< ယေရမိ 3 >

1 ထာ​ဝ​ရ​ဘု​ရား​က``အ​ကယ်​၍​တစ်​စုံ​တစ် ယောက်​သည် မိ​မိ​၏​ဇ​နီး​ကို​ကွာ​ရှင်း​လိုက် သော​အ​ခါ ထို​အ​မျိုး​သ​မီး​သည်​သူ​၏​ထံ မှ​ထွက်​ခွာ​၍​အ​ခြား​အ​မျိုး​သား​တစ်​ဦး နှင့်​အိမ်​ထောင်​ပြု​၏။ ထို​အ​ခါ​ပ​ထ​မ​ခင်​ပွန်း သည်​မိ​မိ​၏​ဇ​နီး​ဟောင်း​ကို​တစ်​ဖန်​ပြန်​၍ မ​သိမ်း​မ​ယူ​အပ်။ ပြန်​၍​သိမ်း​ယူ​ခဲ့​သော်​ထို တိုင်း​ပြည်​သည်​လုံး​ဝ​ညစ်​ညမ်း​၍​သွား​ပေ မည်။ သို့​ရာ​တွင်​အ​ချင်း​ဣ​သ​ရေ​လ၊ သင်​သည် ချစ်​သူ​အ​မြောက်​အ​မြား​ထား​ပြီး​မှ ယ​ခု ငါ့​ထံ​သို့​ပြန်​၍​လာ​လို​သည်​တ​ကား။-
"Gesetzt den Fall: Ein Mann entläßt sein Weib, und diese geht von ihm, wird eines andern Mannes - wird jener wohl sich wieder zu ihr kehren? Ist nicht dies Weib entweiht? Du aber hast mit vielen Buhlen schon gebuhlt und willst dich wieder zu mir wenden?" Ein Spruch des Herrn.
2 တောင်​ထိပ်​တို့​ကို​မျှော်​၍​ကြည့်​ကြ​လော့။ ပြည့် တန်​ဆာ​ကဲ့​သို့ သင်​မ​ပြု​မ​ကျင့်​ဘဲ​နေ​ခဲ့​သည့် အ​ရပ်​တစ်​စုံ​တစ်​ခု​ရှိ​သ​လော။ အာ​ရပ်​အမျိုး သား​သည်​တော​ကန္တာ​ရ​တွင်​လု​ယက်​တိုက်​ခိုက် ရန်​စောင့်​မျှော်​နေ​သ​ကဲ့​သို့၊ သင်​သည်​လမ်း​နံ ဘေး​တို့​တွင်​ချစ်​သူ​များ​ကို​စောင့်​မျှော်​နေ​ခဲ့ ၏။ သင်​သည်​မိ​မိ​တို့​၏​ဆိုး​ညစ်​မှု​နှင့်​ပြည့် တန်​ဆာ​အ​လုပ်​ဖြင့်​ဤ​ပြည်​ကို​ညစ်​ညမ်း စေ​လေ​ပြီ။-
"Erhebe zu den Hügeln deine Augen; sieh! Wo hast du dich nicht schänden lassen? Du saßest an den Wegen für sie da, gleich einem Araber der Wüste. Und du entheiligtest das Land durch deine Buhlerei und deine Bosheit.
3 ဤ​အ​ကြောင်း​ကြောင့်​ငါ​သည်​မိုး​ဦး​ကို​ခေါင် စေ​၍ မိုး​နှောင်း​ကို​လည်း​မ​ရွာ​ဘဲ​နေ​စေ​ခြင်း ဖြစ်​၏။ သင်​သည်​ပြည့်​တန်​ဆာ​အ​သွင်​ကို​ဆောင် လျက်​ရှိ​၏။ သင်​၌​အ​ရှက်​အ​ကြောက်​မ​ရှိ တော့​ပေ။
Und wurden Regengüsse vorenthalten, und fiel kein später Regen mehr - du hattest dennoch eine unverschämte Stirn; du wolltest dich nicht schämen.
