< ယေရမိ 29 >

1 ငါ​သည်​ယေ​ရု​ရှ​လင်​မြို့​မှ​သုံ့​ပန်း​များ​အ​ဖြစ် ဗာ​ဗု​လုန်​မြို့​သို့​နေ​ဗု​ခဒ်​နေ​ဇာ​ဖမ်း​ဆီး​ခေါ် ဆောင်​သွား​သည့်​ခေါင်း​ဆောင်​များ၊ ယဇ်​ပု​ရော ဟိတ်​များ​နှင့်​ပြည်​သူ​အ​ပေါင်း​တို့​ထံ​သို့ စာ​တစ်​စောင်​ပေး​ပို့​လိုက်​၏။-
ရှင်ဘုရင် ယေခေါနိ နှင့်တကွ မိဖုရား အစ ရှိသောမိန်းမစိုး များ၊ ယုဒ ပြည် ယေရုရှလင် မြို့ မှူး တော်မတ်တော်များ၊ လက်သမား ၊ ပန်းပဲသမား များတို့သည် ယေရုရှလင် မြို့မှ သွား သောနောက် ၊
2 ငါ​သည်​ယေ​ခေါ​နိ​မင်း၊ ထို​မင်း​၏​မယ်​တော်၊ နန်း​တွင်း​အ​ရာ​ရှိ​များ၊ ယု​ဒ​ပြည်​နှင့်​ယေ​ရု ရှ​လင်​မြို့​မှ​ခေါင်း​ဆောင်​များ၊ အ​တတ်​ပ​ညာ သည်​များ​နှင့်​လုပ်​ရည်​ကိုင်​ရည်​ရှိ​သူ​အ​လုပ် သ​မား​များ​သိမ်း​သွား​ခြင်း​ကို​ခံ​ရ​သည့် နောက် ထို​စာ​ကို​ရေး​သား​လေ​သည်။-
ယုဒ ရှင်ဘုရင် ဇေဒကိ သည် ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာ ထံ ၊ ဗာဗုလုန် မြို့သို့စေလွှတ် သော ရှာဖန် သား ဧလာသာ နှင့် ဟိလခိ သား ဂေမရိ တွင်၊ ပရောဖက် ယေရမိ သည်စာရေး၍
3 ငါ​သည်​စာ​ကို​ယု​ဒ​ဘု​ရင်​ဇေ​ဒ​ကိ​က နေ​ဗု​ခဒ်​နေ​ဇာ​ထံ​စေ​လွှတ်​သော ရှာ​ဖန်​၏​သား ဧ​လာ​သာ​နှင့်​ဟိ​လ​ခိ​၏​သား​ဂေ​မ​ရိ​တို့ အား​ဖြင့်​ပေး​ပို့​လိုက်​၏။ စာ​တွင်၊
ယေရုရှလင် မြို့မှ ဗာဗုလုန် မြို့သို့ နေဗုခဒ်နေဇာ သိမ်းသွား ခြင်းကိုခံရသော အသက်ကြီး သူ၊ ယဇ်ပုရောဟိတ် ၊ ပရောဖက် ၊ ဆင်းရဲသားကျန်ကြွင်းသမျှတို့နေရာသို့ ယေရုရှလင် မြို့မှ ပေးလိုက် သော စာဟူမူကား၊
4 ``ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သခင်၊ အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည်​ယေရု ရှ​လင်​မြို့​မှ ဗာ​ဗု​လုန်​မြို့​သို့​မိ​မိ​ပြည်​နှင် ဒဏ်​ပေး​လိုက်​သည့်​လူ​အ​ပေါင်း​တို့​အား၊-
ဣသရေလ အမျိုး၏ ဘုရား သခင်၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား သည် ယေရုရှလင် မြို့မှ ဗာဗုလုန် မြို့သို့ သိမ်း သွားစေတော်မူသော သူအပေါင်း တို့ အား မိန့် တော်မူသည်ကား ၊
5 `သင်​တို့​အိမ်​ရာ​ဆောက်​လုပ်​၍​အ​တည်​တ​ကျ နေ​ထိုင်​ကြ​လော့။ ဥ​ယျာဉ်​များ​ကို​စိုက်​ပျိုး​၍ ရ​ရှိ​သည့်​အ​သီး​အ​နှံ​များ​ကို​စား​ကြ​လော့။-
