< ယေရမိ 23 >

1 ကိုယ်​တော်​၏​လူ​မျိုး​တော်​အား​ဖျက်​ဆီး​၍​ကွဲ လွင့်​စေ​သည့်​မင်း​စိုး​ရာ​ဇာ​များ​အ​ပေါ်​သို့ ထာ ဝ​ရ​ဘု​ရား​ချ​မှတ်​တော်​မူ​မည့်​တ​ရား​စီ​ရင် ချက်​သည်​အ​ဘယ်​မျှ​ကြောက်​လန့်​ဖွယ်​ကောင်း လိမ့်​မည်​နည်း။-
Woe to the shepherds who destroy and scatter the sheep of my pasture! says Jehovah.
2 ကိုယ်​တော်​၏​လူ​မျိုး​တော်​ကို​ကြည့်​ရှု​စောင့် ရှောက်​ရ​မည့်​မင်း​စိုး​ရာ​ဇာ​တို့​အား ဣ​သ​ရေ​လ အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​က``သင်​တို့​သည်​ငါ​၏​လူ​မျိုး​တော် အား​မ​ကြည့်​ရှု​ခဲ့၊ ငါ​၏​လူ​မျိုး​တော်​ကို နှင်​ထုတ်​ကွဲ​လွင့်​စေ​ခဲ့​ကြ​၏။ ယင်း​သို့​သင် တို့​ပြု​သည့်​မ​ကောင်း​မှု​များ​အ​တွက်​ငါ သည်​သင်​တို့​အား​အ​ပြစ်​ဒဏ်​ခတ်​မည်။''-
Therefore thus says Jehovah, the God of Israel, against the shepherds who feed my people: Ye have scattered my flock, and driven them away, and have not visited them. Behold, I will visit upon you the evil of your doings, says Jehovah.
3 ``ငါ​သည်​ငါ​၏​လူ​မျိုး​တော်​အား​ကွဲ​လွင့်​စေ ခဲ့​သည့်​တိုင်း​ပြည်​များ​မှ​သိမ်း​၍ သူ​တို့​၏ ပြည်​သို့​ပြန်​လည်​ပို့​ဆောင်​မည်။ သူ​တို့​သည် သား​သ​မီး​များ​စွာ​ထွန်း​ကား​လျက်​လူ ဦး​ရေ​တိုး​ကြ​လိမ့်​မည်။-
And I will gather the remnant of my flock out of all the countries where I have driven them, and will bring them again to their folds, and they shall be fruitful and multiply.
4 ငါ​သည်​သူ​တို့​အား​စောင့်​ထိန်း​ရန်​အုပ်​ချုပ် သူ​များ​ခန့်​ထား​မည်။ ငါ​၏​လူ​တို့​သည် ကြောက်​လန့်​တုန်​လှုပ်​လျက်​နေ​ကြ​ရ​တော့ မည်​မ​ဟုတ်။ ငါ​သည်​နောက်​တစ်​ဖန်​သူ​တို့ အား​ဒဏ်​ခတ်​တော့​မည်​မ​ဟုတ်။ ဤ​ကား ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​သည့်​စ​ကား ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။
And I will set up shepherds over them who shall feed them. And they shall fear no more, nor be dismayed. Neither shall any be lacking, says Jehovah.
5 ထာ​ဝ​ရ​ဘု​ရား​က``ဒါ​ဝိဒ်​၏​ဖြောင့်​မတ်​သော သား​မြေး​တစ်​ဦး​ကို မင်း​အ​ဖြစ်​ငါ​ရွေး​ချယ် ခန့်​ထား​မည့်​အ​ချိန်​ဧ​ကန်​အ​မှန်​ကျ​ရောက် လာ​လိမ့်​မည်။ ထို​မင်း​သည်​ပ​ညာ​ဉာဏ်​နှင့်​အုပ် စိုး​၍​တိုင်း​ပြည်​တစ်​လျှောက်​လုံး​တွင် အ​မှန် တ​ရား​အ​တိုင်း​တ​ရား​မျှ​တ​စွာ​စီ​ရင်​လိမ့် မည်။-
Behold, the days come, says Jehovah, that I will raise to David a righteous Branch, and he shall reign as king and deal wisely, and shall execute justice and righteousness in the land.
