< ယေရမိ 25 >
1 ၁ ယောရှိ၏သား၊ ယုဒဘုရင်ယောယကိမ်နန်းစံ စတုတ္ထနှစ်၌ ယေရမိသည်ယုဒပြည်သူအ ပေါင်းတို့နှင့်ပတ်သက်၍ ထာဝရဘုရား၏ထံ တော်မှဗျာဒိတ်တော်ကိုခံယူရရှိလေသည်။ (ထိုနှစ်ကားဗာဗုလုန်ဘုရင်နေဗုခဒ်နေဇာ ၏နန်းစံပထမနှစ်ဖြစ်လေသတည်း။)-
Ito ang salitang dumating kay Jeremias tungkol sa lahat ng mga tao ng Juda. Dumating ito sa ikaapat na taon ni Jehoaikim na anak ni Josias, hari ng Juda. Iyon ang unang taon ni Nebucadnezar, na hari ng Babilonia.
2 ၂ ပရောဖက်ယေရမိကယုဒပြည်သား အပေါင်းတို့နှင့် ယေရုရှလင်မြို့သူမြို့ သားအပေါင်းတို့အား၊-
Ipinahayag ito ni Jeremias na propeta sa lahat ng taga-Juda at sa lahat ng naninirahan sa Jerusalem.
3 ၃ ``ထာဝရဘုရားသည်အာမုန်၏သားယုဒ ဘုရင်ယောရှိနန်းစံတစ်ဆယ့်သုံးနှစ်မြောက် မှအစပြု၍ ယနေ့တိုင်အောင်နှစ်ဆယ့်သုံး နှစ်ပတ်လုံးငါ့အားဗျာဒိတ်ပေးလျက်နေ တော်မူခဲ့၏။ ငါသည်လည်းကိုယ်တော်၏ ဗျာဒိတ်တော်များကို သင်တို့အားပြန်ကြား ခဲ့၏။ သို့ရာတွင်သင်တို့သည်ပမာဏမပြု ခဲ့ကြ။-
Sinabi niya, “Sa dalawampu't tatlong taon, mula sa ikalabing-tatlong taon ni Josias na anak ni Amon, na hari ng Juda hanggang sa araw na ito, dumating ang mga salita ni Yahweh sa akin. Ipinapahayag ko ang mga ito sa inyo. Masigasig kong ipinapahayag ang mga ito, ngunit hindi kayo nakinig.
4 ၄ ထာဝရဘုရားသည်အဖန်တလဲလဲ မိမိ ၏အစေခံပရောဖက်များကိုသင်တို့ထံ သို့စေလွှတ်တော်မူခဲ့သော်လည်း သင်တို့ သည်သူတို့၏စကားကိုနားမထောင် ကြ။ ပမာဏလည်းမပြုလိုကြ။-
Isinugo ni Yahweh ang lahat ng kaniyang mga lingkod na mga propeta sa inyo. Masigasig silang humayo, ngunit hindi kayo nakinig o nagbigay-pansin.
5 ၅ သင်တို့သည်မိမိတို့နှင့်ဘိုးဘေးများအား အပြီးအပိုင် ထာဝရဘုရားပေးအပ်တော် မူခဲ့သည့်ပြည်တော်တွင်နေထိုင်ကြစေရန် ထိုပရောဖက်တို့သည်သင်တို့လိုက်လျှောက် လျက်ရှိသည့်လမ်းစဉ်နှင့်ပြုကျင့်လျက်ရှိ သည့်မကောင်းမှုတို့ကိုရှောင်ကြဉ်ရန်ပြော ကြားခဲ့ကြ၏။-
Sinabi ng mga propetang ito, 'Hayaan ninyong tumalikod ang bawat tao mula sa kaniyang masasamang gawa at ang katiwalian na kanilang mga kinagawian at bumalik sa lupain na ibinigay ni Yahweh noong unang panahon sa inyong mga ninuno at sa inyo, bilang isang permanenteng kaloob.
