< ယေရမိ 27 >

1 ယု​ဒ​ပြည်​တွင်​ယော​ရှိ​၏​သား​ဇေ​ဒ​ကိ​နန်း တက်​ပြီး​နောက် များ​မ​ကြာ​မီ​ထာ​ဝ​ရ ဘု​ရား​သည်​ငါ့​အား​မိန့်​တော်​မူ​သည်​မှာ၊-
When Zedekiah, the son of Josiah, king of Judah, first became king this word came to Jeremiah from the Lord, saying,
2 ``သား​ရေ​ကြိုး​များ၊ ကန့်​လန့်​ဖြတ်​သစ်​သား တန်း​များ​ဖြင့်​နွား​ထမ်း​ပိုး​ပြု​လုပ်​၍​သင် ၏​လည်​ကုပ်​တွင်​တင်​လော့။-
This is what the Lord has said to me: Make for yourself bands and yokes and put them on your neck;
3 ထို​နောက်​ဇေ​ဒ​ကိ​မင်း​နှင့်​တွေ့​ဆုံ​ရန်​ယေ​ရု ရှ​လင်​မြို့​သို့​ရောက်​ရှိ​လာ​သော​သံ​တ​မန် များ​မှ​တစ်​ဆင့်​ဧ​ဒုံ​မင်း၊ မော​ဘ​မင်း၊ အမ္မုန် မင်း၊ တု​ရု​မင်း​နှင့်​ဇိ​ဒုန်​မင်း​တို့​ထံ​သို့ သ​တင်း​ပေး​ပို့​လော့'' ဟု​မိန့်​တော်​မူ​၏။-
And send them to the king of Edom, and to the king of Moab, and to the king of the children of Ammon, and to the king of Tyre, and to the king of Zidon, by their servants who come to Jerusalem, to Zedekiah, king of Judah;
4 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘုရား​သ​ခင် အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့ အား``သင်​သည်​ထို​သံ​တ​မန်​များ​မှ​တစ်​ဆင့် မိ​မိ​တို့​၏​ဘု​ရင်​များ​အား​ဤ​သို့​ပြော ကြား​စေ​လော့။-
And give them orders to say to their masters, This is what the Lord of armies, the God of Israel, has said: Say to your masters,
5 ငါ​သည်​မိ​မိ​၏​ကြီး​မား​သော​တန်​ခိုး​စွမ်း ရည်​တော်​ဖြင့်​ကမ္ဘာ​မြေ​ပေါ်​ရှိ​လူ​များ၊ တိ ရစ္ဆာန်​များ​နှင့်​တ​ကွ​ကမ္ဘာ​လော​က​ကို​ဖန် ဆင်း​တော်​မူ​ခဲ့​သည်​ဖြစ်​၍ ထို​ကမ္ဘာ​လော​က ကို​မိ​မိ​၏​ဆ​န္ဒ​အ​လျောက်​အ​ဘယ်​သူ့​အား မ​ဆို​ပေး​အပ်​နိုင်​ပေ​သည်။-
I have made the earth, and man and beast on the face of the earth, by my great power and by my outstretched arm; and I will give it to anyone at my pleasure.
6 လူ​မျိုး​တ​ကာ​တို့​အား​ငါ​၏​အ​စေ​ခံ​နေ ဗု​ခဒ်​နေ​ဇာ​၏​လက်​အောက်​သို့​ကျ​ရောက်​စေ သူ​မှာ​ငါ​ပင်​ဖြစ်​၏။ ငါ​သည်​တော​တိ​ရစ္ဆာန် များ​ကို​ပင်​လျှင်​သူ​၏​အ​စေ​ကို​ခံ​စေ​လေ ပြီ။-
And now I have given all these lands into the hands of Nebuchadnezzar, the king of Babylon, my servant; and I have given the beasts of the field to him for his use.
7 သူ​၏​နိုင်​ငံ​ပျက်​သုဉ်း​ချိန်​မ​ရောက်​မ​ချင်း လူ​မျိုး​တ​ကာ​တို့​သည်​သူ​၏​အ​စေ​ကို​လည်း ကောင်း၊ သူ​၏​သား​နှင့်​မြေး​တို့​၏​အ​စေ​ကို လည်း​ကောင်း​ခံ​ရ​ကြ​လိမ့်​မည်။ ထို​နောက်​သူ ၏​လူ​မျိုး​သည်​တန်​ခိုး​ကြီး​မား​သည့်​လူ​မျိုး များ​နှင့်​ဘု​ရင်​တို့​၏​အ​စေ​ကို​ခံ​ရ​ကြ​လိမ့် မည်။
And all the nations will be servants to him and to his son and to his son's son, till the time comes for his land to be overcome: and then a number of nations and great kings will take it for their use.
