< ယေရမိ 26 >

1 ယု​ဒ​ပြည်​တွင်​ယော​ရှိ​၏​သား ယော​ယ​ကိမ် နန်း​တက်​ပြီး​နောက်​များ​မ​ကြာ​မီ​ထာ​ဝ​ရ ဘု​ရား​သည်​ငါ့​အား၊-
In the beginning of the reigne of Iehoiakim the sonne of Iosiah King of Iudah, came this worde from the Lord, saying,
2 ဤ​သို့​မိန့်​တော်​မူ​၏။ ``ဗိ​မာန်​တော်​တံ​တိုင်း အ​တွင်း​၌​ရပ်​ပြီး​လျှင် ထို​အ​ရပ်​သို့​ယု​ဒ မြို့​များ​မှ​ထာ​ဝ​ရ​ဘု​ရား​၏​အိမ်​တော်​တွင် ဝတ်​ပြု​ကိုး​ကွယ်​ရန်​လာ​ရောက်​ကြ​သော​လူ​တို့ အား ငါ​မိန့်​မှာ​သ​မျှ​သော​စ​ကား​တို့​ကို​ပြော ကြား​လော့။ တစ်​ခွန်း​တစ်​လေ​ကို​မျှ​ချန်​မ ထား​နှင့်။-
Thus saith the Lord, Sande in the court of the Lordes House, and speake vnto all the cities of Iudah, which come to worshippe in the Lords House, all the wordes that I commaund thee to speake vnto them: keepe not a worde backe,
3 လူ​တို့​သည်​နား​ထောင်​၍​မိ​မိ​တို့​၏​အ​ကျင့် ဆိုး​များ​ကို​စွန့်​ပစ်​ကောင်း​စွန့်​ပစ်​ကြ​လိမ့်​မည်။ အ​ကယ်​၍​သူ​တို့​သည်​ဤ​သို့​စွန့်​ပစ်​ကြ​ပါ မူ​ငါ​သည်​သူ​တို့​၏​ယုတ်​မာ​မှု​များ​အ​တွက် သုတ်​သင်​ဖျက်​ဆီး​ရန်​အ​ကြံ​အ​စည်​တော် နှင့်​ပတ်​သက်​၍​စိတ်​တော်​ပြောင်း​လဲ​တော်​မူ မည်'' ဟု​မိန့်​တော်​မူ​၏။
If so be they will hearken, and turne euery man from his euill way, that I may repent me of the plague, which I haue determined to bring vpon them, because of the wickednesse of their workes.
4 ထာ​ဝ​ရ​ဘု​ရား​သည်​လူ​တို့​အား​ဆင့်​ဆို​ရန် ငါ့​အား​မိန့်​တော်​မူ​သည်​မှာ``ထာ​ဝ​ရ​ဘု​ရား က​သင်​တို့​သည်​ငါ​ပေး​အပ်​ခဲ့​သည့်​သြ​ဝါ​ဒ များ​ကို​လိုက်​နာ​ကျင့်​သုံး​ကာ​ငါ​၏​စ​ကား ကို​နား​ထောင်​ရ​ကြ​မည်။-
And thou shalt say vnto them, Thus saith the Lord, If ye will not heare me to walke in my Lawes, which I haue set before you,
5 သင်​တို့​ထံ​သို့​ထပ်​ကာ​ထပ်​ကာ​ငါ​စေ​လွှတ် သည့် ငါ​၏​အ​စေ​ခံ​ပ​ရော​ဖက်​တို့​၏​စ​ကား ကို​ပ​မာ​ဏ​ပြု​ရ​ကြ​မည်။ သင်​တို့​သည်​သူ တို့​၏​စ​ကား​ကို​အ​ဘယ်​အ​ခါ​၌​မျှ​နား မ​ထောင်​ခဲ့​ကြ။-
And to heare ye wordes of my seruants the Prophets, whome I sent vnto you, both rising vp earely, and sending them, and will not obey them,
6 သင်​တို့​သည်​ယ​ခု​ငါ​ပြော​သည့်​အ​တိုင်း​မ​ပြု ဘဲ​နေ​ခဲ့​ပါ​မူ ငါ​သည်​ဤ​မြို့​ကို​ရှိ​လော​ရွာ​ကဲ့ သို့​ဖြစ်​စေ​မည်။ ကမ္ဘာ​ပေါ်​ရှိ​လူ​မျိုး​တ​ကာ​တို့ သည်​လည်း ဤ​မြို့​၏​အ​မည်​နာ​မ​ကို​ကျိန်​ဆဲ ရာ​တွင်​အ​သုံး​ပြု​ကြ​လိမ့်​မည်​ဟု​ပြော​ကြား လော့'' ဟူ​၍​ဖြစ်​၏။
Then will I make this House like Shiloh, and will make this citie a curse to all the nations of the earth.
