< ယေရမိ 30 >
1 ၁ ဤသည်ကားယေရမိထံသို့ထာဝရဘုရား မိန့်ဆိုသောစကားဖြစ်၏။-
Voici la parole qui fut adressée à Jérémie par le Seigneur, disant:
2 ၂ ဣသရေလအမျိုးသားတို့၏ဘုရားသခင် ထာဝရဘုရားက``သင့်ကိုငါမိန့်တော်မူ သမျှသောစကားတို့ကိုစာစောင်တွင်ရေး မှတ်၍ထားလော့။-
Voici ce que dit le Seigneur, Dieu d’Israël, disant: Ecris pour toi toutes les paroles que je t’ai dites dans un livre.
3 ၃ အဘယ်ကြောင့်ဆိုသော်ငါ၏လူမျိုးတော် ဣသရေလအမျိုးသားများနှင့်ယုဒအမျိုး သားများအား ငါပြန်လည်ထူထောင်ပေးမည့် အချိန်ကျရောက်လာတော့မည်ဖြစ်သောကြောင့် တည်း။ ငါသည်သူတို့ကိုမိမိတို့ဘိုးဘေးများ အား ငါပေးအပ်ခဲ့သည့်ပြည်သို့ပြန်လည်ခေါ် ဆောင်ခဲ့မည်ဖြစ်၍ သူတို့သည်ထိုပြည်ကိုတစ် ဖန်ပြန်၍ပိုင်ဆိုင်ရကြပေတော့အံ့။ ဤကား ငါထာဝရဘုရားမြွက်ဟသည့်စကား ဖြစ်၏'' ဟုမိန့်တော်မူ၏။
Car des jours viennent, dit le Seigneur, et je ferai retourner certainement mon peuple d’Israël et de Juda, dit le Seigneur; et je les ferai retourner dans la terre que j’ai donnée à leurs pères, et ils la posséderont.
4 ၄ ဣသရေလပြည်သားများနှင့်ယုဒပြည် သားတို့အားထာဝရဘုရားဤသို့မိန့် တော်မူ၏။
Et voici les paroles que le Seigneur a dites à Israël et à Juda:
5 ၅ ထာဝရဘုရားက``ငါသည်ထိတ်လန့်၍အော် ဟစ်သော အသံကိုကြားရ၏။ ထိုအသံသည်ငြိမ်းချမ်းသာယာသည့်အသံ မဟုတ်။ ကြောက်လန့်၍အော်ဟစ်သည့်အသံဖြစ်၏။
Ainsi voici ce que dit le Seigneur: Nous avons entendu une voix de terreur; l’épouvante, et il n’y a pas de paix.
6 ၆ မေးမြန်းလျက်စဉ်းစားကြည့်ကြလော့။ အမျိုးသားသည်သားဖွား၍ရနိုင်သလော။ သို့ဖြစ်ပါမူအမျိုးသားပင်လျှင်သားဖွား ဝေဒနာ ခံရသည့်အမျိုးသမီးကဲ့သို့၊ အဘယ်ကြောင့်မိမိတို့ဝမ်းကိုလက်ဖြင့်နှိပ် လျက် နေသည်ကိုငါတွေ့ရှိရသနည်း။ လူတိုင်းသည်အဘယ်ကြောင့်ဖြူဖတ်ဖြူရော် ဖြစ်နေကြသနည်း။
Demandez et voyez si un mâle enfante; pourquoi donc ai-je vu la main de tout homme sur ses reins, comme une femme en travail, et pourquoi toutes les faces ont-elles tourné à la pâleur?
7 ၇ ထိတ်လန့်ဖွယ်ကောင်းသည့်နေ့ရက်ကာလသည် ကျရောက်လာလိမ့်မည်။ အခြားအဘယ်နေ့ရက်ကိုမျှထိုနေ့ရက်နှင့် နှိုင်းယှဉ်၍မရ။ ထိုနေ့ရက်သည်ယာကုပ်အမျိုးဆင်းရဲဒုက္ခ ရောက်ရကြမည့်နေ့ရက်ဖြစ်၏။ သို့ရာတွင်သူတို့သည်အသက်မသေဘဲ ကျန်ရှိကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
Malheur! car grand est ce jour, et il n’en est point de semblable; et c’est un temps de tribulation pour Jacob, mais il en sera délivré.
