< ယေရမိ 2 >
1 ၁ ထာဝရဘုရားသည်ငါ့အား၊-
Laselifika kimi ilizwi leNkosi lisithi:
2 ၂ ``သင်သည်ယေရုရှလင်မြို့သို့သွား၍ ထိုမြို့ တွင်နေထိုင်သူအပေါင်းတို့အားဤသတင်း စကားကိုပြန်ကြားလော့။'' သင်တို့သည်ငယ်ရွယ်စဉ်အခါကအဘယ်သို့ သစ္စာရှိခဲ့ကြသည်ကိုငါသတိရ၏။ သင်သည်သတို့သမီးကဲ့သို့ငါ့ကိုချစ်ခဲ့၏။ သင်တို့သည်စိုက်ပျိုးခြင်းမရှိသော တောကန္တာရတစ်လျှောက်လုံးကိုဖြတ်၍ ငါ၏အနောက်သို့လိုက်ခဲ့ကြ၏။
Hamba uyememezela endlebeni zeJerusalema usithi: Itsho njalo iNkosi: Ngiyakukhumbula, umusa wobutsha bakho, uthando lokuganwa kwakho, ukungilandela kwakho enkangala, elizweni elingahlanyelwanga.
3 ၃ အို ဣသရေလအမျိုးတို့၊သင်တို့ကို ငါတစ်ဦးတည်းသာလျှင်ပိုင်တော်မူ၏။ သင်တို့သည်ငါပိုင်သောအမြတ်ထားရာ ဖြစ်၏။ ငါသည်သင်တို့ကိုထိခိုက်နာကျင်စေသူ အပေါင်းအား ဘေးအန္တရာယ်နှင့်ဆင်းရဲဒုက္ခရောက်စေခဲ့၏။ ဤကားငါထာဝရဘုရားမြွက်ဟသည့် စကားပင်တည်း။''
UIsrayeli wayeyibungcwele eNkosini, izithelo zokuqala zesivuno sayo; bonke abamudlayo bazakuba lecala, ububi buzabehlela, itsho iNkosi.
4 ၄ အချင်းယာကုပ်၏သားမြေး၊ ဣသရေလ အနွယ်ဝင်တို့၊ ထာဝရဘုရား၏ဗျာဒိတ် တော်ကိုနားထောင်ကြလော့။
Zwanini ilizwi leNkosi, ndlu kaJakobe, lensendo zonke zendlu kaIsrayeli.
5 ၅ ထာဝရဘုရားမိန့်တော်မူသည်ကား ``ငါ၌အဘယ်အပြစ်ကိုတွေ့ရှိ၍သင်တို့၏ ဘိုးဘေးတို့သည်ငါ့ထံမှထွက်သွားကြသနည်း။ သူတို့သည်တန်ဖိုးမရှိသောရုပ်တုများကို ဝတ်ပြုရှိခိုး၍ မိမိတို့ကိုယ်တိုင်ပင်တန်ဖိုးမဲ့လာကြ၏။
Itsho njalo iNkosi: Yibubi bani oyihlo ababuthola kimi, ukuze baye khatshana lami, balandele okuyize, babe yize?
6 ၆ ငါသည်သူတို့အားအီဂျစ်ပြည်မှကယ်ဆယ် ကာ တောကန္တာရတစ်လျှောက်လုံး၊သဲကန္တာရများ၊ မြေတွင်းများနှင့်ပြည့်နှက်လျက်နေသောပြည်၊ ခြောက်ကပ်၍ဘေးအန္တရာယ်များသောပြည်၊ လူသူဆိတ်ညံလျက် ခရီးသည်မရှိသည့်ပြည်ကိုဖြတ်၍ လမ်းပြပို့ဆောင်ပေးခဲ့သော်လည်းသူတို့သည် ငါ့ကိုဂရုမစိုက်ကြ။
Njalo kabatshongo ukuthi: Ingaphi iNkosi eyasenyusa elizweni leGibhithe, eyasikhokhela enkangala, elizweni elilamagwadule lelilemigodi, elizweni lokoma, lelethunzi lokufa, elizweni umuntu angalidabulanga, lalapho okungahlalanga muntu khona?
