< ယေရမိ 15 >
1 ၁ ထိုနောက်ထာဝရဘုရားက ငါ့အား``အကယ် ၍မောရှေနှင့်ရှမွေလတို့ဤတွင်ရပ်လျက် ငါ့ အားတောင်းပန်လျှောက်လဲကြစေကာမူ ငါ သည်ဤသူတို့အားကရုဏာပြလိမ့်မည် မဟုတ်။ သူတို့အားငါ၏ရှေ့မှောက်မှထွက် ခွာသွားစေရန်နှင်ထုတ်လော့။-
Då sagde Herren med meg: Um so Moses og Samuel stod fram for mi åsyn, skulde mi sjæl ikkje venda seg til dette folket. Driv deim burt frå mi åsyn, og lat deim fara!
2 ၂ သူတို့ကမိမိတို့သည်အဘယ်အရပ်သို့ သွားရပါမည်နည်းဟု သင့်အားမေးသော အခါဤသို့ပြောကြားလော့။ ``သင်တို့အချို့သည်အနာရောဂါဘေး သင့်ပြီး သေရကြမည်ဖြစ်၍ အနာရောဂါဖြစ်ပွားရာသို့လည်းကောင်း၊ အချို့တို့မှာစစ်ပွဲတွင်ကျဆုံးရကြမည်ဖြစ်၍ စစ်မက်ဖြစ်ပွားရာသို့၊အချို့တို့ကားငတ်မွတ် ခေါင်းပါးခြင်းဘေးသင့်၍ သေရကြမည်ဖြစ်၍ငတ်မွတ်ခေါင်းပါးရာသို့၊ အချို့သူတို့မှာမူသုံ့ပန်းအဖြစ်ဖမ်းဆီး ခေါ်ဆောင်ခြင်းခံရကြမည်ဖြစ်၍၊ အဖမ်းခံရကြမည့်အရပ်သို့သွားရမည်ဟု'' ငါအားမိန့်တော်မူ၏။''
Og når dei segjer med deg: «Kvar skal me då fara?» so skal du segja med deim: So segjer Herren: Til dauden den som åt dauden er etla, og til sverdet den som åt sverdet er etla, og til svolten den som åt svolten er etla, og til utlægd den som åt utlægd er etla.
3 ၃ သူတို့အပေါ်သို့ ကြောက်မက်ဖွယ်ရာဘေးအန္တရာယ် လေးပါးသက်ရောက်စေရန် ငါထာဝရဘုရား ဆုံးဖြတ်ထားတော်မူလေပြီ။ သူတို့သည်စစ်ပွဲ တွင်အသတ်ခံရကြလိမ့်မည်။ သူတို့၏အလောင်း များကိုခွေးတို့ဆွဲယူသွားကြလိမ့်မည်။ ထို အသေကောင်တို့ကိုငှက်များထိုးကြလိမ့်မည်။ ကြွင်းကျန်သည့်အသားကိုတောသားရဲတို့ ကိုက်စားကြလိမ့်မည်။-
Fire slag heimsøkjingar byd eg då ut imot deg: Sverdet til å drepa, og hundarne til å draga deim burt, og fuglarne under himmelen og dyri på marki til å eta deim og øyda deim.
4 ၄ ယုဒပြည်တွင်ဟေဇကိ၏သားမနာရှေမင်း ပြုစဉ်အခါကယေရုရှလင်မြို့တွင်ပြုကျင့် ခဲ့သည့်အမှုကြောင့် ငါသည်ကမ္ဘာပေါ်ရှိလူ အပေါင်းတို့အားထိုသူတို့ကိုမြင်၍ထိတ် လန့်တုန်လှုပ်စေမည်။
Og eg vil gjera deim til ei skræma for alle kongeriki på jord, for det som Manasse Hizkiason, Juda-kongen, gjorde i Jerusalem.
5 ၅ ``ယေရုရှလင်မြို့သားတို့၊သင်တို့အား အဘယ်သူသနားမည်နည်း။ သင်တို့အတွက်အဘယ်သူဝမ်းနည်း ပူဆွေးမည်နည်း။ အဘယ်သူသည်လမ်းတွင်ရပ်လျက်သင်တို့၏ ကျန်းမာမှုကိုမေးမြန်းမည်နည်း။
For kven vil tykkja synd i deg, Jerusalem, og kven vil syna deg medkjensla, og kven vil gjera seg ærend og spyrja um det stend vel til med deg?