6 ၆ သူတို့သည်သင်တို့အားအခြားဘုရားများ ကိုဝတ်ပြုကိုးကွယ်မှုမပြုကြရန်ကိုလည်း ကောင်း၊ သင်တို့သွန်းလုပ်သည့်ရုပ်တုများကို ရှိခိုးဝတ်ပြုခြင်းအားဖြင့် ထာဝရဘုရား ၏အမျက်တော်ကိုလှုံ့ဆော်မှုမပြုကြရန် ကိုလည်းကောင်းပြောကြားခဲ့ကြ၏။ အကယ် ၍သင်တို့သည်ကိုယ်တော်၏စကားကိုသာ နားထောင်ကြမည်ဆိုပါမူ ကိုယ်တော်သည် သင်တို့အားအပြစ်ဒဏ်ခတ်တော်မူလိမ့်မည် မဟုတ်။-
Kaya huwag kayong lumakad sa ibang diyos upang sambahin sila o yumukod sa kanila, at huwag ninyo silang udyukan sa pamamagitan ng gawa ng inyong mga kamay upang gawan nila kayo ng ikakasakit ninyo.'
7 ၇ သို့ရာတွင်သင်တို့သည်ကိုယ်တော်၏စကား ကိုနားမထောင်ကြကြောင်း ထာဝရဘုရား ကိုယ်တော်တိုင်မိန့်တော်မူပြီ။ သင်တို့သည် ကိုယ်တော်၏စကားကိုနားထောင်မည့်အစား မိမိတို့ပြုလုပ်သည့်ရုပ်တုများအားဖြင့် အမျက်တော်ကိုလှုံ့ဆော်ကာ ကိုယ်တော်ပေး တော်မူသည့်အပြစ်ဒဏ်ကိုမိမိတို့အပေါ် သို့သက်ရောက်စေကြလေပြီ။
Ngunit hindi kayo nakinig sa akin—ito ang pahayag ni Yahweh—kaya inudyukan ninyo ako sa pamamagitan ng gawa ng inyong mga kamay upang saktan ko kayo.
8 ၈ ``ထို့ကြောင့်သင်တို့သည် ကိုယ်တော်၏စကား ကိုနားမထောင်လိုကြသဖြင့် အနန္တတန်ခိုး ရှင်ထာဝရဘုရားက၊-
Kaya ito ang sinasabi ni Yahweh na pinuno ng mga hukbo, 'Dahil hindi kayo nakinig sa aking mga salita,
9 ၉ `ငါသည်မြောက်အရပ်မှလူမျိုးများနှင့်ငါ ၏အစေခံဗာဗုလုန်ဘုရင်နေဗုခဒ်နေဇာ ကိုဆင့်ခေါ်ကာ ဤပြည်သူပြည်သားအပေါင်း တို့နှင့်နီးနားပတ်ဝန်းကျင်ရှိပြည်သူများ မှလူမျိုးအပေါင်းတို့အားတိုက်ခိုက်စေမည်။ ငါသည်ယင်းတို့ကိုအကြွင်းမဲ့ဖျက်ဆီး၍ ထာဝစဉ်ယိုယွင်းပျက်စီးစေသဖြင့်ရှုမြင် ရသူတို့လန့်ဖျပ်တုန်လှုပ်ကြလိမ့်မည်။ ဤ ကားငါထာဝရဘုရားမြွက်ဟသည့် စကားဖြစ်၏။-
tingnan ninyo, magpapadala ako ng isang utos na tipunin ang lahat ng mga tao sa hilaga—ito ang pahayag ni Yahweh—kasama ni Nebucadnezar na aking lingkod, ang hari ng Babilonia, at dalhin sila laban sa lupaing ito at ang bawat naninirahan dito, at laban sa lahat ng mga bansa na nakapalibot sa inyo. Sapagkat inihiwalay ko sila para sa pagkasira. Gagawin ko silang isang katatakutan, sila ang paksa ng mga panunutsot, at walang hanggang pagkawasak.
