 ၃၄ သူတို့သည်ငါ၏နာမတော်ဖြင့်တည်ဆောက် ထားသည့်ဗိမာန်တော်တွင် ရွံရှာဖွယ်ကောင်း သောရုပ်တုများကိုထားရှိလျက်ညစ် ညမ်းစေကြ၏။-
竟把可憎之物设立在称为我名下的殿中,污秽了这殿。
35 ၃၅ သူတို့သည်မိမိတို့သားသမီးများအား မောလုပ်ဘုရားကိုယဇ်ပူဇော်ရန်ဟိန္နုံချိုင့် ဝှမ်းတွင် ဗာလဘုရားအတွက်ယဇ်ပလ္လင်ကို တည်ဆောက်ကြ၏။ ဤအမှုကိုပြရန်သူတို့ အားငါမခိုင်းစေခဲ့။ သူတို့သည်ယုဒပြည် သားတို့အားဤသို့အပြစ်ကူးလွန်ရန်ပို့ ဆောင်လမ်းပြကြလိမ့်မည်ဟုလည်း အဘယ် အခါကမျှငါမတွေးတောမိခဲ့'' ဟု မိန့်တော်မူ၏။
他们在欣嫩子谷建筑巴力的邱坛,好使自己的儿女经火归摩洛;他们行这可憎的事,使犹大陷在罪里,这并不是我所吩咐的,也不是我心所起的意。”
36 ၃၆ ဣသရေလအမျိုးသားတို့၏ဘုရားသခင်ထာဝရဘုရားက``ယေရမိ၊ ဤမြို့ သည်စစ်ဘေး၊ ငတ်မွတ်ခေါင်းပါးခြင်းဘေး နှင့်အနာရောဂါဘေးတို့ကြောင့် ဗာဗုလုန် ဘုရင်၏လက်တွင်းသို့ကျရောက်ရလိမ့်မည် ဟုပြည်သူတို့ပြောဆိုနေကြ၏။ နောက်ထပ် ငါမိန့်မှာရန်ရှိသည့်စကားကိုယခုနား ထောင်လော့။-
现在论到这城,就是你们所说、已经因刀剑、饥荒、瘟疫交在巴比伦王手中的,耶和华—以色列的 神如此说:
37 ၃၇ ငါသည်ဒေါသအမျက်ချောင်းချောင်းထွက် ၍ထိုသူတို့အားကွဲလွင့်စေခဲ့သည့်တိုင်း နိုင်ငံများမှပြန်လည်စုသိမ်းမည်။ ထိုနောက် သူတို့ကိုဤအရပ်သို့ပြန်လည်ခေါ်ဆောင် ကာဘေးမဲ့လုံခြုံစွာနေထိုင်စေမည်။-
“我在怒气、忿怒,和大恼恨中,将以色列人赶到各国。日后我必从那里将他们招聚出来,领他们回到此地,使他们安然居住。
38 ၃၈ ထိုအခါသူတို့သည်ငါ၏လူမျိုးတော် ဖြစ်ကြလျက် ငါသည်လည်းသူတို့၏ ဘုရားဖြစ်လိမ့်မည်။-
他们要作我的子民,我要作他们的 神。
39 ၃၉ ငါသည်သူတို့အားမိမိတို့၏အကျိုး၊ နောင် လာနောက်သားတို့၏အကျိုးငှာတစ်ခုတည်း သောရည်ရွယ်ချက်ဖြင့်အသက်ရှင်စေမည်။ ထိုရည်ရွယ်ချက်မှာငါ့ကိုအစဉ်အမြဲ ကြောက်ရွံ့ရိုသေကြရန်ပင်ဖြစ်သည်။-
我要使他们彼此同心同道,好叫他们永远敬畏我,使他们和他们后世的子孙得福乐,
40 ၄၀ ငါသည်သူတို့နှင့်ထာဝရပဋိညာဉ်ပြုမည်။ သူတို့အားထာဝစဉ်ကောင်းကျိုးပေးမည်။ သူ တို့သည်အဘယ်အခါ၌မျှငါ့ကိုမစွန့် မပယ်စေကြစေရန် သူတို့၏နှလုံးတွင်ငါ့ ကိုကြောက်ရွံ့ရိုသေသောစိတ်သဘောကို ငါရရှိစေမည်။-
又要与他们立永远的约,必随着他们施恩,并不离开他们,且使他们有敬畏我的心,不离开我。
41 ၄၁ သူတို့အားကောင်းကျိုးပေးရန်ကိုသာနှစ် သက်မည်။ ဤပြည်တွင်အစဉ်အမြဲ နေရာ ချထားမည်။
我必欢喜施恩与他们,要尽心尽意、诚诚实实将他们栽于此地。
42 ၄၂ ``ငါသည်ဤဘေးအန္တရာယ်ဆိုးကို သူတို့ အပေါ်သို့သက်ရောက်စေခဲ့သည့်နည်းတူ သူ တို့အားငါကတိရှိခဲ့သည့်ကောင်းကျိုး ချမ်းသာမှန်သမျှကိုခံစားစေမည်။-
“因为耶和华如此说:我怎样使这一切大祸临到这百姓,我也要照样使我所应许他们的一切福乐都临到他们。
43 ၄၃ ဤပြည်သည်လူနှင့်တိရစ္ဆာန်ကင်းမဲ့သည့် သဲကန္တာရကဲ့သို့ဖြစ်လိမ့်မည်ဟူ၍လည်း ကောင်း၊ ဗာဗုလုန်ပြည်သားတို့၏လက်တွင်း သို့ကျရောက်ရလိမ့်မည်ဟူ၍လည်းကောင်း လူတို့ပြောဆိုနေကြ၏။ သို့ရာတွင်ဤ ပြည်ရှိလယ်ယာများကိုအရောင်းအဝယ် ပြုလုပ်ကြလိမ့်မည်။-
你们说,这地是荒凉、无人民、无牲畜,是交付迦勒底人手之地。日后在这境内,必有人置买田地。
44 ၄၄ လူတို့သည်လယ်ယာများကိုဝယ်ယူကာ စာ ချုပ်များကိုအသိသက်သေတို့ရှေ့တွင်လက် မှတ်ရေးထိုး၍ချိပ်တံဆိပ်ခတ်နှိပ်ကြလိမ့် မည်။ သူတို့သည်ဤအမှုတို့ကိုဗင်္ယာမိန်နယ် နှင့်ယေရုရှလင်မြို့နီးနားပတ်ဝန်းကျင်ရှိ ကျေးရွာများ၌လည်းကောင်း၊ ယုဒမြို့ရွာ များ၊ တောင်ပေါ်ဒေသ၊ တောင်ခြေဒေသနှင့် တောင်ဘက်ယုဒပြည်၌လည်းကောင်းပြု ကြလိမ့်မည်။ ငါသည်လူတို့အားမိမိတို့ ပြည်သို့ပြန်လည်ပို့ဆောင်မည်။ ငါထာဝရ ဘုရားမိန့်တော်မူ၏'' ဟုမိန့်မြွက်တော် မူ၏။
在便雅悯地、耶路撒冷四围的各处、犹大的城邑、山地的城邑、高原的城邑,并南地的城邑,人必用银子买田地,在契上画押,将契封缄,请出见证人,因为我必使被掳的人归回。这是耶和华说的。”