< ယေရမိ 21 >

1 ဇေ​ဒ​ကိ​မင်း​သည်​မေ​လ​ခိ​၏​သား​ပါ​ရှု​ရ နှင့် မာ​သေ​ယ​၏​သား​ဇေ​ဖ​နိ​တို့​ကို​ငါ့​ထံ သို့​စေ​လွှတ်​ပြီး​လျှင်၊-
ဇေဒကိ မင်းကြီး သည် မေလခိ သား ပါရှုရ နှင့်၊ ယဇ်ပုရောဟိတ် မာသေယ သား ဇေဖနိ တို့ကို ယေရမိ ထံသို့ စေလွှတ် ၍၊ ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာ သည် ငါ တို့ကို စစ်တိုက် သည်ဖြစ်၍၊ သူ့ကိုငါ့ တို့ထံမှ ပြန်သွား စေခြင်းငှါ ၊ ထာဝရဘုရား သည် အံ့ဘွယ် သောအမှုတို့ကိုပြုတော်မူသမျှ အတိုင်း ၊
2 ``ဗာ​ဗု​လုန်​ဘု​ရင်​နေ​ဗု​ခဒ်​နေ​ဇာ​နှင့်​သူ​၏ တပ်​မ​တော်​သည် မြို့​ကို​တိုက်​ခိုက်​ရန်​ဝိုင်း​ရံ လျက်​ရှိ​သည်​ဖြစ်​၍ ထာ​ဝ​ရ​ဘု​ရား​အား ငါ​တို့​အ​တွက်​လျှောက်​ထား​ပေး​ပါ။ ထာ​ဝ​ရ ဘု​ရား​သည်​ငါ​တို့​အ​တွက်​ထူး​ဆန်း​သည့် နိ​မိတ်​လက္ခ​ဏာ​ကို​ပြ​တော်​မူ​၍ နေ​ဗု​ခဒ် နေ​ဇာ​မင်း​အား​ပြန်​လည်​ဆုတ်​ခွာ​ကောင်း ဆုတ်​ခွာ​စေ​တော်​မူ​ပါ​လိမ့်​မည်'' ဟု​ပြော ကြား​လာ​၏။
ငါ တို့၌တဖန်ပြု တော်မူမည်အကြောင်း၊ ငါ တို့အတွက် ထာဝရဘုရား ကိုတောင်းပန် ပါလော့ဟုမိန့် တော်မူသောအခါ၊ ထာဝရဘုရား ၏နှုတ်ကပတ် တော်သည် ယေရမိ သို့ ရောက်လာ ၍၊
3 ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​သည် ယေ​ရ​မိ​အား ဗျာ​ဒိတ်​ပေး​တော်​မူ​၏။ ယေ​ရ​မိ​သည်​မိ​မိ ထံ​သို့​ရောက်​သည့်​လူ​တို့​ကို​ဇေ​ဒ​ကိ​အား ဆင့်​ဆို​စေ​၏။-
ယေရမိ က၊ သင်တို့သည် ဇေဒကိ မင်းကြီးအား ပြန်ပြော ရမည်မှာ၊
4 ``ငါ​သည်​မြို့​ရိုး​ကို​ဝိုင်း​ရံ​သည့်​ဗာ​ဗု​လုန် ဘု​ရင်​နှင့်​သူ​၏​တပ်​မ​တော်​ကို​တိုက်​ခိုက်​ရန် ဇေ​ဒ​ကိ​အ​သုံး​ပြု​လျက်​ရှိ​သည့်​လက်​နက် တို့​ကို​ဆုံး​ရှုံး​စေ​မည်။ ထို​နောက်​သူ​တို့ ကို​မြို့​လယ်​တွင်​စု​ဝေး​စေ​မည်။-
ဣသရေလ အမျိုး၏ဘုရား သခင်ထာဝရဘုရား မိန့် တော်မူသည်ကား ၊ သင်တို့၏မြို့ ပြင် မှာ တပ်စွဲ ၍ နေသောဗာဗုလုန် ရှင်ဘုရင် ၊ ခါလဒဲ အမျိုးသားတို့ကို စစ်တိုက်လျက်၊ သင် တို့စွဲကိုင် သော လက်နက် များကို ငါ လွဲ စေမည်။ ထိုသူ တို့ကို မြို့ ထဲ၌ ငါစည်းဝေး စေမည်။