10 ၁၀ ငါသည်ဝမ်းမြောက်ရွှင်လန်းစွာကြွေးကြော် ကြသည့်အသံများနှင့် မင်္ဂလာဆောင်ပွဲအသံ များကိုလည်းကောင်း၊ ကျိတ်ဆုံကျောက်လှည့် သည့်အသံများကိုလည်းကောင်းဆိတ်သုဉ်း စေမည်။ ထို့ပြင်မီးခွက်များကိုလည်းငါ ငြိမ်းသတ်မည်။-
Ang mga tunog ng kagalakan at pagdiriwang—ang mga tinig ng ikakasal na lalake at babae, ang tunog ng mga batong gilingan at ang liwanag ng mga ilawan—pahihintulutan kong mawala ang lahat ng mga bagay na ito mula sa mga bansang ito.
11 ၁၁ ဤပြည်တစ်ခုလုံးသည်ယိုယွင်းပျက်စီးလျက် ကျန်ရစ်ကာ ရှုမြင်ရသူတို့ထိတ်လန့်ဖွယ်ရာ ဖြစ်လိမ့်မည်။ ပတ်ဝန်းကျင်ရှိလူမျိုးအပေါင်း တို့သည်လည်း အနှစ်ခုနစ်ဆယ်တိုင်တိုင်ဗာ ဗုလုန်ဘုရင်၏အစေကိုခံရကြလိမ့်မည်။-
Pagkatapos mawawasak ang lahat ng lupaing ito at magiging isang katatakutan, at maglilingkod sa hari ng Babilonia ang mga bansang ito ng pitumpung taon.
12 ၁၂ ထိုနောက်ငါသည်ဗာဗုလုန်ဘုရင်နှင့်ပြည်သူ တို့အား မိမိတို့ကူးလွန်သည့်အပြစ်အတွက် ဆုံးမမည်။ သူတို့၏ပြည်ကိုဖျက်ဆီးကာ ထာဝစဉ်ယိုယွင်းပျက်စီးလျက်နေစေမည်။-
At mangyayari ang mga ito kapag nabuo na ang pitumpung taon, na aking parurusahan ang hari ng Babilonia at ang bansang iyon, ang lupain ng mga Caldeo— Ito ang pahayag ni Yahweh—dahil sa kanilang mga kasalanan at gagawin ito ng walang katapusang pagkawasak.
13 ၁၃ ငါသည်ထိုလူမျိုးအားယခင်ကခြိမ်းခြောက် ခဲ့သည့်အတိုင်းလူမျိုးတကာတို့အား ယေ ရမိပြန်ကြားခဲ့သည့်အပြစ်ဒဏ်များဖြင့် လည်းကောင်း၊ ဤစာစောင်တွင်ဖော်ပြပါရှိ သည့်အပြစ်ဒဏ်များဖြင့်လည်းကောင်း ဆုံးမမည်။-
Pagkatapos dadalhin ko laban sa lupaing iyon ang lahat ng mga salita na aking sinabi, at lahat ng mga bagay na isinulat sa aklat na ito na inihula ni Jeremias laban sa lahat ng mga bansa.
14 ၁၄ များစွာသောလူမျိုးတို့နှင့်တန်ခိုးကြီးသည့် ဘုရင်များထံ၌ကျွန်ခံရကြလိမ့်မည်။ ငါ သည်လည်းသူတို့အားမိမိတို့ပြုခဲ့သည့် အမှုများ၏ ဆိုးကျိုးကိုခံစေမည်' '' ဟု မိန့်တော်မူ၏။
Sapagkat marami rin sa ibang bansa at mga dakilang hari ang gagawing mga alipin mula sa mga bansang ito. Pagbabayarin ko sila sa kanilang mga gawa at sa mga ginawa ng kanilang mga kamay.”
15 ၁၅ ဣသရေလအမျိုးသားတို့၏ဘုရားသခင် ထာဝရဘုရားက ငါ့အား``သင်သည်ငါ၏ အမျက်တော်နှင့်ပြည့်လျက်ရှိသည့်ဤစပျစ် ရည်ခွက်ဖလားကိုငါ့ထံမှယူ၍ သင့်အား ငါစေလွှတ်တော်မူသည့်လူမျိုးတကာတို့ ကိုတိုက်ခိုက်လော့။-
Sapagkat ito ang sinabi sa akin ni Yahweh, ang Diyos ng Israel, “Kunin mo ang saro ng alak ng matinding galit sa aking mga kamay at painumin mo ang lahat ng mga bansa kung saan kita isusugo.
