< ယေရမိ 29 >
1 ၁ ငါသည်ယေရုရှလင်မြို့မှသုံ့ပန်းများအဖြစ် ဗာဗုလုန်မြို့သို့နေဗုခဒ်နေဇာဖမ်းဆီးခေါ် ဆောင်သွားသည့်ခေါင်းဆောင်များ၊ ယဇ်ပုရော ဟိတ်များနှင့်ပြည်သူအပေါင်းတို့ထံသို့ စာတစ်စောင်ပေးပို့လိုက်၏။-
This is the text of the letter that Jeremiah the prophet sent from Jerusalem to the surviving elders among the exiles and to the priests, the prophets, and all the others Nebuchadnezzar had carried into exile from Jerusalem to Babylon.
2 ၂ ငါသည်ယေခေါနိမင်း၊ ထိုမင်း၏မယ်တော်၊ နန်းတွင်းအရာရှိများ၊ ယုဒပြည်နှင့်ယေရု ရှလင်မြို့မှခေါင်းဆောင်များ၊ အတတ်ပညာ သည်များနှင့်လုပ်ရည်ကိုင်ရည်ရှိသူအလုပ် သမားများသိမ်းသွားခြင်းကိုခံရသည့် နောက် ထိုစာကိုရေးသားလေသည်။-
(This was after King Jeconiah, the queen mother, the court officials, the officials of Judah and Jerusalem, the craftsmen, and the metalsmiths had been exiled from Jerusalem.)
3 ၃ ငါသည်စာကိုယုဒဘုရင်ဇေဒကိက နေဗုခဒ်နေဇာထံစေလွှတ်သော ရှာဖန်၏သား ဧလာသာနှင့်ဟိလခိ၏သားဂေမရိတို့ အားဖြင့်ပေးပို့လိုက်၏။ စာတွင်၊
The letter was entrusted to Elasah son of Shaphan and Gemariah son of Hilkiah, whom Zedekiah king of Judah sent to King Nebuchadnezzar in Babylon. It stated:
4 ၄ ``ဣသရေလအမျိုးသားတို့၏ဘုရားသခင်၊ အနန္တတန်ခိုးရှင်ထာဝရဘုရားသည်ယေရု ရှလင်မြို့မှ ဗာဗုလုန်မြို့သို့မိမိပြည်နှင် ဒဏ်ပေးလိုက်သည့်လူအပေါင်းတို့အား၊-
This is what the LORD of Hosts, the God of Israel, says to all the exiles who were carried away from Jerusalem to Babylon:
5 ၅ `သင်တို့အိမ်ရာဆောက်လုပ်၍အတည်တကျ နေထိုင်ကြလော့။ ဥယျာဉ်များကိုစိုက်ပျိုး၍ ရရှိသည့်အသီးအနှံများကိုစားကြလော့။-
“Build houses and settle down. Plant gardens and eat their produce.
6 ၆ အိမ်ထောင်သားမွေးမှုတို့ကိုပြုစေကြလော့။ သင်တို့၏သားသမီးတို့အားသားသမီးမွေး ဖွားစေရန်အိမ်ထောင်ပြုစေကြလော့။ သင်တို့ တွင်လူဦးရေတိုးပွားစေရမည်။ မဆုတ်ယုတ် စေရ။-
Take wives and have sons and daughters. Take wives for your sons and give your daughters in marriage, so that they too may have sons and daughters. Multiply there; do not decrease.
7 ၇ သင်တို့အားသုံ့ပန်းများအဖြစ်ငါပို့ဆောင် လိုက်သည့်မြို့ကိုကောင်းကျိုးပြုကြလော့။ ထို မြို့ကောင်းစားလျှင်သင်တို့လည်းကောင်းစား မည်ဖြစ်၍ ထိုမြို့အတွက်ငါ၏ထံသို့ဆု တောင်းပတ္ထနာပြုကြလော့။-
Seek the prosperity of the city to which I have sent you as exiles. Pray to the LORD on its behalf, for if it prospers, you too will prosper.”
