< ယေရမိ 3 >
1 ၁ ထာဝရဘုရားက``အကယ်၍တစ်စုံတစ် ယောက်သည် မိမိ၏ဇနီးကိုကွာရှင်းလိုက် သောအခါ ထိုအမျိုးသမီးသည်သူ၏ထံ မှထွက်ခွာ၍အခြားအမျိုးသားတစ်ဦး နှင့်အိမ်ထောင်ပြု၏။ ထိုအခါပထမခင်ပွန်း သည်မိမိ၏ဇနီးဟောင်းကိုတစ်ဖန်ပြန်၍ မသိမ်းမယူအပ်။ ပြန်၍သိမ်းယူခဲ့သော်ထို တိုင်းပြည်သည်လုံးဝညစ်ညမ်း၍သွားပေ မည်။ သို့ရာတွင်အချင်းဣသရေလ၊ သင်သည် ချစ်သူအမြောက်အမြားထားပြီးမှ ယခု ငါ့ထံသို့ပြန်၍လာလိုသည်တကား။-
Naar en Mand forstøder sin Hustru, og hun gaar fra ham og ægter en anden, kan hun saa gaa tilbage til ham? Er slig en Kvinde ej sunket til Bunds i Vanære? Og du, som boled med mange Elskere, vil tilbage til mig! saa lyder det fra HERREN.
2 ၂ တောင်ထိပ်တို့ကိုမျှော်၍ကြည့်ကြလော့။ ပြည့် တန်ဆာကဲ့သို့ သင်မပြုမကျင့်ဘဲနေခဲ့သည့် အရပ်တစ်စုံတစ်ခုရှိသလော။ အာရပ်အမျိုး သားသည်တောကန္တာရတွင်လုယက်တိုက်ခိုက် ရန်စောင့်မျှော်နေသကဲ့သို့၊ သင်သည်လမ်းနံ ဘေးတို့တွင်ချစ်သူများကိုစောင့်မျှော်နေခဲ့ ၏။ သင်သည်မိမိတို့၏ဆိုးညစ်မှုနှင့်ပြည့် တန်ဆာအလုပ်ဖြင့်ဤပြည်ကိုညစ်ညမ်း စေလေပြီ။-
Se til de nøgne Høje: Hvor mon du ej lod dig skænde? Ved Vejene vogted du paa dem som Araber i Ørk. Du vanæred Landet baade ved din Utugt og Ondskab,
3 ၃ ဤအကြောင်းကြောင့်ငါသည်မိုးဦးကိုခေါင် စေ၍ မိုးနှောင်းကိုလည်းမရွာဘဲနေစေခြင်း ဖြစ်၏။ သင်သည်ပြည့်တန်ဆာအသွင်ကိုဆောင် လျက်ရှိ၏။ သင်၌အရှက်အကြောက်မရှိ တော့ပေ။
en Snare blev dine mange Elskere for dig. En Horkvindes Pande har du, trodser al Skam.
4 ၄ ``ယခုသင်ကငါ့အား`ကိုယ်တော်ရှင်သည် ကျွန် တော်မျိုး၏အဖဖြစ်တော်မူပါ၏။ ကလေး ဘဝမှစ၍ပင်ကျွန်တော်မျိုးတို့အားချစ် တော်မူခဲ့ပါ၏။-
Raabte du ikke nylig til mig: »Min Fader! Du er min Ungdoms Ven.
5 ၅ ကိုယ်တော်ရှင်သည်အစဉ်အမြဲအမျက် ထွက်၍နေတော်မူမည်မဟုတ်ပါ။ ကျွန်တော် မျိုးအားထာဝစဉ်အမျက်တော်ရှ၍နေ တော်မူမည်မဟုတ်ပါဟုဆို၏။ အို ဣသ ရေလ၊ သင်သည်ဤသို့ပြောဆိုပြီးနောက် မိမိပြုနိုင်သမျှမကောင်းမှုတို့ကိုပြု၏'' ဟုမိန့်တော်မူ၏။
Vil han evigt gemme paa Vrede, bære Nag for stedse?« Se, saaledes taler du, men øver det onde til Gavns.
6 ၆ ယောရှိမင်းလက်ထက်၌ ထာဝရဘုရားက ငါ့ကို``ထိုသစ္စာမဲ့သည့်အမျိုးသမီးဣသ ရေလသည် ငါ့အားမည်သို့စွန့်ပစ်၍သွား သည်ကိုသင်မြင်ပြီလော။ သူသည်တောင်မြင့် မှန်သမျှအပေါ်တွင်လည်းကောင်း၊ စိမ်းလန်း သည့်သစ်ပင်ရှိသမျှအောက်တွင်လည်း ကောင်း ပြည့်တန်ဆာအလုပ်ကိုလုပ်၏။-
HERREN sagde til mig i Kong Josias's Dage: Saa du, hvad den troløse Kvinde Israel gjorde? Hun gik op paa ethvert højt Bjerg og hen under ethvert grønt Træ og bolede.