8 သို့​ရာ​တွင်​ဘယ်​လူ​မျိုး​သို့​မ​ဟုတ်​ဘယ် နိုင်​ငံ​သည် ထို​မင်း​၏​အုပ်​စိုး​မှု​ကို​မ​ခံ​ဘဲ နေ​လျှင် ထို​လူ​မျိုး​အား​နေ​ဗု​ခဒ်​နေ​ဇာ မ​ဖျက်​ဆီး​မီ​တိုင်​အောင်​စစ်​မက်​အန္တ​ရာယ်၊ ငတ်​မွတ်​ခေါင်း​ပါး​ခြင်း​ဘေး​နှင့်​အ​နာ ရော​ဂါ​ဘေး​တို့​ဖြင့်​ငါ​သည်​အ​ပြစ်​ဒဏ် ခတ်​တော်​မူ​မည်။-
And it will come about, that if any nation does not become a servant to this same Nebuchadnezzar, king of Babylon, and does not put its neck under the yoke of the king of Babylon, then I will send punishment on that nation, says the Lord, by the sword and need of food and by disease, till I have given them into his hands.
9 အိပ်​မက်​အ​နက်​ဖွင့်​သူ​များ၊ လူ​သေ​ဝိ​ညာဉ် များ​ကို​ခေါ်​ယူ​၍ မှော်​အ​တတ်​အား​ဖြင့် အ​နာ​ဂတ်​ကို​ဟော​နိုင်​သည်​ဟု​ဆို​သူ​များ၊ သို့​မ​ဟုတ်​သင်​တို့​၏​ပ​ရော​ဖက်​များ​၏ စ​ကား​ကို​နား​မ​ထောင်​ကြ​နှင့်။ သူ​တို့ အား​လုံး​ပင်​လျှင်​သင်​တို့​အား​ဗာ​ဗု​လုန် ဘု​ရင်​၏​အ​စေ​ကို​မ​ခံ​ရန်​ပြော​ကြား ကြ​၏။-
And you are not to give attention to your prophets or your readers of signs or your dreamers or those who see into the future or those who make use of secret arts, who say to you, You will not become servants of the king of Babylon:
10 ၁၀ သူ​တို့​သည်​သင်​တို့​အား​လိမ်​လည်​ဟော​ပြော လျက်​နေ​ကြ​၏။ ထို့​ကြောင့်​သင်​တို့​သည်​မိ​မိ တို့​ပြည်​မှ​ရပ်​ဝေး​သို့​ခေါ်​ဆောင်​ခြင်း​ကို​ခံ​ရ လိမ့်​မည်။ ငါ​သည်​လည်း​သင်​တို့​ကို​နှင်​ထုတ် မည်။ သင်​တို့​သည်​သေ​ကြေ​ပျက်​စီး​ကြ​လိမ့် မည်။-
For they say false words to you, so that you may be sent away far from your land, and so that you may be forced out by me and come to destruction.
11 ၁၁ သို့​သော်​အ​ကြင်​လူ​မျိုး​သည်​ဗာ​ဗု​လုန်​ဘု​ရင် ၏​ထမ်း​ပိုး​အောက်​တွင် အ​ညံ့​ခံ​၍​သူ​၏​အ​စေ ကို​ခံ​၏။ ထို​လူ​မျိုး​အား​ငါ​သည်​မိ​မိ​တို့​တိုင်း ပြည်​တွင် ထွန်​ယက်​လုပ်​ကိုင်​နေ​ထိုင်​ခွင့်​ကို​ပေး တော်​မူ​မည်။ ဤ​ကား​ငါ​ထာ​ဝ​ရ​ဘု​ရား မြွက်​ဟ​သည့်​စ​ကား​ဖြစ်​၏'' ဟု​မိန့်​တော် မူ​၏။
But as for that nation which puts its neck under the yoke of the king of Babylon and becomes his servant, I will let that nation keep on in its land, farming it and living in it, says the Lord.
12 ၁၂ ငါ​သည်​ယု​ဒ​ဘု​ရင်​ဟေ​ဇ​ကိ​အား​လည်း အ​ထက်​ပါ​အ​တိုင်း​လျှောက်​၏။ ငါ​က``အ​ရှင် သည်​ဗာ​ဗု​လုန်​ဘု​ရင်​၏​ထမ်း​ပိုး​အောက်​တွင် အ​ညံ့​ခံ​ပါ​လော့။ ထို​ဘု​ရင်​နှင့်​သူ​၏​အ​မျိုး သား​များ​၏​အ​စေ​ကို​ခံ​ပါ​မူ​အ​သက်​ချမ်း သာ​ရာ​ရ​ပါ​လိမ့်​မည်။-
And I said all this to Zedekiah, king of Judah, saying, Put your necks under the yoke of the king of Babylon and become his servants and his people, so that you may keep your lives.