6 ထို​မင်း​နန်း​စံ​ချိန်​၌​ယု​ဒ​ပြည်​သား​တို့​သည် ဘေး​မဲ့​လုံ​ခြုံ​မှု​ရှိ​လျက်၊ ဣ​သ​ရေ​လ​ပြည် သား​တို့​သည်​ငြိမ်း​ချမ်း​သာ​ယာ​စွာ​နေ​ထိုင် ရ​ကြ​လိမ့်​မည်။ သူ​တို့​သည်​ထို​မင်း​၏​ဘွဲ့ နာ​မ​ကို``ငါ​တို့​အား​ကယ်​တင်​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား'' ဟူ​၍​ခေါ်​ဆို​သ​မုတ်​ကြ လိမ့်​မည်။
In his days Judah shall be saved, and Israel shall dwell safely. And this is his name by which he shall be called: Jehovah our righteousness.
7 ထာ​ဝ​ရ​ဘု​ရား​က``လူ​တို့​သည်​ငါ့​အား ဣ​သ​ရေ​လ​ပြည်​သား​တို့​ကို အီ​ဂျစ်​ပြည် မှ​ထုတ်​ဆောင်​လာ​သည့်​အ​သက်​ရှင်​တော်​မူ သော​ဘု​ရား​သ​ခင်​အ​ဖြစ်​ဖြင့် တိုင်​တည် ကျိန်​ဆို​မှု​မ​ပြု​ကြ​တော့​မည့်​အ​ချိန် ကျ​ရောက်​လာ​လိမ့်​မည်။-
Therefore, behold, the days come, says Jehovah, that they shall no more say, As Jehovah lives, who brought up the sons of Israel out of the land of Egypt,
8 သူ​တို့​သည်​ယင်း​သို့​ကျိန်​ဆို​မည့်​အ​စား၊ ငါ့ အား​ဣ​သ​ရေ​လ​ပြည်​သား​တို့​ကို​မြောက် ဘက်​ပြည်​မှ​လည်း​ကောင်း၊ သူ​တို့​အား​ငါ​ကွဲ လွင့်​စေ​ရာ​အ​ခြား​ပြည်​အ​ပေါင်း​မှ​လည်း ကောင်း ပြန်​လည်​ခေါ်​ဆောင်​လာ​သည့်​အ​သက် ရှင်​တော်​မူ​သော​ဘု​ရား​သ​ခင်​အ​ဖြစ်​ဖြင့် တိုင်​တည်​ကျိန်​ဆို​ကြ​လိမ့်​မည်။ ထို​နောက်​သူ တို့​သည်​မိ​မိ​တို့​ကိုယ်​ပိုင်​ပြည်​တွင်​နေ​ထိုင် ရ​ကြ​လတ္တံ့'' ဟု​မိန့်​တော်​မူ​၏။
but, As Jehovah lives, who brought up and who led the seed of the house of Israel out of the north country, and from all the countries where I had driven them. And they shall dwell in their own land.
9 ပ​ရော​ဖက်​များ​နှင့်​သက်​ဆိုင်​၍​ဤ​သို့​ဆို​၏။ ငါ​၏​စိတ်​နှ​လုံး​သည်​ကြေ​ကွဲ​လျက်​ငါ​၏ အ​ရိုး​တို့​သည်​တုန်​လှုပ်​လျက်​ရှိ​၏။ ထာ​ဝ​ရ​ဘု​ရား​၏​အ​တွက်​ကြောင့်​လည်း ကောင်း၊ ကိုယ်​တော်​၏​သန့်​ရှင်း​မြင့်​မြတ်​သည့် ဗျာ​ဒိတ်​တော်​များ​ကြောင့်​လည်း​ကောင်း ငါ​သည်​စ​ပျစ်​ရည်​သောက်​ကြူး​၍ ယစ်​မူး​လျက်​နေ​သူ​နှင့်​တူ​တော့​၏။
Concerning the prophets: My heart within me is broken. All my bones shake. I am like a drunken man, and like a man whom wine has overcome, because of Jehovah, and because of his holy words.