7 ၇ ဤသို့ပြုပြီးနောက်သူသည်ငါ့ထံသို့ပြန် လာလိမ့်မည်ဟုငါထင်မှတ်ခဲ့၏။ သို့ရာတွင် သူသည်ပြန်၍မလာ၊ ယင်းသို့မလာကြောင်း ကိုသူ၏ညီမ၊ သစ္စာဖောက်ယုဒမြင်လေ၏။-
Jeg tænkte, at hun efter at have gjort alt det vilde vende om til mig; men hun vendte ikke om. Det saa hendes svigefulde Søster Juda;
8 ၈ ဣသရေလသည်ငါကိုစွန့်ခွာ၍ပြည့်တန်ဆာ လုပ်လျက်နေသဖြင့် သူ့အားငါကွာရှင်းနှင် ထုတ်လိုက်လေသည်။ သို့ရာတွင်ဣသရေလ ၏ညီမသစ္စာဖောက်ယုဒသည်မကြောက်ရွံ့ ဘဲ မိမိကိုယ်တိုင်ပင်ပြည့်တန်ဆာလုပ်ကာ၊-
hun saa, at jeg forstødte den troløse Kvinde Israel for al hendes Hors Skyld, og at jeg gav hende Skilsmissebrev; den svigefulde Søster Juda frygtede dog ikke, men gik ogsaa hen og bolede.
9 ၉ ဣသရေလ၏အကျင့်ပျက်မှုသည် မိမိနှင့် မဆိုင်သကဲ့သို့တိုင်းပြည်ကိုညစ်ညမ်းစေ လေသည်။ သူသည်ကျောက်တုံးများ၊ သစ်ပင် များကိုဝတ်ပြုကိုးကွယ်ခြင်းအားဖြင့်မှား ယွင်းလေ၏။-
Ved sin letsindige Bolen vanærede hun Landet og horede med Sten og Træ.
10 ၁၀ ဤသို့သောအမှုတို့ကိုပြုပြီးနောက် ဣသ ရေလ၏ညီမသစ္စာဖောက်ယုဒသည်ငါ့ထံ သို့ပြန်၍လာ၏။ စိတ်လုံးဝပါ၍မဟုတ်။ ဟန်ဆောင်၍သာလျှင်လာခြင်းဖြစ်၏။ ဤ ကားငါထာဝရဘုရားမြွက်ဟသည့် စကားပင်တည်း'' ဟုမိန့်တော်မူ၏။
Og alligevel vendte den svigefulde Søster Juda ikke om til mig af hele sit Hjerte, men kun paa Skrømt, lyder det fra HERREN.
11 ၁၁ ထိုနောက်ထာဝရဘုရားကငါ့အား``ဣသ ရေလသည်ငါ့ထံမှမျက်နှာလွှဲ၍သွား သော်လည်း သစ္စာဖောက်ယုဒလောက်မဆိုး'' ဟု မိန့်ကြားတော်မူ၏။-
Og HERREN sagde til mig: Det troløse Israels Sag staar bedre end det svigefulde Judas.
12 ၁၂ ကိုယ်တော်သည်ငါ့ကိုမြောက်ပိုင်းနိုင်ငံသို့စေ လွှတ်၍ထာဝရဘုရားက ``သစ္စာဖောက်ဣသ ရေလ၊ ငါ့ထံသို့ပြန်လာလော့။ ငါသည်ကရု ဏာထားတော်မူသည်ဖြစ်၍သင့်အားအမျက် ထွက်လိမ့်မည်မဟုတ်။ ငါသည်အစဉ်အမြဲ အမျက်ထွက်လျက်နေလိမ့်မည်မဟုတ်ဟု ထာဝရဘုရားမိန့်တော်မူ၏။-
Gaa hen og udraab disse Ord mod Nord: Omvend dig, troløse Israel, lyder det fra HERREN; jeg vil ikke vredes paa eder, thi naadig er jeg, lyder det fra HERREN; jeg gemmer ej evigt paa Vrede;
13 ၁၃ သင်သည်မိမိ၏ဘုရားသခင်ထာဝရ ဘုရားကို ပုန်ကန်မိကြောင်းနှင့်အပြစ်ရှိ ကြောင်းကိုသာလျှင်ဝန်ခံလော့။ စိမ်းလန်း သည့်သစ်ပင်ရှိသမျှအောက်တွင် သင်သည် လူမျိုးခြားတို့၏ဘုရားများအားမြတ်နိုး ခဲ့ကြောင်းကိုဝန်ခံလော့။ ငါ့စကားကိုနား မထောင်မိခဲ့ကြောင်းကိုလည်းဝန်ခံလော့။ ဤကားငါထာဝရဘုရားမြွက်ဟသည့် စကားဖြစ်၏။
men vedgaa din Uret, at du forbrød dig mod HERREN din Gud; for de fremmedes Skyld løb du hid og did under hvert grønt Træ og hørte ikke min Røst, saa lyder det fra HERREN.