4 ``ယ​ခု​သင်​က​ငါ့​အား`ကိုယ်​တော်​ရှင်​သည် ကျွန် တော်​မျိုး​၏​အ​ဖ​ဖြစ်​တော်​မူ​ပါ​၏။ က​လေး ဘ​ဝ​မှ​စ​၍​ပင်​ကျွန်​တော်​မျိုး​တို့​အား​ချစ် တော်​မူ​ခဲ့​ပါ​၏။-
Nicht wahr, jetzt rufst du mir: 'Ach, Du mein Vater, meiner Jugend Freund bist Du!
5 ကိုယ်​တော်​ရှင်​သည်​အ​စဉ်​အ​မြဲ​အ​မျက် ထွက်​၍​နေ​တော်​မူ​မည်​မ​ဟုတ်​ပါ။ ကျွန်​တော် မျိုး​အား​ထာ​ဝ​စဉ်​အ​မျက်​တော်​ရှ​၍​နေ တော်​မူ​မည်​မ​ဟုတ်​ပါ​ဟု​ဆို​၏။ အို ဣ​သ ရေ​လ၊ သင်​သည်​ဤ​သို့​ပြော​ဆို​ပြီး​နောက် မိ​မိ​ပြု​နိုင်​သ​မျှ​မ​ကောင်း​မှု​တို့​ကို​ပြု​၏'' ဟု​မိန့်​တော်​မူ​၏။
Wird der denn immerwährend grollen und ewig nachtragen?' So sprachst du und du tatest dabei Schlechtes; du brachtest beides fertig."
6 ယော​ရှိ​မင်း​လက်​ထက်​၌ ထာ​ဝ​ရ​ဘု​ရား​က ငါ့​ကို``ထို​သစ္စာ​မဲ့​သည့်​အ​မျိုး​သ​မီး​ဣ​သ ရေ​လ​သည် ငါ့​အား​မည်​သို့​စွန့်​ပစ်​၍​သွား သည်​ကို​သင်​မြင်​ပြီ​လော။ သူ​သည်​တောင်​မြင့် မှန်​သ​မျှ​အ​ပေါ်​တွင်​လည်း​ကောင်း၊ စိမ်း​လန်း သည့်​သစ်​ပင်​ရှိ​သ​မျှ​အောက်​တွင်​လည်း ကောင်း ပြည့်​တန်​ဆာ​အ​လုပ်​ကို​လုပ်​၏။-
Einst sprach der Herr zu mir zur Zeit des Königs Josias. "Hast du gesehen, was die Abgekehrte, Israel, getan? Sie ging auf jeden hohen Berg, zu jedem grünen Baum und buhlte dort.
7 ဤ​သို့​ပြု​ပြီး​နောက်​သူ​သည်​ငါ့​ထံ​သို့​ပြန် လာ​လိမ့်​မည်​ဟု​ငါ​ထင်​မှတ်​ခဲ့​၏။ သို့​ရာ​တွင် သူ​သည်​ပြန်​၍​မ​လာ၊ ယင်း​သို့​မ​လာ​ကြောင်း ကို​သူ​၏​ညီ​မ၊ သစ္စာ​ဖောက်​ယု​ဒ​မြင်​လေ​၏။-
Ich dachte: Wenn sie alles das verübt, dann kehrt sie um zu mir. Sie aber tat es nicht. Das sah die ungetreue Schwester Juda.
8 ဣ​သ​ရေ​လ​သည်​ငါ​ကို​စွန့်​ခွာ​၍​ပြည့်​တန်​ဆာ လုပ်​လျက်​နေ​သ​ဖြင့် သူ့​အား​ငါ​ကွာ​ရှင်း​နှင် ထုတ်​လိုက်​လေ​သည်။ သို့​ရာ​တွင်​ဣ​သ​ရေ​လ ၏​ညီ​မ​သစ္စာ​ဖောက်​ယု​ဒ​သည်​မ​ကြောက်​ရွံ့ ဘဲ မိ​မိ​ကိုယ်​တိုင်​ပင်​ပြည့်​တန်​ဆာ​လုပ်​ကာ၊-
Sie hatte zwar gesehn, wie ich die Abgekehrte, Israel, verstieß und ihr den Scheidebrief gegeben, weil sie die Ehe brach. Doch ihre ungetreue Schwester Juda hat sich nicht gescheut; sie ging und buhlte ebenso.