7 ၇ ငါသည်သူတို့အားမြေသြဇာကောင်းမွန်သော ပြည်သို့အသီးအနှံနှင့် အခြားမွန်မြတ်သည့်အစားအစာများကို စားသောက်စေရန်ခေါ်ဆောင်ခဲ့၏။ သို့ရာတွင်သူတို့သည်ငါ့ပြည်ကိုဖျက်ဆီးပစ်ကြ၏။ သူတို့အားငါပေးသည့်ပြည်ကိုညစ်ညမ်းစေကြ၏။
Njalo ngaliletha elizweni elivundileyo, ukuze lidle izithelo zalo lokuhle kwalo; kodwa selingenile lalingcolisa ilizwe lami, lenza ilifa lami laba yisinengiso.
8 ၈ ယဇ်ပုရောဟိတ်တို့က`ထာဝရဘုရားသည် အဘယ်မှာရှိတော်မူပါသနည်း' ဟုမမေးကြ။ ငါ၏ယဇ်ပုရောဟိတ်တို့သည်ငါ့ကိုမသိ။ အုပ်ချုပ်သူတို့သည်ငါ့ကိုပုန်ကန်ကြ၏။ ပရောဖက်တို့ကဗာလဘုရား၏အမည်နာမကို တိုင်တည်ပြောဆိုကာ အသုံးမဝင်သည့်ရုပ်တုများကိုဝတ်ပြု ရှိခိုးကြ၏။
Abapristi kabatshongo ukuthi: Ingaphi iNkosi? Lalabo abaphatha umlayo kabangazanga; lababusi baphambuka bemelene lami; labaprofethi baprofetha ngoBhali, balandela izinto ezingasiziyo.
9 ၉ ``သို့ဖြစ်၍ငါသည်သင်တို့အား တစ်ဖန်တရားစွပ်စွဲမည်။ သူတို့၏သားမြေးများအားလည်း စွပ်စွဲချက်တင်မည်'' ဟုထာဝရဘုရားမိန့်တော် မူ၏။
Ngakho ngisezaphikisana lawe, itsho iNkosi, njalo ngizaphikisana labantwana babantwana benu.
10 ၁၀ ခိတ္တိမ်ကျွန်းရှိရာအနောက်ဘက်သို့သွားလော့။ ကေဒါပြည်သို့လူလွှတ်၍ကြည့်ရှုစေကြလော့။ ယခုအမှုမျိုးကိုအဘယ်အခါကမျှ မဖြစ်ပျက်ခဲ့ဘူးသည်ကိုသိမြင်ရလိမ့်မည်။
Ngoba dlulelani ezihlengeni zeKhithimi libone, lithumele eKedari, linakane kuhle, libone ukuthi kukhona into enjengale yini?
11 ၁၁ မိမိတို့၏ဘုရားများသည်မစစ်မမှန်သော ဘုရားများပင်ဖြစ်၍နေစေကာမူ အဘယ်လူမျိုးသည်ဘုရားများကိုပြောင်းလဲ ၍ ကိုးကွယ်ပါသနည်း။ သို့ရာတွင်ငါ၏လူမျိုးတော်မူကား မိမိတို့၏ဂုဏ်အသရေကိုဆောင်သည့် ဘုရားသခင်တည်းဟူသော၊ ငါ့အားသူတို့ကိုမကူညီနိုင်သည့်ဘုရား များနှင့် လဲလှယ်လိုက်ကြလေပြီ။
Isizwe sake santshintsha yini onkulunkulu baso, abangeyisibo onkulunkulu? Kodwa abantu bami bantshintshile uDumo lwabo ngalokho okungasizi lutho.
12 ၁၂ သို့ဖြစ်၍ငါထာဝရဘုရားသည်မိုးကောင်းကင်အား ထိတ်လန့်တုန်လှုပ်အံ့သြတွေဝေ၍သွားစေရန် အမိန့်ပေးတော်မူပြီ။
Mangalani kakhulu, mazulu, ngalokhu, lethuke, lichitheke kakhulu, itsho iNkosi.
13 ၁၃ ငါ၏လူမျိုးတော်သည်အသက်စမ်းရေတည်းဟူသော ငါ့အားစွန့်ပစ်၍ရေမလုံ၊ကွဲအက်လျက်ရှိသည့်၊ ရေလှောင်ကန်များကိုတူးကြသည်ဖြစ်၍ အပြစ်ဒုစရိုက်နှစ်ပါးကိုကူးလွန်ကြလေပြီ။
Ngoba abantu bami benzile izinto ezimbi ezimbili; bangidelile mina mthombo wamanzi aphilayo, ukuthi bazigebhele izikhongozelo, izikhongozelo ezidabukileyo, ezingegcine manzi.