8 ၈ အနန္တတန်ခိုးရှင်ထာဝရဘုရားက``ထို နေ့ရက်ကာလကျရောက်လာသောအခါ ငါသည်ထိုသူတို့၏လည်ဂုတ်ပေါ်မှထမ်း ပိုးကိုချိုးကာ သူတို့အားချည်နှောင်ထား သည့်သံကြိုးများကိုဖယ်ရှားပစ်မည်။ သူ တို့သည်နိုင်ငံခြားသားတို့ထံတွင်ကျွန်ခံ ရကြတော့မည်မဟုတ်။-
Et il arrivera en ce jour-là, dit le Seigneur des armées, que je briserai son joug, et je l’ôterai de ton cou, je romprai ses liens, et les étrangers ne le domineront plus;
9 ၉ မိမိတို့၏ဘုရားသခင်ငါထာဝရဘုရား၏ အမှုတော်ကိုလည်းကောင်း၊ သူတို့၏ဘုရင် အဖြစ်ငါခန့်ထားမည့်ဒါဝိဒ်မင်းဆက်၏ အမှုတော်ကိုလည်းကောင်းထမ်းဆောင်ရကြ လိမ့်မည်။
Mais ils serviront le Seigneur leur Dieu, et David leur roi que je leur susciterai.
10 ၁၀ ``ငါ၏ကျွန်ယာကုပ်၊မကြောက်ကြနှင့်။ ဣသရေလပြည်သားတို့ထိတ်လန့်တုန်လှုပ်မှု မဖြစ်ကြနှင့်။ သုံ့ပန်းများအဖြစ်နှင့်သင်တို့နေရကြသော ပြည်၊ ထိုဝေးလံသောပြည်မှသင်တို့အား ငါကယ်ဆယ်မည်။ သင်တို့သည်ပြန်လာ၍ငြိမ်းချမ်းစွာနေထိုင် ရကြလိမ့်မည်။ သင်တို့သည်ဘေးမဲ့လုံခြုံမှုကိုရရှိကြ လိမ့်မည်။ အဘယ်သူမျှသူတို့အားချောက်လှန့် ရလိမ့်မည်မဟုတ်။ ဤကားငါထာဝရဘုရားမြွက်ဟသည့်စကား ဖြစ်၏။
Toi donc, ne crains pas, mon serviteur Jacob, dit le Seigneur, et ne t’effraye pas, Israël, parce que je te sauverai en te ramenant d’une terre lointaine, et ta race en la retirant de la terre de sa captivité; et Jacob reviendra, et se reposera, et abondera en toute sorte de choses, et il n’y aura personne qu’il redoutera.
11 ၁၁ ငါသည်ကယ်တင်ရန်သင်တို့ထံလာမည်။ သင်တို့အားငါကွဲလွင့်စေခဲ့ရာနိုင်ငံ တကာတို့အား ဖျက်ဆီးမည်။ သို့ရာတွင်သင်တို့ကိုမူဖျက်ဆီးမည်မဟုတ်။ ငါသည်သင်တို့အားအပြစ်ဒဏ်မခတ်ဘဲ ထားမည်မဟုတ်သော်လည်း အပြစ်ဒဏ်ခတ်သောအခါ၌မူကား တရားသဖြင့်ပြုမည်။ ဤကားငါထာဝရဘုရားမြွက်ဟသည့် စကားဖြစ်၏'' ဟုမိန့်တော်မူ၏။
Parce que moi je suis avec toi, dit le Seigneur, afin de te sauver; car je détruirai entièrement toutes les nations parmi lesquelles je t’ai dispersé; pour toi, je ne te détruirai pas entièrement; mais je te châtierai selon la justice, afin que tu ne paraisses pas à tes yeux irréprochable.
12 ၁၂ ထာဝရဘုရားသည်မိမိ၏လူမျိုးတော်အား ``သင်တို့၏အနာများသည်ကျက်နိုင် တော့မည်မဟုတ်။ သင်တို့၏ဝေဒနာများသည်ကုသ၍ မပျောက်နိုင်တော့ပေ။
Parce que voici ce que dit le Seigneur: Incurable est ta blessure, très maligne ta plaie.
