< ယေရမိ 27 >
1 ၁ ယုဒပြည်တွင်ယောရှိ၏သားဇေဒကိနန်း တက်ပြီးနောက် များမကြာမီထာဝရ ဘုရားသည်ငါ့အားမိန့်တော်မူသည်မှာ၊-
၁ယုဒရှင်ဘုရင် ယောရှိသား ဇေဒကိမင်းနန်းထိုင် စက၊ ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ယေရမိသို့ ရောက်လာ၍၊
2 ၂ ``သားရေကြိုးများ၊ ကန့်လန့်ဖြတ်သစ်သား တန်းများဖြင့်နွားထမ်းပိုးပြုလုပ်၍သင် ၏လည်ကုပ်တွင်တင်လော့။-
၂ထာဝရဘုရားသည် ငါ့အားမိန့်တော်မူသည် ကား၊ ကြိုးနှင့်ထမ်း ဘိုးများကိုလုပ်၍၊ သင်၏လည်ပင်း၌ တပ်လော့။
3 ၃ ထိုနောက်ဇေဒကိမင်းနှင့်တွေ့ဆုံရန်ယေရု ရှလင်မြို့သို့ရောက်ရှိလာသောသံတမန် များမှတစ်ဆင့်ဧဒုံမင်း၊ မောဘမင်း၊ အမ္မုန် မင်း၊ တုရုမင်းနှင့်ဇိဒုန်မင်းတို့ထံသို့ သတင်းပေးပို့လော့'' ဟုမိန့်တော်မူ၏။-
၃ယုဒရှင်ဘုရင်ဇေဒကိထံ၊ ယေရုရှလင်မြို့သို့ ရောက်လာသော သံတမန်တို့တွင်၊ ထိုကြိုးနှင့် ထမ်းဘိုး တို့ကို ဧဒုံမင်း၊ မောဘမင်း၊ အမ္မုန်မင်း၊ တုရုမင်း၊ ဇိဒုန်မင်း သို့ ပေးလိုက်လော့။
4 ၄ ဣသရေလအမျိုးသားတို့၏ဘုရားသခင် အနန္တတန်ခိုးရှင်ထာဝရဘုရားသည်ငါ့ အား``သင်သည်ထိုသံတမန်များမှတစ်ဆင့် မိမိတို့၏ဘုရင်များအားဤသို့ပြော ကြားစေလော့။-
၄ထိုသံတမန်တို့အားလည်း၊ သင်တို့သည် သင်တို့ အရှင်များတို့အား ဆင့်ဆိုရမည်မှာ၊ ဣသရေလအမျိုး၏ ဘုရားသခင်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊
5 ၅ ငါသည်မိမိ၏ကြီးမားသောတန်ခိုးစွမ်း ရည်တော်ဖြင့်ကမ္ဘာမြေပေါ်ရှိလူများ၊ တိ ရစ္ဆာန်များနှင့်တကွကမ္ဘာလောကကိုဖန် ဆင်းတော်မူခဲ့သည်ဖြစ်၍ ထိုကမ္ဘာလောက ကိုမိမိ၏ဆန္ဒအလျောက်အဘယ်သူ့အား မဆိုပေးအပ်နိုင်ပေသည်။-
၅ငါသည် မဟာတန်ခိုးနှင့်လက်ရုံးကို ဆန့်လျက် မြေကြီးကို၎င်း၊ မြေကြီးပေါ်မှာရှိသော လူနှင့် တိရစ္ဆာန်တို့ကို၎င်း ဖန်ဆင်းသည်ဖြစ်၍၊ ငါသည် ပေးလိုသောသူတို့အား ပေး၏။
6 ၆ လူမျိုးတကာတို့အားငါ၏အစေခံနေ ဗုခဒ်နေဇာ၏လက်အောက်သို့ကျရောက်စေ သူမှာငါပင်ဖြစ်၏။ ငါသည်တောတိရစ္ဆာန် များကိုပင်လျှင်သူ၏အစေကိုခံစေလေ ပြီ။-
