< ယေရမိ 28 >

1 ထို​နှစ်​တည်း​ဟူ​သော​ဇေ​ဒ​ကိ​မင်း​နန်း​စံ စ​တုတ္ထ​နှစ်​ပဉ္စ​မ​လ​၌​အာ​ဇု​ရ​၏​သား ဂိ​ဘောင်​မြို့​နေ​ပ​ရော​ဖက်​ဟာ​န​နိ​သည် ယေ​ရ​မိ​အား​ဗိ​မာန်​တော်​ထဲ​တွင်​ယဇ်​ပု​ရော ဟိတ်​များ​နှင့်​ပြည်​သူ​တို့​၏​ရှေ့​၌၊-
וַיְהִ֣י ׀ בַּשָּׁנָ֣ה הַהִ֗יא בְּרֵאשִׁית֙ מַמְלֶ֙כֶת֙ צִדְקִיָּ֣ה מֶֽלֶךְ־יְהוּדָ֔ה בַּשָּׁנָה֙ הָֽרְבִעִ֔ית בַּחֹ֖דֶשׁ הַחֲמִישִׁ֑י אָמַ֣ר אֵלַ֡י חֲנַנְיָה֩ בֶן־עַזּ֨וּר הַנָּבִ֜יא אֲשֶׁ֤ר מִגִּבְעוֹן֙ בְּבֵ֣ית יְהוָ֔ה לְעֵינֵ֧י הַכֹּהֲנִ֛ים וְכָל־הָעָ֖ם לֵאמֹֽר׃
2 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား က``ငါ​သည်​ဗာ​ဗု​လုန်​မင်း​၏​အာ​ဏာ တန်​ခိုး​ကို​ချိုး​နှိမ်​တော်​မူ​ပြီ။-
כֹּֽה־אָמַ֞ר יְהוָ֧ה צְבָא֛וֹת אֱלֹהֵ֥י יִשְׂרָאֵ֖ל לֵאמֹ֑ר שָׁבַ֞רְתִּי אֶת־עֹ֖ל מֶ֥לֶךְ בָּבֶֽל׃
3 ဤ​ဗိ​မာန်​တော်​မှာ​ဗာ​ဗု​လုန်​မြို့​သို့​နေ​ဗု​ခဒ် နေ​ဇာ​မင်း​သိမ်း​ယူ​သွား​သော​ဘဏ္ဍာ​မှန်​သ​မျှ ကို နှစ်​နှစ်​အ​တွင်း​ဤ​ဌာ​န​တော်​သို့​ငါ​ပြန် လည်​ယူ​ဆောင်​လာ​မည်။-
בְּע֣וֹד ׀ שְׁנָתַ֣יִם יָמִ֗ים אֲנִ֤י מֵשִׁיב֙ אֶל־הַמָּק֣וֹם הַזֶּ֔ה אֶֽת־כָּל־כְּלֵ֖י בֵּ֣ית יְהוָ֑ה אֲשֶׁ֨ר לָקַ֜ח נְבוּכַדנֶאצַּ֤ר מֶֽלֶךְ־בָּבֶל֙ מִן־הַמָּק֣וֹם הַזֶּ֔ה וַיְבִיאֵ֖ם בָּבֶֽל׃
4 ငါ​သည်​ယော​ယ​ကိမ်​၏​သား​ယု​ဒ​ဘု​ရင် ယေ​ခေါ​နိ​ကို​လည်း ယု​ဒ​ပြည်​မှ​ဗာ​ဗု​လုန် မြို့​သို့​လိုက်​ပါ​သွား​ရ​ကြ​သည့်​သုံ့​ပန်း​များ နှင့်​အ​တူ​ပြန်​လည်​ခေါ်​ဆောင်​ခဲ့​မည်။ ဗာ​ဗု လုန်​မင်း​၏​အာ​ဏာ​တန်​ခိုး​ကို​အ​မှန်​ပင် ငါ​ချိုး​နှိမ်​တော်​မူ​မည်။ ဤ​ကား​ငါ​ထာ​ဝ​ရ ဘု​ရား​မြွက်​ဟ​သည့်​စ​ကား​ဖြစ်​၏'' ဟု မိန့်​တော်​မူ​ကြောင်း​ပြော​ကြား​လေ​၏။
וְאֶת־יְכָנְיָ֣ה בֶן־יְהוֹיָקִ֣ים מֶֽלֶךְ־יְ֠הוּדָה וְאֶת־כָּל־גָּל֨וּת יְהוּדָ֜ה הַבָּאִ֣ים בָּבֶ֗לָה אֲנִ֥י מֵשִׁ֛יב אֶל־הַמָּק֥וֹם הַזֶּ֖ה נְאֻם־יְהוָ֑ה כִּ֣י אֶשְׁבֹּ֔ר אֶת־עֹ֖ל מֶ֥לֶךְ בָּבֶֽל׃