8 ၈ ဣသရေလအမျိုးသားတို့၏ဘုရားသခင် အနန္တတန်ခိုးရှင် ငါထာဝရဘုရားသတိ ပေးတော်မူ၏။ သင်တို့သည်မိမိတို့အထဲမှ ပရောဖက်များ၊ အခြားအနာဂတ်ဟောသည့် ဆရာများ၏လိမ်လည်လှည့်စားမှုကိုမခံ ကြနှင့်။ သူတို့၏အိပ်မက်များကိုလည်းမည် သို့မျှပမာဏမပြုကြနှင့်။-
For this is what the LORD of Hosts, the God of Israel, says: “Do not be deceived by the prophets and diviners among you, and do not listen to the dreams you elicit from them.
9 ၉ သူတို့သည်ငါ၏နာမကိုအမှီပြု၍မုသား စကားကိုပြောဆိုနေကြ၏။ သူတို့အားငါ မစေလွှတ်ခဲ့။ ဤကားငါထာဝရဘုရား မြွက်ဟသည့်စကားဖြစ်၏' ဟုမိန့်တော်မူ၏။
For they are falsely prophesying to you in My name; I have not sent them, declares the LORD.”
10 ၁၀ ``ထာဝရဘုရားက`ဗာဗုလုန်မြို့၏သက်တမ်း အနှစ်ခုနစ်ဆယ်စေ့သောအခါ ငါသည်သင် တို့အားပြန်လည်ကြည့်ရှုမည်။ ငါ၏ကတိတော် ရှိသည့်အတိုင်းသင်တို့၏ပြည်သို့ပြန်လည် ပို့ဆောင်မည်။-
For this is what the LORD says: “When Babylon’s seventy years are complete, I will attend to you and confirm My promise to restore you to this place.
11 ၁၁ သင်တို့အတွက်ငါပြုလုပ်ထားသည့်အကြံ အစည်များကိုငါသာလျှင်သိ၏။ ထိုအကြံ အစည်တို့သည်သင်တို့ကောင်းစားမှု၊ သင်တို့ စောင့်မျှော်နေသည့်အနာဂတ်ကိုထုတ်ဖော်ပေး မှုနှင့်ဆိုင်သောအကြံအစည်များဖြစ်ပေ သည်။ သင်တို့အားဘေးအန္တရာယ်ရောက်စေ မည့်အကြံအစည်များမဟုတ်။-
For I know the plans I have for you, declares the LORD, plans to prosper you and not to harm you, to give you a future and a hope.
12 ၁၂ ထိုအခါသင်တို့သည်ငါ့အားဟစ်ခေါ်ကြ လိမ့်မည်။ ငါ့ထံသို့လာ၍ဆုတောင်းပတ္ထနာ ပြုကြလိမ့်မည်။ ငါသည်လည်းသင်တို့၏ပန် ကြားချက်ကိုနားညောင်းမည်။-
Then you will call upon Me and come and pray to Me, and I will listen to you.
13 ၁၃ သင်တို့သည်စိတ်နှလုံးအကြွင်းမဲ့နှင့်ရှာမည် ဖြစ်သဖြင့် ငါ့ကိုရှာ၍တွေ့ရှိကြလိမ့်မည်။-
You will seek Me and find Me when you search for Me with all your heart.
14 ၁၄ သင်တို့သည်အမှန်ပင်ငါ့ကိုတွေ့ရှိကြလိမ့် မည်ဟူ၍လည်းကောင်း၊ ငါသည်လည်းသင်တို့ အားမိမိတို့ပြည်သို့ပြန်လည်ပို့ဆောင်ပေး မည်ဟူ၍လည်းကောင်းငါဆို၏။ ငါသည်သင် တို့အားမိမိကွဲလွင့်စေခဲ့သည့်နိုင်ငံတကာ အရပ်တကာတို့မှပြန်လည်စုသိမ်းမည်။ ထို နောက်သင်တို့အားသုံ့ပန်းအဖြစ်ငါအဖမ်း ခံစေခဲ့ရသည့်ပြည်သို့ပြန်လည်ပို့ဆောင် မည်။ ဤကားငါထာဝရဘုရားမြွက်ဟ သည့်စကားဖြစ်၏' ဟူ၍လည်းမိန့်တော် မူ၏။
I will be found by you, declares the LORD, and I will restore you from captivity and gather you from all the nations and places to which I have banished you, declares the LORD. I will restore you to the place from which I sent you into exile.”