5 ငါ​ကိုယ်​တော်​တိုင်​မိ​မိ​၏​လက်​ရုံး​တော်​တန် ခိုး​စွမ်း​အင်​ရှိ​သ​မျှ​နှင့် ဒေါ​သ​အ​မျက် ချောင်း​ချောင်း​ထွက်​လျက်​သင်​တို့​ကို​တိုက် ခိုက်​တော်​မူ​မည်။-
ငါ့ ကိုယ်တိုင်လည်း အလွန်ပြင်းစွာထွက်သော အမျက် အရှိန်အားကြီး ၍ ၊ ဆန့် သောလက် ၊ သန်စွမ်း သော လက်ရုံး နှင့် သင် တို့ကို တိုက် မည်။
6 ဤ​မြို့​တွင်​နေ​ထိုင်​သူ​အ​ပေါင်း​တို့​ကို​သုတ် သင်​ပယ်​ရှင်း​မည်။ လူ​နှင့်​တိ​ရစ္ဆာန်​များ​သည် ကြောက်​မက်​ဖွယ်​ရာ​အ​နာ​ရော​ဂါ​ဘေး ဖြင့်​သေ​ကြ​လိမ့်​မည်။-
ဤ မြို့ ၌နေ သောလူ သတ္တဝါတိရစ္ဆာန် တို့ကို ငါသည် ဒဏ်ခတ် ၍ ၊ ပြင်း စွာသောကာလနာ ဖြင့် သေ ရ ကြလိမ့်မည်။
7 စစ်​မက်​အန္တ​ရာယ်၊ အ​စာ​ငတ်​မွတ်​ခေါင်း​ပါး ခြင်း​ဘေး​နှင့်​အ​နာ​ရော​ဂါ​ဘေး​ဖြင့်​မ​သေ ဘဲ ကျန်​ရှိ​နေ​သူ​ယု​ဒ​ဘု​ရင်​ဇေ​ဒ​ကိ၊ သူ​၏ မှူး​မတ်​များ​နှင့်​ပြည်​သူ​တို့​ကို​မူ​ကား မိ​မိ တို့​ကို​သတ်​လို​သူ​ရန်​သူ​များ​နှင့်​နေ​ဗု​ခဒ် နေ​ဇာ​၏​လက်​တွင်​အ​ဖမ်း​ခံ​ရ​စေ​မည်။ နေ ဗု​ခဒ်​နေ​ဇာ​သည်​လည်း​သူ​တို့​အား​ကွပ်​မျက် စေ​လိမ့်​မည်။ အ​ဘယ်​သူ​ကို​မျှ​အ​သက်​ချမ်း သာ​ပေး​လိမ့်​မည်​မ​ဟုတ်။ အ​ဘယ်​သူ​ကို​မျှ သ​နား​က​ရု​ဏာ​ပြ​လိမ့်​မည်​မ​ဟုတ်။ ဤ ကား​ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​သည့် စ​ကား​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။
ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ထို နောက်မှ နာ ဘေး၊ ထား ဘေး၊ မွတ်သိပ် ခြင်းဘေးနှင့် လွတ်၍၊ ကျန် ကြွင်းသော မြို့သားတည်းဟူသောယုဒ ရှင်ဘုရင် ဇေဒကိ မှစ၍ သူ ၏ကျွန် များ၊ သူ၏လူ များတို့ကို၊ ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာ အစ ရှိသော ရန်သူ များ၊ သတ် ချင်သော သူများလက် သို့ ငါအပ်၍၊ ထိုမင်းသည် သနားခြင်း ကရုဏာမ ရှိ၊ မ စုံမက် ၊ မ နှမြော ဘဲ၊ ထား နှင့် ကွပ်မျက် လိမ့်မည်ဟု ဆင့်ဆိုလေ၏။
8 ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​က လူ​တို့​အား ပြော​ကြား​စေ​သည်​မှာ``နား​ထောင်​လော့၊ ငါ ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​ရွေး​ချယ်​နိုင် ရန်​အ​တွက်​အ​သက်​ရှင်​ရာ​လမ်း​နှင့် အ​သက် သေ​ရာ​လမ်း​ကို​ဖွင့်​ပြ​ထား​မည်​ဖြစ် ကြောင်း​ပြော​ကြား​လော့။-
