< ယေရမိ 22 >
1 ၁ ထာဝရဘုရားသည်ငါ့အားယုဒနန်းတော် သို့သွား၍ ဒါဝိဒ်မင်း၏သားမြေးများ၊ ယုဒ ရှင်ဘုရင်မင်းကြီးနှင့်အတူသူ၏မှူးမတ် များနှင့်ယေရုရှလင်မြို့သူမြို့သားများ အားပြောကြားရန် ဤသို့မိန့်တော်မူသည်မှာ၊-
Ainsi parle l’Éternel: Descends dans la maison du roi de Juda, et là prononce cette parole.
Tu diras: Écoute la parole de l’Éternel, roi de Juda, qui es assis sur le trône de David, toi, tes serviteurs, et ton peuple, qui entrez par ces portes!
3 ၃ `ငါထာဝရဘုရားသည်သင်တို့ကိုဖြောင့် မတ်မှန်ကန်သည့်အမှုများကိုပြုကျင့်ကြ ရန်မှာကြား၏။ သင်တို့သည်အလိမ်ခံရသူ အားလိမ်လည်သူ၏ဘေးမှကာကွယ်စောင့် ရှောက်ကြလော့။ လူမျိုးခြားများ၊ မိဘမဲ့ သူများ၊ သို့မဟုတ်မုဆိုးမများအားမ တရားသည့်အမှုကိုလည်းကောင်း၊ ညှင်းပန်း နှိပ်စက်မှုကိုလည်းကောင်းမပြုကြနှင့်။ ဤသန့်ရှင်းရာဌာနတော်တွင်အပြစ်မဲ့ သူတို့ကိုမသတ်ကြနှင့်။-
Ainsi parle l’Éternel: Pratiquez la justice et l’équité; délivrez l’opprimé des mains de l’oppresseur; ne maltraitez pas l’étranger, l’orphelin et la veuve; n’usez pas de violence, et ne répandez point de sang innocent dans ce lieu.
4 ၄ သင်တို့သည်ငါပညတ်တော်မူသည့်အ တိုင်းအကယ်ပင်လိုက်လျှောက်ပြုကျင့်ကြ မည်ဆိုပါမူ ဒါဝိဒ်မင်း၏ရာဇပလ္လင်တွင် ထိုင်လျက်ရှိသောဘုရင်တို့သည် ဆက်လက် ၍မင်းပြုရကြလိမ့်မည်။ ထို့ပြင်သူတို့ သည်မိမိတို့၏မှူးမတ်များ၊ ပြည်သူများ နှင့်အတူမြင်းရထားများ၊ မြင်းများကို စီး၍ဤနန်းတော်ဝင်းတံခါးများကို ဝင်ထွက်သွားလာရကြလိမ့်မည်။-
Car si vous agissez selon cette parole, les rois assis sur le trône de David entreront par les portes de cette maison, montés sur des chars et sur des chevaux, eux, leurs serviteurs et leur peuple.
5 ၅ သို့ရာတွင်အကယ်၍သင်တို့သည်ငါ၏ စကားကိုနားမထောင်ကြပါမူ ဤနန်း တော်သည်ယိုယွင်းပျက်စီး၍သွားလိမ့်မည် ဖြစ်ကြောင်းသင်တို့အားကျိန်ဆိုပြောကြား ၏။ ဤကားငါထာဝရဘုရားမြွက်ဟ သည့်စကားဖြစ်၏ဟုမိန့်တော်မူ၏။
Mais si vous n’écoutez pas ces paroles, je le jure par moi-même, dit l’Éternel, cette maison deviendra une ruine.
6 ၆ ``ငါ၏အဖို့ယုဒဘုရင်၏နန်းတော်သည် ဂိလဒ်ကဲ့သို့လည်းကောင်း၊ လေဗနုန်တောင် ထိပ်ကဲ့သို့လည်းကောင်းလှပတင့်တယ်သော် လည်း ငါသည်ထိုအရပ်ကိုလူသူဆိတ် ငြိမ်ရာသဲကန္တာရဖြစ်စေမည်။
Car ainsi parle l’Éternel sur la maison du roi de Juda: Tu es pour moi comme Galaad, comme le sommet du Liban; Mais certes, je ferai de toi un désert, Une ville sans habitants.