15 ၁၅ ``သင်တို့ပြည်သူများကမိမိတို့အဖို့ ထာဝရဘုရားသည် ဗာဗုလုန်မြို့တွင် ပရောဖက်များကိုပေါ်ထွန်းစေတော်မူ လေပြီဟုဆိုကြ၏။-
Because you may say, “The LORD has raised up for us prophets in Babylon,”
16 ၁၆ ဒါဝိဒ်၏ရာဇပလ္လင်တွင်ထိုင်သည့်ဘုရင်အား လည်းကောင်း၊ သင်တို့နှင့်အတူသုံ့ပန်းများ အဖြစ်အဖမ်းမခံခဲ့ရသောသင်တို့၏ ဆွေမျိုးညာတိများဖြစ်သူ ဤမြို့မှမြို့သူ မြို့သားတို့အားလည်းကောင်းရည်မှတ်၍ ထာဝရဘုရားမိန့်တော်မူသောစကားကို နားထောင်ကြလော့။-
this is what the LORD says about the king who sits on David’s throne and all the people who remain in this city, your brothers who did not go with you into exile—
17 ၁၇ အနန္တတန်ခိုးရှင်ထာဝရဘုရားက`ငါသည် သူတို့အပေါ်သို့စစ်ဘေး၊ ငတ်မွတ်ခေါင်းပါး ခြင်းဘေးနှင့်အနာရောဂါဘေးတို့ကိုသက် ရောက်စေမည်။ သူတို့အားစား၍မဖြစ်အောင် ပုပ်သည့်သင်္ဘောသဖန်းသီးများကဲ့သို့ဖြစ် စေမည်။-
this is what the LORD of Hosts says: “I will send against them sword and famine and plague, and I will make them like rotten figs, so bad they cannot be eaten.
18 ၁၈ ငါသည်စစ်ဘေး၊ ငတ်မွတ်ခေါင်းပါးခြင်းဘေး နှင့်အနာရောဂါဘေးတို့ကိုသက်ရောက်စေ မည်။ သူတို့အားနှိပ်စက်မည်။ ထို့ကြောင့်လူမျိုး တကာတို့သည်သူတို့ကိုမြင်၍ ကြောက်လန့် တုန်လှုပ်ကြလိမ့်မည်။ သူတို့အားငါပျံ့လွင့် စေသည့်အရပ်မှန်သမျှ၌ သူတို့သည်ထိုသူ တို့တွေ့ကြုံရသည့်ဘေးဒုက္ခကိုမြင်၍လန့် ဖျပ်တုန်လှုပ်၍သွားကြလိမ့်မည်။ သူတို့ကို လည်းပြက်ရယ်ပြုလျက် သူတို့အမည်နာမ ကိုကျိန်ဆဲရာတွင်အသုံးပြုကြလိမ့်မည်။-
I will pursue them with sword and famine and plague. I will make them a horror to all the kingdoms of the earth—a curse, a desolation, and an object of scorn and reproach among all the nations to which I banish them.
19 ၁၉ သူတို့သည်ငါ၏အစေခံပရောဖက်များ အားဖြင့် အဖန်ဖန်အထပ်ထပ်ငါပေးပို့ခဲ့ သည့်ဗျာဒိတ်တော်ကိုမလိုက်နာခဲ့ကြ။ သို့ ဖြစ်၍ဤသို့အမှုရောက်ရကြပေလိမ့်မည်။ သူတို့သည်ထိုဗျာဒိတ်တော်ကိုနားထောင် ရန်ငြင်းဆန်ခဲ့ကြ၏။ ဤကားငါထာဝရ ဘုရားမြွက်ဟသည့်စကားဖြစ်၏။-
I will do this because they have not listened to My words, declares the LORD, which I sent to them again and again through My servants the prophets. And neither have you exiles listened, declares the LORD.”
20 ၂၀ ယေရုရှလင်မြို့မှဗာဗုလုန်မြို့သို့ငါပြည် နှင်ဒဏ်ပေးလိုက်သည့်လူအပေါင်းတို့၊ သင် တို့သည်ငါထာဝရဘုရားမိန့်တော်မူသည့် စကားကိုနားထောင်ကြလော့' ဟူ၍မိန့်တော် မူ၏။
So hear the word of the LORD, all you exiles I have sent away from Jerusalem to Babylon.
