< ယေရမိ 31 >
1 ၁ ထာဝရဘုရားက``ငါသည်ဣသရေလအနွယ် ဝင်အပေါင်း၏ဘုရားဖြစ်လျက်သူတို့သည် လည်း ငါ၏လူမျိုးတော်ဖြစ်လာကြမည့်နေ့ ရက်ကာလသည်ကျရောက်လာလိမ့်မည်။-
Того ча́су, — говорить Господь, — для всіх ро́дів Ізраїля стану Я Богом, вони ж Мені стануть наро́дом!
2 ၂ ငါသည်တောကန္တာရ၌အသက်ဘေးမှလွတ် မြောက်လာကြသူတို့အား ကရုဏာပြခဲ့၏။ ဣသရေလပြည်သားတို့သည်နားနေခွင့်ကို တောင့်တကြသောအခါ၊-
Так говорить Господь: Знайшов милість в пустині наро́д, від меча врято́ваний, Ізраїль іде на свій спо́чин.
3 ၃ ငါသည်သူတို့ထံသို့ရပ်ဝေးမှကြွရောက် လာခဲ့ပေသည်။ အို ဣသရေလပြည်သားတို့၊ ငါသည်သင်တို့ကိုထာဝစဉ်ချစ်တော်မူ သည်ဖြစ်၍ မိမိ၏ခိုင်မြဲသောမေတ္တာတော် ကိုဆက်လက်၍ပြခဲ့၏။-
Здале́ка Господь з'яви́вся мені та й промовив: Я вічним коха́нням тебе покохав, тому милість тобі виявля́ю!
4 ၄ သင်တို့အားတစ်ဖန်ငါပြန်လည်ထူထောင်ပေး မည်။ သင်တို့သည်ပတ်သာများကိုတစ်ဖန်တီး မှုတ်၍ ပျော်ရွှင်စွာကခုန်ရကြလိမ့်မည်။-
Ще буду тебе будувати — й збудо́вана будеш, о діво Ізраїлева! Ти знов приоздо́бишся в бу́бни свої, та й пі́деш у тано́к тих, хто ба́виться,
5 ၅ ရှမာရိတောင်ကုန်းများပေါ်တွင်စပျစ်ဥယျာဉ် များကိုတစ်ဖန်စိုက်ပျိုးလျက် ယင်းသို့စိုက်ပျိုး သူတို့သည်ထိုဥယျာဉ်များမှထွက်သည့်အသီး များကိုစားသုံးရကြလိမ့်မည်။-
на гора́х самарійських ще будеш садити виноградники, виногра́дарі будуть садити й споживати зако́нно собі!
6 ၆ `လာကြ၊ ငါတို့၏ဘုရားသခင်ထာဝရ ဘုရားရှိတော်မူရာဇိအုန်တောင်တော်သို့ ငါတို့တက်ကြကုန်အံ့' ဟုဧဖရိမ်တောင် ကုန်းများမှကင်းစောင့်တို့ကြွေးကြော်ကြ မည့်နေ့ရက်ကာလသည် အမှန်ပင်ကျ ရောက်လာလိမ့်မည်'' ဟုမိန့်တော်မူ၏။
Настане бо день, коли кликати буде сторо́жа на Єфремових го́рах: Уставайте, та пі́демо ми на Сіон, до Господа, нашого Бога!
7 ၇ ထာဝရဘုရားက၊ ``လူမျိုးတကာတို့တွင်အထွတ်အထိပ် ဖြစ်သည့် ဣသရေလအမျိုးသားတို့အတွက်ဝမ်းမြောက် စွာ ကြွေးကြော်ကြလော့။ `ထာဝရဘုရားသည်မိမိ၏လူမျိုးတော်အား ကယ်တင်တော်မူပြီ။ ဣသရေလအမျိုးမှကြွင်းကျန်သူအပေါင်း တို့အား ကယ်ဆယ်တော်မူပြီ' ဟူသော ထောမနာသီချင်းကိုသီဆိုကြလော့။
Бо так промовляє Господь: Співайте для Якова з радістю, та головою наро́дів утіша́йтесь! Розголосі́ть, вихваляйте й скажіть: Спаси, Господи, наро́д Свій, останок Ізраїлів!