5 ထို​အ​ခါ​ငါ​သည်​ပ​ရော​ဖက်​ဟာ​န​နိ​အား ဗိ​မာန်​တော်​ထဲ​တွင်​ရပ်​လျက်​နေ​သော ယဇ်​ပု ရော​ဟိတ်​များ​နှင့်​ပြည်​သူ​အ​ပေါင်း​တို့​၏ ရှေ့​၌၊-
וַיֹּ֙אמֶר֙ יִרְמְיָ֣ה הַנָּבִ֔יא אֶל־חֲנַנְיָ֖ה הַנָּבִ֑יא לְעֵינֵ֤י הַכֹּֽהֲנִים֙ וּלְעֵינֵ֣י כָל־הָעָ֔ם הָעֹמְדִ֖ים בְּבֵ֥ית יְהוָֽה׃
6 ``သင်​ပြော​သည့်​အ​တိုင်း​ပင်​ဖြစ်​ပါ​စေ​သော။ ထာ​ဝ​ရ​ဘု​ရား​သည် ဤ​အ​တိုင်း​ပင်​ပြု​တော် မူ​လိမ့်​မည်​ဟု​လည်း​ငါ​မျှော်​လင့်​ပါ​၏။ ကိုယ် တော်​သည်​သင်​၏​ဟော​ကြား​ချက်​များ​ကို အ​ကောင်​အ​ထည်​ပေါ်​စေ​တော်​မူ​လိမ့်​မည် ဟူ​၍​လည်း​ကောင်း၊ ဗာ​ဗု​လုန်​မြို့​သို့​သိမ်း ယူ​သွား​သော​ဗိ​မာန်​တော်​ဘဏ္ဍာ​များ​နှင့် သုံ့​ပန်း​အ​ဖြစ်​ဖမ်း​ဆီး​သွား​သည့်​သူ အ​ပေါင်း​တို့​အား ပြန်​လည်​ခေါ်​ဆောင်​လာ တော်​မူ​လိမ့်​မည်​ဟူ​၍​လည်း​ကောင်း​ငါ မျှော်​လင့်​ပါ​၏။-
וַיֹּ֙אמֶר֙ יִרְמְיָ֣ה הַנָּבִ֔יא אָמֵ֕ן כֵּ֖ן יַעֲשֶׂ֣ה יְהוָ֑ה יָקֵ֤ם יְהוָה֙ אֶת־דְּבָרֶ֔יךָ אֲשֶׁ֣ר נִבֵּ֗אתָ לְהָשִׁ֞יב כְּלֵ֤י בֵית־יְהוָה֙ וְכָל־הַגּוֹלָ֔ה מִבָּבֶ֖ל אֶל־הַמָּק֥וֹם הַזֶּֽה׃
7 သို့​ရာ​တွင်​သင်​နှင့်​တ​ကွ​ပြည်​သူ​အ​ပေါင်း တို့​အား ငါ​ပြော​ဆို​သည့်​စ​ကား​ကို​နား ထောင်​လော့။-
אַךְ־שְׁמַֽע־נָא֙ הַדָּבָ֣ר הַזֶּ֔ה אֲשֶׁ֥ר אָנֹכִ֖י דֹּבֵ֣ר בְּאָזְנֶ֑יךָ וּבְאָזְנֵ֖י כָּל־הָעָֽם׃
8 သင်​နှင့်​ငါ​တို့​၏​ခေတ်​မ​တိုင်​မီ​ရှေး​အ​ခါ​၌ ဟော​ကြား​ခဲ့​သော​ပ​ရော​ဖက်​များ​က​လူ​မျိုး တ​ကာ​တို့​သည်​လည်း​ကောင်း၊ တန်​ခိုး​ကြီး သော​နိုင်​ငံ​များ​သည်​လည်း​ကောင်း၊ စစ်​မက် အန္တ​ရာယ်၊ ငတ်​မွတ်​ခေါင်း​ပါး​ခြင်း​ဘေး​နှင့် အ​နာ​ရော​ဂါ​ဘေး​သင့်​ကြ​ရ​လိမ့်​မည်​ဟု ဖော်​ပြ​ခဲ့​ကြ​၏။-
הַנְּבִיאִ֗ים אֲשֶׁ֨ר הָי֧וּ לְפָנַ֛י וּלְפָנֶ֖יךָ מִן־הָֽעוֹלָ֑ם וַיִּנָּ֨בְא֜וּ אֶל־אֲרָצ֤וֹת רַבּוֹת֙ וְעַל־מַמְלָכ֣וֹת גְּדֹל֔וֹת לְמִלְחָמָ֖ה וּלְרָעָ֥ה וּלְדָֽבֶר׃