အိမ် တို့ကိုဆောက် ၍ နေရာချ ကြလော့။
6 အိမ်​ထောင်​သား​မွေး​မှု​တို့​ကို​ပြု​စေ​ကြ​လော့။ သင်​တို့​၏​သား​သ​မီး​တို့​အား​သား​သ​မီး​မွေး ဖွား​စေ​ရန်​အိမ်​ထောင်​ပြု​စေ​ကြ​လော့။ သင်​တို့ တွင်​လူ​ဦး​ရေ​တိုး​ပွား​စေ​ရ​မည်။ မ​ဆုတ်​ယုတ် စေ​ရ။-
ဥယျာဉ် တို့ကို စိုက်ပျိုး ၍ အသီး ကို စား ကြလော့။ သင်တို့သည် ထို ပြည်၌ ခေါင်းပါး ခြင်းမ ရှိ၊ တိုးပွား များပြားမည်အကြောင်း၊ မယား နှင့်နေ ၍ သား သမီး ကို ဘွားမြင် ကြလော့။ သား သမီး တို့ကိုလည်း၊ အချင်းချင်းတယောက်ကိုတယောက်ပေးစား ၍၊ တဖန် သား သမီး ကို ဘွားမြင် စေကြလော့။
7 သင်​တို့​အား​သုံ့​ပန်း​များ​အ​ဖြစ်​ငါ​ပို့​ဆောင် လိုက်​သည့်​မြို့​ကို​ကောင်း​ကျိုး​ပြု​ကြ​လော့။ ထို မြို့​ကောင်း​စား​လျှင်​သင်​တို့​လည်း​ကောင်း​စား မည်​ဖြစ်​၍ ထို​မြို့​အ​တွက်​ငါ​၏​ထံ​သို့​ဆု တောင်း​ပတ္ထ​နာ​ပြု​ကြ​လော့။-
ငါသည် သင် တို့ကို သိမ်း သွားစေသော မြို့ သည်လည်း ၊ ငြိမ်သက် ခြင်းရှိမည်အကြောင်းကို ပြုစု ၍၊ ထို မြို့အဘို့ အလိုငှာ၊ ထာဝရဘုရား အား မေတ္တာ ပို့ကြလော့။ ထိုမြို့ ၏ငြိမ်သက် ခြင်းအားဖြင့် ၊ သင် တို့သည်လည်း ငြိမ်သက် ခြင်းရှိ ကြလိမ့်မည်။
8 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သခင် အ​နန္တ​တန်​ခိုး​ရှင် ငါ​ထာ​ဝ​ရ​ဘု​ရား​သ​တိ ပေး​တော်​မူ​၏။ သင်​တို့​သည်​မိ​မိ​တို့​အ​ထဲ​မှ ပ​ရော​ဖက်​များ၊ အ​ခြား​အ​နာ​ဂတ်​ဟော​သည့် ဆ​ရာ​များ​၏​လိမ်​လည်​လှည့်​စား​မှု​ကို​မ​ခံ ကြ​နှင့်။ သူ​တို့​၏​အိပ်​မက်​များ​ကို​လည်း​မည် သို့​မျှ​ပ​မာ​ဏ​မ​ပြု​ကြ​နှင့်။-
ဣသရေလ အမျိုး၏ဘုရား သခင်၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ သင် တို့တွင် ရှိ သော ပရောဖက် ဆရာ၊ အနာဂတ် ဆရာတို့သည် သင် တို့ကို မ လှည့်စား ကြစေနှင့်။ သင် တို့မြင် စေသော အိပ်မက် တို့ကို လည်း မ ယုံ မမှတ်ကြနှင့်။
9 သူ​တို့​သည်​ငါ​၏​နာ​မ​ကို​အ​မှီ​ပြု​၍​မု​သား စ​ကား​ကို​ပြော​ဆို​နေ​ကြ​၏။ သူ​တို့​အား​ငါ မ​စေ​လွှတ်​ခဲ့။ ဤ​ကား​ငါ​ထာ​ဝ​ရ​ဘု​ရား မြွက်​ဟ​သည့်​စ​ကား​ဖြစ်​၏' ဟု​မိန့်​တော်​မူ​၏။
တဖန်မိန့်တော်မူသည်ကား၊ ထိုဆရာ တို့သည် ငါစေလွှတ် သောသူမဟုတ် ဘဲ၊ ငါ့ နာမ ကို အမှီပြု ၍ မုသာ စကား ကို ဟော ပြောတတ်ကြ၏။
