< ယေရမိ 15 >

1 ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​က ငါ့​အား``အ​ကယ် ၍​မော​ရှေ​နှင့်​ရှ​မွေ​လ​တို့​ဤ​တွင်​ရပ်​လျက် ငါ့ အား​တောင်း​ပန်​လျှောက်​လဲ​ကြ​စေ​ကာ​မူ ငါ သည်​ဤ​သူ​တို့​အား​က​ရု​ဏာ​ပြ​လိမ့်​မည် မ​ဟုတ်။ သူ​တို့​အား​ငါ​၏​ရှေ့​မှောက်​မှ​ထွက် ခွာ​သွား​စေ​ရန်​နှင်​ထုတ်​လော့။-
וַיֹּ֤אמֶר יְהוָה֙ אֵלַ֔י אִם־יַעֲמֹ֨ד מֹשֶׁ֤ה וּשְׁמוּאֵל֙ לְפָנַ֔י אֵ֥ין נַפְשִׁ֖י אֶל־הָעָ֣ם הַזֶּ֑ה שַׁלַּ֥ח מֵֽעַל־פָּנַ֖י וְיֵצֵֽאוּ׃
2 သူ​တို့​က​မိ​မိ​တို့​သည်​အ​ဘယ်​အ​ရပ်​သို့ သွား​ရ​ပါ​မည်​နည်း​ဟု သင့်​အား​မေး​သော အ​ခါ​ဤ​သို့​ပြော​ကြား​လော့။ ``သင်​တို့​အ​ချို့​သည်​အ​နာ​ရော​ဂါ​ဘေး သင့်​ပြီး သေ​ရ​ကြ​မည်​ဖြစ်​၍ အ​နာ​ရော​ဂါ​ဖြစ်​ပွား​ရာ​သို့​လည်း​ကောင်း၊ အ​ချို့​တို့​မှာ​စစ်​ပွဲ​တွင်​ကျ​ဆုံး​ရ​ကြ​မည်​ဖြစ်​၍ စစ်​မက်​ဖြစ်​ပွား​ရာ​သို့၊အ​ချို့​တို့​ကား​ငတ်​မွတ် ခေါင်း​ပါး​ခြင်း​ဘေး​သင့်​၍ သေ​ရ​ကြ​မည်​ဖြစ်​၍​ငတ်​မွတ်​ခေါင်း​ပါး​ရာ​သို့၊ အ​ချို့​သူ​တို့​မှာ​မူ​သုံ့​ပန်း​အ​ဖြစ်​ဖမ်း​ဆီး ခေါ်​ဆောင်​ခြင်း​ခံ​ရ​ကြ​မည်​ဖြစ်​၍၊ အ​ဖမ်း​ခံ​ရ​ကြ​မည့်​အ​ရပ်​သို့​သွား​ရ​မည်​ဟု'' ငါ​အား​မိန့်​တော်​မူ​၏။''
וְהָיָ֛ה כִּֽי־יֹאמְר֥וּ אֵלֶ֖יךָ אָ֣נָה נֵצֵ֑א וְאָמַרְתָּ֨ אֲלֵיהֶ֜ם כֹּֽה־אָמַ֣ר יְהוָ֗ה אֲשֶׁ֨ר לַמָּ֤וֶת לַמָּ֙וֶת֙ וַאֲשֶׁ֤ר לַחֶ֙רֶב֙ לַחֶ֔רֶב וַאֲשֶׁ֤ר לָֽרָעָב֙ לָֽרָעָ֔ב וַאֲשֶׁ֥ר לַשְּׁבִ֖י לַשֶּֽׁבִי׃
