< ယေရမိ 24 >

1 ထာ​ဝ​ရ​ဘု​ရား​သည် ဗိ​မာန်​တော်​ရှေ့​တွင်​ချ ထား​သည့်​သင်္ဘော​သ​ဖန်း​သီး​တောင်း​နှစ်​လုံး ကို​ငါ့​အား​ပြ​တော်​မူ​၏။ (ဤ​အ​ချိန်​အ​ခါ မှာ​ဗာ​ဗု​လုန်​ဘု​ရင်၊ နေ​ဗု​ခဒ်​နေ​ဇာ​သည် ယော​ယ​ကိမ်​၏​သား ယု​ဒ​ဘု​ရင်​ယေ​ခေါ​နိ အား​ယု​ဒ​ခေါင်း​ဆောင်​များ၊ လက်​မှု​ပညာ​သည် များ​နှင့်​ကျွမ်း​ကျင်​သူ​အ​လုပ်​သ​မား​များ နှင့်​အ​တူ​ဗာ​ဗု​လုန်​မြို့​သို့​ဖမ်း​ဆီး​ခေါ် ဆောင်​သွား​ပြီး​သော​အ​ခါ​ဖြစ်​၏။-)
The Lord caused me to see, and, behold, there were two baskets of figs placed before the temple of the Lord, after Nebuchadrezzar the king of Babylon had carried away into exile Yechonyahu the son of Yehoyakim the king of Judah, and the princes of Judah, with the carpenters and the locksmiths, from Jerusalem, and had brought them to Babylon.
2 ပ​ထ​မ​တောင်း​တွင်​စော​စော​မှည့်​သည့်​သင်္ဘော သ​ဖန်း​သီး​များ​ရှိ​၏။ အ​ခြား​တောင်း​တွင် မူ​ကား​စား​၍​မ​ရ​နိုင်၊ ပုပ်​နေ​သော​သင်္ဘော သ​ဖန်း​သီး​များ​ရှိ​လေ​သည်။-
The one basket [had] very good figs, like the figs that are first ripe: and the other basket [had] very bad figs, which could not be eaten, from being so bad.
3 ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​က​ငါ့​အား``ယေ​ရ​မိ၊ သင်​အ​ဘယ်​အ​ရာ​ကို​မြင်​သ​နည်း'' ဟု​မေး တော်​မူ​၏။ ငါ​က​လည်း``သင်္ဘော​သ​ဖန်း​သီး​များ​ကို​မြင် ပါ​သည်။ ကောင်း​သော​သင်္ဘော​သ​ဖန်း​သီး​များ သည် အ​လွန်​ကောင်း​၍​ပုပ်​သော​သင်္ဘော​သ​ဖန်း သီး​များ​မှာ​စား​၍​မ​ရ​နိုင်​လောက်​အောင်​ပုပ် ၍​နေ​ပါ​သည်'' ဟု​ပြန်​လည်​လျှောက်​ထား​၏။
Then said the Lord unto me, What seest thou, Jeremiah? And I said, Figs: the good figs, are very good; and the bad ones, are very bad, which cannot be eaten, from being so bad.
4 သို့​ဖြစ်​၍​ထာ​ဝ​ရ​ဘု​ရား​၏​နှုတ်​က​ပတ်​တော် ငါ့​ထံ​သို့​ရောက်​လာ​၏``ဗာ​ဗု​လုန်​မြို့​သို့​လိုက် ပါ​သွား​ရ​သူ​တို့​သည်​သင်္ဘော​သ​ဖန်း​သီး ကောင်း​များ​နှင့်​တူ​သည်​ဟု ဣ​သ​ရေ​လ​အ​မျိုး သား​တို့​၏​ဘု​ရား​သ​ခင်​ငါ​ထာ​ဝ​ရ​ဘု​ရား ရှု​မှတ်​ကာ​ငါ​သည်​သူ​တို့​အား​က​ရု​ဏာ​နှင့် ဆက်​ဆံ​မည်။-
And the word of the Lord came unto me, saying,
5
Thus hath said the Lord, the God of Israel, Like these good figs, so will I acknowledge the exiles of Judah, whom I have sent away from this place into the land of the Chaldeans, for good.
6 သူ​တို့​ကို​ကြည့်​ရှု​စောင့်​ရှောက်​၍​ဤ​ပြည်​သို့ ပြန်​လည်​ခေါ်​ဆောင်​လာ​မည်။ ငါ​သည်​သူ​တို့ အား​ဖြို​၍​မ​ပစ်​ဘဲ​တည်​ဆောက်​၍​ပေး​မည်။ ဆွဲ​နုတ်​၍​မ​ပစ်​ဘဲ​စိုက်​ပျိုး​၍​ပေး​မည်။-
And I will set my eye upon them for good, and I will cause them to return again to this land; and I will build them up, and not pull them down; and I will plant them, and not pluck them up.