21 ၂၁ ``ဣသရေလအမျိုးသားတို့၏ဘုရားသခင် အနန္တတန်ခိုးရှင်ထာဝရဘုရားသည် သင်တို့ အားကိုယ်တော်၏နာမတော်ကိုအမှီပြု၍ လိမ်လည်ဟောပြောနေသူ ကောလာယ၏သား အာဟပ်နှင့် မာသေယ၏သားဇေဒကိတို့ကို ရည်မှတ်၍ဗျာဒိတ်ပေးတော်မူ၏။ ကိုယ်တော် ကမိမိသည်ထိုသူတို့အားဗာဗုလုန်ဘုရင် နေဗုခဒ်နေဇာ၏လက်သို့ပေးအပ်မည်ဖြစ် ၍ ထိုဘုရင်သည်လည်းသူတို့အားသင်တို့ ၏မျက်မှောက်၌ပင်ကွပ်မျက်လိမ့်မည်ဟု မိန့်တော်မူလေပြီ။-
This is what the LORD of Hosts, the God of Israel, says about Ahab son of Kolaiah and Zedekiah son of Maaseiah, who are prophesying to you lies in My name: “I will deliver them to Nebuchadnezzar king of Babylon, and he will kill them before your very eyes.
22 ၂၂ ယေရုရှလင်မြို့မှဗာဗုလုန်မြို့သို့ပြည်နှင် ဒဏ်သင့်သူတို့သည် လူတစ်ဦးတစ်ယောက် အားကျိန်ဆဲလိုလျှင်`ထာဝရဘုရားသည် သင့်အားဗာဗုလုန်ဘုရင်ကအရှင်လတ်လတ် မီးရှို့သတ်သည့်ဇေဒကိနှင့်အာဟတ်တို့ကဲ့ သို့ပြုတော်မူပါစေသော' ဟုဆိုကြလိမ့်မည်။-
Because of them, all the exiles of Judah who are in Babylon will use this curse: ‘May the LORD make you like Zedekiah and Ahab, whom the king of Babylon roasted in the fire!’
23 ၂၃ ထိုသူတို့၏ကံကြမ္မာသည်ဤနည်းအတိုင်း ပင်ဖြစ်ရပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် သူတို့သည်မိုက်မဲစွာပြုကျင့်ကြသောကြောင့် ဖြစ်၏။ သူတို့သည်သူတစ်ပါး၏သားမယား ကိုပြစ်မှားကြလျက် ထာဝရဘုရား၏နာမ တော်ကိုအမှီပြု၍လိမ်လည်ဟောပြောကြ၏။ ဤအပြုအမူကားထာဝရဘုရား၏ အလိုတော်နှင့်မကိုက်ညီ။ ကိုယ်တော်သည် သူတို့ပြုသည့်အမှုကိုသိတော်မူသည်ဖြစ်၍ ဒိဌသက်သေဖြစ်တော်မူ၏။ ဤကားထာဝရ ဘုရားမြွက်ဟသည့်စကားဖြစ်၏'' ဟူ၍ ပါရှိလေသည်။
For they have committed an outrage in Israel by committing adultery with the wives of their neighbors and speaking lies in My name, which I did not command them to do. I am He who knows, and I am a witness, declares the LORD.”
24 ၂၄ ဣသရေလအမျိုးသားတို့၏ဘုရားသခင် အနန္တတန်ခိုးရှင်ထာဝရဘုရားသည် နေဟေလံ ရွာသားရှေမာယအားပြောကြားရန်ငါ့အား စေခိုင်းတော်မူ၏။ သူသည်မိမိကိုယ်တိုင်လက် မှတ်ရေးထိုး၍ ယေရုရှလင်မြို့သားအပေါင်း တို့ထံသို့စာရေးသားပေးပို့ခဲ့၏။ ယဇ်ပုရော ဟိတ်မာသေယ၏သားဇေဖနိနှင့်အခြား ယဇ်ပုရောဟိတ်များထံသို့ ရှေမာယရေး သောစာတွင်၊-
You are to tell Shemaiah the Nehelamite that
this is what the LORD of Hosts, the God of Israel, says: “In your own name you have sent out letters to all the people of Jerusalem, to the priest Zephaniah son of Maaseiah, and to all the priests. You said to Zephaniah:
26 ၂၆ ``ထာဝရဘုရားသည်သင့်အားယောယဒ နေရာတွင် ယဇ်ပုရောဟိတ်အဖြစ်ခန့်ထားသည် ဖြစ်၍ ယခုသင်သည်ဗိမာန်တော်အုပ်ချုပ်ရေး မှူးဖြစ်၍လာလေပြီ။ ပရောဖက်ဟန်ဆောင် သည့်သူရူးမှန်သမျှကို သံပတ်တပ်၍သံကြိုး နှင့်ချည်နှောင်ထားရန်အလုပ်မှာသင်၏တာဝန် ပင်ဖြစ်ပေသည်။-
‘The LORD has appointed you priest in place of Jehoiada, to be the chief officer in the house of the LORD, responsible for any madman who acts like a prophet—you must put him in stocks and neck irons.