10 ၁၀ ငါ​တို့​ပြည်​သည်​ထာ​ဝ​ရ​ဘု​ရား​အား သစ္စာ​မဲ့​သူ​များ​နှင့်​ပြည့်​နှက်​လျက်​ရှိ​၏။ သူ​တို့​သည်​မ​သ​မာ​သော​အ​မှု​များ​ကို ပြု​ကျင့်​လျက် မိ​မိ​တို့​တန်​ခိုး​အာ​ဏာ​ကို​အ​လွဲ​သုံး​စား ပြု​ကြ​၏။ ငါ​တို့​ပြည်​သည်​ထာ​ဝ​ရ​ဘု​ရား​၏ ကျိန်​စာ​သင့်​သ​ဖြင့်​ငို​ကြွေး​မြည်​တမ်း လျက်၊တိရစ္ဆာန် စား​ကျက်​သည်​လည်း​ခြောက်​သွေ့​လျက်​နေ​၏။
For the land is full of adulterers. For because of swearing the land mourns. The pastures of the wilderness are dried up. And their course is evil, and their might is not right.
11 ၁၁ ထာ​ဝ​ရ​ဘု​ရား​က``ပ​ရော​ဖက်​များ​နှင့် ယဇ်​ပု​ရော​ဟိတ်​တို့​တွင်​ဘု​ရား​တရား​မ​ရှိ တော့​ပြီ။ ဗိ​မာန်​တော်​ထဲ​၌​ပင်​သူ​တို့​မ​ကောင်း​မှု​ပြု ကျင့် ကြ​သည်​ကို​ငါ​တွေ့​မြင်​ရ​၏။
For both prophet and priest are profane. Yea, in my house I have found their wickedness, says Jehovah.
12 ၁၂ သူ​တို့​လိုက်​လျှောက်​သည့်​လမ်း​သည်​ချော ကျိ​ကျိ​နှင့် မှောင်​မိုက်​၍​နေ​လိမ့်​မည်။ ငါ​သည်​လည်း​သူ​တို့​အား​ခြေ​ချော်​၍​လဲ စေ​မည်။ သူ​တို့​အ​ပေါ်​သို့​ဘေး​အန္တ​ရာယ်​ဆိုး​ကို သက်​ရောက်​စေ​မည်။ သူ​တို့​အား​အ​ပြစ်​ဒဏ်​စီ​ရင်​ရာ​နေ့​ရက်​ကာ​လ သည် ကျ​ရောက်​လာ​လိမ့်​မည်။ ဤ​ကား​ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​သည့်​စ​ကား ဖြစ်​၏။
Therefore their way shall be to them as slippery places in the darkness. They shall be driven on, and fall in it. For I will bring evil upon them, even the year of their visitation, says Jehovah.
13 ၁၃ ရှ​မာ​ရိ​မြို့​မှ​ပ​ရော​ဖက်​များ​၏​ရွံ​ရှာ​ဖွယ် အ​ဖြစ်​ကို ငါ​တွေ့​မြင်​ရ​လေ​ပြီ။ သူ​တို့​သည်​ဗာ​လ​ဘု​ရား​၏​နာ​မ​ကို​အ​မှီ ပြု​၍ ဟော​ပြော​ကာ​ငါ​၏​လူ​မျိုး​တော်​ဣ​သ​ရေ​လ​အား လမ်း​လွဲ​စေ​ကြ​လေ​ပြီ။
And I have seen folly in the prophets of Samaria. They prophesied by Baal, and caused my people Israel to err.
14 ၁၄ သို့​ရာ​တွင်​ယေ​ရု​ရှ​လင်​မြို့​မှ​ပ​ရော​ဖက်​များ​က​မူ ထို​သူ​တို့​ထက်​ပင်​ပို​၍​ဆိုး​ရွား​စွာ​ပြု​ကျင့်​ကြ သည်​ကို တွေ့​မြင်​ရ​၏။ သူ​တို့​သည်​သူ​တစ်​ပါး​၏​အိမ်​ရာ​ကို​ပြစ်​မှား​၍ မု​သား​ကို​ပြော​ဆို​ကြ​၏။ သူ​တို့​က​လူ​တို့​အား​အ​မှား​ကို​ပြု​ကျင့်​ရန် အား​ပေး​ကူ​ညီ​ကြ​သ​ဖြင့် အ​ဘယ်​သူ​မျှ​မိ​မိ​ပြု​သည့်​မ​ကောင်း​မှု​များ ကို မ​ရပ်​စဲ​ကြ​တော့​ပေ။ ထို​သူ​အ​ပေါင်း​တို့​သည်​သော​ဒုံ​မြို့​သား များ​နှင့်​တူ​ကြ​၏။ ယေ​ရု​ရှ​လင်​မြို့​သား​တို့​သည် ဂေါ​မော​ရ​မြို့​သူ​မြို့​သား​များ​ကဲ့​သို့​ပင် ဆိုး​ညစ်​ယုတ်​မာ​ကြ​၏'' ဟု​မိန့်​တော်​မူ​၏။
In the prophets of Jerusalem also I have seen a horrible thing. They commit adultery, and walk in lies. And they strengthen the hands of evildoers, so that none returns from his wickedness. They have all of them become to me as Sodom, and the inhabitants thereof as Gomorrah.