10 ၁၀ ``ထာ​ဝ​ရ​ဘု​ရား​က`ဗာ​ဗု​လုန်​မြို့​၏​သက်​တမ်း အ​နှစ်​ခု​နစ်​ဆယ်​စေ့​သော​အ​ခါ ငါ​သည်​သင် တို့​အား​ပြန်​လည်​ကြည့်​ရှု​မည်။ ငါ​၏​က​တိ​တော် ရှိ​သည့်​အ​တိုင်း​သင်​တို့​၏​ပြည်​သို့​ပြန်​လည် ပို့​ဆောင်​မည်။-
၁၀တဖန်မိန့် တော်မူသည်ကား ၊ ဗာဗုလုန် မြို့၌ အနှစ် ခုနစ်ဆယ် စေ့ သောအခါ၊ သင် တို့ကို ငါအကြည့်အရှု ကြွ လာမည်။ ငါ ထားသော ဂတိ ကောင်း ကိုတည် စေ၍၊ သင် တို့ကို ဤ ပြည် သို့ ငါပို့ဆောင် ဦးမည်။
11 ၁၁ သင်​တို့​အ​တွက်​ငါ​ပြု​လုပ်​ထား​သည့်​အ​ကြံ အ​စည်​များ​ကို​ငါ​သာ​လျှင်​သိ​၏။ ထို​အ​ကြံ အ​စည်​တို့​သည်​သင်​တို့​ကောင်း​စား​မှု၊ သင်​တို့ စောင့်​မျှော်​နေ​သည့်​အ​နာ​ဂတ်​ကို​ထုတ်​ဖော်​ပေး မှု​နှင့်​ဆိုင်​သော​အ​ကြံ​အ​စည်​များ​ဖြစ်​ပေ သည်။ သင်​တို့​အား​ဘေး​အန္တ​ရာယ်​ရောက်​စေ မည့်​အ​ကြံ​အ​စည်​များ​မ​ဟုတ်။-
၁၁တဖန်မိန့် တော်မူ သည်ကား၊ ငါ သည် သင် တို့ကိုအကျိုးနည်း စေခြင်းငှာ ကြံစည်သော အကြံမဟုတ် ဘဲ၊ သင်တို့သည် မြော်လင့် သော အကျိုးကိုရ မည်အကြောင်း ၊ ငြိမ်ဝပ် စေခြင်းငှာသာ၊ သင် တို့အဘို့ ကြံစည် သော အကြံ တို့ကို ငါ သိ ၏။
12 ၁၂ ထို​အ​ခါ​သင်​တို့​သည်​ငါ့​အား​ဟစ်​ခေါ်​ကြ လိမ့်​မည်။ ငါ့​ထံ​သို့​လာ​၍​ဆု​တောင်း​ပတ္ထ​နာ ပြု​ကြ​လိမ့်​မည်။ ငါ​သည်​လည်း​သင်​တို့​၏​ပန် ကြား​ချက်​ကို​နား​ညောင်း​မည်။-
၁၂တဖန် မိန့်တော်မူ သည်ကား၊ သင်တို့သည် ငါ့ ကိုခေါ် ၍ သွား လာကြလိမ့်မည်။ ဆုတောင်း သောအခါ သင် တို့စကားကို ငါနားထောင် မည်။
13 ၁၃ သင်​တို့​သည်​စိတ်​နှ​လုံး​အကြွင်း​မဲ့​နှင့်​ရှာ​မည် ဖြစ်​သ​ဖြင့် ငါ့​ကို​ရှာ​၍​တွေ့​ရှိ​ကြ​လိမ့်​မည်။-
၁၃ငါ့ ကိုရှာ သောအခါ စိတ်နှလုံး အကြွင်းမဲ့ နှင့် ရှာ လျှင် တွေ့ ကြလိမ့်မည်။
14 ၁၄ သင်​တို့​သည်​အ​မှန်​ပင်​ငါ့​ကို​တွေ့​ရှိ​ကြ​လိမ့် မည်​ဟူ​၍​လည်း​ကောင်း၊ ငါ​သည်​လည်း​သင်​တို့ အား​မိ​မိ​တို့​ပြည်​သို့​ပြန်​လည်​ပို့​ဆောင်​ပေး မည်​ဟူ​၍​လည်း​ကောင်း​ငါ​ဆို​၏။ ငါ​သည်​သင် တို့​အား​မိ​မိ​ကွဲ​လွင့်​စေ​ခဲ့​သည့်​နိုင်​ငံ​တ​ကာ အ​ရပ်​တ​ကာ​တို့​မှ​ပြန်​လည်​စု​သိမ်း​မည်။ ထို နောက်​သင်​တို့​အား​သုံ့​ပန်း​အ​ဖြစ်​ငါ​အ​ဖမ်း ခံ​စေ​ခဲ့​ရ​သည့်​ပြည်​သို့​ပြန်​လည်​ပို့​ဆောင် မည်။ ဤ​ကား​ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ သည့်​စ​ကား​ဖြစ်​၏' ဟူ​၍​လည်း​မိန့်​တော် မူ​၏။
