< ယေရမိ 16 >
1 ၁ ထိုနောက်တစ်ဖန်ထာဝရဘုရားသည် ငါ့ အားဗျာဒိတ်ပေးတော်မူပြန်၏။-
၁တဖန် ငါ့ ဆီသို့ ရောက် သော ထာဝရဘုရား ၏ နှုတ်ကပတ် တော်ဟူမူကား၊
2 ၂ ကိုယ်တော်က``ဤသို့သောအရပ်တွင်သင်သည် အိမ်ထောင်သားမွေးမှုတို့ကိုမပြုနှင့်။-
၂သင် သည် ဤ အရပ် ၌ စုံဘက် ခြင်းကို မ ပြုရ။ သား သမီး ကို မ ဘွား မမြင်ရ။
3 ၃ ဤအရပ်တွင်မွေးဖွားသည့်သားသမီးများနှင့် သူတို့၏မိဘတို့သည်အဘယ်သို့အမှုရောက် ရကြမည်ကိုသင့်အားငါဖော်ပြမည်။-
၃ဤ အရပ် ၌ ဘွားမြင် သော သား သမီး များကို၎င်း၊ သူ တို့မိဘ များကို၎င်း၊ ထာဝရဘုရား ရည်မှတ်၍ မိန့် တော်မူသည်ကား ၊
4 ၄ ထိုသူတို့သည်ကြောက်မက်ဖွယ်ကောင်းသည့် အနာရောဂါဘေးသင့်၍သေရကြလိမ့်မည်။ အဘယ်သူမျှသူတို့အတွက်ငိုကြွေးမြည် တမ်းကြလိမ့်မည်မဟုတ်။ သူတို့၏အလောင်း များကိုလည်းသင်္ဂြိုဟ်ကြလိမ့်မည်မဟုတ်။ ထို အလောင်းတို့သည်မြေပေါ်တွင်နောက်ချေးပုံ များကဲ့သို့ရှိနေကြလိမ့်မည်။ ထိုသူတို့သည် စစ်ပွဲတွင်ကျဆုံးရကြလိမ့်မည်။ သို့မဟုတ် လျှင်လည်းအစာငတ်မွတ်ခေါင်းပါးခြင်းဘေး သင့်၍သေရကြလျက် သူတို့၏အလောင်း များသည်ငှက်များနှင့်တောသားရဲများ ၏အစာဖြစ်လိမ့်မည်။''
၄ထိုသူတို့သည် ဆိုး သော သေ ခြင်းဖြင့် သေ ရကြ လိမ့်မည်။ သူတို့ ကိုမြည်တမ်း ၍ မ သင်္ဂြိုဟ် ရ။ မြေ ပေါ် မှာ မစင် ကဲ့သို့ ဖြစ် ကြလိမ့်မည်။ သူတို့သည် ထား ဘေးနှင့် မွတ်သိပ် ခြင်းဘေးဖြင့် ဆုံး ခြင်းသို့ရောက်၍ ၊ အသေ ကောင်တို့သည် မိုဃ်းကောင်းကင် ငှက် နှင့် တော သားရဲ စားစရာ ဘို့ ဖြစ်ကြလိမ့်မည်။
5 ၅ ထာဝရဘုရားက``သင်သည်ငိုကြွေးမြည် တမ်းလျက်နေသည့် အိမ်သို့မဝင်ရ။ မည်သူ အတွက်မျှလည်းဝမ်းနည်းပူဆွေးမှုမဖြစ် နှင့်၊ မသနားနှင့်။ ငါသည်သူတို့အားငြိမ်း ချမ်းသာယာမှုကိုပေးတော့မည်မဟုတ်။ မေတ္တာကရုဏာကိုလည်းပြတော့မည် မဟုတ်။-
၅ထာဝရဘုရား မိန့် တော်မူသည်ကား ၊ မသာ အိမ် သို့ မ ဝင် နှင့်။ သေသောသူတို့အတွက် ငိုကြွေး မြည်တမ်းခြင်းငှါ မ သွား နှင့်။ ငါ ၏ ငြိမ်သက် ခြင်းတည်းဟူသောမေတ္တာ ကရုဏာ ကို ဤ လူမျိုး မှ ငါပယ်ရှင်း ပြီဟု မိန့် တော်မူ ၏။