7 ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော်​မူ​ကြောင်း သိ​ရှိ​လို​သော​စိတ်​နှ​လုံး​ကို​သူ​တို့​အား​ငါ ပေး​မည်။ ထို​အ​ခါ​သူ​တို့​သည်​ငါ​၏​လူ​မျိုး တော်​ဖြစ်​လျက် ငါ​သည်​လည်း​သူ​တို့​၏​ဘု​ရား ဖြစ်​လိမ့်​မည်။ အ​ဘယ်​ကြောင့်​ဆို​သော်​သူ​တို့ သည်​စိတ်​ပါ​လက်​ပါ ငါ​၏​ထံ​သို့​ပြန်​လာ ကြ​လိမ့်​မည်​ဖြစ်​သော​ကြောင့်​တည်း။
And I will give them a heart to know me, that I am the Lord: and they shall be unto me for a people, and I will be unto them for God! for they will return unto me with all their heart.
8 ``ယု​ဒ​ဘု​ရင်​ဇေ​ဒ​ကိ၊ သူ​၏​အ​ခြွေ​အ​ရံ မှူး​မတ်​များ​နှင့် ဤ​ပြည်​တွင်​ကျန်​ရစ်​ခဲ့​သူ သို့​မ​ဟုတ်​အီ​ဂျစ်​ပြည်​သို့​ပြောင်း​ရွှေ့​သွား သူ၊ ယေ​ရု​ရှ​လင်​မြို့​သား​တို့​ကို​မူ​ကား ငါ ထာ​ဝ​ရ​ဘု​ရား​သည်​စား​၍​မ​ရ​နိုင်​လောက် အောင်​ပုပ်​နေ​သည့်​သ​င်္ဘော​သ​ဖန်း​သီး​များ ကဲ့​သို့​ရှု​မှတ်​မည်။-
And like the bad figs, which cannot be eaten, from being so bad, surely thus hath said the Lord, So I will render Zedekiah the king of Judah, and his princes, and the residue of Jerusalem, that remain in this land, and those that dwell in the land of Egypt;
9 ငါ​သည်​ကမ္ဘာ​ပေါ်​ရှိ​လူ​မျိုး​တ​ကာ​တို့​ထိတ် လန့်​တုန်​လှုပ်​သွား​လောက်​အောင် ဆိုး​ရွား​သည့် ဘေး​အန္တ​ရာယ်​ကို​သူ​တို့​အ​ပေါ်​သို့​သက် ရောက်​စေ​မည်။ သူ​တို့​အား​လူ​တို့​သည်​ပြက် ရယ်​ပြု​ကြ​လိမ့်​မည်။ သူ​တို့​၏​အ​ကြောင်း ကို​ပြက်​လုံး​ထုတ်​လျက်​သ​ရော်​ပြော​ဆို ကြ​လိမ့်​မည်။ သူ​တို့​အား​ငါ​ကွဲ​လွင့်​စေ သည့်​အ​ရပ်​မှန်​သ​မျှ​တို့​၌​လည်း သူ​တို့ ၏​အ​မည်​နာ​မ​ကို​ကျိန်​ဆဲ​ရာ​တွင် အ​သုံး​ပြု​ကြ​လိမ့်​မည်။-
And I will make them a horror because of [their] mishaps unto all the kingdoms of the earth, a disgrace and a proverb, a byword and a curse, in all the places whither I will drive them.
10 ၁၀ သူ​တို့​နှင့်​သူ​တို့​ဘိုး​ဘေး​များ​အား​ငါ ပေး​အပ်​ခဲ့​သည့်​ပြည်​တွင် သူ​တို့​တစ်​စုံ​တစ် ယောက်​မျှ​မ​ကြွင်း​မ​ကျန်​တော့​သည့်​တိုင် အောင် ငါ​သည်​သူ​တို့​အ​ပေါ်​သို့​စစ်​မက်​ဘေး အန္တ​ရာယ်​ကို​လည်း​ကောင်း၊ အ​စာ​ငတ်​မွတ် ခေါင်း​ပါး​ခြင်း​ဘေး​နှင့်​အ​နာ​ရော​ဂါ​ဘေး ကို​လည်း​ကောင်း​သက်​ရောက်​စေ​မည်'' ဟု​မိန့် တော်​မူ​၏။
And I will send out against them the sword, the famine, and the pestilence, till they be destroyed from off the land that I had given unto them and to their fathers.

< ယေရမိ 24 >