13 ၁၃ သင်တို့အားကာကွယ်စောင့်ရှောက်မည့်သူ တစ်စုံတစ်ယောက်မျှမရှိ။ သင်တို့အနာများအတွက်လည်းဆေး တစ်စုံတစ်ရာမျှမရှိသဖြင့် သင်တို့သည်မိမိတို့အနာရောဂါပျောက် ကင်းမှုအတွက် မျှော်လင့်ရာမဲ့ချေပြီ။
Il n’est personne qui s’intéresse à ta cause pour bander ta plaie; dans les remèdes il n’y a pas d’utilité pour toi.
14 ၁၄ သင်တို့၏ချစ်ခင်သူများသည်သင်တို့အား မေ့ပျောက်၍ သွားကြလေကုန်ပြီ။ သူတို့သည်ဂရုမစိုက်ကြတော့ပေ။ သင်တို့အပြစ်သည်များပြားလှ၍သင်တို့ ဒုစရိုက်သည် ကြီးမားလှသဖြင့် ငါသည်ရန်သူသဖွယ်သင်တို့အားဒဏ်ရာရ စေခဲ့၏။ သင်တို့ခံရသည့်အပြစ်ဒဏ်သည်ပြင်းထန်၏။
Tous ceux qui t’aimaient t’ont oubliée, et ne te rechercheront plus, car je t’ai frappée d’une plaie d’ennemi, d’un châtiment cruel; à cause de la multitude de tes iniquités, tes péchés sont devenus graves.
15 ၁၅ သင်တို့သည်မိမိတို့၏မပျောက်ကင်းနိုင်သည့် ဝေဒနာများအကြောင်းကိုမညည်းညူကြ နှင့်တော့။ သင်တို့၏အပြစ်သည်များပြားလှ၍သင်တို့ ဒုစရိုက်သည်ကြီးမားလှသဖြင့်၊ ငါသည်သင်တို့အားဤသို့အပြစ်ဒဏ် ခတ်ရခြင်းဖြစ်၏။
Pourquoi cries-tu d’avoir été brisée? ta douleur est incurable; à cause de la multitude de tes iniquités, et à cause de tes péchés graves, je t’ai fait cela.
16 ၁၆ ယခုမှာမူသင်တို့အားဝါးမျိုသူအပေါင်း တို့သည် ဝါးမျိုခြင်းကိုခံရ၍ သင်တို့၏ရန်သူအပေါင်းသည်ဖမ်းဆီး ခေါ်ဆောင်ခြင်းကိုခံရကြလိမ့်မည်။ သင်တို့အားနှိပ်စက်ညှဉ်းပန်းသူအပေါင်းသည် နှိပ်စက်ညှဉ်းပန်းခြင်းကိုခံရ၍၊ သင်တို့အားတိုက်ခိုက်လုယက်သူအပေါင်းသည် တိုက်ခိုက်လုယက်ခြင်းကိုခံရကြလိမ့်မည်။
C’est pour cela que tous ceux qui le mangent seront dévorés; et tous tes ennemis seront emmenés en captivité; et ceux qui te ravagent seront ravagés, et tous ceux qui te pillent, je les livrerai au pillage.
17 ၁၇ သင်တို့၏ရန်သူများက`ဇိအုန်မြို့သည် အပယ်ခံဖြစ်လေပြီ။ ထိုမြို့ကိုအဘယ်သူမျှဂရုမစိုက်ကြတော့' ဟုဆိုသော်လည်း ငါသည်သင်တို့အားတစ်ဖန်ပြန်၍ကျန်းမာ လာစေမည်။ သင်တို့၏အနာများကိုကျက်စေမည်။ ဤကားငါထာဝရဘုရားမြွက်ဟသည့် စကားဖြစ်၏'' ဟုမိန့်တော်မူ၏။
Car je fermerai ta cicatrice, et je te guérirai de tes blessures, dit le Seigneur. Parce que, ô Sion, ils t’ont appelée la répudiée, disant: Voici celle qui n’avait personne qui la recherchât.