15 ၁၅ သို့​ဖြစ်​၍​အ​နန္တ​တန်​ခိုး​ရှင်​ငါ​ထာ​ဝ​ရ​ဘု​ရား သည် ယေ​ရု​ရှ​လင်​မြို့​မှ​ပ​ရော​ဖက်​များ​နှင့် ပတ်​သက်​၍​မိန့်​တော်​မူ​သည်​မှာ``သူ​တို့​အား ဒေါ​န​ပင်​များ​ကို​ငါ​ကျွေး​မည်။ အ​ဆိပ်​ပါ​သော​ရေ​ကို​လည်း​သောက်​စေ​မည်။ အ​ဘယ်​ကြောင့်​ဆို​သော်​သူ​တို့​သည်​ပြည်​တော် တစ်​ဝှမ်း​လုံး​တွင်၊ ဘု​ရား​မဲ့​တ​ရား​မဲ့​သော​အ​မှု​များ​ကို​ပျံ့​နှံ့​စေ ကြ​သော​ကြောင့်​ဖြစ်​၏'' ဟူ​၍​ဖြစ်​ပါ​၏။
Therefore thus says Jehovah of hosts concerning the prophets: Behold, I will feed them with wormwood, and make them drink the water of gall. For from the prophets of Jerusalem ungodliness has gone forth into all the land.
16 ၁၆ အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​က ယေ​ရု ရှ​လင်​မြို့​သူ​မြို့​သား​တို့​အား``ပ​ရော​ဖက်​များ သည်​သင်​တို့​အား​အ​ချည်း​နှီး​မျှော်​လင့်​လျက် နေ​စေ​ကြ​သည်​ဖြစ်​၍ သူ​တို့​ဟော​ပြော​သည့် စ​ကား​ကို​နား​မ​ထောင်​ကြ​နှင့်။ သူ​တို့​သည် မိ​မိ​တို့​စိတ်​ထဲ​ထင်​မြင်​သည့်​အ​ရာ​များ​ကို ဟော​ပြော​ကြ​၏။ ငါ​၏​ဗျာ​ဒိတ်​တော်​ကို​ဟော ပြော​ကြ​သည်​မ​ဟုတ်။-
Thus says Jehovah of hosts: Hearken not to the words of the prophets who prophesy to you. They teach you vanity. They speak a vision of their own heart, and not out of the mouth of Jehovah.
17 ၁၇ သူ​တို့​သည်​ငါ​၏​စကား​ကို​နား​ထောင်​ရန်​ငြင်း ဆန်​သူ​တို့​အား`သင်​တို့​အ​ဖို့​အ​စ​စ​အ​ရာ​ရာ အ​ဆင်​ပြေ​လိမ့်​မည်​ဟု​ထာ​ဝ​ရ​ဘု​ရား​မိန့် ဆို​သည်' ဟု​အ​ဖန်​တစ်​လဲ​လဲ​ဟော​ပြော​ကြ​၏။ ခေါင်း​မာ​သူ​အ​ပေါင်း​တို့​အား​လည်း`သင်​တို့ အ​ပေါ်​သို့​အ​ဘယ်​အ​ခါ​၌​မျှ​ဘေး​အန္တ​ရာယ် ဆိုး​သက်​ရောက်​လိမ့်​မည်​မ​ဟုတ်' ဟု​ဆို​ကြ​၏'' ဟူ​၍​မိန့်​တော်​မူ​၏။
They say continually to those who despise me, Jehovah has said, Ye shall have peace. And to everyone who walks in the stubbornness of his own heart they say, No evil shall come upon you.