6 ၆ သင်တို့သည်ငါ့အားပစ်ပယ်ကြလေပြီ။ သင်တို့သည်ငါ့အားကျောခိုင်းကြလေပြီ။ ငါသည်အမျက်ဒေါသချုပ်တည်းမှုကို ငြီးငွေ့ပြီဖြစ်သဖြင့် လက်တော်ကိုဆန့်၍သင်တို့အားဖျက်ဆီးလေပြီ'' ဟုထာဝရဘုရားမိန့်တော်မူ၏။
Du støytte meg ifrå deg, segjer Herren, du gjekk din veg. Difor retter eg handi ut imot deg og tyner deg; eg er trøytt av å ynkast.
7 ၇ ``လေတွင်လွင့်ပါသွားသည့်ဖွဲကဲ့သို့သင်တို့ အား ဤပြည်ရှိအမြို့မြို့တို့၌ကွဲလွင့်သွားစေလေပြီ။ ငါ၏လူမျိုးတော်၊ သင်တို့သည်မိမိတို့၏ ဆိုးညစ်သည့် လမ်းစဉ်ကိုမစွန့်ကြသဖြင့်၊ သင်တို့အားဝမ်းနည်းကြေကွဲစေ၍ ငါသုတ်သင်ပယ်ရှင်းခဲ့လေပြီ။
Og eg kastar deim med kasteskovl attmed landsens portar, eg gjer folket mitt barnlaust, eg tyner det - frå sine vegar snudde dei ikkje.
8 ၈ ငါသည်သင်တို့၏အမျိုးသမီးများအား မုဆိုးမဖြစ်လျက် အရေအတွက်အားဖြင့်ပင်လယ်ကမ်းခြေ သဲလုံးမကများလေပြီ။ ငါသည်ငယ်ရွယ်သူတို့အားမွန်းတည့်ချိန်၌ သုတ်သင်ခြင်းဖြင့် သူတို့၏မိခင်များပူဆွေးရကြသည်။ သူတို့သည်ရုတ်တရက်ထိတ်လန့်တုန်လှုပ်ကာ ပူပင်သောကရောက်ရကြလေပြီ။
Enkjorne deira vert fleire enn havsens sand; yver møderne til deira unge menner let eg ein tynar koma høgstedags leite, let rædsla og fælske dåtteleg koma yver deim.
9 ၉ သားသမီးခုနစ်ယောက်ဆုံးရှုံးရသည့်မိခင်သည် မေ့မြောသေဆုံးသွားလေပြီ။ သူ၏နေ့အလင်းသည်မှောင်မိုက်သို့ပြောင်းလဲ လေပြီ။ သူသည်အရှက်ရလျက်မှိုင်တွေကာနေရလေပြီ။ သင်တို့အနက်အသက်မသေဘဲ ကျန်ရှိနေသေးသောသူတို့အားငါသည် ရန်သူများကိုအသတ်ခိုင်းမည်။ ဤကားငါထာဝရဘုရားမြွက်ဟသည့် စကားဖြစ်၏။''
Ho som fødde sju søner, talmast burt og andast, hennar sol gjeng ned medan det enn er dag; ho vert skjemd og til skammar. Og det som vert att av deim, gjev eg åt sverdet framfor deira fiendar, segjer Herren.
10 ၁၀ ငါသည်ပျော်ရွှင်မှုကင်းမဲ့သူဖြစ်ပါသည် တကား။ ငါ၏အမိသည်အဘယ်ကြောင့်ငါ့အား ဤလောကထဲသို့မွေးထုတ်ပါသနည်း။ ဤပြည် တွင်ရှိသမျှသောသူတို့နှင့်ငါသည်စကား များရငြင်းခုံရပါ၏။ ငါသည်သူတစ်ပါး တို့အားလည်းကောင်း၊ သူတစ်ပါးတို့ထံမှ လည်းကောင်းငွေကြေးမချေးငှားခဲ့။ သို့ ပါလျက်လူအပေါင်းတို့သည်ငါ့အား ကျိန်ဆဲကြပါ၏။-
Eie meg, mor mi, at du skulde føda meg, meg som alle folk i landet strider og trættar med! Ikkje hev eg lånt deim og ikkje hev dei lånt meg, og endå bannar dei meg alle i hop.