14 ၁၄ ထာဝရဘုရားက``အို သစ္စာဖောက်သည့်လူမျိုး တို့၊ ပြန်၍လာကြလော့။ ငါသည်သင်၏ခင်ပွန်း ဖြစ်၏။ သင်တို့အားမြို့တစ်မြို့လျှင်တစ်ယောက် ကျ၊ သားချင်းစုတစ်စုလျှင်နှစ်ယောက်ကျ ရွေးချယ်၍ ဇိအုန်တောင်သို့ပြန်လည်ခေါ်ဆောင် မည်။-
Vend om, I frafaldne Sønner, lyder det fra HERREN; thi jeg er eders Herre; jeg tager eder, een fra en By og en fra en Slægt og bringer eder til Zion,
15 ၁၅ ငါ့စကားကိုနားထောင်သောသိုးထိန်းများ ကိုသင်တို့အားငါပေးမည်။ သူတို့သည်သင် တို့ကိုဉာဏ်ပညာနှင့်လည်းကောင်း၊ အသိ ပညာနှင့်လည်းကောင်းအုပ်စိုးကြလိမ့်မည်။-
og jeg giver eder Hyrder efter mit Sind, og de skal vogte eder med Indsigt og Kløgt.
16 ၁၆ ထိုနောက်သင်တို့သည်ပြည်တော်တွင်လူဦးရေ တိုးပွားများပြားသောအခါ လူတို့သည်ငါ ၏ပဋိညာဉ်သေတ္တာတော်အကြောင်းကို စဉ်းစား ပြောဆိုသတိရကြတော့မည်မဟုတ်။ ထို သေတ္တာတော်ကိုလိုအပ်ကြတော့မည်မဟုတ်။ အခြားသေတ္တာတော်ကိုလည်းပြုလုပ်ကြ လိမ့်မည်မဟုတ်။-
Og naar I bliver mangfoldige og frugtbare i Landet i hine Dage, lyder det fra HERREN, skal de ikke mere tale om HERRENS Pagts Ark, og Tanken om den skal ikke mere opkomme i noget Hjerte; de skal ikke mere komme den i Hu eller savne den, og en ny skal ikke laves.
17 ၁၇ ထိုအချိန်ကာလကျရောက်လာသောအခါ ယေရုရှလင်မြို့သည်`ထာဝရဘုရား၏ရာဇ ပလ္လင်တော်' ဟုခေါ်ဝေါ်သမုတ်ခြင်းကိုခံရ လိမ့်မည်။ လူမျိုးတကာတို့သည်လည်း ထိုမြို့ တွင်စုရုံး၍ ငါ၏နာမတော်ကိုဂုဏ်ပြုကြ လိမ့်မည်။ သူတို့သည်မိမိတို့၏ဆိုးညစ်ခက် မာသည့်စိတ်အလိုကိုလိုက်၍ပြုကျင့်ကြ တော့မည်မဟုတ်။-
Paa hin Tid skal man kalde Jerusalem HERRENS Trone, og der, til HERRENS Navn i Jerusalem, skal alle Folk strømme sammen, og de skal ikke mere følge deres onde Hjertes Stivsind.
18 ၁၈ ဣသရေလသည်ယုဒနှင့်ပေါင်း၍လူတို့ နှင့်အတူမြောက်အရပ်မှ သင်တို့ဘိုးဘေး များအားငါအပိုင်ပေးအပ်ခဲ့သည့်ပြည် သို့လာရောက်ကြလိမ့်မည်'' ဟုပြောကြား စေတော်မူ၏။
I hine Dage skal Judas Hus vandre til Israels Hus, og samlet skal de drage fra Nordens Land til det Land, jeg gav deres Fædre i Eje.