6 ၆ ဆင်းရဲချမ်းသာမရွေးပြည်သူတို့သည်သေ ကြလိမ့်မည်။ သို့ရာတွင်အဘယ်သူမျှသူ တို့အားသင်္ဂြိုဟ်ကြလိမ့်မည်မဟုတ်။ သူတို့ အတွက်လည်းငိုကြွေးမြည်တမ်းကြလိမ့် မည်မဟုတ်။ ဝမ်းနည်းမှုကိုပြသည့်အနေ နှင့်မည်သူမျှမိမိကိုယ်ကိုအနာတရ ဖြစ်စေခြင်း၊ ခေါင်းရိတ်ခြင်းပြုကြမည် မဟုတ်။-
၆ပြည် သူပြည်သားအကြီး အငယ် တို့သည် သေ ရ ကြလိမ့်မည်။ သို့သော်လည်း၊ မ သင်္ဂြိုဟ် ရ။ သူ တို့အတွက် မြည်တမ်း ခြင်းကိုမ ပြုရ။ ကိုယ်ကို ကိုယ်ရှန ခြင်း၊ ဆံပင်ရိတ် ခြင်းကိုလည်း မ ပြုရ။
7 ၇ ချစ်မြတ်နိုးသူတစ်စုံတစ်ယောက်သေဆုံးသည့် အတွက်နှစ်သိမ့်မှုရရှိစေရန်အဘယ်သူမျှ မသာရှင်နှင့်အတူစားသောက်ကြလိမ့်မည် မဟုတ်။ မိဘသေဆုံးသူများပင်လျှင်အဘယ် သူမျှကရုဏာသက်မှုကိုပြသကြလိမ့် မည်မဟုတ်။''
၇သေ သောသူတို့အတွက် စိတ်မသာညဉ်းတွား သောသူတို့ ကို နှစ်သိမ့် စေခြင်းငှါ ၊ မသာပွဲ ကို မ လုပ်ရ။ မိဘ သေသော်လည်း၊ နှစ်သိမ့် စေသော ခွက် ဖလားကို မ ပေး ရ။
8 ၈ ``သင်သည်သူတို့စားသောက်ပွဲကျင်းပနေ သည့်အိမ်သို့မဝင်နှင့်။ ထိုသူတို့နှင့်အတူ ထိုင်၍မစားမသောက်နှင့်၊-
၈ထိုနည်းတူ ၊ စားသောက်ပွဲခံ ရာ အိမ် သို့မ ဝင် နှင့်။ သူ တို့နှင့် ပေါင်းဘော် ၍ မစား မသောက် နှင့်။
9 ၉ ဣသရေလအမျိုးသားတို့၏ဘုရားသခင်၊ အနန္တတန်ခိုးရှင်ငါထာဝရဘုရားမိန့်တော် မူသည့်စကားကိုနားထောင်လော့။ ငါသည်သူ တို့၏ဝမ်းမြောက်ရွှင်လန်းသံများနှင့်မင်္ဂလာ ပွဲများ၏ပျော်ရွှင်သံများကို ဤအရပ်တွင် ဆိတ်သုဉ်းစေမည်။ ဤအမှုအရာများဖြစ် ပျက်သည်ကိုဤအရပ်ရှိလူတို့တွေ့မြင် ရကြလိမ့်မည်။''
၉ဣသရေလ အမျိုး၏ ဘုရား သခင်၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ဤ အရပ်၌ ဝမ်းမြောက် သောအသံ ၊ ရွှင်လန်း သောအသံ ၊ မင်္ဂလာဆောင်သတို့သား အသံ ၊ မင်္ဂလာဆောင်သတို့သမီး အသံ ကို သင် တို့လက်ထက် ၊ သင် တို့မျက်မှောက် တွင် ငါ စဲ စေမည်။