16 ၁၆ ထိုအမျက်တော်ရည်ကိုသောက်ကြသောအခါ သူတို့သည်ငါစေလွှတ်သည့်စစ်မက်အန္တရာယ် ကြောင့် မူးယစ်ယိမ်းယိုင်ကာရူးသွပ်၍သွားကြ လိမ့်မည်'' ဟုမိန့်တော်မူ၏။
Sapagkat iinom sila at pagkatapos madarapa at tatakbo ng may kabaliwan bago ang espada na aking isusugo sa kanila.”
17 ၁၇ သို့ဖြစ်၍ငါသည်ထာဝရဘုရား၏လက် တော်မှခွက်ဖလားကိုယူ၍ ငါ့အားကိုယ် တော်စေလွှတ်တော်မူသည့်လူမျိုးအပေါင်း တို့အားအမျက်တော်ရည်ကိုတိုက်၏။-
Kaya kinuha ko ang saro mula sa kamay ni Yahweh, at pinainom ko ang lahat ng mga bansa kung saan ako isinugo ni Yaweh—
18 ၁၈ ယုဒဘုရင်များ၊ ခေါင်းဆောင်များနှင့်တကွ ယေရုရှလင်မြို့နှင့်ယုဒမြို့ရှိသမျှတို့သည် ရှုမြင်ရသူတို့ထိတ်လန့်တုန်လှုပ်ဖွယ်ရာ သဲကန္တာရဖြစ်လျက် ယင်းတို့၏အမည်နာမ သည်လည်းလူတို့ကျိန်ဆဲရာတွင်အသုံးပြု သည့်စကားအသုံးအနှုန်းဖြစ်လာစေရန် ထိုအမျက်တော်ရည်ကိုသောက်ရကြ၏။ ယခုအခါထိုမြို့တို့သည်ယင်းအတိုင်း ပင်ဖြစ်ပျက်လျက်ရှိပေသည်။
Jerusalem, ang mga lungsod ng Juda at ang kaniyang mga hari at mga opisyal—na gawin silang pagkawasak at isang bagay na nakakatakot, at isang paksa para sa panunutsut at pagsusumpa, nanatili silang gayon hanggang ngayon.
19 ၁၉ စပျစ်ရည်ခွက်ဖလားမှအမျက်တော်ရည် ကိုသောက်ရကြသည့်အခြားသူများ၏ စာရင်းမှာ၊ အီဂျစ်ဘုရင်မှူးမတ်များနှင့်ခေါင်းဆောင်များ၊ အီဂျစ်အမျိုးသားများနှင့်အီဂျစ်ပြည်ရှိ လူမျိုးခြားရှိသမျှ၊ ဥဇပြည်မင်းအပေါင်း၊ ဖိလိတ္တိပြည်ရှိအာရှကေလုန်မြို့၊ဂါဇမြို့၊ ဧကြုန်မြို့တို့မှဘုရင်အပေါင်းနှင့်အာဇုတ် မြို့သား အကြွင်းအကျန်ရှိသမျှ၊ ဧဒုံပြည်၊မောဘပြည်နှင့်အမ္မုန်ပြည်သား အပေါင်း၊ တုရုနှင့်ဇိဒုန်ဘုရင်အပေါင်း၊ ပင်လယ်ရပ်ခြားမြေထဲပင်လယ်ဒေသတွင် အုပ်စိုးသည့်ဘုရင်အပေါင်း၊ ဒေဒန်မြို့၊တေမမြို့နှင့်ဗုဇမြို့တို့မှ မြို့သူမြို့သားအပေါင်း၊ နဖူးပေါ်မှဆံပင်တိုညှပ်သူမှန်သမျှ၊ အာရပ်ဘုရင်အပေါင်း၊ သဲကန္တာရတွင်နေထိုင်သူလူမျိုးခြားတို့အား အစိုးရသည့်ဘုရင်အပေါင်း၊ ဇိမရိပြည်၊ဧလံပြည်နှင့်မေဒိပြည်ဘုရင် အပေါင်းနှင့် မြောက်ဘက်ရှိရပ်နီးရပ်ဝေးမှဘုရင် အပေါင်းတို့ ဖြစ်ကြ၏။ ကမ္ဘာပေါ်တွင်ရှိသမျှသောလူမျိုးတို့သည် ထိုအမျက်တော်ရည်ကိုသောက်ရကြ၏။ နောက်ဆုံးသောက်ရမည့်သူမှာဗာဗုလုန် ဘုရင်ဖြစ်ပေသည်။