14 ၁၄ ``ဣသရေလသည်ကျွန်မဟုတ်။ ကျွန်သားပေါက်လည်းမဟုတ်။ သို့ပါလျက်၊ရန်သူများသည်အဘယ် ကြောင့် သူ့အားလိုက်လံဖမ်းဆီးကြသနည်း။
UIsrayeli uyisigqili yini? Kumbe esizelwe ekhaya yini? Kungani waba yimpango?
15 ၁၅ ရန်သူများသည်သူ့အားခြင်္သေ့ကဲ့သို့ဟောက် ကြ၏။ သူ၏ပြည်ကိုခြောက်သွေ့စေကြ၏။ သူ၏မြို့များသည်ယိုယွင်းပျက်စီးကာ လူသူဆိတ်ညံလျက်ရှိ၏။
Amabhongo ezilwane abhongele phezu kwakhe, akhupha ilizwi lawo, enza ilizwe lakhe laba yincithakalo; imizi yakhe itshisiwe ingelamhlali.
16 ၁၆ နောဖမြို့သားများနှင့်တာပနက်မြို့သားများ သည် သင်၏ဦးခေါင်းခွံကိုခွဲကြလေပြီ။
Futhi abantwana beNofi leThahaphanesi badlele enkanda yakho.
17 ၁၇ အို ဣသရေလ၊ဤအမှုသည်သင်ပြုသည့်အမှုပင် ဖြစ်ပါသည်တကား။ ငါသည်သင့်အားလမ်းပြပို့ဆောင်၍လာစဉ် သင်သည်မိမိတို့ဘုရားသခင်၊ငါထာဝရ ဘုရားအား စွန့်ပစ်ခဲ့၏။
Kawuzenzelanga lokhu yini, ngokuthi udele iNkosi uNkulunkulu wakho, ngesikhathi ikukhokhela endleleni?
18 ၁၈ ယခုသင်သည်နိုင်းမြစ်ရေသောက်ရန်အီဂျစ်ပြည်သို့ သွားခြင်းဖြင့်အကျိုးရှိမည်ဟုထင်သလော။ ဥဖရတ်မြစ်ရေသောက်ရန်အာရှုရိပြည်သို့ သွားခြင်းဖြင့်အကျိုးရှိမည်ဟုထင်သလော။
Khathesi-ke ulani lendlela yeGibhithe, ukuthi unathe amanzi eSihori? Futhi ulani lendlela yeAsiriya, ukuthi unathe amanzi omfula?
19 ၁၉ သင်၏ဒုစရိုက်ကသင့်ကိုဒဏ်ခတ်လိမ့်မည်။ သင်၏ဖောက်ပြန်မှုကသင့်ကိုအပြစ်ဒဏ် ပေးပါလိမ့်မည်။ မိမိ၏ဘုရားသခင်ထာဝရဘုရားအားသင် စွန့်ပစ်မှု၊ ငါ့အားမကြောက်မရွံ့တော့ဘဲနေသောအမှုတို့သည် အဘယ်မျှဆိုးညစ်မိုက်မဲသည်ကိုသင်သိရှိ လာလိမ့်မည်။ ဤကားအနန္တတန်ခိုးရှင်ငါထာဝရဘုရား မြွက်ဟသည်စကားပင်တည်း။
Ububi bakho buzakulaya, lokuhlehlela kwakho nyovane kuzakukhuza. Ngakho yazi ubone ukuthi kuyinto embi lebabayo ukuthi uyidelile iNkosi uNkulunkulu wakho, lokuthi ukungesaba kakukho kuwe, itsho iNkosi uJehova wamabandla.
20 ၂၀ အို ဣသရေလ၊သင်သည်ရှေးအခါကပင်ငါ၏ ထမ်းပိုးကိုချိုး၍ငါ၏နှောင်ကြိုးများကိုဖြတ် ခဲ့၏။ သင်သည်ငါ၏စကားကိုနားမထောင်ငါ့အား ဝတ်မပြုမကိုးကွယ်။ တောင်မြင့်ရှိသမျှအပေါ်၌လည်းကောင်း၊စိမ်း လန်းသည့် သစ်ပင်ရှိသမျှအောက်၌လည်းကောင်း၊ သင်သည်ပြည့်တန်ဆာကဲ့သို့ပြုမူခဲ့လေသည်။
Ngoba kwasendulo ngephula ijogwe lakho, ngaqamula izibopho zakho; wasusithi: Kangiyikukhonza; kodwa phezu kwalo lonke uqaqa oluphakemeyo langaphansi kwaso sonke isihlahla esiluhlaza wazulazula njengesifebe.