18 ၁၈ ငါ​က``ဤ​ပ​ရော​ဖက်​များ​အ​နက်​အ​ဘယ်​သူ မျှ ထာ​ဝ​ရ​ဘု​ရား​၏​လျှို့​ဝှက်​သော​အ​ကြံ အ​စည်​တော်​တို့​ကို​သိ​ရှိ​သည်​ဟူ​၍​မ​ရှိ။ အ​ဘယ်​သူ​မျှ​ကိုယ်​တော်​၏​ဗျာ​ဒိတ်​တော် ကို​ကြား​သည်၊ နား​လည်​သည်​ဟူ​၍​မ​ရှိ​ကြ။ သူ​တို့​သည်​အ​ဘယ်​အ​ခါ​၌​မျှ​ထာ​ဝ​ရ ဘု​ရား​မိန့်​တော်​မူ​သော​စ​ကား​ကို​နား မ​ထောင်။ ပ​မာ​ဏ​လည်း​မ​ပြု​ကြ။-
For who has stood in the council of Jehovah, that he should perceive and hear his word? Who has marked my word, and heard it?
19 ၁၉ ကိုယ်​တော်​၏​အမျက်​တော်​သည်​လူ​ယုတ်​မာ​တို့ ၏​ဦး​ခေါင်း​ထက်​တွင်​တိုက်​ခတ်​သည့်​လေ​ပြင်း မုန်​တိုင်း​နှင့်​တူ​၏။-
Behold, the tempest of Jehovah, wrath, has gone forth, yea, a whirling tempest. It shall burst upon the head of the wicked.
20 ၂၀ ထို​အ​မျက်​တော်​သည်​ကိုယ်​တော်​ကြံ​စည်​တော် မူ​သ​မျှ​သော​အ​မှု​များ​မ​ပြီး​မ​ချင်း​ပြေ ငြိမ်း​လိမ့်​မည်​မ​ဟုတ်။ ဤ​အ​ချက်​ကို​ကိုယ် တော်​၏​လူ​မျိုး​တော်​သည် လာ​လတ္တံ့​သော​နေ့ ရက်​များ​၌​သိ​ရှိ​နား​လည်​လာ​ကြ​လိမ့်​မည်'' ဟု​ဆို​၏။
The anger of Jehovah shall not return until he has executed, and till he has performed the intents of his heart. In the latter days ye shall understand it perfectly.
21 ၂၁ ထာ​ဝ​ရ​ဘု​ရား​က``ဤ​ပ​ရော​ဖက်​တို့​သည် ငါ မ​စေ​လွှတ်​သော်​လည်း​ထွက်​သွား​ကြ​၏။ သူ​တို့ အား​အ​ဘယ်​ဗျာ​ဒိတ်​ကို​မျှ​ငါ​မ​ပေး​သော် လည်း သူ​တို့​သည်​ငါ​၏​နာ​မ​တော်​ကို​အ​မှီ ပြု​၍​ဟော​ပြော​ကြ​၏။-
I did not send these prophets, yet they ran. I did not speak to them, yet they prophesied.
22 ၂၂ အ​ကယ်​၍​သူ​တို့​သည်​ငါ​၏​လျှို့​ဝှက်​သော အ​ကြံ​အ​စည်​တော်​တို့​ကို​သာ​သိ​ရှိ​ကြ မည်​ဆို​ပါ​မူ ငါ​၏​ဗျာ​ဒိတ်​တော်​ကို​ငါ့​လူ မျိုး​တော်​အား​ဟော​ပြော​ကြေ​ညာ​ကာ သူ​တို့ ၏​ဆိုး​ညစ်​သည့်​အ​ကျင့်​များ​နှင့်​သူ​တို့​ပြု သည့်​ယုတ်​မာ​မှု​များ​ကို​စွန့်​ပစ်​စေ​နိုင်​ကြ လိမ့်​မည်။
But if they had stood in my council, then they would have caused my people to hear my words, and would have turned them from their evil way, and from the evil of their doings.
23 ၂၃ ``ငါ​သည်​အ​နီး​၌​သာ​ရှိ​သည်​မ​ဟုတ်။ အ​ရပ် တ​ကာ​တွင်​ရှိ​တော်​မူ​သော​ဘု​ရား​ဖြစ်​ပေ သည်။-''
Am I a God at hand, says Jehovah, and not a God afar off?