၁၄ငါသည်လည်း၊ သင် တို့အတွေ့ ကိုခံ မည်။ အထက်က ငါနှင်ထုတ်၍ သင် တို့ခံရသောသိမ်းသွား ခြင်း အမှုကို ငါသည် ဖြေရှင်းခြင်းငှာ၊ တိုင်း နိုင်ငံအရပ်ရပ် တို့မှ သင် တို့ကို ငါစုသိမ်း ပြီးလျှင် ၊ အထက်က ငါနှင်ထုတ် ၍ သင် တို့ရှုံး သော ပြည် သို့ တဖန်ငါဆောင် ခဲ့ဦးမည်ဟုထာဝရဘုရား မိန့် တော်မူ၏။
15 ၁၅ ``သင်​တို့​ပြည်​သူ​များ​က​မိ​မိ​တို့​အ​ဖို့ ထာ​ဝ​ရ​ဘု​ရား​သည် ဗာ​ဗု​လုန်​မြို့​တွင် ပ​ရော​ဖက်​များ​ကို​ပေါ်​ထွန်း​စေ​တော်​မူ လေ​ပြီ​ဟု​ဆို​ကြ​၏။-
၁၅ဒါဝိဒ် ၏ ရာဇ ပလ္လင်ပေါ် မှာထိုင် သော ရှင်ဘုရင် မှစ၍ ၊ ဤ မြို့ ၌ နေ သောသူ အပေါင်း တည်းဟူသော၊ သင် တို့နှင့်အတူ သိမ်း သွားခြင်းကို မ ခံရသော သင် တို့ညီအစ်ကို များကိုရည်မှတ်၍၊
16 ၁၆ ဒါ​ဝိဒ်​၏​ရာ​ဇ​ပလ္လင်​တွင်​ထိုင်​သည့်​ဘု​ရင်​အား လည်း​ကောင်း၊ သင်​တို့​နှင့်​အ​တူ​သုံ့​ပန်း​များ အ​ဖြစ်​အ​ဖမ်း​မ​ခံ​ခဲ့​ရ​သော​သင်​တို့​၏ ဆွေ​မျိုး​ညာ​တိ​များ​ဖြစ်​သူ ဤ​မြို့​မှ​မြို့​သူ မြို့​သား​တို့​အား​လည်း​ကောင်း​ရည်​မှတ်​၍ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သော​စ​ကား​ကို နား​ထောင်​ကြ​လော့။-
၁၆ကောင်းကင် ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ သူ တို့အပေါ် မှာထား ဘေး၊ မွတ်သိပ် ခြင်း ဘေး၊ ကာလနာ ဘေးတို့ကို ငါ စေလွှတ် မည်။ မ စား နိုင်အောင် အလွန်ညံ့ သော သင်္ဘော သဖန်းသီးကဲ့သို့ ငါဖြစ် စေမည်။
17 ၁၇ အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​က`ငါ​သည် သူ​တို့​အ​ပေါ်​သို့​စစ်​ဘေး၊ ငတ်​မွတ်​ခေါင်း​ပါး ခြင်း​ဘေး​နှင့်​အ​နာ​ရော​ဂါ​ဘေး​တို့​ကို​သက် ရောက်​စေ​မည်။ သူ​တို့​အား​စား​၍​မ​ဖြစ်​အောင် ပုပ်​သည့်​သင်္ဘော​သ​ဖန်း​သီး​များ​ကဲ့​သို့​ဖြစ် စေ​မည်။-
၁၇သူတို့ကို ထား ဘေး၊ မွတ်သိပ် ခြင်းဘေး၊ ကာလနာ ဘေးဖြင့် ငါညှဉ်းဆဲ မည်။ ငါနှင် ရာအရပ်ရပ် တို့၌ လူ အမျိုးမျိုး တို့တွင် ၊ သူတို့သည် ကျိန်ဆဲ ရာ၊ အံ့ဩဘွယ်ရာ ၊ ကဲ့ရဲ့ သံကိုကြားရာ၊ အသရေ ရှုတ်ချရာဖြစ်မည် အကြောင်း ၊ မြေ ပေါ်မှာ တိုင်း နိုင်ငံရှိသမျှ တို့၏ နှောင့်ရှက် ခြင်းသို့ သူ တို့ကို ငါအပ် မည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