Kinakailangang inumin din ito ng ibang bansa: Si Faraon na hari ng Egipto at ang kaniyang mga alipin; ang kaniyang mga opisyal at ang lahat ng kaniyang mga tao;
ang lahat ng mga tao na may ibat-ibang lahi at lahat ng mga hari sa lupain ng Uz; ang lahat ng mga hari sa lupain ng Filisteo—Ascalon, Gaza, Ekron, at ang mga natira sa Asdod;
Edom at Moab at lahat ng mga tao sa Ammon;
ang mga hari ng Tiro at Sidon; ang mga hari sa mga baybayin sa kabilang bahagi ng dagat;
Dedan, Tema, at Buz kasama ang lahat ng mga nagputol ng buhok sa mga gilid ng kanilang mga ulo.
Kinakailangang inumin din ito ng mga taong ito: ang lahat ng mga hari sa Arabia at sa lahat ng mga hari ng mga tao na may ibat-ibang mga lahi na naninirahan sa ilang;
lahat ng mga hari ng Zimri, lahat ng mga hari ng Elam, at lahat ng mga hari ng Media;
lahat ng mga hari sa hilaga, lahat ng malalapit at mga malalayo—bawat isang kasama ng kaniyang kapatid at lahat ng mga kaharian ng mundo na nasa ibabaw ng lupa. Sa wakas, ang hari ng Babilonia ay iinom pagkatapos ng lahat.
27 ၂၇ ထိုနောက်ထာဝရဘုရားက ငါ့အား``ဣသရေလ အမျိုးသားတို့၏ဘုရားသခင်၊ အနန္တတန်ခိုး ရှင်ထာဝရဘုရားသည်ထိုသူတို့အားမူး ယစ်အော့အန်သည့်တိုင်အောင်၊ သူတို့ထံသို့ငါ စေလွှတ်သည့်စစ်မက်အန္တရာယ်ကြောင့်ပြိုလဲ၍ မထနိုင်သည့်တိုင်အောင်အမျက်တော်ရည် ကိုသောက်ကြရန်မိန့်တော်မူကြောင်းဆင့် ဆိုလော့။-
Sinabi ni Yahweh sa akin, “Ngayon kinakailangan mong sabihin sa kanila, 'Si Yahweh na pinuno ng mga hukbo, ang Diyos ng Israel, sinasabi niya ito: Uminom kayo at malasing, pagkatapos ay sumuka, bumagsak, at huwag babangon bago ang espada na ipadadala ko sa inyo.'
28 ၂၈ အကယ်၍သူတို့သည်သင်၏လက်မှခွက် ဖလားကိုယူ၍သောက်ရန်ငြင်းဆန်နေကြ ပါမူ အနန္တတန်ခိုးရှင်ထာဝရဘုရားက သူတို့အားအသောက်ခိုင်းတော်မူကြောင်း ပြောကြားလော့။-
At mangyayari ito kung tatanggi silang kunin ang saro mula sa iyong mga kamay upang inumin, sasabihin mo sa kanila, 'Sinasabi ni Yahweh na pinuno ng mga hukbo: Kinakailangan ninyo itong inumin.