7 ၇ ထိုနန်းတော်ကိုဖြိုဖျက်ရန် လူများကိုငါ စေလွှတ်မည်။ သူတို့သည်ပုဆိန်များကိုယူ ဆောင်လာပြီးလျှင် လှပသည့်အာရစ်တိုင် ကြီးများကိုခုတ်လှဲ၍မီးထဲသို့ပစ်ချ ကြလိမ့်မည်။
Je prépare contre toi des destructeurs, Chacun avec ses armes; Ils abattront tes plus beaux cèdres, Et les jetteront au feu.
8 ၈ ``ထိုနောက်လူမျိုးခြားအများပင် အနီးမှ ဖြတ်သန်းသွားလာကြလျက် ဤမြို့တော် ကြီးကိုအဘယ်ကြောင့်ငါထာဝရဘုရား ဤသို့ဖြိုဖျက်စေတော်မူရကြောင်းကို သူ တို့အချင်းချင်းမေးမြန်းကြလိမ့်မည်။-
Des nations nombreuses passeront près de cette ville, Et elles se diront l’une à l’autre: Pourquoi l’Éternel a-t-il ainsi traité cette grande ville?
9 ၉ သင်တို့သည်မိမိတို့ဘုရားသခင်တည်းဟူ သော ငါနှင့်ပြုခဲ့သည့်ပဋိညာဉ်တော်ကိုစွန့် ပစ်၍ အခြားဘုရားများကိုဝတ်ပြုကိုး ကွယ်ကြသဖြင့် ဤသို့ဖြစ်ရကြောင်းကို လည်းအချင်းချင်းပြန်လည်ပြောကြား ကြလိမ့်မည်။
Et l’on répondra: Parce qu’ils ont abandonné L’alliance de l’Éternel, leur Dieu, Parce qu’ils se sont prosternés devant d’autres dieux et les ont servis.
10 ၁၀ ယုဒပြည်သူတို့၊ယောရှိမင်းအတွက်သင်တို့ မငိုကြွေးကြနှင့်။ သူကွယ်လွန်သည့်အတွက်ဝမ်းနည်းပူဆွေးမှု မပြုကြနှင့်။ သို့ရာတွင်သူ၏သားတော်ယောခတ်အတွက် ပြင်းပြစွာငိုကြွေးကြလော့။ ရန်သူတို့သည်သူ့အားအပြီးအပိုင် ခေါ်ဆောင်သွားကြလိမ့်မည်။ သူသည်မိမိမွေးဖွားရာအရပ်ကို နောင်အဘယ်အခါ၌မျှပြန်လည်တွေ့မြင် ရတော့မည်မဟုတ်။
Ne pleurez point celui qui est mort, Et ne vous lamentez pas sur lui; Pleurez, pleurez celui qui s’en va, Car il ne reviendra plus, Il ne reverra plus le pays de sa naissance.
11 ၁၁ ယုဒဘုရင်အဖြစ်ခမည်းတော်ယောရှိ၏ အရိုက်အရာကိုဆက်ခံသူ သားတော်ယော ခတ်အကြောင်းနှင့်ပတ်သက်၍ ထာဝရဘုရား က``သူသည်ဤအရပ်မှအပြီးအပိုင်ထွက် ခွာသွားလေပြီ။-
Car ainsi parle l’Éternel sur Schallum, fils de Josias, roi de Juda, Qui régnait à la place de Josias, son père, Et qui est sorti de ce lieu: Il n’y reviendra plus;
12 ၁၂ သူသည်ရန်သူတို့ခေါ်ဆောင်သွားသည့်ပြည် ၌ပင်ကွယ်လွန်ရလိမ့်မည်။ နောင်အဘယ်အခါ ၌မျှဤပြည်ကိုပြန်လည်တွေ့မြင်ရတော့ မည်မဟုတ်'' ဟုမိန့်တော်မူ၏။
Mais il mourra dans le lieu où on l’emmène captif, Et il ne verra plus ce pays.