9 ဣ​သ​ရေ​လ​၏​အ​ကျင့်​ပျက်​မှု​သည် မိ​မိ​နှင့် မ​ဆိုင်​သ​ကဲ့​သို့​တိုင်း​ပြည်​ကို​ညစ်​ညမ်း​စေ လေ​သည်။ သူ​သည်​ကျောက်​တုံး​များ၊ သစ်​ပင် များ​ကို​ဝတ်​ပြု​ကိုး​ကွယ်​ခြင်း​အား​ဖြင့်​မှား ယွင်း​လေ​၏။-
Und ihre Unzucht war ganz unaussprechlich, und sie entheiligte das Land und buhlte mit dem Stein und mit dem Baum.
10 ၁၀ ဤ​သို့​သော​အ​မှု​တို့​ကို​ပြု​ပြီး​နောက် ဣ​သ ရေ​လ​၏​ညီ​မ​သစ္စာ​ဖောက်​ယု​ဒ​သည်​ငါ့​ထံ သို့​ပြန်​၍​လာ​၏။ စိတ်​လုံး​ဝ​ပါ​၍​မ​ဟုတ်။ ဟန်​ဆောင်​၍​သာ​လျှင်​လာ​ခြင်း​ဖြစ်​၏။ ဤ ကား​ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​သည့် စ​ကား​ပင်​တည်း'' ဟု​မိန့်​တော်​မူ​၏။
Trotz alldem kehrte ihre ungetreue Schwester Juda in Heuchelei zu mir zurück und nicht von ganzem Herzen." - Ein Spruch des Herrn.
11 ၁၁ ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​က​ငါ့​အား``ဣ​သ ရေ​လ​သည်​ငါ့​ထံ​မှ​မျက်​နှာ​လွှဲ​၍​သွား သော်​လည်း သစ္စာ​ဖောက်​ယု​ဒ​လောက်​မ​ဆိုး'' ဟု မိန့်​ကြား​တော်​မူ​၏။-
Nun spricht der Herr zu mir: "Unschuldig ist ja Israel, die Abgekehrte, verglichen mit der Ungetreuen, Juda.
12 ၁၂ ကိုယ်​တော်​သည်​ငါ့​ကို​မြောက်​ပိုင်း​နိုင်​ငံ​သို့​စေ လွှတ်​၍​ထာ​ဝ​ရ​ဘု​ရား​က ``သစ္စာ​ဖောက်​ဣ​သ ရေ​လ၊ ငါ့​ထံ​သို့​ပြန်​လာ​လော့။ ငါ​သည်​က​ရု ဏာ​ထား​တော်​မူ​သည်​ဖြစ်​၍​သင့်​အား​အ​မျက် ထွက်​လိမ့်​မည်​မ​ဟုတ်။ ငါ​သည်​အ​စဉ်​အ​မြဲ အ​မျက်​ထွက်​လျက်​နေ​လိမ့်​မည်​မ​ဟုတ်​ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​၏။-
Auf! Ruf nach Norden diese Worte hin und sprich: 'Kehr um, du Abgefallene, Israel!' Ein Spruch des Herrn. 'Ich will auf euch nicht finster blicken, bin ich doch gütig.' Ein Spruch des Herrn. 'Ich grolle nicht auf ewig.