21 ၂၁ ငါသည်လက်ရွေးစင်မျိုးစေ့မှစပျစ်နွယ်ကို ငါစိုက်ပျိုးခဲ့၏။ သို့ရာတွင်သင်အဘယ်သို့ဖြစ်လာကြ သည်ကိုကြည့်ရှုလော့။ သင်သည်ပုပ်၍အသုံးမဝင်သည့်စပျစ်ပင်နှင့် တူနေပါသည်တကား။
Kube kanti mina ngakuhlanyela, ulivini elihle, inhlanyelo ethembekileyo ngokupheleleyo. Pho, usuphenduke njani waba lugatsha olonakeleyo lwevini lemzini kimi?
22 ၂၂ အကယ်၍သင်တို့သည်ဆပ်ပြာနှင့်အစွန်းချွတ် ဆေး အမြောက်အမြားကိုအသုံးပြုမည်ဆိုသော်လည်း၊ သင်တို့၏အပြစ်သည်ငါ၏ရှေ့၌ ထင်ရှားလျက်ပင်ရှိမည်။
Ngoba lanxa ugeza ngesoda, uzithathele isepa enengi, kanti ububi bakho bube lichatha phambi kwami, itsho iNkosi uJehova.
23 ၂၃ သင်တို့သည်ဗာလဘုရားကိုအဘယ်အခါကမျှ ဝတ်မပြုရှိမခိုးခဲ့ပါ၊ မိမိတို့ကိုယ်ကိုမညစ်ညမ်းစေခဲ့ပါဟူ၍ အဘယ်သို့လျှင်ဆိုနိုင်မည်နည်း။ ချိုင့်ဝှမ်းထဲတွင်သင်တို့အဘယ်သို့ အပြစ် ကူးလွန်ခဲ့သည်ကိုကြည့်လော့။ သင်ပြုခဲ့သည့်အမှုကိုသိမှတ်လော့။ သင်သည်မုန်ယိုလျက်နေသည့်ကုလားအုတ် ပျိုကဲ့သို့၊ အချုပ်အချယ်မရှိဟိုမှသည်သို့ပြေး လျက်နေ၏။
Ungatsho njani ukuthi: Kangingcolanga, kangilandelanga oBhali? Bona indlela yakho esigodini, wazi ukuthi wenzeni, kamela elisikazi elilejubane elizulazula ezindleleni zalo.
24 ၂၄ သင်သည်တောကန္တာရတွင်နေသည့် မြည်းရိုင်းမနှင့်တူ၏။ မိတ်လိုက်ချိန်ကျသောအခါ၊ သူ့အား အဘယ်သူတားဆီးနိုင်သနည်း။ သူ့ကိုအလိုရှိသူမြည်းထီးမှန်သမျှသည် အပင်ပန်းခံ၍ရှာနေရန်မလို။ မိတ်လိုက်ချိန်၌သူ့အားအစဉ်တွေ့ရှိနိုင်လေသည်။
Ungubabhemi weganga owejwayele inkangala, ophembela umoya enkanukweni yenhliziyo yakhe. Ngubani ongamvimbela enkanukweni yakhe? Bonke abamdingayo kabayikuzidinisa; ngenyanga yakhe bazamthola.
25 ၂၅ အို ဣသရေလ၊အခြားဘုရားများသို့ လိုက်ပြေးခြင်းအားဖြင့် သင်၏ခြေ၌ဖိနပ်မကျွတ်စေနှင့်။ သင်၏အာခေါင်ကိုသော်လည်းမခြောက်စေနှင့်။ သို့ရာတွင်သင်က`အကျွန်ုပ်သည်လူမျိုးခြား ဘုရားများကိုချစ်၍၊ သူတို့၏နောက်သို့ပင်လိုက်ပါတော့မည်' ဟုဆို၏။
Nqanda unyawo lwakho ekungabini ngolungelasicathulo, lomphimbo wakho ekomeni; kodwa wena wathi: Kakulathemba; hatshi; ngoba ngathanda abemzini, njalo ngizabalandela.