13 ၁၃ ``မိမိအိမ်ကိုမတရားသောနည်းဖြင့်လည်း ကောင်း၊ မိမိ၏အထက်ခန်းများကိုမရိုးဖြောင့်သော နည်းဖြင့်လည်းကောင်း၊တည်ဆောက်ကာ၊ မိမိ၏အိမ်နီးချင်းများအားအခမဲ့စေ စားသူ၊ သူတို့၏လုပ်အားခများကိုမပေးဘဲနေ သူသည် အမင်္ဂလာရှိ၏။
Malheur à celui qui bâtit sa maison par l’injustice, Et ses chambres par l’iniquité; Qui fait travailler son prochain sans le payer, Sans lui donner son salaire;
14 ၁၄ အထက်ထပ်တွင်အခန်းကျယ်ကြီးများနှင့် ငါသည်မိမိအတွက်နန်းတော်ကြီး တစ်ဆောင်ကို၊ တည်ဆောက်အံ့ဟုဆိုသောသူသည်အမင်္ဂလာ ရှိ၏။ သူသည်ထိုသို့ဆိုပြီးလျှင်မိမိအိမ်တွင် ပြူတင်းပေါက်များကိုဖောက်၏။ အာရဇ်သားမှန်ပုံများကိုတပ်၍အနီရောင် ဆေးကိုသုတ်၏။
Qui dit: Je me bâtirai une maison vaste, Et des chambres spacieuses; Et qui s’y fait percer des fenêtres, La lambrisse de cèdre, Et la peint en couleur rouge!
15 ၁၅ သူတစ်ပါးတို့၏အိမ်ထက်ပိုမိုခမ်းနား အောင် အာရစ်သားဖြင့်အိမ်များကိုတည်ဆောက် နိုင်ခြင်းကြောင့်၊ သင်သည်ပို၍ကောင်းသောမင်းဖြစ်ပါသလော။ သင်၏ခမည်းတော်သည်ပျော်ရွှင်စွာနေထိုင် လျက် အစဉ်ဖြောင့်မတ်၍တရားမျှတ၏။ သူပြုလေသမျှသောအမှုတို့တွင်အောင် မြင်လေသည်။
Est-ce que tu règnes, parce que tu as de la passion pour le cèdre? Ton père ne mangeait-il pas, ne buvait-il pas? Mais il pratiquait la justice et l’équité, Et il fut heureux;
16 ၁၆ သူသည်ဆင်းရဲချို့တဲ့သူတို့၏အမှုကိုတရား မျှတစွာစီရင်ဆုံးဖြတ်သည်ဖြစ်၍ အစစအရာရာအဆင်ပြေလျက်ရှိ၏။ ဤကားထာဝရဘုရားကိုသိကျွမ်းရခြင်း၏ အကျိုးကျေးဇူးပင်ဖြစ်လေသည်။
Il jugeait la cause du pauvre et de l’indigent, Et il fut heureux. N’est-ce pas là me connaître? Dit l’Éternel.
17 ၁၇ ``သို့ရာတွင်သင်မူကားတစ်ကိုယ်ကောင်းစိတ်နှင့် မိမိအကျိုးရှိမှုကိုသာလျှင်စိတ်ဝင်စား၏။ အပြစ်မဲ့သူတို့ကိုသတ်ဖြတ်၍မိမိ၏ အမျိုးသား တို့အားပြင်းပြင်းထန်ထန်နှိပ်စက်ညှင်းပန်း၏။''
Mais tu n’as des yeux et un cœur Que pour te livrer à la cupidité, Pour répandre le sang innocent, Et pour exercer l’oppression et la violence.