11 ၁၁ ထာဝရဘုရားက``ငါသည်ကောင်းကျိုး ရစေအံ့ငှာသင့်ကိုကယ်ဆယ်မည်။ ဘေး အန္တရာယ်ပူပင်သောကရောက်သောအချိန် တွင် သင်၏ရန်သူတို့သည်အထံတော်သို့ လျှောက်လဲပန်ကြားကြလိမ့်မည်'' ဟု မိန့်တော်မူ၏။-
Herren sagde: Visseleg, eg vil fria deg, so det gjeng deg godt. Visseleg, eg vil lata fienden naudbeda deg når ulukka og naudi kjem på deim.
12 ၁၂ (သံကိုအထူးသဖြင့်မြောက်အရပ်မှရရှိ သည့်သံနှင့်ကြေးရောသောသံကိုအဘယ် သူမျှမချိုးဖြတ်နိုင်ပါ။)
Kann ein brjota sund jarn, jarn frå Norderland, og kopar?
13 ၁၃ ထာဝရဘုရားကငါ့အား``ငါသည်တစ် ပြည်လုံးတွင်ငါ၏လူမျိုးတော်ကူးလွန် သည့်အပြစ်များအတွက်ဒဏ်ခတ်မည်။ သူ တို့၏စည်းစိမ်ဥစ္စာရွှေငွေ၊ ရတနာများ ကိုသိမ်းယူရန်ရန်သူများကိုစေလွှတ်မည်။-
Godset ditt og skattarne dine vil eg gjeva til ran - utan betaling, og det for alle synderne dine, og innan alle dine landskil.
14 ၁၄ ငါ၏အမျက်တော်သည်မီးနှင့်တူ၍ထာဝစဉ် တောက်လောင်လျက်ရှိသဖြင့် ငါသည်မိမိလူ မျိုးတော်အားသူတို့မရောက်ဘူးသည့်ပြည် တွင်ရန်သူများ၏အစေအပါးကိုခံစေ မည်'' ဟုမိန့်တော်မူ၏။
Og eg vil lata fiendarne dine føra det burt, inn i eit land som du ikkje kjenner. For ein eld er kveikt i min vreide, mot dykk skal han loga.
15 ၁၅ ထိုအခါငါက``ကိုယ်တော်ရှင်သိရှိနားလည် တော်မူပါ၏။ ကျွန်တော်မျိုးတို့ကိုအောက်မေ့ သတိရ၍ကူမတော်မူပါ။ ကျွန်တော်မျိုးကို ညှင်းဆဲနှိပ်စက်သူတို့အားလက်စားချေရ သောအခွင့်ကိုပေးတော်မူပါ။ သူတို့သည် ကျွန်တော်မျိုးအားသတ်ဖြတ်ကြသည့်တိုင် အောင်သည်းခံလျက်နေတော်မမူပါနှင့်။ ကျွန်တော်မျိုးအစော်ကားခံရသည်မှာ ကိုယ်တော်ရှင်၏အတွက်ကြောင့်ဖြစ်သည် ကိုအောက်မေ့သတိရတော်မူပါ။-
Du veit det, Herre, kom meg i hug og vitja meg, og hemn meg på deim som forfylgjer meg! Tak meg ikkje burt, langmodig som du er! Hugsa at eg tek imot svivyrda for di skuld!
16 ၁၆ ကိုယ်တော်ရှင်ဗျာဒိတ်ပေးတော်မူသောအခါ ကျွန်တော်မျိုးသည်လုံးစေ့ပတ်စေ့နားထောင် ပါ၏။ နှုတ်ကပတ်တော်တို့သည်ကျွန်တော်မျိုး ၏စိတ်နှလုံးကိုရွှင်ပြုံးအားရစေပါ၏။ အနန္တတန်ခိုးရှင်ဘုရားသခင်ထာဝရ ဘုရား၊ ကျွန်တော်မျိုးသည်ကိုယ်တော်၏ နာမတော်ကိုဆောင်ပါ၏။-
Eg fann dine ord, og eg åt deim, og dine ord vart til frygd for meg og til fagnad for mitt hjarta; for eg er uppkalla etter ditt namn, Herre, allhers Gud.