18 ၁၈ ငါ​သည်​စစ်​ဘေး၊ ငတ်​မွတ်​ခေါင်း​ပါး​ခြင်း​ဘေး နှင့်​အ​နာ​ရော​ဂါ​ဘေး​တို့​ကို​သက်​ရောက်​စေ မည်။ သူ​တို့​အား​နှိပ်​စက်​မည်။ ထို့​ကြောင့်​လူ​မျိုး တ​ကာ​တို့​သည်​သူ​တို့​ကို​မြင်​၍ ကြောက်​လန့် တုန်​လှုပ်​ကြ​လိမ့်​မည်။ သူ​တို့​အား​ငါ​ပျံ့​လွင့် စေ​သည့်​အ​ရပ်​မှန်​သ​မျှ​၌ သူ​တို့​သည်​ထို​သူ တို့​တွေ့​ကြုံ​ရ​သည့်​ဘေး​ဒုက္ခ​ကို​မြင်​၍​လန့် ဖျပ်​တုန်​လှုပ်​၍​သွား​ကြ​လိမ့်​မည်။ သူ​တို့​ကို လည်း​ပြက်​ရယ်​ပြု​လျက် သူ​တို့​အ​မည်​နာ​မ ကို​ကျိန်​ဆဲ​ရာ​တွင်​အ​သုံး​ပြု​ကြ​လိမ့်​မည်။-
၁၈အကြောင်းမူကား၊ ငါသည် စောစောထ ၍ ၊ အထပ်ထပ်မှာထားစေလွှတ် သော ငါ ၏ကျွန် ပရောဖက် တို့၏ စကား ကို သူတို့သည် နား မ ထောင်ကြဟု ထာဝရဘုရား မိန့် တော်မူ၏။
19 ၁၉ သူ​တို့​သည်​ငါ​၏​အ​စေ​ခံ​ပ​ရော​ဖက်​များ အား​ဖြင့် အ​ဖန်​ဖန်​အ​ထပ်​ထပ်​ငါ​ပေး​ပို့​ခဲ့ သည့်​ဗျာ​ဒိတ်​တော်​ကို​မ​လိုက်​နာ​ခဲ့​ကြ။ သို့ ဖြစ်​၍​ဤ​သို့​အ​မှု​ရောက်​ရ​ကြ​ပေ​လိမ့်​မည်။ သူ​တို့​သည်​ထို​ဗျာ​ဒိတ်​တော်​ကို​နား​ထောင် ရန်​ငြင်း​ဆန်​ခဲ့​ကြ​၏။ ဤ​ကား​ငါ​ထာ​ဝ​ရ ဘု​ရား​မြွက်​ဟ​သည့်​စ​ကား​ဖြစ်​၏။-
၁၉ထို့ကြောင့် သိမ်းသွားခြင်း ကို ခံရ၍၊ ယေရုရှလင် မြို့မှ ဗာဗုလုန် မြို့သို့ ငါစေလွှတ် သော သူအပေါင်း တို့၊ ထာဝရဘုရား ၏ စကား ကို နားထောင် ကြလော့ဟု မိန့်တော်မူ၏။
20 ၂၀ ယေ​ရု​ရှ​လင်​မြို့​မှ​ဗာ​ဗု​လုန်​မြို့​သို့​ငါ​ပြည် နှင်​ဒဏ်​ပေး​လိုက်​သည့်​လူ​အ​ပေါင်း​တို့၊ သင် တို့​သည်​ငါ​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည့် စကား​ကို​နား​ထောင်​ကြ​လော့' ဟူ​၍​မိန့်​တော် မူ​၏။
၂၀ထာဝရဘုရား သည် ငါတို့အဘို့ ပရောဖက်များ ကို ဗာဗုလုန်မြို့၌ ပေါ်ထွန်းစေတော်မူပြီဟု သင်တို့ဆိုကြသည်ဖြစ်၍၊
