< ယေရမိ 17 >

1 ထာ​ဝ​ရ​ဘု​ရား​က``ယု​ဒ​ပြည်​သား​တို့၊ သင် တို့​၏​အ​ပြစ်​ကို​သံ​က​ညစ်​နှင့်​ရေး​မှတ်​၍ ထား​၏။ ထို​အပြစ်​ကို​သင်​၏​စိတ်​နှ​လုံး​ပု​ရ ပိုက်​ပေါ်​၌​စိန်​သွား​တပ်​သည့်​က​ညစ်​ဖြင့်​ရေး မှတ်​၍ သင်​တို့​၏​ယဇ်​ပလ္လင်​ထောင့်​များ​၌​ထွင်း ထား​လျက်​ရှိ​၏။-
“The sin of Judah is written with an iron stylus, engraved with a diamond point on the tablets of their hearts and on the horns of their altars.
2 တောင်​ကုန်း​များ​ပေါ်​ရှိ​စိမ်း​လန်း​သည့်​သစ်​ပင် မှန်​သ​မျှ​တို့​၏​အ​နီး​၌​လည်း​ကောင်း၊ တောင် ထိပ်​များ​ပေါ်​၌​လည်း​ကောင်း၊ အာ​ရှ​ရ​နတ် သ​မီး​အ​တွက်​စိုက်​ထူ​ထား​သည့်​တံ​ခွန်​တိုင် များ​ယဇ်​ပလ္လင်​များ​ကို သင်​တို့​၏​သား​သ​မီး များ​ပင်​ကိုး​ကွယ်​ကြ​ပေ​သည်။ သင်​တို့​သည် မိ​မိ​တို့​၏​ပြည်​တစ်​လျှောက်​လုံး​တွင်​ကူး လွန်​ခဲ့​သည့်​အ​ပြစ်​များ​ကြောင့် သင်​တို့​၏ စည်း​စိမ်​ဥစ္စာ​ရွှေ​ငွေ​ရ​တ​နာ​များ​ကို သင် တို့​ဝတ်​ပြု​ကိုး​ကွယ်​ကြ​သည့်​မြင့်​သော တောင်​ကုန်း​များ​နှင့်​အ​တူ​ရန်​သူ​တို့​အား ငါ​သိမ်း​ယူ​စေ​မည်။-
Even their children remember their altars and Asherah poles by the green trees and on the high hills.
3
O My mountain in the countryside, I will give over your wealth and all your treasures as plunder, because of the sin of your high places, within all your borders.
4 သင်​၏​အ​ပြစ်​ကြောင့် သင်​တို့​သည်​ငါ​ပေး​အပ် ခဲ့​သည့်​ပြည်​ကို​စွန့်​လွှတ်​ရ​ကြ​လိမ့်​မည်။ ငါ ၏​အ​မျက်​တော်​သည်​မီး​နှင့်​တူ​၍​ထာ​ဝ​စဉ် တောက်​လောင်​လျက်​နေ​မည်​ဖြစ်​၍ ငါ​သည်​သင် တို့​အား​မိ​မိ​တို့​မ​ရောက်​ဘူး​သည့်​ပြည်​တွင် ရန်​သူ​များ​၏​အ​စေ​ကို​ခံ​စေ​မည်'' ဟု​မိန့် တော်​မူ​၏။
And you yourself will relinquish the inheritance that I gave you. I will enslave you to your enemies in a land that you do not know, for you have kindled My anger; it will burn forever.”
5 ထာ​ဝ​ရ​ဘု​ရား​က၊ ``လူ​ကို​လည်း​ကောင်း၊သေ​မျိုး​ဖြစ်​သော​သူ​၏ စွမ်း​ရည်​ကို​လည်း​ကောင်း​ယုံ​ကြည်​ကိုး​စား​၍၊ ငါ့​ကို​ကျော​ခိုင်း​သူ​အား​ငါ​ကျိန်​စာ​သင့်​စေ​မည်။
This is what the LORD says: “Cursed is the man who trusts in mankind, who makes the flesh his strength and turns his heart from the LORD.
