< ယေရမိ 19 >
1 ၁ ထာဝရဘုရားသည်မြေအိုးတစ်လုံးကိုသွား ရောက်ဝယ်ယူရန် ငါ့အားစေခိုင်းတော်မူ၏။ ကိုယ် တော်ကငါနှင့်အတူအသက်ကြီးသူပြည်သူ့ ခေါင်းဆောင်အချို့နှင့် ယဇ်ပုရောဟိတ်အချို့ တို့ကိုလည်းခေါ်ဆောင်ကာ၊-
Saaledes sagde HERREN: Gaa hen og køb dig et Krus hos Pottemageren, tag nogle af Folkets og Præsternes Ældste med
2 ၂ အိုးကွဲမြို့တံခါးကိုဖြတ်၍ပင်ဟိန္နုံချိုင့်ဝှမ်း သို့သွားရောက်ရန်မှာကြားတော်မူ၏။ ထိုအရပ် တွင် ငါသည်ထာဝရဘုရားပေးတော်မူသော ဗျာဒိတ်တော်ကိုဆင့်ဆိုရန်ဖြစ်၏။-
og gaa ud i Hinnoms Søns Dal ved Indgangen til Potteskaarporten og udraab der de Ord, jeg taler til dig!
3 ၃ ထာဝရဘုရားက``ယုဒဘုရင်များနှင့် ယေရုရှလင်မြို့သားတို့၊ ဣသရေလအမျိုး သားတို့၏ဘုရားသခင်အနန္တတန်ခိုးရှင်၊ ငါ ထာဝရဘုရားမိန့်တော်မူသည်ကိုနားထောင် ကြလော့။ ငါသည်ကြားသိရသူတို့ထိတ်လန့် သည်တိုင်အောင်ဆိုးရွားသည့်ဘေးအန္တရာယ် ကိုဤအရပ်သို့သက်ရောက်စေတော်မူမည်။-
Du skal sige: Hør HERRENS Ord, Judas Konger og Jerusalems Borgere: Saa siger Hærskarers HERRE, Israels Gud: Se, jeg sender over dette Sted en Ulykke, saa det skal ringe for Ørene paa enhver, der hører derom,
4 ၄ အဘယ်ကြောင့်ဆိုသော်လူတို့သည်ငါ့ကိုစွန့် ပစ်ကာ မိမိတို့ကိုယ်တိုင်မိမိတို့ဘိုးဘေးများ နှင့်ယုဒဘုရင်များမသိဘူးသည့်အခြား ဘုရားများကိုယဇ်ပူဇော်ခြင်းဖြင့် ဤဌာန တော်ကိုညစ်ညမ်းစေကြသောကြောင့်ဖြစ်၏။ သူတို့သည်ဤဌာနကိုအပြစ်မဲ့သူတို့၏ အသွေးဖြင့်ပြည့်စေလျက်၊-
fordi de forlod mig og gjorde dette Sted fremmed og tændte Offerild der for andre Guder, som hverken de eller deres Fædre før kendte til, og Judas Konger fyldte dette Sted med skyldfries Blod,
5 ၅ မိမိတို့သားသမီးများအားမီးရှို့ရာယဇ် အဖြစ်ပူဇော်ရန် ဗာလဘုရားအတွက်မြင့် သောအရပ်၌ယဇ်ပလ္လင်များကိုတည်ဆောက် ကြလေပြီ။ သူတို့သားသမီးများကိုဤ သို့ဗာလဘုရားအားမီးရှို့ပူဇော်စေရန် ငါသည်အဘယ်အခါ၌မျှအမိန့်မပေး ခဲ့၊ မပြောကြားခဲ့၊ စိတ်မကူးခဲ့။-
og de byggede Ba'alshøjene for at brænde deres Børn i Ild som Brændofre til Ba'al, hvad jeg ikke havde paabudt eller talt om, og hvad aldrig var opkommet i min Tanke.
6 ၆ သို့ဖြစ်၍ဤအရပ်သည်တောဖက်ဟူ၍မခေါ်၊ ဟိန္နုံချိုင့်ဝှမ်းဟူ၍မခေါ်၊ ကွပ်မျက်ရာချိုင့်ဟူ ၍ခေါ်ရမည့်အချိန်ကျရောက်လာလိမ့်မည် ကို သတိပြုကြလော့ဟုထာဝရဘုရား မိန့်တော်မူ၏။-
Se, derfor skal Dage komme, lyder det fra HERREN, da dette Sted ikke mere skal hedde Tofet og Hinnoms Søns Dal, men Morddalen.
7 ၇ ငါသည်ဤအရပ်တွင်ယုဒပြည်သားများ နှင့် ယေရုရှလင်မြို့သားများ၏အကြံအစည် မှန်သမျှကိုပျက်ပြားစေတော်မူမည်။ သူတို့ ကိုအသက်ရန်ရှာသူတို့လက်သို့အပ်၍စစ်ပွဲ တွင်ကျဆုံးစေတော်မူမည်။ သူတို့၏အလောင်း များသည်ငှက်များနှင့်တောသားရဲတို့၏ အစာဖြစ်ရလိမ့်မည်။-
Jeg gør Juda og Jerusalem raadvilde paa dette Sted og lader dem falde for Sværdet for deres Fjenders Øjne og for deres Haand, som staar dem efter Livet, og jeg giver Himmelens Fugle og Jordens Dyr deres Lig til Føde.