17 ၁၇ ကျွန်တော်မျိုးသည်အခြားသူများနှင့် ရယ်မောလျက် အပျော်အပါးလိုက်စားလျက် အချိန်မဖြုန်းပါ။ ကိုယ်တော်ရှင်ပေးအပ်ထား တော်မူသည့်အလုပ်တာဝန်ကြောင့် ကျွန်တော် မျိုးသည်တစ်ဦးတစ်ယောက်တည်းနေထိုင် ကာအမျက်ဒေါသနှင့်ပြည့်၍လာပါ၏။-
Eg hev ikkje sete i lag med skjemtande menner og gama meg; gripen av di hand hev eg sete einsleg, for du fyllte meg med harm.
18 ၁၈ ကျွန်တော်မျိုးသည်အဘယ်ကြောင့် ဆက်လက် ၍ဝေဒနာခံရပါသနည်း။ ကျွန်တော်မျိုး ၏အနာများသည်အဘယ်ကြောင့် ကုသ၍ မပျောက်နိုင်ပါသနည်း။ အဘယ်ကြောင့်ထို အနာများမကျက်ဘဲနေပါသနည်း။ ကိုယ် တော်ရှင်သည်နွေအခါခန်းခြောက်သည့်ချောင်း ရေမထွက်သည့်စမ်းကဲ့သို့ကျွန်တော်မျိုး အားစိတ်ပျက်စေလိုတော်မူပါသလော'' ဟုလျှောက်၏။
Kvi er mi liding æveleg, og kvi vil såret mitt batna? Det vil ikkje gro. Du er vorten som ein svikal bekk åt meg, som vatn ein ikkje kann lita på.
19 ၁၉ ယင်းသို့လျှောက်ထားသောအခါ ထာဝရ ဘုရားက``အကယ်၍သင်သည်နောင်တရ မည်ဆိုလျှင် သင့်အားငါပြန်လက်ခံမည်။ သင်သည်လည်းငါ၏အစေခံဖြစ်ပြန်ရ လိမ့်မည်။ အကယ်၍သင်သည်တန်ဖိုးမဲ့သော စကားကိုမပြောဘဲအကျိုးရှိသည့်စကား ကိုပြောမည်ဆိုက ငါ၏ပရောဖက်ဖြစ်ပြန် ရလိမ့်မည်။ ပြည်သူတို့သည်သင်၏ထံသို့ ပြန်လာကြလိမ့်မည်။ သင်သည်သူတို့ထံ သို့သွားရန်မလိုတော့ပေ။-
Difor, so segjer Herren: Um du vender um, vil eg atter lata deg standa framfor mi åsyn, og um du skil det dyre frå det verdlause, då skal eg hava deg som min munn. Dei skal då venda seg til deg, men du skal ikkje venda deg til deim.
20 ၂၀ ထိုသူတို့အားခုခံတိုက်ခိုက်နိုင်ရန် ငါသည် သင့်အားကြေးဝါတံတိုင်းသဖွယ်ဖြစ်စေမည်။ သူတို့သည်သင့်ကိုတိုက်ခိုက်ကြမည်ဖြစ်သော် လည်းသင့်ကိုနှိမ်နင်းနိုင်လိမ့်မည်မဟုတ်။ သင့် ကိုကွယ်ကာစောင့်ရှောက်၍ဘေးမဲ့လုံခြုံစွာ ထားရှိနိုင်ရန်ငါသည်သင်နှင့်အတူရှိတော် မူမည်'' ဟုထာဝရဘုရားမြွက်ဟသည့် စကားဖြစ်၏။-
Og eg vil gjera deg til ein fast koparmur mot dette folket; og dei skal strida imot deg, men ikkje vinna på deg, for eg er med deg og vil frelsa og berga deg, segjer Herren.
21 ၂၁ ``သင့်ကိုသူယုတ်မာတို့၏လက်မှကယ်ဆယ် ၍ အကြမ်းဖက်သမားတို့၏ဘေးမှကယ် တင်မည်။''
Eg vil berga deg utor henderne på dei vonde og fria deg utor nevarne på valdsmenner.