6 ထို​သူ​သည်​အ​ခြား​အ​ဘယ်​အ​ပင်​မျှ​မ​ပေါက် သည့် တော​ကန္တာ​ရ​မြေ​ရိုင်း​တွင်​ပေါက်​သည့်​ခြုံ​ပုတ် နှင့်​တူ​၏။ သူ​သည်​အ​ဘယ်​ကောင်း​ကျိုး​ကို​မျှ​မ​ခံ​စား​ရ။''
He will be like a shrub in the desert; he will not see when prosperity comes. He will dwell in the parched places of the desert, in a salt land where no one lives.
7 ``သို့​ရာ​တွင်​ငါ့​ကို​ကိုး​စား​၍​ယုံ​ကြည်​သူ​အား ငါ​ကောင်း​ချီး​ပေး​မည်။
But blessed is the man who trusts in the LORD, whose confidence is in Him.
8 ထို​သူ​သည်​ရေ​အ​နီး​တွင်​စိုက်​သ​ဖြင့်​ရေ​ရှိ​ရာ​သို့ အ​မြစ်​ထိုး​၍​သွား​သည့်​သစ်​ပင်​နှင့်​တူ​၏။ ထို​အ​ပင်​သည်​အ​ရွက်​များ​စိမ်း​လန်း​လျက်​ရှိ သ​ဖြင့် ပူ​ပြင်း​သည့်​ရာ​သီ​ကို​မ​ကြောက်။ မိုး​ခေါင်​သော​အ​ခါ​၌​လည်း​စိုး​ရိမ်​စ​ရာ မ​ရှိ​ဘဲ အ​သီး​များ​သီး​မြဲ​သီး​၍​နေ​တတ်​၏။''
He is like a tree planted by the waters that sends out its roots toward the stream. It does not fear when the heat comes, and its leaves are always green. It does not worry in a year of drought, nor does it cease to produce fruit.
9 ``အ​ဘယ်​သူ​သည်​လူ​၏​စိတ်​နှ​လုံး​ကို သိ​နား​လည်​နိုင်​သ​နည်း။ လူ​၏​စိတ်​နှ​လုံး​သည်​အ​ရာ​ခပ်​သိမ်း​ထက် စဉ်း​လဲ​တတ်​၏။ ထို​စိတ်​နှ​လုံး​တွင်​ကု​သ​၍​မ​ရ​နိုင်​သော​အ​နာ ရှိ​၏။''
The heart is deceitful above all things and beyond cure. Who can understand it?
10 ၁၀ ``ငါ​ထာ​ဝ​ရ​ဘု​ရား​သည်​လူ​တို့​၏​စိတ်​နေ သ​ဘော​ထား​ကို ရှာ​ဖွေ​၍​ကြည့်​တတ်​၏။ စိတ်​နှ​လုံး​အ​ကြံ​အ​စည်​ကို​လည်း​စစ်​ဆေး​၍ ကြည့်​တတ်​၏။ ငါ​သည်​လူ​အ​ပေါင်း​တို့​အား​သူ​တို့​လုပ်​ဆောင်​သည့် အ​ကျင့်​အ​ရ ထိုက်​သင့်​သည့်​အ​ကျိုး​အ​ပြစ်​ကို​ပေး​တတ်​၏'' ဟု​မိန့်​တော်​မူ​၏။
I, the LORD, search the heart; I examine the mind to reward a man according to his way, by what his deeds deserve.