၆ယခုမှာ ဤပြည်ရှိသမျှတို့ကို ငါ့ကျွန်ဗာဗုလုန် ရှင်ဘုရင်၊ နေဗုခဒ်နေဇာလက်သို့ ငါအပ်ပေးပြီ။ သူစေစားဘို့ရာ တောတိရစ္ဆာန်များကိုလည်း ငါပေးပြီ။
7 ၇ သူ၏နိုင်ငံပျက်သုဉ်းချိန်မရောက်မချင်း လူမျိုးတကာတို့သည်သူ၏အစေကိုလည်း ကောင်း၊ သူ၏သားနှင့်မြေးတို့၏အစေကို လည်းကောင်းခံရကြလိမ့်မည်။ ထိုနောက်သူ ၏လူမျိုးသည်တန်ခိုးကြီးမားသည့်လူမျိုး များနှင့်ဘုရင်တို့၏အစေကိုခံရကြလိမ့် မည်။
၇သူ၏နိုင်ငံ ဆုံးချိန်မရောက်မှီတိုင်အောင်၊ ဤ ပြည်သားအပေါင်းတို့သည် သူ၏အမှုနှင့် သူ၏သားမြေး အမှုကို ဆောင်ရွက်ရကြမည်။ ထိုအချိန်ရောက်မှ၊ များစွာ သော လူမျိုးတို့နှင့် ကြီးသောရှင်ဘုရင်တို့သည် သူ့ကို စေစားကြလိမ့်မည်။
8 ၈ သို့ရာတွင်ဘယ်လူမျိုးသို့မဟုတ်ဘယ် နိုင်ငံသည် ထိုမင်း၏အုပ်စိုးမှုကိုမခံဘဲ နေလျှင် ထိုလူမျိုးအားနေဗုခဒ်နေဇာ မဖျက်ဆီးမီတိုင်အောင်စစ်မက်အန္တရာယ်၊ ငတ်မွတ်ခေါင်းပါးခြင်းဘေးနှင့်အနာ ရောဂါဘေးတို့ဖြင့်ငါသည်အပြစ်ဒဏ် ခတ်တော်မူမည်။-
၈ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာ၏ အစေကိုမခံ၊ သူ၏ထမ်းဘိုး ကို မထမ်းလိုသော တိုင်းနိုင်ငံရှိသမျှကို၊ သူ၏လက်၌ ဆုံးရှုံးစေခြင်းငှါ၊ ထားဘေး၊ မွတ်သိပ်ခြင်းဘေး၊ ကာလ နာဘေးဖြင့် ငါအပြစ်ပေးမည်။
9 ၉ အိပ်မက်အနက်ဖွင့်သူများ၊ လူသေဝိညာဉ် များကိုခေါ်ယူ၍ မှော်အတတ်အားဖြင့် အနာဂတ်ကိုဟောနိုင်သည်ဟုဆိုသူများ၊ သို့မဟုတ်သင်တို့၏ပရောဖက်များ၏ စကားကိုနားမထောင်ကြနှင့်။ သူတို့ အားလုံးပင်လျှင်သင်တို့အားဗာဗုလုန် ဘုရင်၏အစေကိုမခံရန်ပြောကြား ကြ၏။-
၉သို့ဖြစ်၍၊ သင်တို့သည် ဗာဗုလုန် ရှင်ဘုရင်၏ အစေကို မခံရဟု၊ သင်တို့အားပြောတတ်သော ပရော ဖက်၊ အနာဂတ်ဆရာ၊ အိပ်မက်မြင်သောဆရာ၊ နတ်ဝိဇ္ဇာ ဆရာ၊ ပြုစားတတ်သော ဆရာတို့၏ စကားကို နား မထောင်ကြနှင့်။
10 ၁၀ သူတို့သည်သင်တို့အားလိမ်လည်ဟောပြော လျက်နေကြ၏။ ထို့ကြောင့်သင်တို့သည်မိမိ တို့ပြည်မှရပ်ဝေးသို့ခေါ်ဆောင်ခြင်းကိုခံရ လိမ့်မည်။ ငါသည်လည်းသင်တို့ကိုနှင်ထုတ် မည်။ သင်တို့သည်သေကြေပျက်စီးကြလိမ့် မည်။-