13 ၁၃ သင်​သည်​မိ​မိ​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​ကို ပုန်​ကန်​မိ​ကြောင်း​နှင့်​အ​ပြစ်​ရှိ ကြောင်း​ကို​သာ​လျှင်​ဝန်​ခံ​လော့။ စိမ်း​လန်း သည့်​သစ်​ပင်​ရှိ​သ​မျှ​အောက်​တွင် သင်​သည် လူ​မျိုး​ခြား​တို့​၏​ဘု​ရား​များ​အား​မြတ်​နိုး ခဲ့​ကြောင်း​ကို​ဝန်​ခံ​လော့။ ငါ့​စ​ကား​ကို​နား မ​ထောင်​မိ​ခဲ့​ကြောင်း​ကို​လည်း​ဝန်​ခံ​လော့။ ဤ​ကား​ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​သည့် စ​ကား​ဖြစ်​၏။
Erkenne doch nur deine Schuld, daß du vom Herren, deinem Gott, bist abgefallen, daß du mit deiner Liebe gegen Fremde freigebig gewesen unter jedem grünen Baum! Auf meine Stimme aber habt ihr nicht gehört.'" Ein Spruch des Herrn.
14 ၁၄ ထာ​ဝ​ရ​ဘု​ရား​က``အို သစ္စာ​ဖောက်​သည့်​လူ​မျိုး တို့၊ ပြန်​၍​လာ​ကြ​လော့။ ငါ​သည်​သင်​၏​ခင်​ပွန်း ဖြစ်​၏။ သင်​တို့​အား​မြို့​တစ်​မြို့​လျှင်​တစ်​ယောက် ကျ၊ သား​ချင်း​စု​တစ်​စု​လျှင်​နှစ်​ယောက်​ကျ ရွေး​ချယ်​၍ ဇိ​အုန်​တောင်​သို့​ပြန်​လည်​ခေါ်​ဆောင် မည်။-
"So kehrt zurück, ihr abgefall'nen Söhne!" Ein Spruch des Herrn. "Denn ich, ja ich bin euer Herr. Ich nehme euch, aus einer Stadt je einen, je zwei aus einem Hause, und bringe euch nach Sion hin.
15 ၁၅ ငါ့​စ​ကား​ကို​နား​ထောင်​သော​သိုး​ထိန်း​များ ကို​သင်​တို့​အား​ငါ​ပေး​မည်။ သူ​တို့​သည်​သင် တို့​ကို​ဉာဏ်​ပ​ညာ​နှင့်​လည်း​ကောင်း၊ အသိ ပ​ညာ​နှင့်​လည်း​ကောင်း​အုပ်​စိုး​ကြ​လိမ့်​မည်။-
Nach meinem Herzen gebe ich euch Hirten, die euch mit Einsicht und mit Klugheit weiden.
16 ၁၆ ထို​နောက်​သင်​တို့​သည်​ပြည်​တော်​တွင်​လူ​ဦး​ရေ တိုး​ပွား​များ​ပြား​သော​အ​ခါ လူ​တို့​သည်​ငါ ၏​ပ​ဋိ​ညာဉ်​သေတ္တာ​တော်​အ​ကြောင်း​ကို စဉ်း​စား ပြော​ဆို​သ​တိ​ရ​ကြ​တော့​မည်​မ​ဟုတ်။ ထို သေတ္တာ​တော်​ကို​လို​အပ်​ကြ​တော့​မည်​မ​ဟုတ်။ အ​ခြား​သေတ္တာ​တော်​ကို​လည်း​ပြု​လုပ်​ကြ လိမ့်​မည်​မ​ဟုတ်။-
Und habt ihr euch durch Fruchtbarkeit vermehrt im Land zu jenen Zeiten", ein Spruch des Herrn, "dann spricht man nicht mehr von des Herren Bundeslade. An sie denkt niemand mehr; kein Mensch erinnert sich an sie, vermißt sie nicht und fertigt niemals wieder eine an.
