< ယေရမိ 17 >
1 ၁ ထာဝရဘုရားက``ယုဒပြည်သားတို့၊ သင် တို့၏အပြစ်ကိုသံကညစ်နှင့်ရေးမှတ်၍ ထား၏။ ထိုအပြစ်ကိုသင်၏စိတ်နှလုံးပုရ ပိုက်ပေါ်၌စိန်သွားတပ်သည့်ကညစ်ဖြင့်ရေး မှတ်၍ သင်တို့၏ယဇ်ပလ္လင်ထောင့်များ၌ထွင်း ထားလျက်ရှိ၏။-
猶大的罪是用鐵筆記下來的,用鑽石尖刻在他們的心坎上和他們的祭壇上,好叫他們的子孫記得他們在高崗上,青綠樹下和平原的山上,
2 ၂ တောင်ကုန်းများပေါ်ရှိစိမ်းလန်းသည့်သစ်ပင် မှန်သမျှတို့၏အနီး၌လည်းကောင်း၊ တောင် ထိပ်များပေါ်၌လည်းကောင်း၊ အာရှရနတ် သမီးအတွက်စိုက်ထူထားသည့်တံခွန်တိုင် များယဇ်ပလ္လင်များကို သင်တို့၏သားသမီး များပင်ကိုးကွယ်ကြပေသည်။ သင်တို့သည် မိမိတို့၏ပြည်တစ်လျှောက်လုံးတွင်ကူး လွန်ခဲ့သည့်အပြစ်များကြောင့် သင်တို့၏ စည်းစိမ်ဥစ္စာရွှေငွေရတနာများကို သင် တို့ဝတ်ပြုကိုးကွယ်ကြသည့်မြင့်သော တောင်ကုန်းများနှင့်အတူရန်သူတို့အား ငါသိမ်းယူစေမည်။-
設立了祭壇和神木。
你的財產和所有的寶藏,我必使人掠奪,以抵償你在全境內犯過的一切罪惡。
4 ၄ သင်၏အပြစ်ကြောင့် သင်တို့သည်ငါပေးအပ် ခဲ့သည့်ပြည်ကိုစွန့်လွှတ်ရကြလိမ့်မည်။ ငါ ၏အမျက်တော်သည်မီးနှင့်တူ၍ထာဝစဉ် တောက်လောင်လျက်နေမည်ဖြစ်၍ ငါသည်သင် တို့အားမိမိတို့မရောက်ဘူးသည့်ပြည်တွင် ရန်သူများ၏အစေကိုခံစေမည်'' ဟုမိန့် တော်မူ၏။
我必由你手中撤回我賜與你的產業,叫你在不相識的地方給你敵人為奴,因為我的怒火已燃起,將永遠不熄。
5 ၅ ထာဝရဘုရားက၊ ``လူကိုလည်းကောင်း၊သေမျိုးဖြစ်သောသူ၏ စွမ်းရည်ကိုလည်းကောင်းယုံကြည်ကိုးစား၍၊ ငါ့ကိုကျောခိုင်းသူအားငါကျိန်စာသင့်စေမည်။
上主這樣說:「凡信賴世人,以血肉的人為自己的臂膊,決心遠離上主的人,是可咒罵的!