၁၀ထိုသူတို့သည် သင်တို့ကို သင်တို့ပြည်မှ အဝေးသို့ ရွှေ့သွားစေခြင်းငှါ၊ သင်တို့ကို ငါနှင်ထုတ်၍ ဆုံးရှုံးစေခြင်း ငှါ၎င်း မုသာစကားကို ဟောပြောတတ်ကြ၏။
11 ၁၁ သို့သော်အကြင်လူမျိုးသည်ဗာဗုလုန်ဘုရင် ၏ထမ်းပိုးအောက်တွင် အညံ့ခံ၍သူ၏အစေ ကိုခံ၏။ ထိုလူမျိုးအားငါသည်မိမိတို့တိုင်း ပြည်တွင် ထွန်ယက်လုပ်ကိုင်နေထိုင်ခွင့်ကိုပေး တော်မူမည်။ ဤကားငါထာဝရဘုရား မြွက်ဟသည့်စကားဖြစ်၏'' ဟုမိန့်တော် မူ၏။
၁၁ဗာဗုလုန်ရှင်ဘုရင်၏ ထမ်းဘိုးထမ်း၍၊ သူ၏ အစေကိုခံသော လူမျိုးတို့အား၊ မိမိတို့ပြည်၌နေရသော အခွင့်ကို ငါပေးသဖြင့်၊ သူတို့သည် မိမိတို့မြေ၌လုပ်၍ နေရကြလိမ့်မည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
12 ၁၂ ငါသည်ယုဒဘုရင်ဟေဇကိအားလည်း အထက်ပါအတိုင်းလျှောက်၏။ ငါက``အရှင် သည်ဗာဗုလုန်ဘုရင်၏ထမ်းပိုးအောက်တွင် အညံ့ခံပါလော့။ ထိုဘုရင်နှင့်သူ၏အမျိုး သားများ၏အစေကိုခံပါမူအသက်ချမ်း သာရာရပါလိမ့်မည်။-
၁၂ထိုစကားတော်ရှိသမျှကို ငါပြန်၍ ယုဒ ရှင်ဘုရင်ဇေဒကိအား လျှောက်ဆိုသည်ကား၊ ဗာဗုလုန် ရှင်ဘုရင်၏ ထမ်းဘိုးကိုထမ်း၍၊ သူနှင့် သူ၏လူများ အစေကို ခံလျက်၊ အသက်ချမ်းသာပါလော့။
13 ၁၃ အရှင်နှင့်အရှင်၏အမျိုးသားတို့သည် အဘယ် ကြောင့်စစ်ပွဲတွင်ကျဆုံး၍ငတ်မွတ်ခေါင်းပါး ခြင်းဘေး၊ သို့မဟုတ်အနာရောဂါဘေးသင့်၍ သေရကြပါမည်နည်း။ ဗာဗုလုန်၏အစေကို မခံသည့်လူမျိုးသည် ဤနည်းအတိုင်းဖြစ်ရ လိမ့်မည်ဟုထာဝရဘုရားမိန့်တော်မူပါပြီ။-
၁၃ဗာဗုလုန်ရှင်ဘုရင်၏ အစေကိုမခံသော လူမျိုး ကို ထာဝရဘုရား ရည်မှတ်၍ မိန့်တော်မူသည်အတိုင်း၊ ကိုယ်တော်နှင့် ကိုယ်တော်၏ လူတို့သည် ထားဘေး၊ မွတ်သိပ်ခြင်းဘေး၊ ကာလနာဘေးဖြင့် အဘယ်ကြောင့် သေရပါမည်နည်း။
14 ၁၄ ဗာဗုလုန်မင်း၏အစေကိုမခံရန်အရှင့်အား ပြောဆိုကြသည့်ပရောဖက်တို့၏စကား ကိုနားထောင်တော်မမူပါနှင့်။ သူတို့သည် အရှင့်အားလိမ်လည်ပြောဆိုနေခြင်းဖြစ် ပါ၏။-
၁၄သင်တို့သည် ဗာဗုလုန် ရှင်ဘုရင်၏ အစေကို မခံရဟု၊ သင်တို့အား ဟောပြောသောပရောဖက်တို့၏ စကားကို နားမထောင်ကြနှင့်။ သူတို့သည် မုသာစကားကို ဟောပြောတတ်ကြ၏။