18 ၁၈ သို့ဖြစ်၍ယောရှိ၏သားယုဒဘုရင် ယောယကိမ်နှင့်ပတ်သက်၍ ထာဝရဘုရားကမိန့်တော်မူသည်မှာ ``သူကွယ်လွန်သောအခါ၌ဘယ်သူမျှ ဝမ်းနည်း ပူဆွေးမှုကိုပြုကြလိမ့်မည်မဟုတ်။ `အို ဖြစ်ရလေခြင်း၊အဆွေတော်၊ ဖြစ်မှဖြစ်ရလေခြင်း' ဟူ၍ အဘယ်သူမျှမြည်တမ်းကြလိမ့်မည်မဟုတ်။ သူ၏အတွက်အဘယ်သူမျှငိုကြွေးမှုကို သော်လည်းကောင်း၊ အို အကျွန်ုပ်၏သခင်၊အကျွန်ုပ်၏ဘုရင်ဟု မြည်တမ်းမှု ကိုသော်လည်းကောင်းပြုကြလိမ့်မည်မဟုတ်။
C’est pourquoi ainsi parle l’Éternel sur Jojakim, fils de Josias, roi de Juda: On ne le pleurera pas, en disant: Hélas, mon frère! Hélas, ma sœur! On ne le pleurera pas, en disant: Hélas, seigneur! Hélas, sa majesté!
19 ၁၉ မြည်းသေကိုမသာချသကဲ့သို့သူ့အားဆွဲယူ သွားကာ ယေရုရှလင်မြို့တံခါးပြင်သို့ပစ်ထုတ်လိုက်ကြ လိမ့်မည်'' ဟူ၍ဖြစ်သည်။
Il aura la sépulture d’un âne, Il sera traîné et jeté hors des portes de Jérusalem.
20 ၂၀ ယေရုရှလင်မြို့သားတို့၊သင်တို့၏မဟာမိတ် များသည် အရေးရှုံးနိမ့်ကြလေပြီ။ သို့ဖြစ်၍သင်တို့သည်လေဗနုန်တောင်ထိပ်သို့ တက်၍ ကြွေးကြော်ကြလော့။ ဗာရှန်ပြည်သို့သွား၍အော်ဟစ်ကြလော့။ မောဘပြည်တောင်များပေါ်မှအသံကို လွှင့်လော့။
Monte sur le Liban, et crie! Élève ta voix sur le Basan! Crie du haut d’Abarim! Car tous ceux qui t’aimaient sont brisés.
21 ၂၁ သင်တို့ကောင်းစားစဉ်အခါကထာဝရ ဘုရားသည် သင်တို့အားသတိပေးခဲ့၏။ သို့ရာတွင်သင်တို့သည်နားမထောင်ခဲ့ကြ။ သင်တို့သည်ငယ်စဉ်အခါမှစ၍ဤ အတိုင်းပင် ပြုခဲ့ကြ၏။ ထာဝရဘုရား၏စကားကိုအဘယ်အခါ၌မျှ နားမထောင်လိုကြ။
Je t’ai parlé dans le temps de ta prospérité; Tu disais: Je n’écouterai pas. C’est ainsi que tu as agi dès ta jeunesse; Tu n’as pas écouté ma voix.
22 ၂၂ သင်တို့၏ခေါင်းဆောင်များသည်လေတွင်လွင့်၍ ပါသွားကြလိမ့်မည်။ သင်တို့၏မဟာမိတ်များသည်စစ်သုံ့ပန်းများ အဖြစ် အဖမ်းခံရကြလိမ့်မည်။ သင်တို့ပြုကျင့်ခဲ့သည့်မကောင်းမှုများအတွက် သင်တို့၏မြို့သည်အသရေပျက်၍ အရှက်ကွဲရလိမ့်မည်။
Tous tes pasteurs seront la pâture du vent, Et ceux qui t’aiment iront en captivité; C’est alors que tu seras dans la honte, dans la confusion, A cause de toute ta méchanceté.
23 ၂၃ သင်တို့သည်လေဗနုန်တောမှယူဆောင်လာ သည့် အာရစ်ပင်များ၏အလယ်တွင်ဘေးမဲ့လုံခြုံစွာ နေထိုင်လျက်ရှိကြ၏။ သို့ရာတွင်သားဖွားသောအမျိုးသမီးကဲ့သို့ ဝေဒနာခံရကြသောအခါ သင်တို့သည်အဘယ်မျှသနားစရာ ကောင်းလိမ့်မည်နည်း။
Toi qui habites sur le Liban, Qui as ton nid dans les cèdres, Combien tu gémiras quand les douleurs t’atteindront, Douleurs semblables à celles d’une femme en travail!