8 ၈ ငါသည်ထိုသူတို့ကိုမြောက်အရပ်မှ ခေါ်ဆောင်ခဲ့မည်။ ကမ္ဘာမြေကြီးအစွန်အဖျားများမှစုသိမ်း ခဲ့မည်။ သူတို့နှင့်အတူမျက်မမြင်များ၊ခြေမစွမ်း မသန် သူများသည်လည်းကောင်း၊ ကိုယ်ဝန်ဆောင်အမျိုးသမီးများ၊သားဖွားရန် နေ့စေ့လစေ့အမျိုးသမီးများသည်လည်း ကောင်း လိုက်ပါလာကြလိမ့်မည်။ သူတို့သည်လူမျိုးကြီးအဖြစ်ဖြင့် ပြန်လာကြလိမ့်မည်။
Ось Я їх приведу́ із півні́чного кра́ю, і зберу́ їх із кі́нців землі, з ними ра́зом сліпий та кульга́вий, важка́ й породі́лля, сюди поверта́ються збори великі!
9 ၉ သူတို့အားငါပြန်လည်ခေါ်ဆောင်လာစဉ် ငါ၏လူမျိုးတော်သည်ငိုကြွေးလျက်ဆုတောင်း ပတ္ထနာပြုလျက်ပြန်လာကြလိမ့်မည်။ ငါသည်သူတို့အားစမ်းရေရှိရာအရပ်များ သို့လည်းကောင်း၊ သူတို့ခြေချော်၍မလဲစေရန် လမ်းကောင်းများဖြင့်လည်းကောင်းခေါ်ဆောင်မည်။ ငါသည်ဣသရေလလူမျိုး၏အဘသဖွယ် ဖြစ်၍ ဧဖရိမ်အနွယ်သည်ငါ၏သားဦးဖြစ်၏။''
Вони при́йдуть з плаче́м, та Я їх попрова́джу в уті́хах. Я їх до потоків води́ попрова́джу прямо́ю дорогою, — не спіткну́ться на ній, бо Ізраїлеві Я став Отцем, а Єфрем, — перворідний він Мій!
10 ၁၀ ``အို လူမျိုးတကာတို့၊ငါထာဝရဘုရား မိန့်တော်မူ သည်ကိုနားထောင်၍ ငါ၏ဗျာဒိတ်တော်တို့ကိုရပ်ဝေးဒေသ များသို့ ကြွေးကြော်ကြလော့။ ဣသရေလအမျိုးသားတို့အားကွဲလွင့်စေသူ ငါသည်သူတို့ကိုစုသိမ်းမည်။ သိုးထိန်းသည်မိမိ၏သိုးစုကိုစောင့်ထိန်း သကဲ့သို့ သူတို့ကိုငါစောင့်ထိန်းမည်။
Народи, послухайте сло́ва Господнього, і далеко звістіть аж на острова́х та скажіть: Хто розсіяв Ізраїля, Той позбирає його́, і стерегти́ме його, як па́стир отару свою!
11 ၁၁ ငါသည်ဣသရေလအမျိုးသားတို့အား ကျွန်ဘဝမှ လွတ်မြောက်စေလေပြီ။ သူတို့အားတန်ခိုးကြီးသည့်လူမျိုးလက်မှ ရွေးနုတ်ကယ်တင်ခဲ့လေပြီ။
Бо Господь викупив Якова, і визволив його від руки сильнішого від нього.
12 ၁၂ သူတို့သည်လာ၍ဇိအုန်တောင်ပေါ်တွင် ဝမ်းမြောက်စွာသီချင်းဆိုကြလိမ့်မည်။ ငါချပေးသည့်ကျေးဇူးများဖြစ်သော ဂျုံ၊စပါး၊စပျစ်ရည်၊ဆီ၊သိုးငယ်များနှင့်ကျွဲနွား များဖြင့်၊ ရွှင်လန်းဝမ်းမြောက်လျက်နေကြလိမ့်မည်။ သူတို့သည်ရေကိုကောင်းစွာရရှိသည့် ဥယျာဉ်ကဲ့သို့ဖြစ်၍ နောင်အဘယ်အခါ၌မျှဝမ်းနည်းပူဆွေး ကြရလိမ့်မည်မဟုတ်။
І вони поприхо́дять, і будуть співати на верши́ні Сіо́ну, і до добра до Господнього будуть горну́тись, — до збіжжя, і до виноградного соку, і до оливи, і до молодої дрібно́ї худоби та до товару великого! І стане душа їхня, немов той напо́єний сад, і не відчують уже більше сто́млення!