3 သူ​တို့​အ​ပေါ်​သို့ ကြောက်​မက်​ဖွယ်​ရာ​ဘေး​အန္တ​ရာယ် လေး​ပါး​သက်​ရောက်​စေ​ရန် ငါ​ထာ​ဝ​ရ​ဘု​ရား ဆုံး​ဖြတ်​ထား​တော်​မူ​လေ​ပြီ။ သူ​တို့​သည်​စစ်​ပွဲ တွင်​အ​သတ်​ခံ​ရ​ကြ​လိမ့်​မည်။ သူ​တို့​၏​အ​လောင်း များ​ကို​ခွေး​တို့​ဆွဲ​ယူ​သွား​ကြ​လိမ့်​မည်။ ထို အ​သေ​ကောင်​တို့​ကို​ငှက်​များ​ထိုး​ကြ​လိမ့်​မည်။ ကြွင်း​ကျန်​သည့်​အ​သား​ကို​တော​သား​ရဲ​တို့ ကိုက်​စား​ကြ​လိမ့်​မည်။-
וּפָקַדְתִּ֨י עֲלֵיהֶ֜ם אַרְבַּ֤ע מִשְׁפָּחוֹת֙ נְאֻם־יְהוָ֔ה אֶת־הַחֶ֣רֶב לַֽהֲרֹ֔ג וְאֶת־הַכְּלָבִ֖ים לִסְחֹ֑ב וְאֶת־ע֧וֹף הַשָּׁמַ֛יִם וְאֶת־בֶּהֱמַ֥ת הָאָ֖רֶץ לֶאֱכֹ֥ל וּלְהַשְׁחִֽית׃
4 ယု​ဒ​ပြည်​တွင်​ဟေ​ဇ​ကိ​၏​သား​မ​နာ​ရှေ​မင်း ပြု​စဉ်​အ​ခါ​က​ယေ​ရု​ရှ​လင်​မြို့​တွင်​ပြု​ကျင့် ခဲ့​သည့်​အ​မှု​ကြောင့် ငါ​သည်​ကမ္ဘာ​ပေါ်​ရှိ​လူ အ​ပေါင်း​တို့​အား​ထို​သူ​တို့​ကို​မြင်​၍​ထိတ် လန့်​တုန်​လှုပ်​စေ​မည်။
וּנְתַתִּ֣ים לזועה לְכֹ֖ל מַמְלְכ֣וֹת הָאָ֑רֶץ בִּ֠גְלַל מְנַשֶּׁ֤ה בֶן־יְחִזְקִיָּ֙הוּ֙ מֶ֣לֶךְ יְהוּדָ֔ה עַ֥ל אֲשֶׁר־עָשָׂ֖ה בִּירוּשָׁלִָֽם׃
5 ``ယေ​ရု​ရှ​လင်​မြို့​သား​တို့၊သင်​တို့​အား အ​ဘယ်​သူ​သ​နား​မည်​နည်း။ သင်​တို့​အ​တွက်​အ​ဘယ်​သူ​ဝမ်း​နည်း ပူ​ဆွေး​မည်​နည်း။ အ​ဘယ်​သူ​သည်​လမ်း​တွင်​ရပ်​လျက်​သင်​တို့​၏ ကျန်း​မာ​မှု​ကို​မေး​မြန်း​မည်​နည်း။
כִּ֠י מִֽי־יַחְמֹ֤ל עָלַ֙יִךְ֙ יְר֣וּשָׁלִַ֔ם וּמִ֖י יָנ֣וּד לָ֑ךְ וּמִ֣י יָס֔וּר לִשְׁאֹ֥ל לְשָׁלֹ֖ם לָֽךְ׃
6 သင်​တို့​သည်​ငါ့​အား​ပစ်​ပယ်​ကြ​လေ​ပြီ။ သင်​တို့​သည်​ငါ့​အား​ကျော​ခိုင်း​ကြ​လေ​ပြီ။ ငါ​သည်​အ​မျက်​ဒေါ​သ​ချုပ်​တည်း​မှု​ကို ငြီး​ငွေ့​ပြီ​ဖြစ်​သ​ဖြင့် လက်​တော်​ကို​ဆန့်​၍​သင်တို့​အား​ဖျက်​ဆီး​လေ​ပြီ'' ဟု​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​၏။