21 ၂၁ ``ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့ အား​ကိုယ်​တော်​၏​နာ​မ​တော်​ကို​အ​မှီ​ပြု​၍ လိမ်​လည်​ဟော​ပြော​နေ​သူ ကော​လာ​ယ​၏​သား အာ​ဟပ်​နှင့် မာ​သေ​ယ​၏​သား​ဇေ​ဒ​ကိ​တို့​ကို ရည်​မှတ်​၍​ဗျာ​ဒိတ်​ပေး​တော်​မူ​၏။ ကိုယ်​တော် က​မိ​မိ​သည်​ထို​သူ​တို့​အား​ဗာ​ဗု​လုန်​ဘု​ရင် နေ​ဗု​ခဒ်​နေ​ဇာ​၏​လက်​သို့​ပေး​အပ်​မည်​ဖြစ် ၍ ထို​ဘု​ရင်​သည်​လည်း​သူ​တို့​အား​သင်​တို့ ၏​မျက်​မှောက်​၌​ပင်​ကွပ်​မျက်​လိမ့်​မည်​ဟု မိန့်​တော်​မူ​လေ​ပြီ။-
၂၁ဣသရေလ အမျိုး၏ ဘုရား သခင်၊ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ငါ ၏နာမ ကို အမှီပြု ၍ သင် တို့အား မုသာစကား ကို ဟော ပြောသော၊ ကောလာယ သား အာဟပ် နှင့် မာသေယ သား ဇေဒကိ တို့ကို ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာ လက် သို့ ငါ အပ် ၍၊ ထိုမင်းသည် သူ တို့ကို သင် တို့မျက်မှောက် ၌ သတ် လိမ့်မည်။
22 ၂၂ ယေ​ရု​ရှ​လင်​မြို့​မှ​ဗာ​ဗု​လုန်​မြို့​သို့​ပြည်​နှင် ဒဏ်​သင့်​သူ​တို့​သည် လူ​တစ်​ဦး​တစ်​ယောက် အား​ကျိန်​ဆဲ​လို​လျှင်`ထာ​ဝ​ရ​ဘု​ရား​သည် သင့်​အား​ဗာ​ဗု​လုန်​ဘု​ရင်​က​အ​ရှင်​လတ်​လတ် မီး​ရှို့​သတ်​သည့်​ဇေ​ဒ​ကိ​နှင့်​အာ​ဟတ်​တို့​ကဲ့ သို့​ပြု​တော်​မူ​ပါ​စေ​သော' ဟု​ဆို​ကြ​လိမ့်​မည်။-
၂၂ဗာဗုလုန် မြို့သို့ သိမ်း သွားခြင်းကို ခံရသောယုဒ အမျိုးသားအပေါင်း တို့က၊ ဗာဗုလုန် ရှင် ဘုရင်သည် မီးရှို့ သော ဇေဒကိ နှင့် အာဟပ် ကဲ့သို့ ၊ ထာဝရဘုရား သည် သင့် ကို ဖြစ် စေတော်မူပါစေဟု ထိုသူ တို့ကို ပုံဆောင် ၍ ကျိန်ဆဲ ကြလိမ့်မည်။
23 ၂၃ ထို​သူ​တို့​၏​ကံ​ကြမ္မာ​သည်​ဤ​နည်း​အ​တိုင်း ပင်​ဖြစ်​ရ​ပေ​လိမ့်​မည်။ အ​ဘယ်​ကြောင့်​ဆို​သော် သူ​တို့​သည်​မိုက်​မဲ​စွာ​ပြု​ကျင့်​ကြ​သော​ကြောင့် ဖြစ်​၏။ သူ​တို့​သည်​သူ​တစ်​ပါး​၏​သား​မ​ယား ကို​ပြစ်​မှား​ကြ​လျက် ထာ​ဝ​ရ​ဘု​ရား​၏​နာ​မ တော်​ကို​အ​မှီ​ပြု​၍​လိမ်​လည်​ဟော​ပြော​ကြ​၏။ ဤ​အ​ပြု​အ​မူ​ကား​ထာ​ဝ​ရ​ဘု​ရား​၏ အ​လို​တော်​နှင့်​မ​ကိုက်​ညီ။ ကိုယ်​တော်​သည် သူ​တို့​ပြု​သည့်​အ​မှု​ကို​သိ​တော်​မူ​သည်​ဖြစ်​၍ ဒိ​ဌ​သက်​သေ​ဖြစ်​တော်​မူ​၏။ ဤ​ကား​ထာ​ဝ​ရ ဘု​ရား​မြွက်​ဟ​သည့်​စ​ကား​ဖြစ်​၏'' ဟူ​၍ ပါ​ရှိ​လေ​သည်။
၂၃အကြောင်း မူကား၊ သူတို့သည် ဣသရေလ အမျိုး၌ အဓမ္မ အမှုကို ပြု ကြပြီ။ သူ့ မယား တို့ကို ပြစ်မှား ကြပြီ။ ငါမ မှာ ထားဘဲ၊ ငါ ၏နာမ ကို အမှီ ပြု၍ မုသာ စကား ကို ဟော ပြောကြပြီ။ ငါ သိ သည်အတိုင်း သက်သေ ဖြစ်သည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