17 ၁၇ ထို​အ​ချိန်​ကာ​လ​ကျ​ရောက်​လာ​သော​အ​ခါ ယေ​ရု​ရှ​လင်​မြို့​သည်`ထာ​ဝ​ရ​ဘု​ရား​၏​ရာ​ဇ ပလ္လင်​တော်' ဟု​ခေါ်​ဝေါ်​သ​မုတ်​ခြင်း​ကို​ခံ​ရ လိမ့်​မည်။ လူ​မျိုး​တ​ကာ​တို့​သည်​လည်း ထို​မြို့ တွင်​စု​ရုံး​၍ ငါ​၏​နာ​မ​တော်​ကို​ဂုဏ်​ပြု​ကြ လိမ့်​မည်။ သူ​တို့​သည်​မိ​မိ​တို့​၏​ဆိုး​ညစ်​ခက် မာ​သည့်​စိတ်​အ​လို​ကို​လိုက်​၍​ပြု​ကျင့်​ကြ တော့​မည်​မ​ဟုတ်။-
In jener Zeit nennt man Jerusalem den Thron des Herrn, und dorthin kommen alle Heidenvölker in Scharen zu des Herren Namen nach Jerusalem. Sie folgen nimmermehr dem Trotze ihres argen Herzens.
18 ၁၈ ဣ​သ​ရေ​လ​သည်​ယု​ဒ​နှင့်​ပေါင်း​၍​လူ​တို့ နှင့်​အ​တူ​မြောက်​အ​ရပ်​မှ သင်​တို့​ဘိုး​ဘေး များ​အား​ငါ​အ​ပိုင်​ပေး​အပ်​ခဲ့​သည့်​ပြည် သို့​လာ​ရောက်​ကြ​လိမ့်​မည်'' ဟု​ပြော​ကြား စေ​တော်​မူ​၏။
In jenen Tagen einen die vom Judahause sich mit dem Hause Israel und kommen miteinander aus dem Land des Nordens in das Land, das ich zum Eigentum an eure Väter gab.
19 ၁၉ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ သင့်​အား​သား​အ​ဖြစ်​လက်​ခံ​၍ ပျော်​မွေ့​ဖွယ်​ကောင်း​သော​ပြည်၊ ကမ္ဘာ​ပေါ်​တွင်​အ​သာ​ယာ​ဆုံး​သော​ပြည်​ကို ပေး​အပ်​ရန်​ငါ​အ​လို​ရှိ​ခဲ့​၏။ သင်​သည်​ငါ့​အား​အ​ဖ​ဟု​ခေါ်​၍​အ​ဘယ်​အ​ခါ ၌​မျှ ငါ့​အား​ကျော​မ​ခိုင်း​ဘဲ​နေ​ရန်၊ငါ​အ​လို​ရှိ​ခဲ့​၏။
Ich dachte, wie ich dich als ein Kind behandelte und dir ein lieblich Land verlieh, den herrlichsten Besitz der Heiden. Ich dachte: 'Mein Vater' wirst du zu mir sagen und wirst mich nicht verlassen.
20 ၂၀ သို့​ရာ​တွင် အို ဣ​သ​ရေ​လ၊ သင်​သည်​ဖောက်​ပြန် သည့် ဇ​နီး​ကဲ့​သို့​ငါ့​အား​သစ္စာ​ဖောက်​လေ​ပြီ။ ဤ​ကား​ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​သည့် စကား​ဖြစ်​၏''
Doch wie ein Weib dem Mann die Treue brechen kann, so habt auch ihr, vom Hause Israel, die Treue mir gebrochen." Ein Spruch des Herrn.
21 ၂၁ တောင်​ထိပ်​များ​ပေါ်​တွင်​အ​သံ​တစ်​ခု​ကို ကြား​ရ​ကြ​၏။ ထို​အ​သံ​ကား​ဣ​သ​ရေ​လ​ပြည်​သား​တို့​သည် အ​ပြစ်​ဒု​စ​ရိုက်​တွင်​ကျင်​လည်​ကာ၊ မိ​မိ​တို့​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အား မေ့​လျော့​ခဲ့​ကြ​သ​ဖြင့်၊ ငို​ကြွေး​လျက်​ပန်​ကြား​လျှောက်​ထား​ကြ​သည့် အ​သံ​ပင်​ဖြစ်​၏။
Horch! Von den Hügeln hernieder kann man bei den Söhnen Israels sie weinen hören, klagen, daß krumme Pfade sie gewandelt, und daß des Herren, ihres Gottes, sie vergessen haben.