13 ၁၃ ထိုအခါသမီးကညာတို့သည်ပျော်ရွှင်ဝမ်း မြောက်စွာ ကခုန်ကြလိမ့်မည်။ လူအိုလူပျိုများသည်လည်းအားရ ရွှင်မြူးကြလိမ့်မည်။ ငါသည်သူတို့အားနှစ်သိမ့်စေ၍သူတို့ငို ကြွေးခြင်းကို ပျော်ရွှင်ခြင်းအဖြစ်သို့လည်းကောင်း၊ သူတို့၏ဝမ်းနည်းခြင်းကို နှစ်သိမ့်ခြင်းနှင့်ဝမ်းမြောက်ခြင်းအဖြစ်သို့လည်း ကောင်း ပြောင်းလဲစေမည်။
Тоді ді́вчина ті́шитись буде в танку́, і ра́зом юна́цтво та ста́рші, — бо Я оберну́ їхню жало́бу на радість, і Я їх поті́шу, і їх звеселю́ в їхнім сму́тку!
14 ၁၄ ငါသည်ယဇ်ပုရောဟိတ်တို့အားဆူဖြိုးသော အစာအာဟာရကိုဝစွာကြွေး၍ ငါ့လူမျိုးတော်၏ချို့တဲ့မှုရှိသမျှကို ဖြည့်တင်းပေးမည်။ ဤကားငါထာဝရဘုရားမြွက်ဟသည့် စကားဖြစ်၏'' ဟုမိန့်တော်မူ၏။
І душу священиків ситістю Я напою́, а наро́д Мій добром Моїм буде наси́чений, каже Господь!
15 ၁၅ ထာဝရဘုရားက၊ ``ရာမအရပ်၌အသံတစ်ခုကိုကြားရ၏။ ထိုအသံသည်ဝမ်းနည်းပက်လက် ငိုကြွေးသည့်အသံဖြစ်၏။ ရာခေလသည်မိမိ၏သားသမီးများအတွက် ငိုကြွေးလျက်နေလေသည်။ သူတို့အားလုံးပင်မရှိတော့ပြီဖြစ်၍ သူသည်နှစ်သိမ့်မှုကိုမခံလို'' ဟုမိန့်ဆို၏။
Так говорить Господь: Чути голос у Рамі, плач та рида́ння гірке́: Рахиль плаче за ді́тьми своїми, не хоче поті́шена бути за діти свої, — бо нема їх.
16 ၁၆ ``သင်သည်ငိုကြွေးမှုကိုရပ်စဲ၍ မိမိမျက်ရည်များကိုသုတ်လော့။ သားသမီးများအတွက်သင်ပြုခဲ့သည့်အမှု အပေါင်းသည်အချည်းနှီးဖြစ်ရလိမ့်မည် မဟုတ်။ ထိုသူတို့သည်ရန်သူ့ပြည်မှပြန်လာကြလိမ့် မည်'' ဟု ထာဝရဘုရားမိန့်ဆို၏။
Так говорить Господь: Стримай голос свій від голосі́ння, і від сльози́ свої очі, бо є нагорода для чину твого, — говорить Господь, — і вони ве́рнуться з кра́ю ворожого!
17 ၁၇ အနာဂတ်ကာလအတွက်သင့်မှာမျှော်လင့် စရာရှိ၏။ သင်၏သားသမီးများသည်အိမ်သို့ပြန်လာ ကြလိမ့်မည်။ ဤကားငါထာဝရဘုရားမြွက်ဟသည့် စကားဖြစ်၏။
І для твого майбутнього є сподіва́ння, — говорить Господь, — і до границь твоїх ве́рнуться діти твої!