24 ၂၄ ငါ​မ​တွေ့​မ​မြင်​နိုင်​သော​အ​ရပ်​တွင်​အ​ဘယ် သူ​မျှ​ပုန်း​ကွယ်​၍​မ​နေ​နိုင်။ ``ငါ​သည်​ကောင်း ကင်​ဘုံ​နှင့်​ကမ္ဘာ​မြေ​ကြီး​ပေါ်​ရှိ​အ​ရပ် တ​ကာ​တွင်​ရှိ​တော်​မူ​ကြောင်း​ကို​သင်​တို့ မ​သိ​ကြ​သ​လော။-''
Can any man hide himself in secret places so that I shall not see him? says Jehovah. Do I not fill heaven and earth? says Jehovah.
25 ၂၅ `ငါ​အိပ်​မက်​မက်​သည်၊ ငါ​အိပ်​မက်​မက်​သည်' ဟု မိ​မိ​တို့​အိပ်​မက်​တွင်​ငါ​၏​ဗျာ​ဒိတ်​တော်​ကို ကြား​ရ​ပါ​သည်​ဟု ငါ့​နာ​မ​တော်​ကို​အ​မှီ​ပြု ၍​လိမ်​လည်​ဟော​ပြော​သည့်​ပ​ရော​ဖက်​တို့​၏ စ​ကား​ကို​ငါ​သိ​၏။-
I have heard what the prophets have said, who prophesy lies in my name, saying, I have dreamed, I have dreamed.
26 ၂၆ ဤ​ပရော​ဖက်​များ​သည်​မိ​မိ​တို့​လုပ်​ကြံ​ပြော ဆို​သည့်​မု​သား​စ​ကား​များ​ဖြင့် ငါ​၏​လူ​မျိုး တော်​အား​အ​ဘယ်​မျှ​ကြာ​ကြာ​ဆက်​လက် လမ်း​လွဲ​စေ​ကြ​မည်​နည်း။-
How long shall this be in the heart of the prophets who prophesy lies, even the prophets of the deceit of their own heart?
27 ၂၇ မိ​မိ​တို့​ဘိုး​ဘေး​များ​သည်​ငါ့​ကို​မေ့​လျော့ ကာ ဗာ​လ​ဘု​ရား​ကို​ဆည်း​ကပ်​ခဲ့​ကြ​သ​ကဲ့ သို့​သူ​တို့​သည် မိ​မိ​တို့​ဟော​ပြော​သည့်​အိပ် မက်​များ​က ငါ​၏​လူ​မျိုး​တော်​အား​ငါ့​ကို မေ့​လျော့​စေ​နိုင်​လိမ့်​မည်​ဟု​သူ​တို့​ထင်​မှတ် ကြ​၏။-
Who think to cause my people to forget my name by their dreams which they tell every man to his neighbor, as their fathers forgot my name for Baal.
28 ၂၈ အိပ်​မက်​ကို​မြင်​မက်​သည့်​ပ​ရော​ဖက်​သည် မိ​မိ မြင်​မက်​သည့်​အ​ရာ​မှာ​အိပ်​မက်​မျှ​သာ​ဖြစ် ကြောင်း​ပြော​ကြား​သင့်​၏။ သို့​ရာ​တွင်​ငါ​၏ ဗျာ​ဒိတ်​တော်​ကို​ကြား​သည့်​ပ​ရော​ဖက်​မူ​ကား ထို​ဗျာ​ဒိတ်​တော်​ကို​သစ္စာ​နှင့်​ပြန်​ကြား​ရ​၏။ ဂျုံ ဆန်​နှင့်​နှိုင်း​စာ​သော်​ကောက်​ရိုး​သည်​အ​ဘယ် မျှ​အ​သုံး​ဝင်​သ​နည်း။-
The prophet who has a dream, let him tell a dream. And he who has my word, let him speak my word faithfully. What is the straw to the wheat? says Jehovah.
29 ၂၉ ငါ​၏​ဗျာ​ဒိတ်​တော်​သည်​မီး​နှင့်​တူ​၍​ကျောက် ကို​ထု​ခွဲ​နိုင်​သည့်​တူ​နှင့်​တူ​၏။-
Is not my word like fire? says Jehovah, and like a hammer that breaks the rock in pieces?
30 ၃၀ မိ​မိ​တို့​အ​ချင်း​ချင်း​ပြော​ဆို​ကြ​သည့်​စ​ကား များ​ကို ငါ​၏​ဗျာ​ဒိတ်​တော်​ကဲ့​သို့​ပြန်​ကြား​ပြော ဆို​သည့်​ပ​ရော​ဖက်​တို့​ကို​ငါ​ဆန့်​ကျင်​ဘက်​ပြု မည်။-
Therefore, behold, I am against the prophets, says Jehovah, who steal my words each one from his neighbor.