19 ၁၉ ထာဝရဘုရားမိန့်တော်မူသည်ကား၊ သင့်အားသားအဖြစ်လက်ခံ၍ ပျော်မွေ့ဖွယ်ကောင်းသောပြည်၊ ကမ္ဘာပေါ်တွင်အသာယာဆုံးသောပြည်ကို ပေးအပ်ရန်ငါအလိုရှိခဲ့၏။ သင်သည်ငါ့အားအဖဟုခေါ်၍အဘယ်အခါ ၌မျှ ငါ့အားကျောမခိုင်းဘဲနေရန်၊ငါအလိုရှိခဲ့၏။
Og jeg, jeg sagde til dig: »Blandt Sønnerne sætter jeg dig, jeg giver dig et yndigt Land, Folkenes herligste Arvelod.« Jeg sagde: »Kald mig din Fader, vend dig ej fra mig!«
20 ၂၀ သို့ရာတွင် အို ဣသရေလ၊ သင်သည်ဖောက်ပြန် သည့် ဇနီးကဲ့သို့ငါ့အားသစ္စာဖောက်လေပြီ။ ဤကားငါထာဝရဘုရားမြွက်ဟသည့် စကားဖြစ်၏''
Men som en Kvinde sviger sin Ven, saa sveg du mig, Israels Hus, saa lyder det fra HERREN.
21 ၂၁ တောင်ထိပ်များပေါ်တွင်အသံတစ်ခုကို ကြားရကြ၏။ ထိုအသံကားဣသရေလပြည်သားတို့သည် အပြစ်ဒုစရိုက်တွင်ကျင်လည်ကာ၊ မိမိတို့ဘုရားသခင်ထာဝရဘုရားအား မေ့လျော့ခဲ့ကြသဖြင့်၊ ငိုကြွေးလျက်ပန်ကြားလျှောက်ထားကြသည့် အသံပင်ဖြစ်၏။
Hør, der lyder Graad paa de nøgne Høje, Tryglen af Israels Børn, fordi de vandrede Krogveje, glemte HERREN deres Gud.
22 ၂၂ သစ္စာမရှိသူအပေါင်းတို့၊ပြန်လာကြလော့။ ကိုယ်တော်သည်သင်တို့ဖောက်ပြန်မှုကို ကုစားတော်မူမည် သင်တို့က``ဟုတ်ကဲ့ပါ။ ကိုယ်တော်သည်အကျွန်ုပ် တို့၏ဘုရားသခင်ထာဝရဘုရားဖြစ်တော် မူသဖြင့် အထံတော်သို့အကျွန်ုပ်တို့လာပါ မည်။-
Vend om, I frafaldne Sønner, jeg læger eders Frafald. Se, vi kommer til dig, thi du er HERREN vor Gud.
23 ၂၃ တောင်ထိပ်များအပေါ်၌ဝတ်ပြုကိုးကွယ် ခြင်းအားဖြင့် အကျွန်ုပ်တို့အကူအညီမရ ပါ။ ဣသရေလအတွက်အကူအညီကို အကျွန်ုပ်ဘုရားသခင်ထာဝရဘုရား ထံတော်၌သာလျှင်ရရှိနိုင်ပါ၏။-
Visselig, Blændværk var Højene, Bjergenes Larm; visselig, hos HERREN vor Gud er Israels Frelse.
24 ၂၄ သို့ရာတွင်အကျွန်ုပ်တို့သည်ငယ်စဉ်ထဲက ရှက်ဖွယ်ကောင်းသည့်ဘုရားများကိုဝတ်ပြု ကိုးကွယ်ကြသဖြင့် ရှေးကာလမှစ၍ဘိုး ဘေးများလုပ်ကိုင်စုဆောင်းထားခဲ့သည်သိုး အုပ်၊ နွားအုပ်၊ သားသမီး၊ ရှိရှိသမျှသော အရာတို့ကိုဆုံးရှုံးရကြလေပြီ။-
Skændselen aad fra vor Ungdom vore Fædres Gods, deres Smaakvæg og Hornkvæg, Sønner og Døtre.
25 ၂၅ အကျွန်ုပ်တို့သည်အရှက်တွင်လဲလျောင်းကာ အသရေပျက်မှုနှင့်လွှမ်းခြုံ၍နေသင့်ကြ ပါ၏။ အကျွန်ုပ်တို့ငယ်စဉ်အချိန်ကစ၍ ယနေ့ထိတိုင်အောင် အကျွန်ုပ်တို့နှင့်ဘိုးဘေး များသည်ကျွန်ုပ်တို့၏ဘုရားသခင်ထာဝရ ဘုရားအားပြစ်မှားခဲ့ကြပါပြီ။ ကိုယ်တော် ၏စကားကိုလည်းနားမထောင်ခဲ့ကြပါ'' ဟုဆိုကြ၏။
Vi lægger os ned i vor Skændsel, vor Skam er vort Tæppe, thi mod HERREN vor Gud har vi syndet, vi og vore Fædre fra Ungdommen af til i Dag; vi hørte ikke paa HERREN vor Guds Røst.