13 ၁၃ အ​ရှင်​နှင့်​အ​ရှင်​၏​အ​မျိုး​သား​တို့​သည် အ​ဘယ် ကြောင့်​စစ်​ပွဲ​တွင်​ကျ​ဆုံး​၍​ငတ်​မွတ်​ခေါင်း​ပါး ခြင်း​ဘေး၊ သို့​မ​ဟုတ်​အ​နာ​ရော​ဂါ​ဘေး​သင့်​၍ သေ​ရ​ကြ​ပါ​မည်​နည်း။ ဗာ​ဗု​လုန်​၏​အ​စေ​ကို မ​ခံ​သည့်​လူ​မျိုး​သည် ဤ​နည်း​အ​တိုင်း​ဖြစ်​ရ လိမ့်​မည်​ဟု​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​ပါ​ပြီ။-
Why are you desiring death, you and your people, by the sword, and because food is gone, and by disease, as the Lord has said of the nation which does not become the servant of the king of Babylon?
14 ၁၄ ဗာဗု​လုန်​မင်း​၏​အ​စေ​ကို​မ​ခံ​ရန်​အ​ရှင့်​အား ပြော​ဆို​ကြ​သည့်​ပ​ရော​ဖက်​တို့​၏​စ​ကား ကို​နား​ထောင်​တော်​မ​မူ​ပါ​နှင့်။ သူ​တို့​သည် အ​ရှင့်​အား​လိမ်​လည်​ပြော​ဆို​နေ​ခြင်း​ဖြစ် ပါ​၏။-
And you are not to give ear to the prophets who say to you, You will not become servants of the king of Babylon: for what they say is not true.
15 ၁၅ ထာ​ဝ​ရ​ဘု​ရား​ကိုယ်​တော်​တိုင်​က​ထို​သူ​တို့ အား မိ​မိ​စေ​လွှတ်​တော်​မ​မူ​ကြောင်း​မိန့်​တော် မူ​ပါ​ပြီ။ သူ​တို့​သည်​ကိုယ်​တော်​၏​နာ​မ​တော် ကို​အ​မှီ​ပြု​၍ လိမ်​လည်​ဟော​ပြော​လျက်​နေ ကြ​ပါ​၏။ သို့​ဖြစ်​၍​ထာ​ဝ​ရ​ဘု​ရား​သည် အ​ရှင့်​အား​နှင်​ထုတ်​တော်​မူ​ပါ​လိမ့်​မည်။ အ​ရှင်​နှင့်​တ​ကွ​အ​ရှင့်​အား​လိမ်​လည် ဟော​ပြော​ကြ​သည့်​ပ​ရော​ဖက်​များ​သည် သေ​ကြေ​ပျက်​စီး​ရ​ကြ​ပါ​လိမ့်​မည်'' ဟု လျှောက်​ထား​၏။
For I have not sent them, says the Lord, but they are saying what is false in my name, so that I might send you out by force, causing destruction to come on you and on your prophets.
16 ၁၆ ထို​နောက်​ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​အား​အ​ဘယ် သို့​မိန့်​တော်​မူ​သည်​ကို ယဇ်​ပု​ရော​ဟိတ်​များ​နှင့် ပြည်​သူ​တို့​အား​ဆင့်​ဆို​၏။ ထာ​ဝ​ရ​ဘု​ရား က``ဗိ​မာန်​တော်​ဘဏ္ဍာ​များ​သည်​ဗာ​ဗု​လုန် ပြည်​မှ​မ​ကြာ​မီ​ပြန်​လည်​ရောက်​ရှိ​လာ လိမ့်​မည်​ဟု ဟော​ပြော​သည့်​ပ​ရော​ဖက်​တို့ ၏​စ​ကား​ကို​နား​မ​ထောင်​ကြ​နှင့်။ သူ တို့​သည်​သင်​တို့​အား​လိမ်​လည်​နေ​ကြ ခြင်း​ဖြစ်​၏။-
And I said to the priests and to all the people, This is what the Lord has said: Give no attention to the words of your prophets who say to you, See, in a very little time now the vessels of the Lord's house will come back again from Babylon: for what they say to you is false.
17 ၁၇ သူ​တို့​၏​စ​ကား​ကို​နား​မ​ထောင်​ကြ​နှင့်။ ဗာ ဗု​လုန်​မင်း​၏​အ​စေ​ကို​ခံ​ကြ​လော့။ သို့​ပြု လျှင်​သင်​တို့​အ​သက်​ချမ်း​သာ​ရာ​ရ​လိမ့်​မည်။ ဤ​မြို့​သည်​အ​ဘယ်​ကြောင့်​ယို​ယွင်း​ပျက်​စီး ၍​သွား​ရ​ပါ​မည်​နည်း။-
Give no attention to them; become servants of the king of Babylon and keep yourselves from death: why let this town become a waste?