אַ֣תְּ נָטַ֥שְׁתְּ אֹתִ֛י נְאֻם־יְהוָ֖ה אָח֣וֹר תֵּלֵ֑כִי וָאַ֨ט אֶת־יָדִ֤י עָלַ֙יִךְ֙ וָֽאַשְׁחִיתֵ֔ךְ נִלְאֵ֖יתִי הִנָּחֵֽם׃
7 ``လေ​တွင်​လွင့်​ပါ​သွား​သည့်​ဖွဲ​ကဲ့​သို့​သင်​တို့ အား ဤ​ပြည်​ရှိ​အ​မြို့​မြို့​တို့​၌​ကွဲ​လွင့်​သွား​စေ​လေ​ပြီ။ ငါ​၏​လူ​မျိုး​တော်၊ သင်​တို့​သည်​မိ​မိ​တို့​၏ ဆိုး​ညစ်​သည့် လမ်း​စဉ်​ကို​မ​စွန့်​ကြ​သ​ဖြင့်၊ သင်​တို့​အား​ဝမ်း​နည်း​ကြေ​ကွဲ​စေ​၍ ငါ​သုတ်​သင်​ပယ်​ရှင်း​ခဲ့​လေ​ပြီ။
וָאֶזְרֵ֥ם בְּמִזְרֶ֖ה בְּשַׁעֲרֵ֣י הָאָ֑רֶץ שִׁכַּ֤לְתִּי אִבַּ֙דְתִּי֙ אֶת־עַמִּ֔י מִדַּרְכֵיהֶ֖ם לוֹא־שָֽׁבוּ׃
8 ငါ​သည်​သင်​တို့​၏​အ​မျိုး​သ​မီး​များ​အား မု​ဆိုး​မ​ဖြစ်​လျက် အ​ရေ​အ​တွက်​အား​ဖြင့်​ပင်​လယ်​ကမ်း​ခြေ သဲ​လုံး​မ​က​များ​လေ​ပြီ။ ငါ​သည်​ငယ်​ရွယ်​သူ​တို့​အား​မွန်း​တည့်​ချိန်​၌ သုတ်​သင်​ခြင်း​ဖြင့် သူ​တို့​၏​မိ​ခင်​များ​ပူ​ဆွေး​ရ​ကြ​သည်။ သူ​တို့​သည်​ရုတ်​တ​ရက်​ထိတ်​လန့်​တုန်​လှုပ်​ကာ ပူ​ပင်​သော​က​ရောက်​ရ​ကြ​လေ​ပြီ။
עָֽצְמוּ־לִ֤י אַלְמְנֹתָו֙ מֵח֣וֹל יַמִּ֔ים הֵבֵ֨אתִי לָהֶ֥ם עַל־אֵ֛ם בָּח֖וּר שֹׁדֵ֣ד בַּֽצָּהֳרָ֑יִם הִפַּ֤לְתִּי עָלֶ֙יהָ֙ פִּתְאֹ֔ם עִ֖יר וּבֶהָלֽוֹת׃
9 သား​သ​မီး​ခု​နစ်​ယောက်​ဆုံး​ရှုံး​ရ​သည့်​မိ​ခင်​သည် မေ့​မြော​သေ​ဆုံး​သွား​လေ​ပြီ။ သူ​၏​နေ့​အ​လင်း​သည်​မှောင်​မိုက်​သို့​ပြောင်း​လဲ လေ​ပြီ။ သူ​သည်​အ​ရှက်​ရ​လျက်​မှိုင်​တွေ​ကာ​နေ​ရ​လေ​ပြီ။ သင်​တို့​အ​နက်​အ​သက်​မ​သေ​ဘဲ ကျန်​ရှိ​နေ​သေး​သော​သူ​တို့​အား​ငါ​သည် ရန်​သူ​များ​ကို​အ​သတ်​ခိုင်း​မည်။ ဤ​ကား​ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​သည့် စ​ကား​ဖြစ်​၏။''