7 ယဇ်​ပု​ရော​ဟိတ်​များ၊ ပ​ရော​ဖက်​များ​နှင့်​ပြည် သူ​အ​ပေါင်း​တို့​သည် ဗိ​မာန်​တော်​ထဲ​၌​ငါ​ဆင့် ဆို​ဟော​ပြော​သည့်​ထို​စ​ကား​တို့​ကို​ကြား ကြ​၏။-
So the Priestes, and the Prophets, and all the people heard Ieremiah speaking these wordes in the House of the Lord.
8 မိ​မိ​အား​ထာ​ဝ​ရ​ဘု​ရား​မိန့်​မှာ​တော်​မူ​သ​မျှ ကို​ငါ​ပြန်​ကြား​ပြော​ဆို​ပြီး​သည်​နှင့်​တစ်​ပြိုင် နက်​သူ​၏​ပု​ရော​ဟိတ်​များ၊ ပ​ရော​ဖက်​များ နှင့်​ပြည်​သူ​တို့​သည်​ငါ့​အား​ဆွဲ​ကိုင်​ဖမ်း​ဆီး ကာ``သင်​သည်​ဤ​စ​ကား​တို့​ကို​ပြော​ဆို​သည့် အ​တွက်​သေ​ဒဏ်​ခံ​ထိုက်​၏။-
Nowe when Ieremiah had made an end of speaking all that the Lord had commanded him to speake vnto all the people, then the Priestes, and the prophets, and all the people tooke him, and saide, Thou shalt die the death.
9 အ​ဘယ်​ကြောင့်​ဗိ​မာန်​တော်​သည်​ရှိ​လော​ရွာ​ကဲ့ သို့​ဖြစ်​လိမ့်​မည်​ဟူ​၍​လည်း​ကောင်း၊ ဤ​မြို့​သည် ဖျက်​ဆီး​ခြင်း​ခံ​ရ​၍​လူ​သူ​ဆိတ်​ငြိမ်​ရာ​ဖြစ် လိမ့်​မည်​ဟူ​၍​လည်း​ကောင်း သင်​သည်​ထာ​ဝ​ရ ဘု​ရား​၏​နာမ​တော်​ကို​အ​မှီ​ပြု​၍​ပြော​ဆို ပါ​သ​နည်း'' ဟု​ဟစ်​အော်​ကြ​၏။ ထို​နောက် လူ​တို့​သည်​ဗိ​မာန်​တော်​အ​တွင်း​၌​စု​ရုံး​၍ ငါ့​အား​ဝိုင်း​ရံ​ထား​ကြ​၏။
Why hast thou prophecied in the Name of the Lord, saying, This House shall be like Shiloh, and this citie shalbe desolate without an inhabitant? and all the people were gathered against Ieremiah in the House of the Lord.
10 ၁၀ ယု​ဒ​ခေါင်း​ဆောင်​များ​သည် ထို​အ​ဖြစ်​အ​ပျက် အ​ကြောင်း​ကို​ကြား​သိ​ကြ​သော​အ​ခါ ဘု​ရင် နန်း​တော်​မှ​လာ​၍​ဗိ​မာန်​တော်​တံ​ခါး​သစ် အ​ဝင်​ဝ​၌​နေ​ရာ​ယူ​ကြ​၏။-
And when the princes of Iudah heard of these things, they came vp from the Kings house into the House of the Lord, and sate downe in the entrie of the new gate of the Lords House.