6 ၆ ထိုသူသည်အခြားအဘယ်အပင်မျှမပေါက် သည့် တောကန္တာရမြေရိုင်းတွင်ပေါက်သည့်ခြုံပုတ် နှင့်တူ၏။ သူသည်အဘယ်ကောင်းကျိုးကိုမျှမခံစားရ။''
他必像在曠野中的檉柳,即使來到,一點也不覺察,只住在乾燥處,滿含鹽質無人居住之地。
7 ၇ ``သို့ရာတွင်ငါ့ကိုကိုးစား၍ယုံကြည်သူအား ငါကောင်းချီးပေးမည်။
凡信賴上主,以上主作倚靠的人,是可祝福的;
8 ၈ ထိုသူသည်ရေအနီးတွင်စိုက်သဖြင့်ရေရှိရာသို့ အမြစ်ထိုး၍သွားသည့်သစ်ပင်နှင့်တူ၏။ ထိုအပင်သည်အရွက်များစိမ်းလန်းလျက်ရှိ သဖြင့် ပူပြင်းသည့်ရာသီကိုမကြောက်။ မိုးခေါင်သောအခါ၌လည်းစိုးရိမ်စရာ မရှိဘဲ အသီးများသီးမြဲသီး၍နေတတ်၏။''
他必像一株栽在水邊的樹木,生根河畔,不怕災熱的侵擊,枝葉茂盛,不愁旱年,不斷結實。
9 ၉ ``အဘယ်သူသည်လူ၏စိတ်နှလုံးကို သိနားလည်နိုင်သနည်း။ လူ၏စိတ်နှလုံးသည်အရာခပ်သိမ်းထက် စဉ်းလဲတတ်၏။ ထိုစိတ်နှလုံးတွင်ကုသ၍မရနိုင်သောအနာ ရှိ၏။''
人心最狡滑欺詐,已不可救藥;誰能透識﹖
10 ၁၀ ``ငါထာဝရဘုရားသည်လူတို့၏စိတ်နေ သဘောထားကို ရှာဖွေ၍ကြည့်တတ်၏။ စိတ်နှလုံးအကြံအစည်ကိုလည်းစစ်ဆေး၍ ကြည့်တတ်၏။ ငါသည်လူအပေါင်းတို့အားသူတို့လုပ်ဆောင်သည့် အကျင့်အရ ထိုက်သင့်သည့်အကျိုးအပြစ်ကိုပေးတတ်၏'' ဟုမိန့်တော်မူ၏။
我上主透察人心,考驗肺腑,依照各人的行徑和作為的結果,給人酬報。
11 ၁၁ မသမာသောနည်းဖြင့်ငွေရှာသောသူသည် မိမိမဥသည့်ဥများကိုဝပ်သောငှက်နှင့်တူ၏။ သူသည်ပထမအရွယ်၌ပင်စည်းစိမ်ဥစ္စာ ဆုံးပါးလျက် လူမိုက်အဖြစ်နှင့်သာလျှင်နိဂုံးချုပ်ရတတ်၏။
誰不以正義積聚財物,就像一隻鷓鴣孵化不是自己產的卵,中途必要拋棄;結果,還是自己糊塗。
12 ၁၂ ငါတို့ဗိမာန်တော်သည်အစကာလကပင် တောင်ပေါ်တွင်တည်လျက်၊ ဘုန်းအသရေထွန်းတောက်သည့်ရာဇပလ္လင်နှင့် တူ၏။
我們聖所的地方,從起初就是設在崇高之處的光榮實座。
13 ၁၃ အို ထာဝရဘုရား၊ကိုယ်တော်သည်ဣသရေလ အမျိုးသားတို့၏မျှော်ကိုးရာဖြစ်တော်မူ၏။ ကိုယ်တော်ကိုစွန့်ပစ်သူမှန်သမျှသည် အရှက်ကွဲကြလိမ့်မည်။ သူတို့သည်အသက်စမ်းရေချိုတည်းဟူ သော ထာဝရဘုရားကိုစွန့်ပစ်ကြပြီဖြစ်၍ မြေမှုန့်ပေါ်တွင်ရေးသားထားသည့်၊အမည် နာမများ ကဲ့သို့ပျောက်ကွယ်သွားကြလိမ့်မည်။
上主,以色列的希望! 凡離棄你的,必要蒙羞;上主,凡離棄你的,必被記錄在地上,因為他們離棄了活水的泉源。
14 ၁၄ အို ထာဝရဘုရား၊ကိုယ်တော်ရှင်ကုသတော်မူ ပါမှ ကျွန်တော်မျိုး၏အနာရောဂါသည်လုံးဝ ပျောက်ကင်းပါလိမ့်မည်။ ကိုယ်တော်ရှင်ကယ်ဆယ်တော်မူပါလျှင် ကျွန်တော်မျိုးသည်လုံခြုံမှုအပြည့်အဝ ရရှိပါလိမ့်မည်။ ကိုယ်တော်ရှင်ကားကျွန်တော်မျိုးထောမနာပြုသည့် အရှင်ပင်ဖြစ်တော်မူပါ၏။
上主,求你醫治我,我必能痊愈;你拯救我,我必能獲救,因為你是我的榮耀。
15 ၁၅ လူတို့ကငါ့အား``ငါတို့အားထာဝရဘုရား ကျိန်းဝါးသည့်အရာများကားအဘယ်မှာ နည်း။ ယခုပင်ထိုအရာများကိုအကောင် အထည်ဖော်တော်မူပါလေစေ'' ဟုဆိုကြ ပါ၏။
看,世人對我說:上主的話在哪裏﹖讓它來吧!