11 ၁၁ မ​သ​မာ​သော​နည်း​ဖြင့်​ငွေ​ရှာ​သော​သူ​သည် မိ​မိ​မ​ဥ​သည့်​ဥ​များ​ကို​ဝပ်​သော​ငှက်​နှင့်​တူ​၏။ သူ​သည်​ပ​ထ​မ​အ​ရွယ်​၌​ပင်​စည်း​စိမ်​ဥစ္စာ ဆုံး​ပါး​လျက် လူ​မိုက်​အ​ဖြစ်​နှင့်​သာ​လျှင်​နိ​ဂုံး​ချုပ်​ရ​တတ်​၏။
Like a partridge hatching eggs it did not lay is the man who makes a fortune unjustly. In the middle of his days his riches will desert him, and in the end he will be the fool.”
12 ၁၂ ငါ​တို့​ဗိ​မာန်​တော်​သည်​အ​စ​ကာ​လ​က​ပင် တောင်​ပေါ်​တွင်​တည်​လျက်၊ ဘုန်း​အ​သ​ရေ​ထွန်း​တောက်​သည့်​ရာ​ဇ​ပလ္လင်​နှင့် တူ​၏။
A glorious throne, exalted from the beginning, is the place of our sanctuary.
13 ၁၃ အို ထာ​ဝ​ရ​ဘု​ရား၊ကိုယ်​တော်​သည်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​၏​မျှော်​ကိုး​ရာ​ဖြစ်​တော်​မူ​၏။ ကိုယ်​တော်​ကို​စွန့်​ပစ်​သူ​မှန်​သ​မျှ​သည် အ​ရှက်​ကွဲ​ကြ​လိမ့်​မည်။ သူ​တို့​သည်​အ​သက်​စမ်း​ရေ​ချို​တည်း​ဟူ သော ထာ​ဝ​ရ​ဘု​ရား​ကို​စွန့်​ပစ်​ကြ​ပြီ​ဖြစ်​၍ မြေ​မှုန့်​ပေါ်​တွင်​ရေး​သား​ထား​သည့်၊အ​မည် နာ​မ​များ ကဲ့​သို့​ပျောက်​ကွယ်​သွား​ကြ​လိမ့်​မည်။
O LORD, the hope of Israel, all who abandon You will be put to shame. All who turn away will be written in the dust, for they have abandoned the LORD, the fountain of living water.
14 ၁၄ အို ထာ​ဝ​ရ​ဘု​ရား၊ကိုယ်​တော်​ရှင်​ကု​သ​တော်​မူ ပါ​မှ ကျွန်​တော်​မျိုး​၏​အ​နာ​ရော​ဂါ​သည်​လုံး​ဝ ပျောက်​ကင်း​ပါ​လိမ့်​မည်။ ကိုယ်​တော်​ရှင်​ကယ်​ဆယ်​တော်​မူ​ပါ​လျှင် ကျွန်​တော်​မျိုး​သည်​လုံ​ခြုံ​မှု​အ​ပြည့်​အ​ဝ ရ​ရှိ​ပါ​လိမ့်​မည်။ ကိုယ်​တော်​ရှင်​ကား​ကျွန်​တော်​မျိုး​ထော​မ​နာ​ပြု​သည့် အ​ရှင်​ပင်​ဖြစ်​တော်​မူ​ပါ​၏။
Heal me, O LORD, and I will be healed; save me, and I will be saved, for You are my praise.
15 ၁၅ လူ​တို့​က​ငါ့​အား``ငါ​တို့​အား​ထာ​ဝ​ရ​ဘု​ရား ကျိန်း​ဝါး​သည့်​အ​ရာ​များ​ကား​အ​ဘယ်​မှာ နည်း။ ယ​ခု​ပင်​ထို​အ​ရာ​များ​ကို​အ​ကောင် အ​ထည်​ဖော်​တော်​မူ​ပါ​လေ​စေ'' ဟု​ဆို​ကြ ပါ​၏။
Behold, they keep saying to me, “Where is the word of the LORD? Let it come now!”