24 ၂၄ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် နေ​ဟေ​လံ ရွာ​သား​ရှေ​မာ​ယ​အား​ပြော​ကြား​ရန်​ငါ့​အား စေ​ခိုင်း​တော်​မူ​၏။ သူ​သည်​မိ​မိ​ကိုယ်​တိုင်​လက် မှတ်​ရေး​ထိုး​၍ ယေရု​ရှ​လင်​မြို့​သား​အ​ပေါင်း တို့​ထံ​သို့​စာ​ရေး​သား​ပေး​ပို့​ခဲ့​၏။ ယဇ်​ပု​ရော ဟိတ်​မာ​သေ​ယ​၏​သား​ဇေ​ဖ​နိ​နှင့်​အ​ခြား ယဇ်​ပု​ရော​ဟိတ်​များ​ထံ​သို့ ရှေ​မာ​ယ​ရေး သော​စာ​တွင်၊-
၂၄နဟေလံ ရွာသား ရှေမာယ ကို လည်း ပြော ရမည်မှာ
25 ၂၅
၂၅ဣသရေလ အမျိုး၏ ဘုရား သခင်၊ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား မိန့် တော်မူသည်ကား ၊ သင် သည် ငါ ၏နာမ ကို အမှီပြု ၍၊ ယဇ်ပုရောဟိတ် မာသေယ သား ဇေဖနိ အစ ရှိသော ယဇ် ပုရောဟိတ်များတို့နှင့် ယေရုရှလင် မြို့သား ရှိသမျှ တို့ကို စာ ပေး လိုက်၍၊
26 ၂၆ ``ထာ​ဝ​ရ​ဘု​ရား​သည်​သင့်​အား​ယော​ယ​ဒ နေ​ရာ​တွင် ယဇ်​ပု​ရော​ဟိတ်​အ​ဖြစ်​ခန့်​ထား​သည် ဖြစ်​၍ ယ​ခု​သင်​သည်​ဗိ​မာန်​တော်​အုပ်​ချုပ်​ရေး မှူး​ဖြစ်​၍​လာ​လေ​ပြီ။ ပ​ရော​ဖက်​ဟန်​ဆောင် သည့်​သူ​ရူး​မှန်​သ​မျှ​ကို သံ​ပတ်​တပ်​၍​သံ​ကြိုး နှင့်​ချည်​နှောင်​ထား​ရန်​အ​လုပ်​မှာ​သင်​၏​တာ​ဝန် ပင်​ဖြစ်​ပေ​သည်။-
၂၆သင်သည် ဗိမာန် တော်၌ လူ စောင့်ကို ခန့်ထားသဖြင့်၊ ပရောဖက် လုပ်သော အရူး ရှိသမျှ ကို ထောင် ထဲမှာ လှောင်၍ ထိတ်ခတ် စေခြင်းငှာ၊ ထာဝရဘုရား သည် ယဇ်ပုရောဟိတ် ယောယဒ ၏ကိုယ်စား သင့် ကို ယဇ်ပုရောဟိတ် အရာ၌ ခန့် ထားတော်မူ၏။
27 ၂၇ သင်​သည်​လူ​တို့​အား​ပ​ရော​ဖက်​ပြု​၍ ဟော ပြော​နေ​သည့်​အာန​သုတ်​မြို့​သား​ယေ​ရ​မိ​ကို အ​ဘယ်​ကြောင့်​ပြစ်​တင်​ဆုံး​မ​မှု မ​ပြု​ပါ သ​နည်း။-
၂၇သို့ ဖြစ်၍၊ သင် တို့တွင် ပရောဖက် လုပ်သော အာနသုတ် ရွာသား ယေရမိ ကို အဘယ်ကြောင့် မ ဆုံးမ သနည်း။
28 ၂၈ ယေ​ရ​မိ​သည်​ဗာ​ဗု​လုန်​မြို့​တွင်​ရှိ​သည့်​လူ​တို့ အား သူ​တို့​သည်​သုံ့​ပန်း​များ​အ​ဖြစ်​ဖြင့်​ကာ​လ ကြာ​မြင့်​စွာ​နေ​ရ​ကြ​မည်​ဖြစ်​၍ အိမ်​ရာ​များ ဆောက်​လုပ်​ကာ​အ​တည်​တ​ကျ​နေ​ထိုင်​ကြ​ရန် နှင့် ဥ​ယျာဉ်​များ​စိုက်​ပျိုး​၍​ရ​ရှိ​သည့်​အ​သီး အ​နှံ​များ​ကို​စား​ကြ​ရန်​ဆင့်​ဆို​ပြော​ကြား ခဲ့​၏'' ဟု​ဖော်​ပြ​ပါ​ရှိ​၏။
