< ယေရမိ 21 >
1 ၁ ဇေဒကိမင်းသည်မေလခိ၏သားပါရှုရ နှင့် မာသေယ၏သားဇေဖနိတို့ကိုငါ့ထံ သို့စေလွှတ်ပြီးလျှင်၊-
Dies ist das Wort, so vorn HERRN geschah zu Jeremia, da der König Zedekia zu ihm sandte Pashur, den Sohn Malchias, und Zephanja, den Sohn Maesejas, des Priesters, und ließ ihm sagen:
2 ၂ ``ဗာဗုလုန်ဘုရင်နေဗုခဒ်နေဇာနှင့်သူ၏ တပ်မတော်သည် မြို့ကိုတိုက်ခိုက်ရန်ဝိုင်းရံ လျက်ရှိသည်ဖြစ်၍ ထာဝရဘုရားအား ငါတို့အတွက်လျှောက်ထားပေးပါ။ ထာဝရ ဘုရားသည်ငါတို့အတွက်ထူးဆန်းသည့် နိမိတ်လက္ခဏာကိုပြတော်မူ၍ နေဗုခဒ် နေဇာမင်းအားပြန်လည်ဆုတ်ခွာကောင်း ဆုတ်ခွာစေတော်မူပါလိမ့်မည်'' ဟုပြော ကြားလာ၏။
Frage doch den HERRN für uns! Denn Nebukadnezar, der König zu Babel, streitet wider uns, daß der HERR doch mit uns tun wolle nach allen seinen Wundern, damit er von uns abzöge.
3 ၃ ထိုနောက်ထာဝရဘုရားသည် ယေရမိအား ဗျာဒိတ်ပေးတော်မူ၏။ ယေရမိသည်မိမိ ထံသို့ရောက်သည့်လူတို့ကိုဇေဒကိအား ဆင့်ဆိုစေ၏။-
Jeremia sprach zu ihnen: So saget Zedekia:
4 ၄ ``ငါသည်မြို့ရိုးကိုဝိုင်းရံသည့်ဗာဗုလုန် ဘုရင်နှင့်သူ၏တပ်မတော်ကိုတိုက်ခိုက်ရန် ဇေဒကိအသုံးပြုလျက်ရှိသည့်လက်နက် တို့ကိုဆုံးရှုံးစေမည်။ ထိုနောက်သူတို့ ကိုမြို့လယ်တွင်စုဝေးစေမည်။-
Das spricht der HERR, der Gott Israels: Siehe, ich will die Waffen zurückwenden, die ihr in euren Händen habt, damit ihr streitet wider den König zu Babel und wider die Chaldäer, welche euch draußen an der Mauer belagert haben, und will sie zuhauf sammeln mitten in der Stadt.
5 ၅ ငါကိုယ်တော်တိုင်မိမိ၏လက်ရုံးတော်တန် ခိုးစွမ်းအင်ရှိသမျှနှင့် ဒေါသအမျက် ချောင်းချောင်းထွက်လျက်သင်တို့ကိုတိုက် ခိုက်တော်မူမည်။-
Und ich will wider euch streiten mit ausgereckter Hand, mit starkem Arm, mit großem Zorn, Grimm und Unbarmherzigkeit.
6 ၆ ဤမြို့တွင်နေထိုင်သူအပေါင်းတို့ကိုသုတ် သင်ပယ်ရှင်းမည်။ လူနှင့်တိရစ္ဆာန်များသည် ကြောက်မက်ဖွယ်ရာအနာရောဂါဘေး ဖြင့်သေကြလိမ့်မည်။-
Und will die Bürger dieser Stadt schlagen, beide, Menschen und Vieh, daß sie sterben sollen durch eine große Pestilenz.
7 ၇ စစ်မက်အန္တရာယ်၊ အစာငတ်မွတ်ခေါင်းပါး ခြင်းဘေးနှင့်အနာရောဂါဘေးဖြင့်မသေ ဘဲ ကျန်ရှိနေသူယုဒဘုရင်ဇေဒကိ၊ သူ၏ မှူးမတ်များနှင့်ပြည်သူတို့ကိုမူကား မိမိ တို့ကိုသတ်လိုသူရန်သူများနှင့်နေဗုခဒ် နေဇာ၏လက်တွင်အဖမ်းခံရစေမည်။ နေ ဗုခဒ်နေဇာသည်လည်းသူတို့အားကွပ်မျက် စေလိမ့်မည်။ အဘယ်သူကိုမျှအသက်ချမ်း သာပေးလိမ့်မည်မဟုတ်။ အဘယ်သူကိုမျှ သနားကရုဏာပြလိမ့်မည်မဟုတ်။ ဤ ကားငါထာဝရဘုရားမြွက်ဟသည့် စကားဖြစ်၏'' ဟုမိန့်တော်မူ၏။
Und danach, spricht der HERR, will ich Zedekia, den König Judas, samt seinen Knechten und dem Volk, das in dieser Stadt vor der Pestilenz, Schwert und Hunger überbleiben wird, geben in die Hände Nebukadnezars, des Königs zu Babel, und in die Hände ihrer Feinde und in die Hände derer, so ihnen nach dem Leben stehen, daß er sie mit der Schärfe des Schwerts also schlage, daß kein Schonen noch Gnade noch Barmherzigkeit da sei.