18 ၁၈ ``ဣသရေလပြည်သားတို့သည်ဝမ်းနည်းကြေ ကွဲလျက် လျှောက်ထားသည်ကိုငါကြား၏။ `အို ထာဝရဘုရား၊ကျွန်တော်မျိုးတို့သည် ရိုင်းသောနွားသူငယ်နှင့်တူပါ၏။ သို့ရာတွင်ကိုယ်တော်ရှင်သည်ကျွန်တော်မျိုး တို့အား စကားတော်ကိုနားထောင်ရန်သွန်သင်တော်မူ ပါ၏။ ကျွန်တော်မျိုးတို့အားပြန်လည်ပို့ဆောင်တော်မူပါ။ အထံတော်သို့ကျွန်တော်မျိုးတို့ပြန်လာရန် အသင့်ရှိပါ၏။ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးတို့၏ဘုရားသခင် ထာဝရဘုရားဖြစ်တော်မူပါ၏။
Добре Я чую Єфрема, як він головою похи́тує, пла́чучи: „Покарав Ти мене — і пока́раний я, мов теля те нена́вчене! Наверни́ Ти мене — і верну́ся, бо Ти — Господь Бог мій!
19 ၁၉ ကျွန်တော်မျိုးတို့သည်ကိုယ်တော်ရှင်၏ထံတော်မှ ထွက်ခွာခဲ့ကြသော်လည်း၊ မကြာမီအခါ၌ပင်အထံတော်သို့ပြန်လာရန် နောင်တရပါ၏။ ကိုယ်တော်ရှင်ဆုံးမတော်မူခြင်းကိုနားလည်ပြီး နောက် ကျွန်တော်မျိုးတို့သည်ရင်ကိုထုလျက် ဝမ်းနည်းကြေကွဲလျက်နေကြပါ၏။ ကျွန်တော်မျိုးတို့သည်ငယ်စဉ်အခါက အပြစ်ပြုခဲ့ကြသောကြောင့် အရှက်ရ၍အသရေပျက်ရကြပါ၏။'
Бо як я наверну́вся, то ка́явся, коли ж я пізнав, то вдарив по сте́гнах свої́х. Засоромився я та збентежений був, бо я га́ньбу ношу́ молодо́щів своїх.
20 ၂၀ ``အို ဣသရေလ၊သင်သည်ငါ၏အချစ်ဆုံးသား၊ ငါ၏အမြတ်နိုးဆုံးသားဖြစ်၏။ ငါသည်သင်၏နာမည်ကိုထုတ်ဖော်၍ ပြောဆိုရသည့်အခါတိုင်းသင့်အားလွမ်းဆွတ် သတိရလျက်နေ၏။ ငါသည်သင့်အားချစ်ခင်စွဲလန်းသည်ဖြစ်၍ ကရုဏာထားမည်။
Чи Єфрем не Мій син дорогий, чи не люба дитина Моя? То скільки Я не говорю́ проти нього, завжди сильно його пам'ятаю! Тому́ то за нього хвилюється нутро Моє, змилосе́рджуся справді над ним, говорить Госпо́дь!
21 ၂၁ မှတ်တိုင်များကိုစိုက်ထူ၍လမ်းကိုမှတ်သား ထားလော့။ သင်တို့ထွက်ခွာသွားရာလမ်းကိုတစ်ဖန် ပြန်၍ရှာလော့။ ဣသရေလပြည်သားတို့ပြန်လာခဲ့ကြလော့။ သင်တို့စွန့်ခွာသွားသည့်မြို့များသို့ပြန်လာ ခဲ့ကြလော့။
Постав собі дороговка́зи, стовпи́ собі порозставляй, зверни своє серце на биту дорогу, якою ти йшла, — і вернися, о діво Ізраїлева, вернися до цих своїх міст!