15 ၁၅ ထာဝရဘုရားကိုယ်တော်တိုင်ကထိုသူတို့ အား မိမိစေလွှတ်တော်မမူကြောင်းမိန့်တော် မူပါပြီ။ သူတို့သည်ကိုယ်တော်၏နာမတော် ကိုအမှီပြု၍ လိမ်လည်ဟောပြောလျက်နေ ကြပါ၏။ သို့ဖြစ်၍ထာဝရဘုရားသည် အရှင့်အားနှင်ထုတ်တော်မူပါလိမ့်မည်။ အရှင်နှင့်တကွအရှင့်အားလိမ်လည် ဟောပြောကြသည့်ပရောဖက်များသည် သေကြေပျက်စီးရကြပါလိမ့်မည်'' ဟု လျှောက်ထား၏။
၁၅ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်တို့နှင့် သင်တို့အား ဟောပြောသော ပရောဖက်တို့ကို ငါနှင် ထုတ်၍ ဆုံးရှုံးစေခြင်းငှါ၊ ငါမစေလွှတ်ဘဲ သူတို့သည် ငါ့နာမကို အမှီပြု၍ မုသာစကားကို ဟောပြော တတ်ကြ ၏။
16 ၁၆ ထိုနောက်ငါသည်ထာဝရဘုရားအားအဘယ် သို့မိန့်တော်မူသည်ကို ယဇ်ပုရောဟိတ်များနှင့် ပြည်သူတို့အားဆင့်ဆို၏။ ထာဝရဘုရား က``ဗိမာန်တော်ဘဏ္ဍာများသည်ဗာဗုလုန် ပြည်မှမကြာမီပြန်လည်ရောက်ရှိလာ လိမ့်မည်ဟု ဟောပြောသည့်ပရောဖက်တို့ ၏စကားကိုနားမထောင်ကြနှင့်။ သူ တို့သည်သင်တို့အားလိမ်လည်နေကြ ခြင်းဖြစ်၏။-
၁၆ယဇ်ပုရောဟိတ်တို့နှင့် လူအပေါင်းတို့အား လည်း၊ ထာဝရဘုရား၏ အမိန့်တော်ကို ငါပြန်ပြောသည် ကား၊ ကာလမကြာမမြင့်မှီ၊ ဗိမာန် တော် တန်ဆာတို့ကို ဗာဗုလုန်မြို့မှ တဖန် ဆောင်ခဲ့လိမ့်မည်ဟု သင်တို့ အား ဟောပြောသော ပရောဖက်တို့၏ စကားကို နားမထောင် ကြနှင့်။ သူတို့သည် မုသာစကားကို ဟောပြောတတ် ကြ၏။
17 ၁၇ သူတို့၏စကားကိုနားမထောင်ကြနှင့်။ ဗာ ဗုလုန်မင်း၏အစေကိုခံကြလော့။ သို့ပြု လျှင်သင်တို့အသက်ချမ်းသာရာရလိမ့်မည်။ ဤမြို့သည်အဘယ်ကြောင့်ယိုယွင်းပျက်စီး ၍သွားရပါမည်နည်း။-
၁၇သူတို့၏စကားကို နားမထောင်ကြနှင့်။ ဗာဗု လုန်ရှင်ဘုရင်၏ အစေကိုခံ၍၊ အသက်ချမ်းသာကြလော့။ ဤမြို့သည် အဘယ်ကြောင့် ပျက်စီးခြင်းသို့ရောက်ရ မည်နည်း။
18 ၁၈ အကယ်၍ထိုသူတို့သည်ပရောဖက်အစစ် အမှန်ဖြစ်၍ ငါ၏ဗျာဒိတ်တော်ကိုခံယူရ သည်ဆိုပါမူ ယေရုရှလင်မြို့ဗိမာန်တော်နှင့် ဘုရင်နန်းတော်တို့တွင်ကျန်ရှိသည့်ဘဏ္ဍာတို့ ကိုဗာဗုလုန်မြို့သို့သိမ်းယူခွင့်မပြုရန် အနန္တ တန်ခိုးရှင်ငါထာဝရဘုရားအား လျှောက် ထားကြပါစေ။''