29 ၂၉ ငါသည်ဖျက်ဆီးရန်လုပ်ငန်းကိုငါ၏နာမ တော်ကိုဆောင်သောမြို့တော်မှအစပြုမည်။ ထိုမြို့သားတို့သည်အပြစ်ဒဏ်ခံရကြ တော့မည်မဟုတ်ဟုထင်မှတ်ကြသလော။ ငါသည်ကမ္ဘာမြေပေါ်ရှိလူအပေါင်းတို့ ထံသို့စစ်မက်အန္တရာယ်ကိုစေလွှတ်မည် ဖြစ်၍ သူတို့သည်အမှန်ပင်အပြစ်ဒဏ်ခံ ရကြလိမ့်မည်။ ဤကားငါထာဝရ ဘုရားမြွက်ဟသည့်စကားဖြစ်၏။
Sapagkat tingnan ninyo, magpapadala ako ng sakuna sa lungsod na tatawag sa aking pangalan, at dapat ba na hindi kayo kasama sa kaparusahan? Hindi kayo magiging malaya, sapagkat tatawag ako ng isang espada laban sa lahat ng naninirahan sa lupain! —Ito ang pahayag ni Yahweh na pinuno ng mga hukbo.'
30 ၃၀ ``အသင်ယေရမိ၊ သင်သည်ငါ၏ဗျာဒိတ်တော် မှန်သမျှကို ဤသူတို့အားပြောကြားကြေ ညာရမည်မှာ၊ `ထာဝရဘုရားသည်သန့်ရှင်းတော်မူသော အိမ်တော်မှ နေ၍မိုးချုန်းသံပြုတော်မူလိမ့်မည်။ အထက်ဘဝဂ်မှနေ၍မြည်ဟိန်းသံပြုတော် မူလိမ့်မည်။ ကိုယ်တော်သည်မိမိ၏လူမျိုးတော်အား ဟိန်းဟောက်တော်မူလိမ့်မည်။ ကိုယ်တော်သည်စပျစ်သီးနယ်သောသူကဲ့သို့ အော်ဟစ်တော်မူလိမ့်မည်။ ကမ္ဘာပေါ်ရှိလူအပေါင်းတို့ကိုလည်းအော်ဟစ် လိမ့်မည်။
Kaya ikaw mismo, Jeremias, ay dapat magpropesiya sa kanila ng mga salitang ito. Kinakailangan mong sabihin sa kanila, 'Dumagundong ang tinig ni Yahweh mula sa itaas at inilalakas niya ang kaniyang tinig mula sa nilaan niyang lugar na pinananahanan. Dumagundong siya mula sa lugar na kaniyang pinananahanan; sumisigaw siya laban sa lahat ng naninirahan sa lupain, gaya ng mga taong umaawit kapag sila ay magsisiyapak sa mga ubas.
31 ၃၁ ထာဝရဘုရားသည်လူမျိုးတကာတို့အား စွဲချက်တင်တော်မူမည်။ ကိုယ်တော်၏အသံတော်သည်ကမ္ဘာမြေကြီးစွန်း တိုင်အောင်ပဲ့တင်ထပ်၍သွားလိမ့်မည်။ ကိုယ်တော်သည်လူအပေါင်းတို့အားစစ်ဆေး စီရင်တော်မူ၍ သူယုတ်မာတို့အားကွပ်မျက်တော်မူလိမ့်မည်။ ဤကားထာဝရဘုရားမြွက်ဟသည့်စကား ဖြစ်၏' ဟုပြောကြားလော့'' ဟူ၍ဖြစ်၏။
Isang ingay ang dumating sa dulo ng lupain, sapagkat ang isang hindi pagkakasundo kay Yahweh ay magdadala ng isang pagsasakdal laban sa mga bansa. Mangangasiwa siya ng katarungan sa lahat ng laman. Ipapasakamay niya ang mga masasama sa espada—Ito ang pahayag ni Yahweh.'
32 ၃၂ အနန္တတန်ခိုးရှင်ထာဝရဘုရားက``ဘေး အန္တရာယ်ဆိုးသည် တစ်နိုင်ငံပြီးတစ်နိုင်ငံ သို့ကူးစက်၍လာလိမ့်မည်။ လေမုန်တိုင်းကြီး သည်ကမ္ဘာမြေကြီးစွန်းမှတိုက်ခတ်လာလိမ့် မည်'' ဟုမိန့်တော်မူ၏။-
Ito ang sinabi ni Yahweh na pinuno ng mga hukbo, 'Tingnan ninyo, lalabas ang sakuna mula sa bansa patungo sa bansa, at isang napakalakas na bagyo ang pasimula mula sa pinakamalayong bahagi ng mundo.