24 ၂၄ ထာဝရဘုရားသည် ယောယကိမ်၏သားယုဒ ဘုရင်ယေခေါနိအား``အကယ်၍သင်သည်ငါ ၏လက်ယာလက်တွင်ရှိသောတံဆိပ်လက်စွပ်ပင် ဖြစ်စေကာမူ ငါသည်အသက်ရှင်တော်မူသော ဘုရားဖြစ်သည်နှင့်အညီသင့်ကိုဆွဲချ၍၊-
Je suis vivant! Dit l’Éternel, Quand Jeconia, fils de Jojakim, roi de Juda, serait Un anneau à ma main droite, Je t’arracherais de là.
25 ၂၅ သင်၏အသက်ကိုသတ်လိုသူများ၊ သင် ကြောက်ရွံ့သူများ၏လက်သို့ပေးအပ်မည်။ သင့်ကိုဗာဗုလုန်ဘုရင်နေဗုခဒ်နေဇာ မင်းနှင့်သူ၏စစ်သည်များ၏လက်သို့ငါ ပေးအပ်မည်။-
Je te livrerai entre les mains de ceux qui en veulent à ta vie, Entre les mains de ceux devant qui tu trembles, Entre les mains de Nebucadnetsar, roi de Babylone, Entre les mains des Chaldéens.
26 ၂၆ ငါသည်သင်နှင့်သင်၏မယ်တော်အား သင်တို့ မွေးဖွားရာဌာနမဟုတ်သည့်ပြည်သို့နှင် ထုတ်မည်။ သင်တို့သည်ထိုပြည်တွင်သေရ ကြလိမ့်မည်။-
Je te jetterai, toi et ta mère qui t’a enfanté, Dans un autre pays où vous n’êtes pas nés, Et là vous mourrez;
27 ၂၇ မိမိတို့မျှော်မှန်းတမ်းတသည့်ပြည်သို့ နောင်အဘယ်အခါ၌မျှပြန်လာရကြ လိမ့်မည်မဟုတ်'' ဟုမိန့်တော်မူ၏။
Mais dans le pays où ils auront le désir de retourner, Ils ne retourneront pas.
28 ၂၈ ယေရမိက``ယေခေါနိသည် အဘယ်သူမျှ အလိုမရှိ၍စွန့်ပစ်လိုက်သော အိုးကွဲကဲ့ သို့ဖြစ်၍နေပါပြီလော။ ထိုကြောင့်သူနှင့် သူ၏သားသမီးများသည် မိမိတို့မသိ ဘူးသည့်ပြည်သို့အနှင်ခံရကြပါ သလော။''
Est-il donc un vase méprisé, brisé, ce Jeconia? Est-il un objet auquel on n’attache aucun prix? Pourquoi sont-ils jetés, lui et sa postérité, Lancés dans un pays qu’ils ne connaissent pas?
29 ၂၉ အို ပြည်တော်၊ အို ပြည်တော်၊ အို ပြည်တော်၊ ထာဝရဘုရားမိန့်တော်မူသည်ကိုနားထောင် လော့။
Terre, terre, terre, Écoute la parole de l’Éternel!
30 ၃၀ ``ဤသူသည်သားမဲ့သမီးမဲ့သူဟူ၍ အပြစ်ဒဏ်စီရင်ခြင်းကိုခံရပြီ။ အဘယ်အခါ၌မျှမအောင်မြင်သူဟူ၍ဖြစ် လိမ့်မည်။ ဒါဝိဒ်မင်းကိုဆက်ခံရန်ယုဒပြည်တွင်စိုးစံ နိုင်မည့် သားမြေးများကိုမရရှိနိုင်ဖြစ်ရလိမ့်မည်။ ဤကားငါထာဝရဘုရားမြွက်ဟသည့် စကား ဖြစ်၏'' ဟုမိန့်တော်မူလေပြီ။
Ainsi parle l’Éternel: Inscrivez cet homme comme privé d’enfants, Comme un homme dont les jours ne seront pas prospères; Car nul de ses descendants ne réussira A s’asseoir sur le trône de David Et à régner sur Juda.