9 သို့​ရာ​တွင်​ငြိမ်း​ချမ်း​သာ​ယာ​မှု​ရှိ​လိမ့်​မည် ဟု​ကြို​တင်​ဟော​ကြား​သည့်​ပ​ရော​ဖက်​ကို မူ သူ​၏​စ​ကား​မှန်​လျက်​နေ​သည်​ကို​တွေ့​ရှိ ရ​သော​အ​ခါ​မှ​သာ​လျှင် သူ​သည်​ထာ​ဝ​ရ ဘု​ရား​အ​မှန်​ပင်​စေ​လွှတ်​တော်​မူ​သော ပ​ရော​ဖက်​ဖြစ်​ကြောင်း​အ​သိ​အ​မှတ် ပြု​နိုင်​ပါ​လိမ့်​မည်'' ဟု​ဆို​၏။
הַנָּבִ֕יא אֲשֶׁ֥ר יִנָּבֵ֖א לְשָׁל֑וֹם בְּבֹא֙ דְּבַ֣ר הַנָּבִ֗יא יִוָּדַע֙ הַנָּבִ֔יא אֲשֶׁר־שְׁלָח֥וֹ יְהוָ֖ה בֶּאֱמֶֽת׃
10 ၁၀ ထို​အ​ခါ​ဟာ​န​နိ​သည်​ငါ​၏​လည်​ဂုတ် ပေါ်​မှ​ထမ်း​ပိုး​ကို​ဖြုတ်​ယူ​၍ အ​ပိုင်း​ပိုင်း ချိုး​ပစ်​ပြီး​လျှင်၊-
וַיִּקַּ֞ח חֲנַנְיָ֤ה הַנָּבִיא֙ אֶת־הַמּוֹטָ֔ה מֵעַ֕ל צַוַּ֖אר יִרְמְיָ֣ה הַנָּבִ֑יא וַֽיִּשְׁבְּרֵֽהוּ׃
11 ၁၁ လူ​အ​ပေါင်း​တို့​၏​ရှေ့​၌​ငါ့​အား``လူ​မျိုး​တ​ကာ တို့​အ​ပေါ်​သို့​နေ​ဗု​ခဒ်​နေ​ဇာ​မင်း​တင်​သော ထမ်း​ပိုး​ကို ဤ​နည်း​အ​တိုင်း​ပင်​ချိုး​ပစ်​တော် မူ​မည်။ နှစ်​နှစ်​အ​တွင်း​ဤ​အ​မှု​ကို​ဖြစ်​ပွား စေ​တော်​မူ​မည်​ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​တော် မူ​ပါ​၏'' ဟု​ပြော​၏။ ထို​အ​ခါ​ငါ​သည် ထွက်​ခွာ​ခဲ့​၏။
וַיֹּ֣אמֶר חֲנַנְיָה֩ לְעֵינֵ֨י כָל־הָעָ֜ם לֵאמֹ֗ר כֹּה֮ אָמַ֣ר יְהוָה֒ כָּ֣כָה אֶשְׁבֹּ֞ר אֶת־עֹ֣ל ׀ נְבֻֽכַדְנֶאצַּ֣ר מֶֽלֶךְ־בָּבֶ֗ל בְּעוֹד֙ שְׁנָתַ֣יִם יָמִ֔ים מֵעַ֕ל צַוַּ֖אר כָּל־הַגּוֹיִ֑ם וַיֵּ֛לֶךְ יִרְמְיָ֥ה הַנָּבִ֖יא לְדַרְכּֽוֹ׃ פ
12 ၁၂ ကာ​လ​အ​နည်း​ငယ်​ကြာ​သော​အ​ခါ ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​အား၊-
וַיְהִ֥י דְבַר־יְהוָ֖ה אֶֽל־יִרְמְיָ֑ה אַ֠חֲרֵי שְׁב֞וֹר חֲנַנְיָ֤ה הַנָּבִיא֙ אֶת־הַמּוֹטָ֔ה מֵעַ֗ל צַוַּ֛אר יִרְמְיָ֥ה הַנָּבִ֖יא לֵאמֹֽר׃
13 ၁၃ ဟာ​န​နိ​ထံ​သို့​သွား​၍``သင်​သည်​သစ်​သား​ထမ်း ပိုး​ကို​ချိုး​ပစ်​နိုင်​စွမ်း​ရှိ​သော်​လည်း ကိုယ်​တော် သည်​သံ​ထမ်း​ပိုး​ဖြင့်​အ​စား​ထိုး​တော်​မူ​မည်။-