16 ၁၆ သို့​ရာ​တွင်``အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး သည်​သိုး​ထိန်း​အ​ဖြစ်​မှ​ရှောင်​လွှဲ​ခဲ့​ခြင်း​မ​ရှိ​ပါ။ ဆင်း​ရဲ​ဒုက္ခ​ရောက်​မည့်​နေ့​ကို​မ​တောင့်​တ​ခဲ့ ကြောင်း​ကို​လည်း ကိုယ်​တော်​ရှင်​သိ​တော်​မူ​ပါ​၏။ ကျွန်​တော်​မျိုး​နှုတ်​မှ​ထွက်​သည့်​စ​ကား​များ ကို​ကိုယ်​တော်​ရှင်​သိ​တော်​မူ​ပါ​၏။-
But I have not run away from being Your shepherd; I have not desired the day of despair. You know that the utterance of my lips was spoken in Your presence.
17 ၁၇ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​အား​ထိတ်​လန့် တုန်​လှုပ်​စေ​တော်​မ​မူ​ပါ​နှင့်။ ဒုက္ခ​ရောက်​ချိန်​၌ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​ခို​လှုံ​ရာ ဖြစ်​တော်​မူ​ပါ​၏။-
Do not become a terror to me; You are my refuge in the day of disaster.
18 ၁၈ ကျွန်​တော်​မျိုး​အား​နှိပ်​စက်​ညှင်း​ဆဲ​သူ​တို့​ကို အ​ရှက်​ကွဲ​စေ​တော်​မူ​၍ ကျွန်​တော်​မျိုး​အား အ​ရှက်​ရ​မှု​မှ​ချမ်း​သာ​ပေး​တော်​မူ​ပါ။ ထို သူ​တို့​အား​ထိတ်​လန့်​တုန်​လှုပ်​စိတ်​နှင့်​ပြည့်​ဝ စေ​တော်​မူ​၍ ကျွန်​တော်​မျိုး​ကို​ထိတ်​လန့်​တုန် လှုပ်​စေ​တော်​မ​မူ​ပါ​နှင့်။ သူ​တို့​၏​အ​ပေါ်​သို့ ဘေး​အန္တ​ရာယ်​ဆိုး​ကို​သက်​ရောက်​စေ​တော် မူ​၍​သူ​တို့​အား​ကျိုး​ပဲ့​ကြေ​မွ​စေ​တော် မူ​ပါ။
Let my persecutors be put to shame, but do not let me be put to shame. Let them be terrified, but do not let me be terrified. Bring upon them the day of disaster and shatter them with double destruction.
19 ၁၉ ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​အား``ယေ​ရ​မိ၊ ယု​ဒ ဘု​ရင်​များ​ထွက်​ဝင်​ရာ၊ ပြည်​သူ့​မြို့​တံ​ခါး သို့​သွား​၍​ဗျာ​ဒိတ်​တော်​ကို​ကြေ​ညာ​လော့။ ထို​နောက်​ယေ​ရု​ရှ​လင်​မြို့​ရှိ​အ​ခြား​မြို့ တံ​ခါး​များ​သို့​သွား​လော့။-
This is what the LORD said to me: “Go and stand at the gate of the people, through which the kings of Judah go in and out; and stand at all the other gates of Jerusalem.
20 ၂၀ ယု​ဒ​ဘု​ရင်​များ​နှင့်​ပြည်​သား​တို့​အား​လည်း ကောင်း၊ ထို​တံ​ခါး​များ​ဖြင့်​ထွက်​ဝင်​သွား​လာ တတ်​သူ​ယေ​ရု​ရှ​လင်​မြို့​သူ​မြို့​သား​အ​ပေါင်း တို့​အား​လည်း​ကောင်း​ငါ​၏​အ​မိန့်​တော်​ကို​နား ထောင်​ရန်​မှာ​ကြား​လော့။-
Say to them, ‘Hear the word of the LORD, O kings of Judah, all people of Judah and Jerusalem who enter through these gates.