8 ၈ ထိုနောက်ထာဝရဘုရားက လူတို့အား ပြောကြားစေသည်မှာ``နားထောင်လော့၊ ငါ ထာဝရဘုရားသည်သင်တို့ရွေးချယ်နိုင် ရန်အတွက်အသက်ရှင်ရာလမ်းနှင့် အသက် သေရာလမ်းကိုဖွင့်ပြထားမည်ဖြစ် ကြောင်းပြောကြားလော့။-
Und sage diesem Volk: So spricht der HERR: Siehe, ich lege euch vor den Weg zum Leben und den Weg zum Tode.
9 ၉ ဤမြို့တွင်ရှိနေသူမှန်သမျှသည်စစ်ပွဲ တွင်ကျဆုံးရကြလိမ့်မည်။ သို့မဟုတ် အစာငတ်မွတ်ခေါင်းပါးခြင်းဘေးဖြင့် သော်လည်းကောင်း၊ အနာရောဂါဘေးဖြင့် သော်လည်းကောင်းသေရကြလိမ့်မည်။ သို့ ရာတွင်မြို့ပြင်သို့ထွက်၍ယခုဝိုင်းရံတိုက် ခိုက်လျက်နေသောဗာဗုလုန်ပြည်သားတို့ အား လက်နက်ချသူတို့မူကားသေရကြ လိမ့်မည်မဟုတ်။ ယုတ်စွအဆုံးအသက် ဘေးမှလွတ်မြောက်ကြလိမ့်မည်။-
Wer in dieser Stadt bleibt, der wird sterben müssen durchs Schwert, Hunger und Pestilenz; wer aber hinaus sich gibt zu den Chaldäern, die euch belagern, der soll lebendig bleiben und soll sein Leben als eine Ausbeute behalten.
10 ၁၀ ငါသည်ဤမြို့ကိုချမ်းသာမပေးဘဲဖျက် ဆီးပစ်ရန်သန္နိဋ္ဌာန်ချမှတ်ထားလေပြီ။ ယင်း ကိုဗာဗုလုန်မင်း၏လက်သို့ပေးအပ်လိုက် မည်ဖြစ်၍ သူသည်လည်းဤမြို့ကိုမီးရှို့ ဖျက်ဆီးပစ်လိမ့်မည်။ ဤကားငါထာဝရ ဘုရားမြွက်ဟသည့်စကားဖြစ်၏'' ဟုမိန့် တော်မူ၏။
Denn ich habe mein Angesicht über diese Stadt gerichtet zum Unglück und zu keinem Guten, spricht der HERR. Sie soll dem Könige zu Babel übergeben werden, daß er sie mit Feuer verbrenne.
11 ၁၁ ထာဝရဘုရားက``ဒါဝိဒ်မင်း၏သားမြေး၊ ယုဒမင်းမျိုးတို့၊ ငါထာဝရဘုရားမိန့် တော်မူသောစကားကိုနားထောင်လော့။ သူ တို့အားသင်တို့သည်နေ့စဉ်ဖြောင့်မတ်စွာ တရားစီရင်ရကြမည်။ လုယူခြင်းခံရသူ အားဖိနှိပ်ချုပ်ချယ်သူ၏ဘေးမှကာကွယ် စောင့်ရှောက်ရကြမည်။ ယင်းသို့မပြုပါမူ သင်တို့၏မကောင်းမှုများသည် ငါ့အမျက် ဒေါသကိုငြိမ်းသတ်၍မရနိုင်သောမီး ကဲ့သို့တောက်လောင်စေလိမ့်မည်။-
Und höret des HERRN Wort, ihr vom Hause des Königs Judas!
Du Haus David, so spricht der HERR: Haltet des Morgens Gericht und errettet den Beraubten aus des Frevlers Hand, auf daß mein Grimm nicht ausfahre wie ein Feuer und brenne also, daß niemand löschen möge, um eures bösen Wesens willen.
13 ၁၃ အို ယေရုရှလင်မြို့၊ သင်သည်လွင်ပြင်ပေါ်မှ ကျောက်ဆောင်ကြီးသဖွယ်ချိုင့်ဝှမ်းများအ ထက်တွင်မြင့်မားစွာရပ်တည်လျက်ရှိ၏။ သို့ သော်ငါထာဝရဘုရားသည်သင့်အားတိုက် ခိုက်တော်မူမည်။ သင်သည်မိမိအားအဘယ် သူမျှမတိုက်မခိုက်နိုင်။ သင်၏ခံတပ်များ ကိုလည်းမဖြိုမခွင်းနိုင်ဟုဆိုချေသည်။-
Siehe, spricht der HERR, ich sage dir, die du wohnest im Grunde, in dem Felsen und auf der Ebene und sprichst: Wer will uns überfallen oder in unsere Feste kommen?
14 ၁၄ သို့ရာတွင်ငါသည်သင်ပြုခဲ့သည့်အမှု များအတွက်အပြစ်ဒဏ်ခတ်တော်မူမည်။ ငါသည်သင်၏နန်းတော်ကိုမီးသင့်လောင် စေမည်။ ထိုမီးသည်နီးနားပတ်လည်တွင်ရှိ သမျှသောအရာတို့ကိုကျွမ်းလောင်သွားစေ လိမ့်မည်။ ဤကားငါထာဝရဘုရားမြွက် ဟသည့်စကားဖြစ်၏'' ဟုမိန့်တော်မူ၏။
Ich will euch heimsuchen, spricht der HERR, nach der Frucht eures Tuns; ich will ein Feuer anzünden in ihrem Walde, das soll alles umher verzehren.