26 ၂၆ အဖမ်းခံရချိန်၌ သူခိုးသည်အရှက်ကွဲရ သကဲ့သို့ သင်၏ဘုရင်များ၊ မင်းညီမင်းသား များ၊ ယဇ်ပုရောဟိတ်များ၊ ပရောဖက်များ၊ သင် တို့ဣသရေလပြည်သားအပေါင်းတို့သည် အရှက်ကွဲရကြလိမ့်မည်။-
Njengesela lilenhloni lapho selibanjiwe, ngokunjalo indlu kaIsrayeli ilenhloni, bona, amakhosi abo, iziphathamandla zabo, labapristi babo, labaprofethi babo,
27 ၂၇ သစ်ပင်အား`အရှင်သည်အကျွန်ုပ်အဖဖြစ်ပါ သည်' ဟူ၍လည်းကောင်း၊ ကျောက်တုံးအား`အရှင် သည်အကျွန်ုပ်အမိဖြစ်ပါသည်' ဟူ၍လည်း ကောင်းသင်တို့ပြောဆိုကြ၏။ သင်တို့သည်ငါ ၏ဘက်သို့မလှည့်၊ ငါ့အားကျောခိုင်း၍သွား ကြ၏။ သို့ရာတွင်သင်တို့သည်ဘေးအန္တရာယ် တွေ့သောအခါ၌မူကား၊ ငါ့အားကြွလာ တော်မူ၍သင်တို့ကိုကူမတော်မူရန်လျှောက် ထားကြ၏။
besithi esigodweni: Wena ungubaba; lelitsheni: Wena wangizala. Ngoba baphendulele umhlana kimi, hatshi-ke ubuso; kodwa ngesikhathi sokuhlupheka kwabo bazakuthi: Sukuma, usisindise!
28 ၂၈ ``မိမိတို့အတွက်သင်တို့ပြုလုပ်ထားသည့် ဘုရားများကားအဘယ်မှာနည်း။ သင်တို့ဒုက္ခ ရောက်ချိန်ထိုဘုရားများကယ်နိုင်လျှင်ကယ် စေကြလော့။ အို ယုဒပြည်၊ သင်၏မြို့တို့သည် များပြားသကဲ့သို့ သင်ပြုလုပ်သောဘုရား တို့သည်လည်းများပြားလှပါသည်တကား။-
Kodwa bangaphi onkulunkulu bakho ozenzele bona? Kabasukume uba bengakusindisa ngesikhathi sobubi bakho; ngoba njengenani lemizi yakho bangako onkulunkulu bakho, Juda.
29 ၂၉ သင်တို့အားလုံးပင်ငါ့ကိုပုန်ကန်ကြလေပြီ။ သင်တို့သည်ငါ့ကို အဘယ်သို့မကျေမနပ် ဖြစ်ကြသနည်း'' ဟုထာဝရဘုရားမိန့် တော်မူ၏။-
Liphikisanelani lami? Lonke liphambekile kimi, itsho iNkosi.
30 ၃၀ ``ငါသည်သင်တို့ကိုဆုံးမပါသော်လည်း အကျိုးမရှိ။ သင်တို့သည်ပဲ့ပြင်သွန်သင်မှုကို လက်မခံလိုကြ။ အမျက်ပြင်းစွာထွက်သည့် ခြင်္သေ့သဖွယ် သင်တို့သည်မိမိတို့ပရောဖက် များကိုသတ်ဖြတ်ကြလေပြီ။-
Ngibatshayile abantwana benu ngeze; kabemukelanga ukuqondiswa; inkemba yenu ibadlile abaprofethi benu, njengesilwane esichithayo.
31 ၃၁ ဣသရေလပြည်သူတို့၊ သင်တို့သည်ထာဝရ ဘုရား၏စကားကိုနားထောင်ကြလော့။ ငါ သည်သင်တို့အဖို့တောကန္တာရကဲ့သို့လည်း ကောင်း၊ မှောင်အတိလွှမ်းနေသည့်ပြည်ကဲ့သို့ လည်းကောင်းဖြစ်၍နေလေပြီလော။ ယင်းသို့ မဟုတ်ပါမူသင်တို့သည်အဘယ်ကြောင့် ထင်သလိုပြုကျင့်ကာ ငါ့ထံသို့အဘယ် အခါမျှပြန်မလာဘဲနေတော့မည်ဟု ဆိုကြသနည်း။-
Wena sizukulwana, lina bonani ilizwi leNkosi. Bengiyinkangala yini kuIsrayeli? Kumbe ilizwe lobumnyama obunzima yini? Batsholoni abantu bami ukuthi: Sizulazulile; kasisayikuza kuwe?