10 ၁၀ ``ဤအကြောင်းအရာများကိုပြည်သူတို့အား သင်ပြောပြသောအခါသူတို့က`ထာဝရ ဘုရားသည်အဘယ်ကြောင့်အကျွန်ုပ်တို့အား ဤမျှပြင်းထန်စွာအပြစ်ဒဏ်ခတ်ရန်ဆုံး ဖြတ်တော်မူပါသနည်း။ အကျွန်ုပ်တို့သည် အဘယ်ရာဇဝတ်မှုကိုကူးလွန်မိပါသ နည်း။ အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရ ဘုရားအား အဘယ်သို့ပြစ်မှားမိပါ သနည်း' ဟုသင့်အားမေးမြန်းကြလိမ့်မည်။-
၁၀သင်သည် ဤ စကား အလုံးစုံ တို့ကို ဤ လူမျိုး အား ကြားပြော ၍ သူတို့ကလည်း၊ ထာဝရဘုရား သည် ဤ မျှလောက် ကြီးစွာ သော ဘေးဒဏ် ကို ငါ တို့အား အဘယ် ကြောင့် စီရင် တော်မူသနည်း။ ငါ တို့ပြုသောဒုစရိုက် ကား၊ အဘယ်သို့ နည်း။ ငါ တို့ဘုရား သခင်ထာဝရဘုရား ကို ငါတို့ပြစ်မှား သော အပြစ် ကား၊ အဘယ်သို့ နည်းဟုမေး ကြသောအခါ ၊
11 ၁၁ ထိုအခါသူတို့အားထာဝရဘုရားက`သင် တို့ဘိုးဘေးများသည် ငါ့ကိုစွန့်ပစ်၍အခြား ဘုရားများကိုဝတ်ပြုကိုးကွယ်ကြ၏။ သူ တို့သည်ငါ့ကိုစွန့်ပစ်ကာငါ၏သြဝါဒ များကိုမလိုက်နာကြ။-
၁၁သင်သည် ထာဝရဘုရား ၏ အမိန့် တော်ကို ဆင့်ဆို ရမည်မှာ၊ သင် တို့၏ ဘိုးဘေး တို့သည် ငါ့ ကိုစွန့် ၍၊ အခြား တပါးသော ဘုရား နောက် သို့ လိုက် လျက်၊ ဝတ်ပြု ကိုးကွယ် သဖြင့် ငါ့ ကိုစွန့်ပစ် ၍၊ ငါ့ တရား ကို မ စောင့် သောကြောင့်၎င်း ၊
12 ၁၂ သင်တို့သည်မိမိတို့ဘိုးဘေးများထက် ပင်ဆိုးရွားစွာပြုကျင့်ကြလေပြီ။ သင်တို့ အားလုံးသည်ခေါင်းမာဆိုးညစ်လျက် ငါ၏ စကားကိုနားမထောင်ကြ။-
၁၂ဘိုးဘေး ကျင့်သောအကျင့် ထက် ၊ သင်တို့သည် သာ၍ဆိုး သောအကျင့် ကို ကျင့်သဖြင့် ၊ ငါ့ စကားကို နား မ ထောင်၊ မိမိ တို့ဆိုး သောစိတ် နှလုံး၊ ခိုင်မာ သော သဘောသို့ လိုက် သောကြောင့်၎င်း ၊
13 ၁၃ ထို့ကြောင့်ငါသည်သင်တို့အားသင်တို့နှင့်သင် တို့ဘိုးဘေးများမရောက်ဘူးသည့်ပြည်သို့ နှင်ထုတ်မည်။ ထိုပြည်တွင်သင်တို့သည်အခြား ဘုရားများကို နေ့ရောညဥ့်ပါဝတ်ပြုကိုး ကွယ်ကြလိမ့်မည်။ ငါ၏ကျေးဇူးကရုဏာ တော်ကိုအဘယ်သို့မျှ သင်တို့ခံစားရကြ လိမ့်မည်မဟုတ်' ဟုမိန့်တော်မူကြောင်း ပြောကြားလော့'' ဟုမိန့်တော်မူ၏။
၁၃သင် တို့နှင့် သင် တို့၏ ဘိုးဘေး မ သိ သောပြည် သို့ ဤ ပြည် ထဲက သင် တို့ကို ငါနှင် လိုက်မည်။ ထိုပြည်၌ သင် တို့သည် ငါ၏ကျေးဇူး ကိုမ ခံရ ။ အခြားတပါးသော ဘုရား တို့ကို နေ့ ညဉ့် မပြတ် ဝတ်ပြု ရကြမည်။