הָלוֹךְ֩ וְאָמַרְתָּ֨ אֶל־חֲנַנְיָ֜ה לֵאמֹ֗ר כֹּ֚ה אָמַ֣ר יְהוָ֔ה מוֹטֹ֥ת עֵ֖ץ שָׁבָ֑רְתָּ וְעָשִׂ֥יתָ תַחְתֵּיהֶ֖ן מֹט֥וֹת בַּרְזֶֽל׃
14 ၁၄ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် လူ​မျိုး တ​ကာ​တို့​အ​ပေါ်​သို့​သံ​ထမ်း​ပိုး​ကို​တင် တော်​မူ​မည်​ဖြစ်​၍ ထို​သူ​တို့​သည်​ဗာ​ဗု​လုန် ဘု​ရင်​နေ​ဗု​ခဒ်​နေ​ဇာ​၏​အ​စေ​ကို​ခံ​ရ​ကြ လိမ့်​မည်​ဟု​မိန့်​တော်​မူ​လေ​ပြီ။ ထာ​ဝ​ရ​ဘု​ရား က​တော​တိ​ရစ္ဆာန်​များ​အား​ပင်​လျှင်​နေ​ဗု​ခဒ် နေ​ဇာ​၏​အ​စေ​ကို​ခံ​စေ​မည်​ဟု​မိန့်​တော်​မူ လေ​ပြီ'' ဟု​ပြော​ကြား​ရန်​စေ​ခိုင်း​တော်​မူ​၏။-
כִּ֣י כֹֽה־אָמַר֩ יְהוָ֨ה צְבָא֜וֹת אֱלֹהֵ֣י יִשְׂרָאֵ֗ל עֹ֣ל בַּרְזֶ֡ל נָתַ֜תִּי עַל־צַוַּ֣אר ׀ כָּל־הַגּוֹיִ֣ם הָאֵ֗לֶּה לַעֲבֹ֛ד אֶת־נְבֻכַדְנֶאצַּ֥ר מֶֽלֶךְ־בָּבֶ֖ל וַעֲבָדֻ֑הוּ וְגַ֛ם אֶת־חַיַּ֥ת הַשָּׂדֶ֖ה נָתַ֥תִּי לֽוֹ׃
15 ၁၅ ထို​နောက်​ငါ​သည်​ဟာ​န​နိ​အား``ဟာ​န​နိ၊ နား​ထောင်​လော့။ ထာ​ဝ​ရ​ဘု​ရား​သည်​သင့် အား​စေ​လွှတ်​တော်​မူ​သည်​မ​ဟုတ်။ သင်​သည် ဤ​ပြည်​သူ​တို့​အား​မု​သား​စ​ကား​ကို ယုံ​ကြည်​အောင်​ပြု​လျက်​နေ​သည်​ဖြစ်​၍၊-
וַיֹּ֨אמֶר יִרְמְיָ֧ה הַנָּבִ֛יא אֶל־חֲנַנְיָ֥ה הַנָּבִ֖יא שְׁמַֽע־נָ֣א חֲנַנְיָ֑ה לֹֽא־שְׁלָחֲךָ֣ יְהוָ֔ה וְאַתָּ֗ה הִבְטַ֛חְתָּ אֶת־הָעָ֥ם הַזֶּ֖ה עַל־שָֽׁקֶר׃
16 ၁၆ သင့်​အား​ဖယ်​ရှား​ပစ်​တော်​မူ​မည်​ဖြစ်​ကြောင်း ထာ​ဝ​ရ​ဘု​ရား​ကိုယ်​တော်​တိုင်​မိန့်​တော်​မူ လေ​ပြီ။ သင်​သည်​ပြည်​သူ​တို့​အား ထာ​ဝ​ရ ဘု​ရား​ကို​ပုန်​ကန်​ရန်​လှုံ့​ဆော်​ပြော​ဆို​သည် ဖြစ်​၍​ဤ​နှစ်​မ​ကုန်​မီ​သေ​ရ​လိမ့်​မည်'' ဟု ဆို​၏။
לָכֵ֗ן כֹּ֚ה אָמַ֣ר יְהוָ֔ה הִנְנִי֙ מְשַֽׁלֵּֽחֲךָ֔ מֵעַ֖ל פְּנֵ֣י הָאֲדָמָ֑ה הַשָּׁנָה֙ אַתָּ֣ה מֵ֔ת כִּֽי־סָרָ֥ה דִבַּ֖רְתָּ אֶל־יְהוָֽה׃
17 ၁၇ ပ​ရော​ဖက်​ဟာ​န​နိ​သည်​ထို​နှစ်​သတ္တမ​လ ၌​ပင်​သေ​ဆုံး​သွား​လေ​သည်။
וַיָּ֛מָת חֲנַנְיָ֥ה הַנָּבִ֖יא בַּשָּׁנָ֣ה הַהִ֑יא בַּחֹ֖דֶשׁ הַשְּׁבִיעִֽי׃ פ

< ယေရမိ 28 >