31 ၃၁ မိ​မိ​တို့​၏​စ​ကား​ကို​ငါ့​စ​ကား​ကဲ့​သို့​ပြော ဆို​သည့် ပ​ရော​ဖက်​တို့​ကို​လည်း​ဆန့်​ကျင်​ဘက် ပြု​မည်။-
Behold, I am against the prophets, says Jehovah, who use their tongues, and say, He says.
32 ၃၂ ငါ​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည့်​စ​ကား ကို​နား​ထောင်​ကြ​လော့။ မု​သား​အ​ပြည့်​ပါ​သည့် မိ​မိ​တို့​၏​အိပ်​မက်​များ​အ​ကြောင်း​ကို​ဟော ပြော​ကြ​သော​ပ​ရော​ဖက်​တို့​ကို​ငါ​ဆန့်​ကျင် ဘက်​ပြု​မည်။ သူ​တို့​သည်​ထို​အိပ်​မက်​များ​ကို လိမ်​လည်​ကြွား​ဝါ​ဟော​ပြော​ခြင်း​အား​ဖြင့် ငါ ၏​လူ​မျိုး​တော်​အား​လမ်း​လွဲ​စေ​ကြ​၏။ ငါ သည်​သူ​တို့​အား​မ​စေ​လွှတ်​ခဲ့။ သွား​ရန်​လည်း အ​မိန့်​မ​ပေး​ခဲ့။ သို့​ဖြစ်​၍​သူ​တို့​သည်​လူ​တို့ အ​တွက်​အ​ဘယ်​သို့​မျှ​အ​ကျိုး​မ​ပြု​ကြ။ ဤ​ကား​ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​သည့် စ​ကား​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။
Behold, I am against those who prophesy lying dreams, says Jehovah, and tell them. And cause my people to err by their lies, and by their vain boasting. Yet I sent them not, nor commanded them, neither do they profit this people at all, says Jehovah.
33 ၃၃ ထာ​ဝ​ရ​ဘု​ရား​က​ငါ့​အား``ယေ​ရ​မိ၊ ငါ ၏​လူ​မျိုး​တော်​အ​နက်​မှ​တစ်​စုံ​တစ်​ယောက် သော​သူ​က​သော်​လည်း​ကောင်း၊ ပ​ရော​ဖက်​သို့ မ​ဟုတ် ယဇ်​ပု​ရော​ဟိတ်​က​သော်​လည်း​ကောင်း သင့်​အား`ထာ​ဝ​ရ​ဘု​ရား​၏​ဗျာ​ဒိတ်​တော်​ကား အ​ဘယ်​နည်း' ဟု​မေး​သော​အ​ခါ`ထာ​ဝ​ရ ဘု​ရား​က​ငါ​သည်​သင့်​ကို​ဖယ်​ရှား​တော် မူ​လိမ့်​မည်' ဟု​ဖြေ​ကြား​လော့။-
And when this people, or the prophet, or a priest, shall ask thee, saying, What is the burden of Jehovah? Then thou shall say to them, What burden! I will cast you off, says Jehovah.
34 ၃၄ အ​ကယ်​၍​ပ​ရော​ဖက်​သို့​မ​ဟုတ် ယဇ်​ပု​ရော​ဟိတ် တစ်​စုံ​တစ်​ယောက်​က​သော်​လည်း​ကောင်း၊ လူ​တစ်​ဦး တစ်​ယောက်​က​သော်​လည်း​ကောင်း`ထာ​ဝ​ရ​ဘု​ရား ၏​ဝန်​ထုပ်​ဝန်​ပိုး' ဟူ​သော​စ​ကား​ကို​သုံး​နှုန်း ပါ​မူ ငါ​သည်​ထို​သူ​နှင့်​သူ​၏​အိမ်​ထောင်​စု အား​အ​ပြစ်​ဒဏ်​ခတ်​မည်။-
And as for the prophet, and the priest, and the people, who shall say, The burden of Jehovah, I will even punish that man and his house.