21 ၂၁ ဤ​ကား​ထာ​ဝ​ရ​ဘု​ရား​အ​မိန့်​တော်​ဖြစ်​၏။ ဥ​ပုသ်​နေ့​၌​အ​ဘယ်​ဝန်​ထုပ်​ဝန်​ပိုး​ကို​မျှ​မ သယ်​မ​ဆောင်​ရ​ကြ။ ယေ​ရု​ရှ​လင်​မြို့​တံ​ခါး များ​ကို​ဖြတ်​၍၊-
This is what the LORD says: Take heed for yourselves; do not carry a load or bring it through the gates of Jerusalem on the Sabbath day.
22 ၂၂ မိ​မိ​တို့​၏​အိမ်​များ​မှ​အ​ဘယ်​အ​ရာ​ကို​မျှ မ​သယ်​မ​ယူ​ရကြ။ သူ​တို့​သည်​ဥ​ပုသ်​နေ့​၌ အ​လုပ်​မ​လုပ်​ရ​ကြ။ သူ​တို့​၏​ဘိုး​ဘေး​များ အား​ငါ​ပ​ညတ်​တော်​မူ​ခဲ့​သည့်​အ​တိုင်း​ထို နေ့​ရက်​ကို​နေ့​ထူး​နေ့​မြတ်​အ​ဖြစ်​စောင့်​ထိန်း ကြ​ရန်​ပြော​ကြား​လော့။-
You must not carry a load out of your houses or do any work on the Sabbath day, but you must keep the Sabbath day holy, just as I commanded your forefathers.
23 ၂၃ သူ​တို့​၏​ဘိုး​ဘေး​များ​သည်​ငါ့​စ​ကား​ကို နား​မ​ထောင်​မ​နာ​ခံ​ကြ။ သူ​တို့​သည်​ခေါင်း​မာ လျက်​ငါ​၏​စ​ကား​ကို​နား​မ​ထောင်​လို​ကြ။ ငါ​ဆုံး​မ​သွန်​သင်​သည်​ကို​လည်း​မ​ခံ​ယူ လို​ကြ။
Yet they would not listen or incline their ear, but they stiffened their necks and would not listen or receive My discipline.
24 ၂၄ ``ငါ​၏​အ​မိန့်​အား​လုံး​ကို နား​ထောင်​ရ​ကြ မည်​ဖြစ်​ကြောင်း​ထို​သူ​တို့​အား​ပြော​ကြား လော့။ သူ​တို့​ဥပုသ်​နေ့​၌​ဤ​မြို့​တံ​ခါး​များ ကို​ဖြတ်​၍ အ​ဘယ်​ဝန်​ထုပ်​ဝန်​ပိုး​ကို​မျှ မ​သယ်​မ​ယူ​ရ​ကြ။ ဥ​ပုသ်​နေ့​ကို​နေ့​ထူး နေ့​မြတ်​အ​ဖြစ်​စောင့်​ထိန်း​ကာ​အ​ဘယ် အ​လုပ်​ကို​မျှ​မ​လုပ်​ကြ​လျှင်၊-
If, however, you listen carefully to Me, says the LORD, and bring no load through the gates of this city on the Sabbath day, and keep the Sabbath day holy, and do no work on it,
25 ၂၅ သူ​တို့​၏​ဘု​ရင်​များ​နှင့်​မင်း​ညီ​မင်း​သား​များ သည်​ယေ​ရု​ရှ​လင်​မြို့​ကို​မြို့​တံ​ခါး​များ​ဖြင့် ဝင်​၍ ဒါ​ဝိဒ်​မင်း​ကဲ့​သို့​ရာ​ဇ​တန်​ခိုး​အာ​ဏာ ကို​ရ​ရှိ​ကြ​လိမ့်​မည်။ သူ​တို့​သည်​ယု​ဒ​ပြည် သား​များ၊ ယေ​ရု​ရှ​လင်​မြို့​သား​များ​နှင့် အ​တူ မြင်း​ရ​ထား​များ​နှင့်​မြင်း​များ​ကို စီး​၍​သွား​လာ​ရ​ကြ​လိမ့်​မည်။ ယေ​ရု​ရှ​လင် မြို့​သည်​လည်း​အ​စဉ်​အ​မြဲ​လူ​များ​နှင့် ပြည့်​နှက်​၍​နေ​လိမ့်​မည်။-
then kings and princes will enter through the gates of this city. They will sit on the throne of David, riding in chariots and on horses with their officials, along with the men of Judah and the residents of Jerusalem, and this city will be inhabited forever.