11 ၁၁ ထို​နောက်​ယဇ်​ပု​ရော​ဟိတ်​များ​နှင့်​ပ​ရော​ဖက် တို့​က​ခေါင်း​ဆောင်​များ​နှင့်​ပြည်​သူ​တို့​အား``ဤ သူ​သည်​ငါ​တို့​၏​မြို့​ကို​ဆန့်​ကျင်​ပြော​ဆို​သ​ဖြင့် သေ​ဒဏ်​ခံ​ထိုက်​ပေ​သည်။ သူ​ပြော​ဆို​သည့်​စ​ကား ကို​သင်​တို့​ကိုယ်​တိုင်​ကြား​ကြ​၏'' ဟု​ဆို​၏။
Then spake the Priestes, and the prophets vnto the princes, and to all the people, saying, This man is worthie to die: for he hath prophecied against this citie, as ye haue heard with your eares.
12 ၁၂ ထို​အ​ခါ​ငါ​သည်​ခေါင်း​ဆောင်​များ​နှင့် ပြည်​သူ တို့​အား``ဤ​ဗိ​မာန်​တော်​နှင့်​ဤ​မြို့​ကို​ဆန့်​ကျင် ၍ ငါ​ပြော​ဆို​သည်​ကို​သင်​တို့​ကြား​ရ​ကြ​၏။ ထို​စ​ကား​တို့​သည်​ငါ့​အား၊ ထာ​ဝ​ရ​ဘု​ရား စေ​လွှတ်​ပြန်​ကြား​စေ​တော်​မူ​သည့်​စ​ကား များ​ဖြစ်​၏။-
Then spake Ieremiah vnto all the princes, and to al the people, saying, The Lord hath sent me to prophecie against this house and against this citie all the things that ye haue heard.
13 ၁၃ သင်​တို့​သည်​မိ​မိ​တို့​နေ​ထိုင်​ပြု​ကျင့်​ပုံ​ကို ပြောင်း​လဲ​ကာ သင်​တို့​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​၏​စ​ကား​ကို​နား​ထောင်​ရ​ကြ​မည်။ ထို အ​ခါ​ကိုယ်​တော်​သည်​သင်​တို့​အား​ဖျက်​ဆီး တော်​မူ​မည်​ဟု ယ​ခင်​မိန့်​ကြား​ခဲ့​သော်​လည်း မိ​မိ​၏​စိတ်​တော်​ကို​ပြောင်း​လဲ​စေ​တော်​မူ လိမ့်​မည်။-
Therefore nowe amende your wayes and your workes, and heare the voyce of the Lord your God, that the Lord may repent him of the plague, that he hath pronounced against you.
14 ၁၄ ငါ​မူ​ကား​သင်​တို့​၏​လက်​တွင်း​၌​ရှိ​၏။ သင်​တို့ ၏​စိတ်​တွင်​မှန်​သည်၊ တ​ရား​သည်​ဟု​ထင်​မှတ် သည့်​အ​တိုင်း​ငါ့​အား​ပြု​လော့။-
As for me, beholde, I am in your hands: do with me as ye thinke good and right.
15 ၁၅ သို့​ရာ​တွင်​အ​ကယ်​၍​ငါ့​အား​သတ်​မည်​ဆို လျှင် သင်​တို့​နှင့်​ဤ​မြို့​သူ​မြို့​သား​အ​ပေါင်း တို့​သည် အ​ပြစ်​မဲ့​သူ​တစ်​ဦး​ကို​သတ်​သည့် အ​တွက်​အ​ပြစ်​သင့်​ကြ​လိမ့်​မည်​ဖြစ်​ကြောင်း အ​သေ​အ​ချာ​သိ​မှတ်​ကြ​လော့။ အ​ဘယ် ကြောင့်​ဆို​သော်​ငါ့​ကို​စေ​လွှတ်​၍ သင်​တို့​အား ဤ​စ​ကား​များ​ကို​ပြော​ဆို​စေ​သော​အ​ရှင် မှာ​ထာ​ဝ​ရ​ဘု​ရား​ပင်​ဖြစ်​သော​ကြောင့် တည်း'' ဟု​ဆို​၏။
But knowe ye for certaine, that if ye put me to death, ye shall surely bring innocent blood vpon your selues, and vpon this citie, and vpon the inhabitants thereof: for of a trueth the Lord hath sent me vnto you, to speake all these words in your eares.