14 ၁၄ ထာဝရဘုရားက``အဘယ်သူမျှငါ့အား ဣသရေလပြည်သားတို့ကိုအီဂျစ်ပြည်မှ ထုတ်ဆောင်လာသူ၊ အသက်ရှင်တော်မူသော ဘုရားသခင်အဖြစ်ဖြင့်တိုင်တည်ကျိန်ဆို မှုမပြုကြတော့မည့်အချိန်ကျရောက်လာ လိမ့်မည်။-
၁၄သို့ ဖြစ်၍၊ ထာဝရဘုရား မိန့် တော်မူသည်ကား၊ ဣသရေလ အမျိုးသားတို့ကို အဲဂုတ္တု ပြည် မှ နှုတ် ဆောင် သော ထာဝရဘုရား အသက် ရှင်တော်မူသည်ဟူ၍မ ကျိန်ဆို ဘဲ၊
15 ၁၅ ယင်းသို့ကျိန်ဆိုမည့်အစားလူတို့သည်ငါ့ အားဣသရေလပြည်သားတို့ကိုမြောက် ပြည်မှလည်းကောင်း၊ သူတို့အားငါကွဲလွင့် စေရာအခြားပြည်အပေါင်းမှလည်းကောင်း ပြန်လည်ခေါ်ဆောင်လာသည့်အသက်ရှင် တော်မူသောဘုရားသခင်အဖြစ်ဖြင့် တိုင်တည်ကျိန်ဆိုကြလိမ့်မည်။ ငါသည် သူတို့အားမိမိတို့ပိုင်သောပြည်၊ သူတို့ ဘိုးဘေးများအားငါပေးအပ်ခဲ့သည့် ပြည်သို့ပြန်လည်ခေါ်ဆောင်လာတော်မူ မည်'' ဟုမိန့်တော်မူ၏။
၁၅ဣသရေလ အမျိုးသား တို့ကို မြောက် ပြည် မှစ၍ ၊ နှင်ထုတ် ဘူးသော ပြည် ရှိသမျှ တို့မှ နှုတ် ဆောင်သော ထာဝရဘုရား အသက် ရှင်တော်မူသည်ဟူ၍ကျိန်ဆိုရ သော ကာလသည် နောက်တဖန် ရောက်လိမ့်မည်။ သူ တို့ ဘိုးဘေး တို့အား ငါပေး သော ပြည် သို့ သူ တို့ကို တဖန် ငါဆောင် ခဲ့ဦးမည်။
16 ၁၆ ထာဝရဘုရားက``ငါသည်ဤသူတို့ကို ဖမ်းရန် တံငါသည်အမြောက်အမြားကိုပို့ မည်။ တောင်ကြီးတောင်ငယ်ရှိသမျှတို့နှင့် ကျောက်ဆောင်များအကြား၌ သူတို့အား လိုက်လံရှာဖွေရန်မုဆိုးအမြောက် အမြားကိုပို့မည်။-
၁၆ထာဝရဘုရား မိန့် တော်မူသည်ကား၊ ငါ သည် တံငါ အများ တို့ကို စေလွှတ် ၍ ၊ ဤလူမျိုး ကိုမျှား စေမည်။ ထိုနောက် ၊ မုဆိုး အများ တို့ကို စေလွှတ် ၍ ၊ ခပ်သိမ်း သော တောင် ကြီး တောင် ငယ်၊ ချောက် ကြား တို့၌ ရှာ စေမည်။
17 ၁၇ သူတို့ပြုသမျှသောအမှုတို့ကိုငါမြင် ၏။ ငါမမြင်သည့်အရာတစ်စုံတစ်ခုမျှ မရှိ။ သူတို့၏အပြစ်များသည်ငါ၏ မြင်ကွင်းနှင့်မလွတ်။-
၁၇သူ တို့သွားသမျှ သောလမ်း တို့ကို ငါ သည် ကြည့်ရှု လျက်နေ၏။ သူတို့သည် ငါ့ မျက်ကွယ် ၌ သွားကြသည် မ ဟုတ်။ သူ တို့၏ ဒုစရိုက် ကို ငါ့ ရှေ့ မှာ ဝှက် ၍ မ ထားနိုင်။