33 ၃၃ ထိုနေ့ရက်ကျရောက်လာသောအခါထာဝရ ဘုရားကွပ်မျက်တော်မူသောသူတို့၏အလောင်း များသည် ကမ္ဘာမြေပြင်တစ်လျှောက်လုံးတွင်ပျံ့နှံ့ လျက်နေလိမ့်မည်။ သူတို့အတွက်အဘယ်သူမျှ ဝမ်းနည်းပူဆွေးမှုပြုလိမ့်မည်မဟုတ်။ အလောင်း များကိုလည်းယူ၍သင်္ဂြိုဟ်ကြလိမ့်မည်မဟုတ်။ ယင်းတို့သည်နောက်ချေးပုံများကဲ့သို့မြေ ပေါ်တွင်ရှိနေလိမ့်မည်။
Pagkatapos, silang mga napatay ni Yahweh ng araw na iyon ay madaragdagan mula sa dulo ng mundo hanggang sa kabilang dulo; hindi sila pagluluksaan, titipunin, o ililibing. Magiging tulad sila ng mga dumi sa lupa.
34 ၃၄ အသင်ခေါင်းဆောင်တို့၊ အော်ဟစ်ငိုယိုကြလော့။ ငါ၏လူမျိုးတော်ကိုထိန်းသောသိုးထိန်းတို့၊ ကျယ်စွာအော်ဟစ်ကြလော့။ ဝမ်းနည်းပူဆွေး လျက်မြေမှုန့်တွင်လူးလှိမ့်ကြလော့။ အသတ် ခံရကြမည့်အချိန်ကျရောက်လာပြီဖြစ်၍ သင်တို့သည်သိုးထီးများကဲ့သို့အသတ်ခံ ရကြလိမ့်မည်။-
Tumangis kayo, mga pastol, at sumigaw para humingi ng tulong! Gumulong sa lupa, kayo na mga kamahalan sa mga kawan. Sapagkat ang inyong mga araw ay kakatayin at ang paghihiwalay ay darating. Babagsak kayong gaya ng mga piniling tupang lalaki.
35 ၃၅ သင်တို့အဖို့ချမ်းသာရရန်လမ်းရှိလိမ့်မည် မဟုတ်။
Ang kanlungan ng mga pastol ay nawala. Walang makakatakas para sa kamahalan sa mga kawan.
36 ၃၆ သင်တို့သည်ညည်းတွားအော်ဟစ်လိမ့်မည်။ အဘယ်ကြောင့်ဆိုသော်ထာဝရဘုရား သည်သူတို့၏နိုင်ငံများကို အမျက်တော် ဖြင့်ဖျက်ဆီးကာသူတို့၏ငြိမ်းချမ်းသာ ယာသည့်ပြည်ကိုယိုယွင်းပျက်စီးလျက် နေစေတော်မူလေပြီ။
May pagkabalisang mga panaghoy ng mga pastol at ang pagtangis ng kamahalan sa kawan, sapagkat wawasakin ni Yahweh ang kanilang mga pastulan.
Kaya ang mapayapang pastulan ay mawawasak sapagkat labis ang galit ni Yahweh.
38 ၃၈ ခြင်္သေ့သည်မိမိ၏ဂူကိုစွန့်ပစ်သကဲ့သို့ ထာဝရဘုရားသည်မိမိလူမျိုးတော်အား စွန့်ပစ်တော်မူလေပြီ။ ကြောက်မက်ဖွယ်ကောင်း သည့်စစ်မက်အန္တရာယ်နှင့်ထာဝရဘုရား ၏အမျက်တော်ကြောင့် သူတို့၏ပြည်သည် သဲကန္တာရအဖြစ်သို့ပြောင်းလဲသွားလေ ပြီ။
Tulad ng isang batang leon, na iniwan niya ang kaniyang yungib, dahil ang kanilang mga lupain ay magiging isang katatakutan dahil sa kaniyang mapang-aping galit, dahil sa kaniyang matinding galit.”