35 ၃၅ သူ​သည်​ထို​သို့​ပြော​ဆို​မည့်​အ​စား မိ​မိ​၏ အ​သိ​မိတ်​ဆွေ​များ​နှင့်​ဆွေ​မျိုး​ညာ​တိ​တို့ အား`ထာ​ဝ​ရ​ဘု​ရား​အ​ဘယ်​သို့​ဖြေ​ကြား တော်​မူ​ပါ​သ​နည်း။ ကိုယ်​တော်​အ​ဘယ်​သို့ မိန့်​တော်​မူ​ပါ​သနည်း' ဟူ​၍​မေး​မြန်း​ရာ​၏။-
Thus ye shall say each one to his neighbor, and each one to his brother: What has Jehovah answered? and, What has Jehovah spoken?
36 ၃၆ သို့​ဖြစ်​၍`ထာ​ဝ​ရ​ဘု​ရား​၏​ဝန်​ထုပ်​ဝန်​ပိုး' ဟူ​သော​စ​ကား​ကို နောက်​တစ်​ဖန်​ထို​သူ​တို့ မ​ပြော​ရ​ကြ။ အ​ဘယ်​ကြောင့်​ဆို​သော်​တစ် စုံ​တစ်​ယောက်​သော​သူ​သည်​ဤ​သို့​ပြော​ဆို ပါ​က၊ ငါ​၏​ဗျာ​ဒိတ်​တော်​ကို​ယင်း​သို့​ပြော ဆို​သူ​အ​တွက်​အ​ကယ်​ပင်​ဝန်​ထုပ်​ဝန်​ပိုး ဖြစ်​စေ​မည်။ လူ​တို့​သည် မိ​မိ​တို့​၏​ဘု​ရား​သ​ခင်၊ အ​သက်​ရှင်​တော်​မူ​သော​အ​နန္တ တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​၏​စ​ကား တော်​ကို အ​မှောက်​မှောက်​အ​မှား​မှား​ဖြစ် စေ​ကြ​လေ​ပြီ။-
And the burden of Jehovah ye shall mention no more, for every man's own word shall be his burden. For ye have perverted the words of the living God, of Jehovah of hosts our God.
37 ၃၇ ``ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​အား​အ​ဘယ် သို့​ဖြေ​ကြား​တော်​မူ​ပါ​သ​နည်း။ ကိုယ်​တော် အ​ဘယ်​သို့​ဗျာ​ဒိတ်​ပေး​တော်​မူ​ပါ​သ​နည်း' ဟု​ပ​ရော​ဖက်​တို့​အား​မေး​မြန်း​ရန်​ထာ​ဝ​ရ ဘု​ရား​က​ယေ​ရ​မိ​အား​မိန့်​တော်​မူ​၏။-
Thus thou shall say to the prophet: What has Jehovah answered thee? and, What has Jehovah spoken?
38 ၃၈ အ​ကယ်​၍​သူ​တို့​သည်​ငါ​၏​အ​မိန့်​တော်​ကို မ​နာ​ခံ​ဘဲ``ထာ​ဝ​ရ​ဘု​ရား​၏​ဝန်​ထုပ်​ဝန် ပိုး'' ဟူ​သော​စ​ကား​ကို​သုံး​သော​သူ​တို့ အား​ဤ​သို့​ပြော​ကြား​လော့။-
But if ye say, The burden of Jehovah, therefore thus says Jehovah: Because ye say this word, The burden of Jehovah, and I have sent to you, saying, Ye shall not say, The burden of Jehovah,
39 ၃၉ ငါ​သည်​သူ​တို့​နှင့်​တ​ကွ​သူ​တို့​၏​ဘိုး​ဘေး များ​အား ပေး​အပ်​ခဲ့​သည့်​မြို့​ကို​ကောက်​ယူ​၍ အ​ဝေး​သို့​ပစ်​ထုတ်​မည်။-
therefore, behold, I will utterly forget you. And I will cast you off, and the city that I gave to you and to your fathers, away from my presence.
40 ၄၀ သူ​တို့​သည်​အ​ဘယ်​အ​ခါ​၌​မျှ​မေ့​ပျောက်​၍ မ​ရ​နိုင်​သော ထာ​ဝ​စဉ်​အ​သ​ရေ​ပျက်​အ​ရှက် ကွဲ​မှု​ကို​ခံ​ရ​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။
And I will bring an everlasting reproach upon you, and a perpetual shame, which shall not be forgotten.

< ယေရမိ 23 >