16 ၁၆ သို့ရာတွင်``အို ထာဝရဘုရား၊ ကျွန်တော်မျိုး သည်သိုးထိန်းအဖြစ်မှရှောင်လွှဲခဲ့ခြင်းမရှိပါ။ ဆင်းရဲဒုက္ခရောက်မည့်နေ့ကိုမတောင့်တခဲ့ ကြောင်းကိုလည်း ကိုယ်တော်ရှင်သိတော်မူပါ၏။ ကျွန်တော်မျိုးနှုတ်မှထွက်သည့်စကားများ ကိုကိုယ်တော်ရှင်သိတော်မူပါ၏။-
我沒有強迫你加害,也沒有期望災禍的日子;你知道:凡出自我口的,都先向你面陳過。
17 ၁၇ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအားထိတ်လန့် တုန်လှုပ်စေတော်မမူပါနှင့်။ ဒုက္ခရောက်ချိန်၌ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးခိုလှုံရာ ဖြစ်တော်မူပါ၏။-
請你不要成為我的恐怖,你原是我患難之日的避難所。
18 ၁၈ ကျွန်တော်မျိုးအားနှိပ်စက်ညှင်းဆဲသူတို့ကို အရှက်ကွဲစေတော်မူ၍ ကျွန်တော်မျိုးအား အရှက်ရမှုမှချမ်းသာပေးတော်မူပါ။ ထို သူတို့အားထိတ်လန့်တုန်လှုပ်စိတ်နှင့်ပြည့်ဝ စေတော်မူ၍ ကျွန်တော်မျိုးကိုထိတ်လန့်တုန် လှုပ်စေတော်မမူပါနှင့်။ သူတို့၏အပေါ်သို့ ဘေးအန္တရာယ်ဆိုးကိုသက်ရောက်စေတော် မူ၍သူတို့အားကျိုးပဲ့ကြေမွစေတော် မူပါ။
願迫害我的人蒙羞;而不是我驚慌;請你給他們招來災禍的日子,以雙倍的毀滅,消滅他們。
19 ၁၉ ထာဝရဘုရားသည် ငါ့အား``ယေရမိ၊ ယုဒ ဘုရင်များထွက်ဝင်ရာ၊ ပြည်သူ့မြို့တံခါး သို့သွား၍ဗျာဒိတ်တော်ကိုကြေညာလော့။ ထိုနောက်ယေရုရှလင်မြို့ရှိအခြားမြို့ တံခါးများသို့သွားလော့။-
上主這樣對我說:「你去立在猶大出入的本雅明門前,立在耶路撒冷各門前,
20 ၂၀ ယုဒဘုရင်များနှင့်ပြည်သားတို့အားလည်း ကောင်း၊ ထိုတံခါးများဖြင့်ထွက်ဝင်သွားလာ တတ်သူယေရုရှလင်မြို့သူမြို့သားအပေါင်း တို့အားလည်းကောင်းငါ၏အမိန့်တော်ကိုနား ထောင်ရန်မှာကြားလော့။-
向他們說:猶大的君王、全體猶大人和耶路撒冷居民,即由這門進來的,他們聆聽上主的話!