၁၈သူတို့သည် ထာဝရဘုရား၏ ဗျာဒိတ်တော်ကို ခံ၍၊ ပရောဖက်မှန်လျှင်၊ ဗိမာန်တော်၌၎င်း၊ နန်းတော်၌ ၎င်း၊ ယေရုရှလင်မြို့၌၎င်း ကျန်ကြွင်းသေးသော တန်ဆာ တို့ကို ဗာဗုလုန်မြို့သို့ ယူ၍မသွားရမည်အကြောင်း၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားအား တောင်း ပန်ကြလော့။
19 ၁၉ (ဗာဗုလုန်ဘုရင်နေဗုခဒ်နေဇာမင်းသည် ယောယကိမ်၏သားယုဒဘုရင်ယေခေါနိ အားလည်းကောင်း၊ ယုဒပြည်နှင့်ယေရုရှလင် မြို့မှဦးစီးခေါင်းဆောင်များအားလည်းကောင်း၊ ယေရုရှလင်မြို့မှဗာဗုလုန်မြို့သို့ခေါ်ဆောင် သွားစဉ်အခါကချန်ထားခဲ့သည့်ကြေးဝါ တိုင်ကြီးများ၊ ကြေးဝါရေကန်များနှင့်အောက် ခံခုံများ၊ အခြားဗိမာန်တော်ဘဏ္ဍာအချို့ တို့ကိုချန်ထားခဲ့လေသည်။
၁၉ဗာဗုလုန် ရှင်ဘုရင်နေဗုခဒ်နေဇာသည် ယုဒ ရှင်ဘုရင် ယောယကိမ်သား ယေခေါနိ အစရှိသော ယုဒပြည် ယေရုရှလင်မြို့ မှူးတော်မတ်တော်အပေါင်း တို့ကို၊ ယေရုရှလင်မြို့မှ ဗာဗုလုန်မြို့သို့ သိမ်းသွားသော အခါ၊ ထိုရှင်ဘုရင်သည် မသိမ်းမယူ၊ ဗိမာန်တော်၌၎င်း၊ နန်းတော်၌၎င်း၊ ယေရုရှလင်မြို့၌၎င်း ကျန်ကြွင်းသေး သောတိုင်၊ ရကန်၊ ရေကန်အခြေတို့ကို ရည်မှတ်၍၊ ဣသရေလအမျိုး၏ ဘုရားသခင်၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊
21 ၂၁ ``ယေရုရှလင်မြို့ဗိမာန်တော်နှင့်ဘုရင်နန်း တော်တွင်ချန်ထားခဲ့သည့်ဘဏ္ဍာများနှင့်ပတ် သက်၍ ဣသရေလအမျိုးသားတို့၏ဘုရားသခင်အနန္တတန်ခိုးရှင် ငါထာဝရဘုရား မိန့်တော်မူသည့်စကားကိုနားထောင်ကြလော့။-
၂၁
22 ၂၂ ထိုဘဏ္ဍာတို့သည်ဗာဗုလုန်မြို့သို့ယူဆောင် သွားပြီးလျှင် ယင်းတို့အားငါတစ်ဖန်ဂရု စိုက်သည့်အချိန်တိုင်အောင်ထိုမြို့တွင်ရှိနေ လိမ့်မည်။ ထိုနောက်ငါသည်ထိုဘဏ္ဍာများကို ဤဌာနတော်သို့ပြန်လည်ပို့ဆောင်မည်။ ဤ ကားငါထာဝရဘုရားမြွက်ဟသည့် စကားဖြစ်၏'' ဟုမိန့်တော်မူကြောင်း ဆင့်ဆိုပြောကြားလေသည်။
၂၂ထိုတန်ဆာတို့ကို ဗာဗုလုန်မြို့သို့ သွားရလိမ့် မည်။ ငါအကြည့် အရှင်မကြွလာမှီတိုင်အောင်၊ ထိုမြို့၌ ရှိနေရကြလိမ့်မည်။ ငါကြွလာသောအခါ၊ ထိုတန်ဆာ တို့ကို ငါဆောင်ခဲ့၍၊ ဤအရပ်၌ ပြန်ထားမည်ဟု မိန့်တော်မူ၏။