22 ၂၂ သစ္စာမဲ့သည့်လူတို့၊သင်တို့သည်အဘယ်မျှ ကြာရှည်တုံ့ဆိုင်း၍နေကြမည်နည်း။ အမျိုးသမီးသည်အမျိုးသားအားအကာ အကွယ် ပေးနိုင်ခြင်းသည်ဆန်းသစ်သကဲ့သို့၊ ငါထာဝရဘုရားသည်ဆန်းသစ်သည့် အမှုကို ဖန်တီးစီရင်တော်မူပြီ'' ဟုမိန့်တော်မူ၏။
Аж доки тиня́тися бу́деш, о до́чко невірна? Господь бо нови́ну створив на землі: жінка спаса́тиме мужа!
23 ၂၃ ဣသရေလအမျိုးသားတို့၏အနန္တတန်ခိုး ရှင်ထာဝရဘုရားက``ဤလူတို့အားမိမိ တို့ပြည်သို့ငါပြန်လည်ပို့ဆောင်သောအခါ၊ `ထာဝရဘုရားသည်မိမိကျိန်းဝပ်တော်မူ သည့် သန့်ရှင်းရာဌာနတော်တည်းဟူသော ယေရုရှလင်တောင်တော်ကိုကောင်းချီး ပေးတော်မူပါစေသတည်း' ဟု သူတို့သည်ယုဒပြည်မြို့ရွာများ၌တစ်ဖန် ပြန်လည် မြွက်ဆိုကြလိမ့်မည်။
Так говорить Господь Саваот, Бог Ізраїлів: Оце слово прокажуть іще в кра́ї Юдиному й по містах його, коли Я верну́ їх: Хай Господь благосло́вить тебе, осе́ле ти правди, о го́ро свята!
24 ၂၄ လူတို့သည်ယုဒပြည်မြို့ရွာအပေါင်းတို့ တွင်နေထိုင်ကြလိမ့်မည်။ လယ်ယာလုပ်ကိုင် သူများ၊ သိုးအုပ်များကိုထိန်းကျောင်းသူ များလည်းရှိလိမ့်မည်။-
І осядуть на ній Юда та міста́ його ра́зом усі, селяни та ті, хто ходить з ота́рою.
25 ၂၅ ငါသည်မောပန်းနွမ်းနယ်သူတို့ကိုလန်းဆန်း စေ၍ဆာလောင်မွတ်သိပ်သဖြင့် အားအင်ချိ နဲ့သူတို့ကိုဝပြောစွာကျွေးတော်မူမည်။-
Бо напо́юю Я душу зму́чену, і кожну душу скорбо́тну наси́чую.
26 ၂၆ သို့ဖြစ်၍လူတို့က`ငါတို့သည်အိပ်ရာဝင်ပြီး နောက်လန်းဆန်းစွာနိုးထ၍လာ၏' ဟုပြော ဆိုကြလိမ့်မည်။
На це я збудився й побачив, — і був мені сон мій приємний.
27 ၂၇ ``ဣသရေလပြည်နှင့်ယုဒပြည်ကိုလူများ၊ တိရစ္ဆာန်များနှင့်ငါပြည့်နှက်စေမည့်အချိန် ကာလကျရောက်လာလိမ့်မည်ဖြစ်ကြောင်း ငါ ထာဝရဘုရားမြွက်ဆို၏။-
Ось дні настаю́ть, — говорить Господь, — і засію Ізраїлів дім та дім Юдин насінням люди́ни й насінням скотини.
28 ၂၈ ငါသည်ဂရုပြု၍သူတို့အားနုတ်ပယ်ဖြိုချ၊ မှောက်လှန်ဖျက်ဆီး၊ ပျက်ပြုန်းစေခဲ့သည်နည်း တူတစ်ဖန်ပြန်၍ပြုစုပျိုးထောင်တည်ဆောက် ၍ပေးမည်။-
І бу́де, як Я пильнува́в був над ними, щоб їх вирива́ти та бу́рити, і щоб руйнува́ти, і губити, і чинити лихе, так Я попильну́ю над ними, щоб їх будувати й садити, говорить Господь!