16 ၁၆ ထို​အ​ခါ​ခေါင်း​ဆောင်​များ​နှင့်​ပြည်​သူ​တို့​က ယဇ်​ပု​ရော​ဟိတ်​များ​နှင့်​ပ​ရော​ဖက်​တို့​အား``ဤ သူ​သည်​ငါ​တို့​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ၏​နာ​မ​တော်​ကို​အ​မှီ​ပြု​၍ ငါ​တို့​အား​ဟော ပြော​သ​ဖြင့်​သူ့​အား​သေ​ဒဏ်​မ​ပေး​သင့်'' ဟု​ပြော​ဆို​ကြ​၏။
Then saide the princes and all the people vnto the Priestes, and to the prophets, This man is not worthie to die: for he hath spoken vnto vs in the Name of the Lord our God.
17 ၁၇ ထို​နောက်​မြို့​မိ​မြို့​ဖ​အ​ချို့​တို့​သည်​ထ​၍ စု​ဝေး​လျက်​ရှိ​သော​ပ​ရိ​သတ်​အား၊-
Then rose vp certaine of the Elders of the lande, and spake to all the assemblie of the people, saying,
18 ၁၈ ``ယု​ဒ​ဘု​ရင်​ဟေ​ဇ​ကိ​လက်​ထက်​၌ မေ​ရ​ရှ ရွာ​သား​ပ​ရော​ဖက်​မိက္ခာ​သည်​ပြည်​သူ​အ​ပေါင်း တို့​အား အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​က၊ `ဇိ​အုန်​တောင်​သည်​လယ်​မြေ​ကဲ့​သို့​ထွန်​ယက် ခြင်း​ကို ခံ​ရ​လိမ့်​မည်။ ယေ​ရု​ရှ​လင်​မြို့​သည်​ကျောက်​ပုံ​ဖြစ်​၍​လာ လျက် ဗိ​မာန်​တော်​တောင်​ကုန်း​သည်​သစ်​တော ဖြစ်​လိမ့်​မည်' ဟု မိန့်​တော်​မူ​ကြောင်း​ဆင့်​ဆို​ခဲ့​လေ​သည်။
Michah the Morashite prophecied in the dayes of Hezekiah king of Iudah, and spake to al the people of Iudah, saying, Thus saith the Lord of hostes, Zion shall be plowed like a fielde, and Ierusalem shalbe an heape, and the mountaine of the House shalbe as the hie places of the forest.
19 ၁၉ ယု​ဒ​ဘု​ရင်​ဟေ​ဇ​ကိ​နှင့်​သူ​၏​ပြည်​သူ​တို့ သည် မိက္ခာ​အား​သေ​ဒဏ်​မ​ပေး​ခဲ့​ကြ။ သေ ဒဏ်​ပေး​မည့်​အ​စား​ဟေ​ဇ​ကိ​သည် ထာ​ဝ​ရ ဘု​ရား​အား​ကြောက်​ရွံ့​သ​ဖြင့်​ရှေ့​တော်​၌ မျက်​နှာ​ပွင့်​လန်း​ရန်​ကြိုး​စား​၍​ဆောင်​ရွက် ၏။ ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​သည်​ထို​သူ​တို့ အ​ပေါ်​သို့​ဘေး​အန္တ​ရာယ်​ဆိုး​သက်​ရောက် စေ​မည်​ဟု ယ​ခင်​က​မိန့်​ကြား​ခဲ့​သော်​လည်း မိ​မိ​စိတ်​တော်​ကို​ပြောင်း​လဲ​စေ​တော်​မူ​၏။ ယ​ခု​ငါ​တို့​သည်​မိ​မိ​တို့​အ​ပေါ်​သို့ ကြောက်​မက်​ဖွယ်​ကောင်း​သည့်​ဘေး​အန္တ​ရာယ် ဆိုး​သက်​ရောက်​အောင်​ပြု​ကြ​သည်​တ​ကား'' ဟု​ဆို​ကြ​၏။
Did Hezekiah King of Iudah, and all Iudah put him to death? did he not feare ye Lord, and prayed before the Lord, and the Lord repented him of the plague, that he had pronounced against them? Thus might we procure great euill against our soules.