8 ၈ ငါသည်ဤမြို့အပေါ်သို့အလွန်ဆိုးရွားသည့် ဘေးအန္တရာယ်ကိုသက်ရောက်စေမည်ဖြစ်၍ အနီး မှဖြတ်သန်းသွားလာသူတို့သည် ထိုမြို့၏ဖြစ် အင်ကိုမြင်၍ကဲ့ရဲ့ကြလိမ့်မည်။ စိတ်ထိခိုက် လျက်အံ့သြတွေဝေသွားကြလိမ့်မည်။-
Jeg gør denne By til Gru og Spot; alle, der kommer forbi, skal grue og spotte over alle dens Saar.
9 ၉ ရန်သူတို့သည်မြို့ကိုဝိုင်းရံတိုက်ခိုက်ကာ သူ တို့အားသတ်ဖြတ်ရန်ကြိုးစားကြလိမ့်မည်။ သူတို့သည်အချင်းချင်းတစ်ယောက်ကိုတစ် ယောက်စားကြလိမ့်မည်။ မိမိတို့သားသမီး များကိုပင်စားကြလိမ့်မည်'' ဟုဆင့်ဆို ပြောကြားရန်ငါ့အားမိန့်တော်မူ၏။
Jeg lader dem æde deres Sønners og Døtres Kød, den ene skal æde den andens Kød under Belejringen og den Trængsel, deres Fjender og de, der staar dem efter Livet, volder dem.
10 ၁၀ ထိုနောက်ထာဝရဘုရားသည် ငါ့ကိုမိမိ နှင့်အတူလိုက်ပါလာသူတို့၏ရှေ့တွင်အိုး ကိုခွဲစေတော်မူပြီးလျှင်၊-
Knus saa Kruset i de Mænds Paasyn, der følger med dig,
11 ၁၁ သူတို့အားအနန္တတန်ခိုးရှင်ထာဝရ ဘုရားက``ဤအိုးကိုပြန်၍ဆက်စပ်မရ နိုင်အောင်ခွဲလိုက်သကဲ့သို့ ငါသည်ဤလူ များနှင့်ဤမြို့ကိုငါခွဲတော်မူမည်။ တော ဖက်မြို့တွင်မြေမြှုပ်စရာနေရာမရှိသည့် တိုင်အောင်လူတို့သည်ထိုသူတို့၏အလောင်း များကိုသင်္ဂြိုဟ်ရကြလိမ့်မည်။-
og sig til dem: Saa siger Hærskarers HERRE: Jeg vil knuse dette Folk og denne By, som man knuser et Lerkar, saa det ikke kan heles igen. De døde skal jordes i Tofet, fordi Pladsen til at jorde paa ikke slaar til.
12 ၁၂ ဤမြို့နှင့်ဤမြို့တွင်နေထိုင်သူတို့ကို တောဖက်မြို့ကဲ့သို့ဖြစ်စေမည်'' ဟုထာဝရ ဘုရားမိန့်တော်မူ၏။-
Saaledes vil jeg gøre med dette Sted og dets Indbyggere, lyder det fra HERREN, idet jeg gør denne By til et Tofet:
13 ၁၃ ``ယေရုရှလင်မြို့ရှိအိမ်များနှင့်ယုဒဘုရင် တို့၏နန်းတော်များ မိမိတို့အမိုးပေါ်တွင် ကြယ်နက္ခတ်များအားနံ့သာပေါင်းဖြင့်မီးရှို့ ပူဇော်ရာအိမ်များနှင့်အခြားဘုရားများ အား စပျစ်ရည်ပူဇော်သကာသွန်းလောင်း ကြသည့်အိမ်မှန်သမျှတို့သည်တောဖက်မြို့ ကဲ့သို့ မသန့်စင်သည့်အရပ်များဖြစ်ရကြ လိမ့်မည်'' ဟုမိန့်တော်မူ၏။
Jerusalems og Judas Kongers Huse skal blive urene som Tofets Sted, alle de Huse, paa hvis Tage de tændte Offerild for al Himmelens Hær og udgød Drikofre for andre Guder.
14 ၁၄ ထိုနောက်ငါသည်ဗျာဒိတ်တော်ကိုပြန်ကြား ရန် ထာဝရဘုရားစေလွှတ်တော်မူရာတောဖက် အရပ်မှထွက်ခွာ၍ ဗိမာန်တော်တံတိုင်းအတွင်း ရပ်ပြီးလျှင်လူအပေါင်းတို့အား၊-
Derpaa gik Jeremias fra Tofet, hvorhen HERREN havde sendt ham for at profetere, og stod frem i Forgaarden til HERRENS Hus og sagde til alt Folket:
15 ၁၅ ဣသရေလအမျိုးသားတို့၏ဘုရားသခင် အနန္တတန်ခိုးရှင်ထာဝရဘုရားက``သင်တို့ သည်ခေါင်းမာ၍ငါပြောသည့်စကားကိုနား မထောင်ကြ။ သို့ဖြစ်၍ဤမြို့နှင့်အနီးအနား ရှိမြို့အပေါင်းတို့အား ယခင်ငါဖော်ပြခဲ့ သည့်အတိုင်းပြစ်ဒဏ်စီရင်တော်မူမည်'' ဟု မိန့်တော်မူကြောင်းသူတို့အားဆင့်ဆို၏။
Saa siger Hærskarers HERRE, Israels Gud: Se, over denne By og alle Byerne, der hører til den, sender jeg al den Ulykke, jeg har truet den med, fordi de gjorde Nakken stiv og ikke hørte mine Ord.