32 ၃၂ မိန်းမပျိုသည်မိမိ၏ကျောက်မျက်ရတနာ များကိုလည်းကောင်း၊ မင်္ဂလာဆောင်သတို့ သမီးသည်မိမိ၏မင်္ဂလာဆောင်ဝတ်စုံကို လည်းကောင်းမေ့လျော့တတ်ပါသလော။ သို့ ရာတွင်ငါ၏လူမျိုးတော်မူကားမရေ မတွက်နိုင်သောနေ့ရက်များတွင်ငါ့ကို မေ့လျော့ကြလေပြီ။-
Intombi ingazikhohlwa yini iziceciso zayo, kumbe umakoti amabhanti akhe? Kanti abantu bami bangikhohliwe insuku ezingelanani.
33 ၃၃ သင်တို့သည်မိမိတို့ချစ်သူများကိုအမှန် ပင်လိုက်၍ရှာတတ်ကြ၏။ ဆိုးညစ်သည့်အမျိုး သမီးများကိုပင်သင်တို့၏အကျင့်ကိုသင် ပေးနိုင်ကြ၏။-
Kungani ulungisa indlela yakho ekudingeni uthando? Ngakho ubafundisile labo ababi izindlela zakho.
34 ၃၄ ဖောက်ထွင်းခိုးယူမှုအတွက်သင်တို့ဖမ်းမမိ သော်လည်း ထိုဆင်းရဲသားများ၊ အပြစ်မဲ့သူ များ၏သွေးနှင့် သင်တို့၏အဝတ်များသည် စွန်းကွက်လျက်ရှိ၏။ ``သို့ပါလျက်
Lezigqokweni zakho kutholakala igazi lemiphefumulo yabayanga abangelacala; kawubatholanga befohlela phakathi, kodwa phezu kwakho konke lokhu.
35 ၃၅ `ငါ့တွင်အပြစ်မရှိ၊ ထာဝရဘုရားသည်အမှန် ပင် ငါ့အားအမျက်ထွက်တော်မမူတော့ပြီဟု' ဆို ချင်သည်။ သို့သော်သင်ကမိမိအပြစ်မကူး လွန်ပါဟုငြင်းဆိုသဖြင့် ငါသည်သင့်အား အပြစ်ဒဏ်ခတ်တော်မူမည်။-
Kanti wena uthi: Ngoba kangilacala, isibili intukuthelo yakhe izaphenduka isuke kimi. Khangela, ngizakwehlulelana lawe, ngoba uthi: Kangonanga.
36 ၃၆ သင်တို့သည်အခြားနိုင်ငံဘုရားများဆည်း ကပ်သောအားဖြင့်၊ မိမိကိုယ်ကိုတန်ဖိုးကျ စေသည့်အာရှုရိပြည်သည်သင့်အားအကူ အညီပေးရန်ပျက်ကွက်သကဲ့သို့ အီဂျစ် ပြည်သည်လည်းပျက်ကွက်လိမ့်မည်။-
Kungani uzulazula kangaka ukuntshintsha indlela yakho? Uzayangiswa yiGibhithe layo, njengoba wayangiswa yiAsiriya.
37 ၃၇ သင်သည်အရှက်ကွဲလျက်ခေါင်းငိုက်စိုက်နှင့် အီဂျစ်ပြည်မှပြန်လာရလိမ့်မည်။ ငါထာဝရ ဘုရားသည်သင်အားကိုးသူတို့ကိုပစ်ပယ် တော်မူပြီ။ သူတို့ထံမှသင်သည်အဘယ် အကျိုးကိုမျှရရှိလိမ့်မည်မဟုတ်။''
Yebo, uzaphuma usuka lapha, lezandla zakho ziphezu kwekhanda lakho, ngoba iNkosi iwalile amathemba akho, njalo kawuyikuphumelela ngawo.