29 ၂၉ ထိုအချိန်ကာလကျရောက်လာသောအခါ `မိဘတို့သည်စပျစ်ချဉ်သီးကိုစား၍သား သမီးများ သွားကျိန်းလျက်ရှိကြ၏' ဟူသောဆိုရိုးစကားကိုလူတို့ပြောဆိုကြ တော့မည်မဟုတ်။
Тими днями не скажуть уже: „Батьки їли неспіле, а оско́ма в синів на зуба́х!“
30 ၃၀ စပျစ်ချဉ်သီးကိုစားသူမှန်သမျှသည် မိမိတို့ ကိုယ်တိုင်သွားကျိန်းရကြလိမ့်မည်။ လူတိုင်းပင် မိမိတို့အပြစ်အတွက်သေရကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
бо кожен за власну провину помре, і кожній люди́ні, що їсть недоспі́ле, оско́ма впаде́ їй на зуби!
31 ၃၁ ထာဝရဘုရားက``ငါသည်ဣသရေလပြည် သားများ၊ ယုဒပြည်သားများနှင့်ပဋိညာဉ် သစ်ဖွဲ့မည့်အချိန်ကာလကျရောက်လာလိမ့် မည်။-
Ось дні наступають, — говорить Господь, — і складу́ Я із домом Ізраїлевим і з Юдиним домом Нови́й Запові́т.
32 ၃၂ ထိုပဋိညာဉ်သည်သူတို့၏ဘိုးဘေးများ အားအီဂျစ်ပြည်မှထုတ်ဆောင်လာစဉ်အခါ က သူတို့နှင့်ငါဖွဲ့ခဲ့သည့်ပဋိညာဉ်နှင့်တူ လိမ့်မည်မဟုတ်။ ငါသည်သူတို့၏ခင်ပွန်း သဖွယ်ဖြစ်သော်လည်း သူတို့သည်မိမိတို့ နှင့်ငါပြုခဲ့သည့်ပဋိညာဉ်ကိုမစောင့်ထိန်း ခဲ့ကြ။-
Не такий заповіт, що його з їхніми батьками Я склав був у той день, коли міцно за руку їх узяв, щоб їх ви́вести з кра́ю єгипетського. Та вони поламали Мого заповіта, і Я їх відкинув, говорить Господь!
33 ၃၃ သူတို့နှင့်ငါပြုမည့်ပဋိညာဉ်သစ်ကားဤ သို့တည်း။ ငါသည်မိမိ၏တရားတော်ကိုသူ တို့၏စိတ်အတွင်းသို့သွတ်သွင်းပေးမည်။ သူ တို့၏နှလုံးသားပေါ်တွင်ရေးမှတ်၍ထား မည်။ ငါသည်သူတို့၏ဘုရားဖြစ်လျက်သူ တို့သည်ငါ၏လူမျိုးတော်ဖြစ်ကြလိမ့်မည်။-
Бо це ось отой Заповіт, що його по цих днях складу́ з домом Ізраїля, — каже Госпо́дь: Дам Зако́на Свого в сере́дину їхню, і на їхньому серці його напишу́, і Я стану їм Богом, вони ж Мені будуть наро́дом!
34 ၃၄ ထာဝရဘုရားကိုသိရန်အဘယ်သူမျှ မိမိတို့မြို့သူမြို့သားအချင်းချင်းကို လည်းကောင်း၊ ပြည်သူအချင်းချင်းကိုလည်း ကောင်းသွန်သင်ပေးရန်လိုလိမ့်မည်မဟုတ်။ အဘယ်ကြောင့်ဆိုသော်အငယ်ဆုံးသူမှ အကြီးမြတ်ဆုံးသူအထိငါ့ကိုသိ ကြလိမ့်မည်။ ငါသည်သူတို့၏အပြစ်များ ကိုဖြေလွှတ်မည်။ သူတို့ပြုခဲ့သည့်ဒုစရိုက် များကိုလည်းအမှတ်ရတော့မည်မဟုတ်။ ဤကားငါထာဝရဘုရားမြွက်ဟ သည့်စကားဖြစ်၏'' ဟုမိန့်တော်မူ၏။
І більше не будуть навчати вони один о́дного, і брат свого брата, гово́рячи: „Пізнайте Господа!“Бо всі будуть знати Мене, від малого їхнього й аж до великого їхнього, — каже Господь, — бо їхню прови́ну прощу́, і не бу́ду вже згадувати їм гріха́!