21 ၂၁ ဤကားထာဝရဘုရားအမိန့်တော်ဖြစ်၏။ ဥပုသ်နေ့၌အဘယ်ဝန်ထုပ်ဝန်ပိုးကိုမျှမ သယ်မဆောင်ရကြ။ ယေရုရှလင်မြို့တံခါး များကိုဖြတ်၍၊-
上主這樣說:你們應該小心,不要在安息日擔運重載,進入耶路撒冷的城門。
22 ၂၂ မိမိတို့၏အိမ်များမှအဘယ်အရာကိုမျှ မသယ်မယူရကြ။ သူတို့သည်ဥပုသ်နေ့၌ အလုပ်မလုပ်ရကြ။ သူတို့၏ဘိုးဘေးများ အားငါပညတ်တော်မူခဲ့သည့်အတိုင်းထို နေ့ရက်ကိုနေ့ထူးနေ့မြတ်အဖြစ်စောင့်ထိန်း ကြရန်ပြောကြားလော့။-
不要在安息日從你們的家裏擔運重載;不要做任何工作,卻要按照我給你們祖先所吩咐的,聖化安息日。
23 ၂၃ သူတို့၏ဘိုးဘေးများသည်ငါ့စကားကို နားမထောင်မနာခံကြ။ သူတို့သည်ခေါင်းမာ လျက်ငါ၏စကားကိုနားမထောင်လိုကြ။ ငါဆုံးမသွန်သင်သည်ကိုလည်းမခံယူ လိုကြ။
他們不但不側耳傾聽,反而硬著頭頸,不願依從,不願受教。
24 ၂၄ ``ငါ၏အမိန့်အားလုံးကို နားထောင်ရကြ မည်ဖြစ်ကြောင်းထိုသူတို့အားပြောကြား လော့။ သူတို့ဥပုသ်နေ့၌ဤမြို့တံခါးများ ကိုဖြတ်၍ အဘယ်ဝန်ထုပ်ဝန်ပိုးကိုမျှ မသယ်မယူရကြ။ ဥပုသ်နေ့ကိုနေ့ထူး နေ့မြတ်အဖြစ်စောင့်ထိန်းကာအဘယ် အလုပ်ကိုမျှမလုပ်ကြလျှင်၊-
設若你們認真聽從我──上主的斷語──在安息日,不將重擔搬進這城門,卻聖化安息日,不做任何工作;
25 ၂၅ သူတို့၏ဘုရင်များနှင့်မင်းညီမင်းသားများ သည်ယေရုရှလင်မြို့ကိုမြို့တံခါးများဖြင့် ဝင်၍ ဒါဝိဒ်မင်းကဲ့သို့ရာဇတန်ခိုးအာဏာ ကိုရရှိကြလိမ့်မည်။ သူတို့သည်ယုဒပြည် သားများ၊ ယေရုရှလင်မြို့သားများနှင့် အတူ မြင်းရထားများနှင့်မြင်းများကို စီး၍သွားလာရကြလိမ့်မည်။ ယေရုရှလင် မြို့သည်လည်းအစဉ်အမြဲလူများနှင့် ပြည့်နှက်၍နေလိမ့်မည်။-
那麼,坐在達味實座上的君王和王侯,便會乘車騎馬,與自己的公卿、猶大人和耶路撒冷的居民,從這槷的門進來;這城必永遠有人居住;
26 ၂၆ လူတို့သည်ယုဒမြို့များနှင့်ယေရုရှလင် မြို့ပတ်ဝန်းကျင်ကျေးရွာများမှလာရောက် ကြလိမ့်မည်။ သူတို့သည်ဗင်္ယာမိန်နယ်မြေ၊ တောင်ခြေဒေသများ၊ တောင်တန်းဒေသများ နှင့်ယုဒပြည်တောင်ပိုင်းနယ်မြေမှလာရောက် ကြလိမ့်မည်။ သူတို့သည်မီးရှို့ရာပူဇော်သကာ နှင့်ယဇ်များကိုလည်းကောင်း၊ ဂျုံစပါးပူဇော် သကာများ၊ နံ့သာပေါင်းနှင့်ကျေးဇူးတော်ချီး မွမ်းရာယဇ်တို့ကိုလည်းကောင်း ထာဝရဘုရား ၏အိမ်တော်သို့ယူဆောင်လာကြလိမ့်မည်။-
人們從猶大各城、耶路撒冷四週、本雅明地、平原、山地和南方前來,帶著全燔祭。犧牲、素祭和乳香,在上主的殿裏奉獻感恩祭。
27 ၂၇ သို့ရာတွင်သူတို့သည်ငါ၏စကားကိုနား မထောင်၊ ဥပုသ်နေ့ကိုနေ့ထူးနေ့မြတ်အ ဖြစ်မစောင့်ထိန်းဘဲထိုနေ့၌ယေရုရှလင် မြို့တံခါးများကိုဖြတ်၍အဘယ်ဝန်ထုပ် ဝန်ပိုးကိုမျှမသယ်ဆောင်ရ။ အကယ်၍ သယ်ဆောင်ကြပါမူ ငါသည်ယေရုရှလင် မြို့တံခါးများကိုမီးရှို့တော်မူမည်။ ထို မီးသည်ယေရုရှလင်မြို့ရှိဘုံဗိမာန်များ ကိုကျွမ်းလောင်သွားစေလိမ့်မည်။ ယင်းကို အဘယ်သူမျှငြိမ်းသတ်နိုင်ကြလိမ့်မည် မဟုတ်'' ဟုမိန့်တော်မူ၏။
但是,我不聖化安息日,反在安息日擔運重載,進入耶路撒冷的城門,我必在城門口放火,吞滅耶路撒冷的宮殿,決不熄滅。