18 ၁၈ သူတို့အားမိမိတို့အပြစ်နှင့်ယုတ်မာမှု များအတွက် နှစ်ဆမျှကြီးလေးသည့်အပြစ် ဒဏ်ကိုငါပေးမည်။ အဘယ်ကြောင့်ဆိုသော် သူတို့သည်လူသေသဖွယ်အသက်မရှိသည့် ရုပ်တုများအားဖြင့် ငါ၏ပြည်တော်ကိုညစ် ညမ်းစေလေပြီ။ မိမိတို့အားငါပေးအပ် သည့်ပြည်ကိုဘုရားအတုအယောင်များ နှင့်ပြည့်နှက်စေလေပြီ'' ဟုမိန့်တော်မူ၏။
၁၈သူ တို့သည် ငါ့ ပြည် ကို ညစ်ညူး စေ၍၊ ငါ အမွေ ခံ သော မြေကို သူ တို့သည် စက်ဆုပ် ရွံရှာဘွယ်သော အသေကောင်တို့နှင့် ပြည့်စေသောကြောင့်၊ သူ တို့၌ နှစ် ဆ သော အပြစ်ဒဏ်ကို ငါပေး မည်။
19 ၁၉ အို ထာဝရဘုရား၊ ကိုယ်တော်ရှင်သည်ကျွန်တော် မျိုးအားကွယ်ကာစောင့်ထိန်းတော်မူ၍ ခွန်အား ကိုပေးတော်မူပါ၏။ ဒုက္ခရောက်ချိန်၌ကူမတော် မူပါ၏။ ကမ္ဘာမြေကြီးစွန်းမှလူမျိုးတကာတို့ သည် အထံတော်သို့လာ၍``ကျွန်တော်မျိုးတို့ ဘိုးဘေးများကိုးကွယ်ခဲ့သည့်ဘုရားတို့သည် အတုအယောင်များသာလျှင်ဖြစ်ပါ၏။ အသုံး မဝင်အကျိုးမပေးသောရုပ်တုများသာဖြစ် ပါ၏။-
၁၉အကျွန်ုပ် အစွမ်း သတ္တိ၊ အကျွန်ုပ် ရဲတိုက် ၊ အမှု ရောက်သောနေ့ ၌ အကျွန်ုပ် ခိုလှုံ ရာဖြစ်တော်မူသောထာဝရဘုရား ၊ တပါးအမျိုးသား တို့က၊ အကယ်စင်စစ်အကျွန်ုပ် တို့ ဘိုးဘေး တို့သည် မုသာ ၊ အနတ္တ ၊ အချည်းနှီးသော အရာတို့ ကို အမွေခံ ကြပါပြီဟု၊ မြေကြီး စွန်း မှ ကိုယ်တော်ထံသို့လာ ၍ လျှောက် ကြပါလိမ့်မည်။
20 ၂၀ လူသည်မိမိကိုးကွယ်ရန်ဘုရားများကို ပြုလုပ်နိုင်ပါသလော။ မပြုလုပ်နိုင်ပါ။ ပြု လုပ်လျှင်လည်းယင်းတို့သည် ဘုရားသခင် အမှန်ဖြစ်လိမ့်မည်မဟုတ်'' ဟုယေရမိ လျှောက်ထားလေ၏။
၂၀လူသည် ဘုရား မ ဟုတ်သော ဘုရား တို့ကို ကိုယ် အဘို့ လုပ် ရမည်လော။
21 ၂၁ ထာဝရဘုရားက``ဤသို့ဖြစ်ပါမူငါသည် မိမိ၏ဘုန်းတန်ခိုးအာနုဘော်တော်ကို သူတို့ အားသိစေတော်မူမည်။ အပြီးအပိုင်သိစေ တော်မူမည်။ ငါသည်ထာဝရဘုရားဖြစ်တော် မူကြောင်းကို သူတို့သိရှိကြလိမ့်မည်'' ဟုမိန့် တော်မူ၏။
၂၁သို့ဖြစ်၍၊ ငါ သည်ယခုတခါ သူ တို့ကိုသတိ ပေး၍၊ ငါ့ လက် နှင့် ငါ့ တန်ခိုး ကို ဘော်ပြသောအားဖြင့်၊ ငါ့ နာမ သည်ထာဝရဘုရား ဖြစ်ကြောင်းကို သိ ရကြလိမ့်မည်။