20 ၂၀ (ထာ​ဝ​ရ​ဘု​ရား​၏​နာ​မ​တော်​ကို​အ​မှီ ပြု​၍ ဟော​ပြော​ကြ​သူ​အ​ခြား​လူ​တစ် ယောက်​ရှိ​သေး​၏။ ထို​သူ​သည်​ရှေ​မာ​ယ ၏​သား၊ ကိ​ရ​ယတ်​ယာ​ရိမ်​မြို့​သား​ဥ​ရိ​ယ ဖြစ်​၏။ သူ​သည်​ဤ​မြို့​နှင့်​ဤ​လူ​မျိုး​အား ဆန့်​ကျင်​၍​ယေ​ရ​မိ​ဟော​ပြော​သ​ကဲ့​သို့ ဟော​ပြော​ခဲ့​၏။-
And there was also a man that prophecied in the Name of the Lord, one Vriiah the sonne of Shemaiah, of Kiriath-iarem, who prophecied against this citie, and against this lande, according to all the wordes of Ieremiah.
21 ၂၁ သူ​၏​စ​ကား​ကို​ယော​ယ​ကိမ်​မင်း​နှင့်​သူ​၏ မှူး​မတ်​များ​နှင့်​စစ်​သည်​တော်​များ​ကြား​သော အ​ခါ မင်း​ကြီး​သည်​သူ့​အား​ကွပ်​မျက်​ရန် ကြိုး​စား​၏။ သို့​ရာ​တွင်​ဥ​ရိ​ယ​သည်​ထို​သ​တင်း ကို​ကြား​သ​ဖြင့်​ကြောက်​၍​အီ​ဂျစ်​ပြည်​သို့ ထွက်​ပြေး​သွား​လေ​သည်။-
Nowe when Iehoiakim the King with all his men of power, and all the princes heard his wordes, the King sought to slay him. But when Vriiah heard it, he was afraide and fled, and went into Egypt.
22 ၂၂ ယော​ယ​ကိမ်​မင်း​သည်​လည်း​ဥ​ရိ​ယ​အား ဖမ်း​ဆီး​ရန် အာ​ခ​ဗော်​၏​သား​ဧ​လ​နာ​သန် နှင့်​လူ​အ​ချို့​ကို​အီ​ဂျစ်​ပြည်​သို့​စေ​လွှတ် လိုက်​၏။-
Then Iehoiakim the King sent men into Egypt, euen Elnathan the sonne of Achbor, and certaine with him into Egypt.
23 ၂၃ သူ​တို့​သည်​ဥ​ရိ​ယ​အား​အီ​ဂျစ်​ပြည်​မှ ယော​ယ​ကိမ်​မင်း​ထံ​သို့​ပြန်​လည်​ခေါ်​ဆောင် လာ​လေ​လျှင် မင်း​ကြီး​သည်​သူ့​ကို​သတ်​၍ ပြည်​သူ​တို့​၏​သင်္ချိုင်း​တွင်​ပစ်​ထား​စေ​၏။)
And they fet Vriiah out of Egypt, and brought him vnto Iehoiakim the King, who slew him with the sword, and cast his dead bodie into the graues of the children of the people.
24 ၂၄ သို့​ရာ​တွင်​ငါ​သည်​ရှာ​ဖန်​၏​သား အ​ဟိ​ကံ ၏​ထောက်​ခံ​မှု​ကို​ရ​ရှိ​သ​ဖြင့် လူ​တို့​လက် သို့​အပ်​၍​အ​သတ်​မ​ခံ​ရ​ခြင်း​ဖြစ်​၏။
But the hande of Ahikam the sonne of Shaphan was with Ieremiah that they shoulde not giue him into the hande of the people to put him to death.

< ယေရမိ 26 >