၂၈သူကလည်း၊ ဤအမှု ကြာ လိမ့်မည်။ အိမ် တို့ကို ဆောက် ၍ နေရာ ချကြလော့။ ဥယျာဉ် တို့ကို စိုက်ပျိုး ၍ အသီး ကို စား ကြလော့ဟု၊ ဗာဗုလုန် မြို့၌နေသောငါ တို့ကို မှာ လိုက်ပါပြီတကားဟု၊
29 ၂၉ ထို​စာ​ကို​ဇေ​ဖ​နိ​သည်​ငါ့​အား​ဖတ်​ပြ​၏။-
၂၉ရှေမာယ ပေးလိုက် သောစာ ကို ယဇ်ပုရောဟိတ် ဇေဖနိ သည် ပရောဖက် ယေရမိ ရှေ့ မှာ ဘတ် လေ၏။
30 ၃၀ ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​က``ငါ​ထာ​ဝ​ရ ဘု​ရား​သည်​ရှေ​မာ​ယ​နှင့်​သူ​၏​သား​မြေး တို့​ကို​အ​ပြစ်​ဒဏ်​ခတ်​မည်။ သူ့​ကို​ငါ​မ​စေ လွှတ်​ခဲ့​သော်​လည်း​သူ​သည်​ပ​ရော​ဖက်​တစ် ပါး​ဖြစ်​လေ​ဟန်​ဖြင့်​ဟော​ပြော​ကာ သင်​တို့ အား​မု​သား​စ​ကား​ကို​ယုံ​ကြည်​စေ​သည် ဖြစ်​၍ သူ​နှင့်​သူ​၏​သား​မြေး​တစ်​စုံ​တစ်​ယောက် မျှ​မ​ကျန်​ငါ​ဒဏ်​ခတ်​လိမ့်​မည်။ သူ​သည်​ငါ​၏ လူ​မျိုး​တော်​အား​ငါ့​ကို​ပုန်​ကန်​ရန်​လှုံ့​ဆော် ပြော​ဆို​၏။ ထို့​ကြောင့်​သူ​သည်​ထို​သူ​တို့​အား ငါ​ချ​ပေး​မည့်​ကောင်း​ကျိုး​ချမ်း​သာ​ကို​တွေ့ မြင်​ရ​လိမ့်​မည်​မ​ဟုတ်။ ဤ​ကား​ငါ​ထာ​ဝ​ရ ဘု​ရား​မိန့်​တော်​မူ​သော​စ​ကား​ဖြစ်​၏'' ဟု ရှေ​မာ​ယ​နှင့်​ပတ်​သက်​၍​မိန့်​မြွက်​တော်​မူ သော​စ​ကား​ကို ဗာ​ဗု​လုန်​မြို့​ရှိ​သုံ့​ပန်း အ​ပေါင်း​တို့​အား​အ​ကြောင်း​ကြား​ရန် ငါ့​အား​မိန့်​မှာ​တော်​မူ​၏။
၃၀ထိုအခါ နဟေလံ ရွာသား ရှေမာယ ကို ရည်မှတ် ၍၊ ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ငါ မ စေလွှတ် ဘဲ ရှေမာယ သည် သင် တို့အား ပရောဖက် ပြု၍ မုသာ ၌ ခိုလှုံ စေသောကြောင့် ၊ ထာဝရဘုရား မိန့် တော်မူသည်ကား ၊
31 ၃၁
၃၁နဟေလံ ရွာသား ရှေမာယ နှင့် သူ ၏အမျိုး ကို ငါ သည် ဒဏ်ပေး မည်။ ဤ အမျိုးသား တို့တွင် ၊ သူ၏လူ တယောက် မျှ နေ ရသောအခွင့် မ ရှိ ရ။
32 ၃၂
၃၂ထာဝရဘုရား မိန့် တော်မူသည်ကား၊ သူသည် ထာဝရဘုရား ကို ပုန်ကန် စေခြင်းငှာသွန်သင် သောကြောင့် ၊ ငါ ၏လူမျိုး ၌ ငါ ပြု လတံ့သော ကျေးဇူး ကို သူသည် မ မြင် ရဟု၊ သိမ်းသွား ခြင်းကို ခံရသောသူအပေါင်း တို့ကို စာပေး လိုက်ရမည်အကြောင်းထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် ယေရမိ သို့ ရောက် လာ၍ မှာ ထားတော်မူ၏။

< ယေရမိ 29 >