22 ၂၂ သစ္စာ​မ​ရှိ​သူ​အ​ပေါင်း​တို့၊ပြန်​လာ​ကြ​လော့။ ကိုယ်​တော်​သည်​သင်​တို့​ဖောက်​ပြန်​မှု​ကို ကု​စား​တော်​မူ​မည် သင်​တို့​က``ဟုတ်​ကဲ့​ပါ။ ကိုယ်​တော်​သည်​အ​ကျွန်ုပ် တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော် မူ​သ​ဖြင့် အ​ထံ​တော်​သို့​အ​ကျွန်ုပ်​တို့​လာ​ပါ မည်။-
"Kehrt um, ihr abgefallenen Söhne! Ich will die Strafe eures Abfalls euch erlassen." - "Da sind wir, sind zu Dir gekommen; denn Du, der Herr, bist unser Gott.
23 ၂၃ တောင်​ထိပ်​များ​အ​ပေါ်​၌​ဝတ်​ပြု​ကိုး​ကွယ် ခြင်း​အား​ဖြင့် အ​ကျွန်ုပ်​တို့​အ​ကူ​အ​ညီ​မ​ရ ပါ။ ဣ​သ​ရေ​လ​အ​တွက်​အ​ကူ​အ​ညီ​ကို အ​ကျွန်ုပ်​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ထံ​တော်​၌​သာ​လျှင်​ရ​ရှိ​နိုင်​ပါ​၏။-
Vergebens ist von Hügeln, von Bergen Segen zu erwarten. Nur bei dem Herren, unserm Gott, ist Heil für Israel.
24 ၂၄ သို့​ရာ​တွင်​အ​ကျွန်ုပ်​တို့​သည်​ငယ်​စဉ်​ထဲ​က ရှက်​ဖွယ်​ကောင်း​သည့်​ဘု​ရား​များ​ကို​ဝတ်​ပြု ကိုး​ကွယ်​ကြ​သ​ဖြင့် ရှေး​ကာ​လ​မှ​စ​၍​ဘိုး ဘေး​များ​လုပ်​ကိုင်​စု​ဆောင်း​ထား​ခဲ့​သည်​သိုး အုပ်၊ နွား​အုပ်၊ သား​သ​မီး၊ ရှိ​ရှိ​သ​မျှ​သော အ​ရာ​တို့​ကို​ဆုံး​ရှုံး​ရ​ကြ​လေ​ပြီ။-
Gefressen hat die Schande das Vermögen unsrer Väter von unsrer Jugend an; wie ihre Schafe, ihre Rinder, so ihre Söhne, ihre Töchter.
25 ၂၅ အ​ကျွန်ုပ်​တို့​သည်​အ​ရှက်​တွင်​လဲ​လျောင်း​ကာ အ​သ​ရေ​ပျက်​မှု​နှင့်​လွှမ်း​ခြုံ​၍​နေ​သင့်​ကြ ပါ​၏။ အ​ကျွန်ုပ်​တို့​ငယ်​စဉ်​အ​ချိန်​က​စ​၍ ယ​နေ့​ထိ​တိုင်​အောင် အ​ကျွန်ုပ်​တို့​နှင့်​ဘိုး​ဘေး များ​သည်​ကျွန်ုပ်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​အား​ပြစ်​မှား​ခဲ့​ကြ​ပါ​ပြီ။ ကိုယ်​တော် ၏​စ​ကား​ကို​လည်း​နား​မ​ထောင်​ခဲ့​ကြ​ပါ'' ဟု​ဆို​ကြ​၏။
Wir wollen uns in unsere Schande legen. Zudecken soll uns unsere Schmach! Wir haben ja am Herrn, an unserm Gott, gesündigt, wir selbst, wie unsre Väter auch, von unserer Jugend bis auf diesen Tag, und haben nicht gehorcht dem Wort des Herrn, unseres Gottes."

< ယေရမိ 3 >