18 ၁၈ အ​ကယ်​၍​ထို​သူ​တို့​သည်​ပ​ရော​ဖက်​အ​စစ် အ​မှန်​ဖြစ်​၍ ငါ​၏​ဗျာ​ဒိတ်​တော်​ကို​ခံ​ယူ​ရ သည်​ဆို​ပါ​မူ ယေ​ရု​ရှ​လင်​မြို့​ဗိ​မာန်​တော်​နှင့် ဘု​ရင်​နန်း​တော်​တို့​တွင်​ကျန်​ရှိ​သည့်​ဘဏ္ဍာ​တို့ ကို​ဗာ​ဗု​လုန်​မြို့​သို့​သိမ်း​ယူ​ခွင့်​မ​ပြု​ရန် အ​နန္တ တန်​ခိုး​ရှင်​ငါ​ထာ​ဝ​ရ​ဘု​ရား​အား လျှောက် ထား​ကြ​ပါ​စေ။''
But if they are prophets, and if the word of the Lord is with them, let them now make request to the Lord of armies that the vessels which are still in the house of the Lord and in the house of the king of Judah and at Jerusalem, may not go to Babylon.
19 ၁၉ (ဗာ​ဗု​လုန်​ဘု​ရင်​နေ​ဗု​ခဒ်​နေ​ဇာ​မင်း​သည် ယော​ယ​ကိမ်​၏​သား​ယု​ဒ​ဘု​ရင်​ယေ​ခေါ​နိ အား​လည်း​ကောင်း၊ ယု​ဒ​ပြည်​နှင့်​ယေ​ရု​ရှ​လင် မြို့​မှ​ဦး​စီး​ခေါင်း​ဆောင်​များ​အား​လည်း​ကောင်း၊ ယေ​ရု​ရှ​လင်​မြို့​မှ​ဗာ​ဗု​လုန်​မြို့​သို့​ခေါ်​ဆောင် သွား​စဉ်​အ​ခါ​က​ချန်​ထား​ခဲ့​သည့်​ကြေး​ဝါ တိုင်​ကြီး​များ၊ ကြေး​ဝါ​ရေ​ကန်​များ​နှင့်​အောက် ခံ​ခုံ​များ၊ အ​ခြား​ဗိ​မာန်​တော်​ဘဏ္ဍာ​အ​ချို့ တို့​ကို​ချန်​ထား​ခဲ့​လေ​သည်။
For this is what the Lord has said about the rest of the vessels which are still in this town,
20 ၂၀
Which Nebuchadnezzar, king of Babylon, did not take away, when he took Jeconiah, the son of Jehoiakim, king of Judah, a prisoner from Jerusalem to Babylon, with all the great men of Judah and Jerusalem;
21 ၂၁ ``ယေ​ရု​ရှ​လင်​မြို့​ဗိ​မာန်​တော်​နှင့်​ဘု​ရင်​နန်း တော်​တွင်​ချန်​ထား​ခဲ့​သည့်​ဘဏ္ဍာ​များ​နှင့်​ပတ် သက်​၍ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​အ​နန္တ​တန်​ခိုး​ရှင် ငါ​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည့်​စ​ကား​ကို​နား​ထောင်​ကြ​လော့။-
For this is what the Lord of armies, the God of Israel, has said about the rest of the vessels in the house of the Lord and in the house of the king of Judah and at Jerusalem:
22 ၂၂ ထို​ဘဏ္ဍာ​တို့​သည်​ဗာ​ဗု​လုန်​မြို့​သို့​ယူ​ဆောင် သွား​ပြီး​လျှင် ယင်း​တို့​အား​ငါ​တစ်​ဖန်​ဂ​ရု စိုက်​သည့်​အ​ချိန်​တိုင်​အောင်​ထို​မြို့​တွင်​ရှိ​နေ လိမ့်​မည်။ ထို​နောက်​ငါ​သည်​ထို​ဘဏ္ဍာ​များ​ကို ဤ​ဌာ​န​တော်​သို့​ပြန်​လည်​ပို့​ဆောင်​မည်။ ဤ ကား​ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​သည့် စ​ကား​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​ကြောင်း ဆင့်​ဆို​ပြော​ကြား​လေ​သည်။
They will be taken away to Babylon, and there they will be till the day when I send their punishment on them, says the Lord. Then I will take them up and put them back in their place.

< ယေရမိ 27 >