18 ၁၈ ထာဝရဘုရားက၊ ``ငါသည်ယာကုပ်အမျိုး၏တဲကိုပြန်လည် ကြွယ်ဝစေမည်။ ပြန်လည်ပို့ဆောင်မည်။ သူတို့၏အိမ်ထောင်စုမှန်သမျှကိုကရုဏာ ထားမည်။ ယေရုရှလင်မြို့ကိုပြန်လည်ထူထောင်၍ နန်းတော်ကိုလည်းပြန်လည်တည်ဆောက် ရကြလိမ့်မည်။
Voici ce que dit le Seigneur: Voilà que moi, je ferai retourner certainement les tabernacles de Jacob, et j’aurai pitié de ses demeures, et la cité sera bâtie sur sa hauteur, et le temple sera fondé sur son premier modèle.
19 ၁၉ ထိုနေရာတို့တွင်နေထိုင်ကြသူများသည် ထောမနာသီချင်းကိုသီဆိုကြလိမ့်မည်။ သူတို့သည်ဝမ်းမြောက်စွာကြွေးကြော်ကြ လိမ့်မည်။ ငါသည်သူတို့အားလူဦးရေတိုးပွားစေ၍ ဂုဏ်အသရေရှိစေမည်။
Et la louange et la voix de ceux qui formeront des chœurs sortiront du milieu d’eux; et je les multiplierai, et leur nombre ne diminuera pas, et je les glorifierai, et ils ne seront pas amoindris.
20 ၂၀ ငါသည်ဤပြည်အားရှေးအခါကရရှိခဲ့သည့် တန်ခိုးအာဏာကိုပြန်လည်ပေး၍ ထိုတန်ခိုးအာဏာကိုလည်းတည်တံ့ခိုင်မြဲ စေမည်။ သူတို့အားနှိပ်စက်ညှဉ်းပန်းသူအပေါင်းကိုငါ အပြစ်ဒဏ်ခတ်မည်။
Et ses fils seront comme dès le commencement, et son assemblée demeurera devant moi; et je visiterai tous ceux qui le tourmentent.
21 ၂၁ သူတို့ကိုအုပ်စိုးမည့်သူသည်သူတို့လူမျိုးမှ ပေါ်ထွန်းရလိမ့်မည်။ သူတို့၏မင်းသည်သူတို့အမျိုးသားများ အထဲမှပေါ်ထွန်းရလိမ့်မည်။ ငါဖိတ်ခေါ်သောအခါထိုသူသည်ငါ့ထံသို့ ချဉ်းကပ်လိမ့်မည်။ ငါမဖိတ်မခေါ်ဘဲအဘယ်သူသည်ငါ့ထံသို့ ချဉ်းကပ်ဝံ့သနည်း။ သူတို့သည်ငါ၏လူမျိုးတော်ဖြစ်ကြလျက် ငါသည်လည်းသူတို့၏ဘုရားဖြစ်လိမ့်မည်။ ဤကားငါထာဝရဘုရားမြွက်ဟသည့် စကားဖြစ်၏'' ဟုမိန့်တော်မူ၏။
Et son chef sortira de lui un prince naîtra du milieu de lui je le ferai approcher, et il s’avancera vers moi; car quel est celui qui appliquerait son cœur à s’approcher de moi, dit le Seigneur?
Et vous serez mon peuple, et moi je serai votre Dieu.
23 ၂၃ ကိုယ်တော်၏အမျက်တော်သည်သူယုတ်မာ တို့၏ဦးခေါင်းထက်တွင် တိုက်ခတ်သည့်လေ ပြင်းမုန်တိုင်းနှင့်တူ၏။ ထိုအမျက်တော်သည် ကိုယ်တော်ကြံစည်တော်မူသမျှသောအမှု များမပြီးမချင်းပြေငြိမ်းလိမ့်မည်မဟုတ်။ ဤအချက်ကိုကိုယ်တော်၏လူမျိုးတော်သည် နောင်လာလတ္တံ့သောနေ့ရက်များ၌သိရှိ နားလည်လာကြလိမ့်မည်။
Voilà que le tourbillon du Seigneur, que la fureur qui s’échappe, que la tempête qui se précipite, se reposera sur la tête des impies.
Le Seigneur ne détournera pas la colère de son indignation, jusqu’à ce qu’il ait exécuté et accompli la pensée de son cœur; au dernier des jours vous comprendrez ces choses.