ထာဝရဘုရား ကလည်း၊ သင်သည် ဤ လူမျိုး တို့ အား ဆင့် ဆိုရသော ထာဝရဘုရား၏ အမိန့်တော်ဟူမူကား ၊ အသက်ရှင် ရာလမ်း ၊ သေ ရာလမ်း တို့ကို သင် တို့ရှေ့ မှာ ငါ ဖွင့် ထား၏။
9 ဤ​မြို့​တွင်​ရှိ​နေ​သူ​မှန်​သ​မျှ​သည်​စစ်​ပွဲ တွင်​ကျ​ဆုံး​ရ​ကြ​လိမ့်​မည်။ သို့​မ​ဟုတ် အ​စာ​ငတ်​မွတ်​ခေါင်း​ပါး​ခြင်း​ဘေး​ဖြင့် သော်​လည်း​ကောင်း၊ အ​နာ​ရော​ဂါ​ဘေး​ဖြင့် သော်​လည်း​ကောင်း​သေ​ရ​ကြ​လိမ့်​မည်။ သို့ ရာ​တွင်​မြို့​ပြင်​သို့​ထွက်​၍​ယ​ခု​ဝိုင်း​ရံ​တိုက် ခိုက်​လျက်​နေ​သော​ဗာ​ဗု​လုန်​ပြည်​သား​တို့ အား လက်​နက်​ချ​သူ​တို့​မူ​ကား​သေ​ရ​ကြ လိမ့်​မည်​မ​ဟုတ်။ ယုတ်​စွ​အ​ဆုံး​အ​သက် ဘေး​မှ​လွတ်​မြောက်​ကြ​လိမ့်​မည်။-
ဤ မြို့ ထဲမှာ နေ သောသူသည် ထား ဘေး၊ မွတ်သိပ် ခြင်းဘေး၊ နာ ခြင်းဘေးဖြင့် သေ လိမ့်မည်။ မြို့ပြင်သို့ထွက် ၍ ၊ မြို့ပြင်မှာ တပ်စွဲ လျက်နေသောခါလဒဲ လူတို့ဘက်သို့ ဝင်စား သောသူသည် အသက် ချမ်းသာ၍ လုယူရသော ဥစ္စာ ကဲ့သို့ ကိုယ် အသက် ကို ရ လိမ့်မည်။
10 ၁၀ ငါ​သည်​ဤ​မြို့​ကို​ချမ်း​သာ​မ​ပေး​ဘဲ​ဖျက် ဆီး​ပစ်​ရန်​သန္နိ​ဋ္ဌာန်​ချ​မှတ်​ထား​လေ​ပြီ။ ယင်း ကို​ဗာ​ဗု​လုန်​မင်း​၏​လက်​သို့​ပေး​အပ်​လိုက် မည်​ဖြစ်​၍ သူ​သည်​လည်း​ဤ​မြို့​ကို​မီး​ရှို့ ဖျက်​ဆီး​ပစ်​လိမ့်​မည်။ ဤ​ကား​ငါ​ထာ​ဝ​ရ ဘုရား​မြွက်​ဟ​သည့်​စ​ကား​ဖြစ်​၏'' ဟု​မိန့် တော်​မူ​၏။
၁၀ထာဝရဘုရား မိန့် တော်မူသည်ကား၊ ဤ မြို့ ကို ကျေးဇူး မ ပြု၊ အပြစ် ပြုခြင်းငှါ ငါ သည် မျက်နှာ ထား သည်ဖြစ် ၍၊ ဤမြို့ကို ဗာဗုလုန် ရှင်ဘုရင် လက် သို့ ငါအပ် သဖြင့် ၊ သူသည် မီးရှို့ လိမ့်မည်။
11 ၁၁ ထာ​ဝ​ရ​ဘု​ရား​က``ဒါ​ဝိဒ်​မင်း​၏​သား​မြေး၊ ယု​ဒ​မင်း​မျိုး​တို့၊ ငါ​ထာ​ဝ​ရ​ဘု​ရား​မိန့် တော်​မူ​သော​စ​ကား​ကို​နား​ထောင်​လော့။ သူ တို့​အား​သင်​တို့​သည်​နေ့​စဉ်​ဖြောင့်​မတ်​စွာ တ​ရား​စီ​ရင်​ရ​ကြ​မည်။ လု​ယူ​ခြင်း​ခံ​ရ​သူ အား​ဖိ​နှိပ်​ချုပ်​ချယ်​သူ​၏​ဘေး​မှ​ကာ​ကွယ် စောင့်​ရှောက်​ရ​ကြ​မည်။ ယင်း​သို့​မ​ပြု​ပါ​မူ သင်​တို့​၏​မ​ကောင်း​မှု​များ​သည် ငါ့​အ​မျက် ဒေါ​သ​ကို​ငြိမ်း​သတ်​၍​မ​ရ​နိုင်​သော​မီး ကဲ့​သို့​တောက်​လောင်​စေ​လိမ့်​မည်။-