27 ၂၇ သင်သည်လူတို့အားပရောဖက်ပြု၍ ဟော ပြောနေသည့်အာနသုတ်မြို့သားယေရမိကို အဘယ်ကြောင့်ပြစ်တင်ဆုံးမမှု မပြုပါ သနည်း။-
So now, why have you not rebuked Jeremiah of Anathoth, who poses as a prophet among you?
28 ၂၈ ယေရမိသည်ဗာဗုလုန်မြို့တွင်ရှိသည့်လူတို့ အား သူတို့သည်သုံ့ပန်းများအဖြစ်ဖြင့်ကာလ ကြာမြင့်စွာနေရကြမည်ဖြစ်၍ အိမ်ရာများ ဆောက်လုပ်ကာအတည်တကျနေထိုင်ကြရန် နှင့် ဥယျာဉ်များစိုက်ပျိုး၍ရရှိသည့်အသီး အနှံများကိုစားကြရန်ဆင့်ဆိုပြောကြား ခဲ့၏'' ဟုဖော်ပြပါရှိ၏။
For he has sent to us in Babylon, claiming: Since the exile will be lengthy, build houses and settle down; plant gardens and eat their produce.’”
29 ၂၉ ထိုစာကိုဇေဖနိသည်ငါ့အားဖတ်ပြ၏။-
(Zephaniah the priest, however, had read this letter to Jeremiah the prophet.)
30 ၃၀ ထိုအခါထာဝရဘုရားက``ငါထာဝရ ဘုရားသည်ရှေမာယနှင့်သူ၏သားမြေး တို့ကိုအပြစ်ဒဏ်ခတ်မည်။ သူ့ကိုငါမစေ လွှတ်ခဲ့သော်လည်းသူသည်ပရောဖက်တစ် ပါးဖြစ်လေဟန်ဖြင့်ဟောပြောကာ သင်တို့ အားမုသားစကားကိုယုံကြည်စေသည် ဖြစ်၍ သူနှင့်သူ၏သားမြေးတစ်စုံတစ်ယောက် မျှမကျန်ငါဒဏ်ခတ်လိမ့်မည်။ သူသည်ငါ၏ လူမျိုးတော်အားငါ့ကိုပုန်ကန်ရန်လှုံ့ဆော် ပြောဆို၏။ ထို့ကြောင့်သူသည်ထိုသူတို့အား ငါချပေးမည့်ကောင်းကျိုးချမ်းသာကိုတွေ့ မြင်ရလိမ့်မည်မဟုတ်။ ဤကားငါထာဝရ ဘုရားမိန့်တော်မူသောစကားဖြစ်၏'' ဟု ရှေမာယနှင့်ပတ်သက်၍မိန့်မြွက်တော်မူ သောစကားကို ဗာဗုလုန်မြို့ရှိသုံ့ပန်း အပေါင်းတို့အားအကြောင်းကြားရန် ငါ့အားမိန့်မှာတော်မူ၏။
Then the word of the LORD came to Jeremiah:
“Send a message telling all the exiles what the LORD says concerning Shemaiah the Nehelamite. Because Shemaiah has prophesied to you—though I did not send him—and has made you trust in a lie,
this is what the LORD says: ‘I will surely punish Shemaiah the Nehelamite and his descendants. He will have no one left among this people, nor will he see the good that I will bring to My people, declares the LORD, for he has preached rebellion against the LORD.’”