26 ၂၆ လူ​တို့​သည်​ယု​ဒ​မြို့​များ​နှင့်​ယေ​ရု​ရှ​လင် မြို့​ပတ်​ဝန်း​ကျင်​ကျေး​ရွာ​များ​မှ​လာ​ရောက် ကြ​လိမ့်​မည်။ သူ​တို့​သည်​ဗင်္ယာ​မိန်​နယ်​မြေ၊ တောင်​ခြေ​ဒေ​သ​များ၊ တောင်​တန်း​ဒေ​သ​များ နှင့်​ယု​ဒ​ပြည်​တောင်​ပိုင်း​နယ်​မြေ​မှ​လာ​ရောက် ကြ​လိမ့်​မည်။ သူ​တို့​သည်​မီး​ရှို့​ရာ​ပူ​ဇော်​သကာ နှင့်​ယဇ်​များ​ကို​လည်း​ကောင်း၊ ဂျုံ​စ​ပါး​ပူ​ဇော် သကာ​များ၊ နံ့​သာ​ပေါင်း​နှင့်​ကျေး​ဇူး​တော်​ချီး မွမ်း​ရာ​ယဇ်​တို့​ကို​လည်း​ကောင်း ထာ​ဝ​ရ​ဘု​ရား ၏​အိမ်​တော်​သို့​ယူ​ဆောင်​လာ​ကြ​လိမ့်​မည်။-
And people will come from the cities of Judah and the places around Jerusalem, from the land of Benjamin, and from the foothills, the hill country, and the Negev, bringing burnt offerings and sacrifices, grain offerings and frankincense, and thank offerings to the house of the LORD.
27 ၂၇ သို့​ရာ​တွင်​သူ​တို့​သည်​ငါ​၏​စ​ကား​ကို​နား မ​ထောင်၊ ဥ​ပုသ်​နေ့​ကို​နေ့​ထူး​နေ့​မြတ်​အ ဖြစ်​မ​စောင့်​ထိန်း​ဘဲ​ထို​နေ့​၌​ယေ​ရု​ရှ​လင် မြို့​တံ​ခါး​များ​ကို​ဖြတ်​၍​အ​ဘယ်​ဝန်​ထုပ် ဝန်​ပိုး​ကို​မျှ​မ​သယ်​ဆောင်​ရ။ အ​ကယ်​၍ သယ်​ဆောင်​ကြ​ပါ​မူ ငါ​သည်​ယေ​ရု​ရှ​လင် မြို့​တံ​ခါး​များ​ကို​မီး​ရှို့​တော်​မူ​မည်။ ထို မီး​သည်​ယေ​ရု​ရှ​လင်​မြို့​ရှိ​ဘုံ​ဗိ​မာန်​များ ကို​ကျွမ်း​လောင်​သွား​စေ​လိမ့်​မည်။ ယင်း​ကို အ​ဘယ်​သူ​မျှ​ငြိမ်း​သတ်​နိုင်​ကြ​လိမ့်​မည် မ​ဟုတ်'' ဟု​မိန့်​တော်​မူ​၏။
But if you do not listen to Me to keep the Sabbath day holy by not carrying a load while entering the gates of Jerusalem on the Sabbath day, then I will kindle an unquenchable fire in its gates to consume the citadels of Jerusalem.’”

< ယေရမိ 17 >