၁၁ယုဒ ရှင်ဘုရင် အမျိုး ကို ရည်မှတ်၍၊ ထာဝရဘုရား မိန့်တော်မူသောစကား တော်ကို နားထောင် ကြလော့။
12 ၁၂
၁၂အို ဒါဝိဒ် မင်းကြီးအမျိုး ၊ ထာဝရဘုရား မိန့် တော်မူ သည်ကား ၊ မဆိုင်းမလင့်၊ တရား သဖြင့် စီရင် ကြလော့။ လုယူ ခြင်းခံရသောသူကို ညှဉ်းဆဲ သောသူ၏ လက် မှ ကယ်နှုတ် ကြလော့။ သို့မဟုတ် ၊ သင် တို့ပြု သောဒုစရိုက် အပြစ်ကြောင့် ၊ ငါ့ အမျက် သည် မီး ကဲ့သို့ ဖြစ်၍ ၊ အဘယ် သူမျှမသတ် နိုင်အောင်လောင် လိမ့်မည်။
13 ၁၃ အို ယေ​ရု​ရှ​လင်​မြို့၊ သင်​သည်​လွင်​ပြင်​ပေါ်​မှ ကျောက်​ဆောင်​ကြီး​သ​ဖွယ်​ချိုင့်​ဝှမ်း​များ​အ ထက်​တွင်​မြင့်​မား​စွာ​ရပ်​တည်​လျက်​ရှိ​၏။ သို့ သော်​ငါ​ထာ​ဝ​ရ​ဘု​ရား​သည်​သင့်​အား​တိုက် ခိုက်​တော်​မူ​မည်။ သင်​သည်​မိ​မိ​အား​အ​ဘယ် သူ​မျှ​မ​တိုက်​မ​ခိုက်​နိုင်။ သင်​၏​ခံ​တပ်​များ ကို​လည်း​မ​ဖြို​မ​ခွင်း​နိုင်​ဟု​ဆို​ချေ​သည်။-
၁၃ထာဝရဘုရား မိန့် တော်မူသည်ကား၊ အိုချိုင့် ၌ နေ သောသူ၊ အိုလွင်ပြင် ၌ရှိသောကျောက် ၊ သင့် တဘက် ၌ ငါ နေ၏။ သင်တို့က၊ ငါ တို့ကို အဘယ်သူ စစ်တိုက် နိုင်မည်နည်း ။ ငါ တို့ နေရာ ထဲသို့ အဘယ်သူ ဝင် နိုင်မည်နည်းဟု ဆို တတ်သော်လည်း ၊
14 ၁၄ သို့​ရာ​တွင်​ငါ​သည်​သင်​ပြု​ခဲ့​သည့်​အ​မှု များ​အ​တွက်​အ​ပြစ်​ဒဏ်​ခတ်​တော်​မူ​မည်။ ငါ​သည်​သင်​၏​နန်း​တော်​ကို​မီး​သင့်​လောင် စေ​မည်။ ထို​မီး​သည်​နီး​နား​ပတ်​လည်​တွင်​ရှိ သ​မျှ​သော​အ​ရာ​တို့​ကို​ကျွမ်း​လောင်​သွား​စေ လိမ့်​မည်။ ဤ​ကား​ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက် ဟ​သည့်​စကား​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။
၁၄သင် တို့အကျင့် နှင့် ထိုက်လျောက်အောင် အပြစ် ဒဏ် ကို ငါပေးမည်။ သင်တို့တော ကို ငါရှို့ သော မီး သည်၊ ပတ်လည် ၌ရှိသမျှ သောအရာတို့ကို လောင် လိမ့်မည်ဟု မိန့်တော်မူ၏။

< ယေရမိ 21 >