35 ၃၅ ထာဝရဘုရားသည်နေ့အခါအလင်းရောင် ပေးရန် နေကိုလည်းကောင်း၊ ညဥ့်အခါထွန်းလင်းစေရန်လနှင့်ကြယ်များ ကိုလည်းကောင်းစီရင်တော်မူ၏။ ကိုယ်တော်သည်ပင်လယ်ကိုမွှေနှောက်၍လှိုင်း များကို မြည်ဟည်းစေတော်မူ၏။ ကိုယ်တော်၏နာမတော်ကားအနန္တတန်ခိုး ရှင် ထာဝရဘုရားဟူ၍ဖြစ်သတည်း။
Так говорить Господь, що сонце дає вдень на світло, і порядок місяцеві й зо́рям на світло вночі, що пору́шує море — й шумля́ть його хвилі, Господь Саваот Йому Йме́ння!
36 ၃၆ ကိုယ်တော်သည်ဣသရေလနိုင်ငံအား သဘာဝဋ္ဌမ္မတည်ရှိသရွေ့ကာလပတ် လုံး တည်စေရန်ကတိပြုတော်မူ၏။
Як віді́йдуть устави ці з-перед обличчя Мого, — говорить Господь, то й насіння Ізраїлеве перестане наро́дом бути перед обличчям Моїм по всі дні.
37 ၃၇ လူတို့သည်မိုးကောင်းကင်ကိုတိုင်းတာနိုင်၍ ကမ္ဘာမြေကြီး၏အုတ်မြစ်ကိုရှာဖွေကြည့်ရှု နိုင်သည့်အခါကျရောက်မှသာလျှင်၊ ကိုယ်တော်သည်ဣသရေလပြည်သားတို့ အား သူတို့ပြုခဲ့သည့်အပြစ်အပေါင်းအတွက် ကြောင့် ပစ်ပယ်တော်မူလတ္တံ့။ ဤကားထာဝရဘုရားမြွက်ဟသည့် စကားဖြစ်၏။
Так говорить Господь: Так як небо вгорі́ незміри́ме, і не будуть дослі́джені долі осно́ви землі́, то так не відкину і Я все насіння Ізраїлеве за все те, що зробили, говорить Господь!
38 ၃၈ ထာဝရဘုရားက``မြို့တော်တစ်ခုလုံးကို ဟာနနေလရဲတိုက်မှ မြို့ထောင့်တံခါးတိုင် အောင်ပြန်လည်တည်ဆောက်ရမည့်အချိန် ကာလကျရောက်လာလိမ့်မည်။-
Ось дні настаю́ть, — говорить Господь, — і збудується місто оце Господе́ві від башти Хананеїла аж до брами Наріжної.
39 ၃၉ နယ်နိမိတ်သတ်မှတ်သည့်မျဉ်းသည်ထိုအရပ်မှ အစပြု၍ အနောက်ဘက်ဂါရက်တောင်ကုန်းသို့ တိုင်အောင်ရောက်ရှိလျက်ဂေါသတောင်ကိုဝိုင်း မိလိမ့်မည်။-
І пі́де мірни́чий шнурок той ще далі, прямо аж до Ґареву, й обе́рнеться він до Ґої.
40 ၄၀ လူသေအလောင်းများနှင့်အမှိုက်များစွန့်ပစ် ရာချိုင့်ဝှမ်းတစ်ခုလုံးသည်လည်းကောင်း၊ အရှေ့ ဘက်မြင်းတံခါးတိုင်အောင်ကေဒြုန်ချောင်း အထက်ရှိလယ်ပြင်အပေါင်းသည်လည်းကောင်း ငါ့အဖို့မြင့်မြတ်သန့်ရှင်းရာဖြစ်လိမ့်မည်။ ဤမြို့တော်ကိုနောက်တစ်ဖန်အဘယ်အခါ ၌မျှဖြိုချဖျက်ဆီးရလိမ့်မည်မဟုတ်'' ဟု မိန့်တော်မူ၏။
І долина вся тру́пів та по́пелу, і всі поля́ аж до долини Кедро́ну, аж до рогу Кі́нської брами на схід, — усе це́ буде святість для Господа, — не знищиться та не зруйнується ввіки вона!“