אֻמְלְלָ֞ה יֹלֶ֣דֶת הַשִּׁבְעָ֗ה נָפְחָ֥ה נַפְשָׁ֛הּ באה שִׁמְשָׁ֛הּ בְּעֹ֥ד יוֹמָ֖ם בּ֣וֹשָׁה וְחָפֵ֑רָה וּשְׁאֵֽרִיתָ֗ם לַחֶ֧רֶב אֶתֵּ֛ן לִפְנֵ֥י אֹיְבֵיהֶ֖ם נְאֻם־יְהוָֽה׃ ס
10 ၁၀ ငါ​သည်​ပျော်​ရွှင်​မှု​ကင်း​မဲ့​သူ​ဖြစ်​ပါ​သည် တ​ကား။ ငါ​၏​အ​မိ​သည်​အ​ဘယ်​ကြောင့်​ငါ့​အား ဤ​လော​က​ထဲ​သို့​မွေး​ထုတ်​ပါ​သ​နည်း။ ဤ​ပြည် တွင်​ရှိ​သ​မျှ​သော​သူ​တို့​နှင့်​ငါ​သည်​စ​ကား များ​ရ​ငြင်း​ခုံ​ရ​ပါ​၏။ ငါ​သည်​သူ​တစ်​ပါး တို့​အား​လည်း​ကောင်း၊ သူ​တစ်​ပါး​တို့​ထံ​မှ လည်း​ကောင်း​ငွေ​ကြေး​မ​ချေး​ငှား​ခဲ့။ သို့ ပါ​လျက်​လူ​အ​ပေါင်း​တို့​သည်​ငါ့​အား ကျိန်​ဆဲ​ကြ​ပါ​၏။-
אֽוֹי־לִ֣י אִמִּ֔י כִּ֣י יְלִדְתִּ֗נִי אִ֥ישׁ רִ֛יב וְאִ֥ישׁ מָד֖וֹן לְכָל־הָאָ֑רֶץ לֹֽא־נָשִׁ֥יתִי וְלֹא־נָֽשׁוּ־בִ֖י כֻּלֹּ֥ה מְקַלְלַֽונִי׃ ס
11 ၁၁ ထာ​ဝ​ရ​ဘု​ရား​က``ငါ​သည်​ကောင်း​ကျိုး ရ​စေ​အံ့​ငှာ​သင့်​ကို​ကယ်​ဆယ်​မည်။ ဘေး အန္တ​ရာယ်​ပူ​ပင်​သော​က​ရောက်​သော​အ​ချိန် တွင် သင်​၏​ရန်​သူ​တို့​သည်​အ​ထံ​တော်​သို့ လျှောက်​လဲ​ပန်​ကြား​ကြ​လိမ့်​မည်'' ဟု မိန့်​တော်​မူ​၏။-
אָמַ֣ר יְהוָ֔ה אִם־לֹ֥א שרותך לְט֑וֹב אִם־ל֣וֹא ׀ הִפְגַּ֣עְתִּֽי בְךָ֗ בְּעֵ֥ת־רָעָ֛ה וּבְעֵ֥ת צָרָ֖ה אֶת־הָאֹיֵֽב׃
12 ၁၂ (သံ​ကို​အ​ထူး​သ​ဖြင့်​မြောက်​အ​ရပ်​မှ​ရ​ရှိ သည့်​သံ​နှင့်​ကြေး​ရော​သော​သံ​ကို​အ​ဘယ် သူ​မျှ​မ​ချိုး​ဖြတ်​နိုင်​ပါ။)
הֲיָרֹ֨עַ בַּרְזֶ֧ל ׀ בַּרְזֶ֛ל מִצָּפ֖וֹן וּנְחֹֽשֶׁת׃
13 ၁၃ ထာ​ဝ​ရ​ဘု​ရား​က​ငါ့​အား``ငါ​သည်​တစ် ပြည်​လုံး​တွင်​ငါ​၏​လူ​မျိုး​တော်​ကူး​လွန် သည့်​အ​ပြစ်​များ​အ​တွက်​ဒဏ်​ခတ်​မည်။ သူ တို့​၏​စည်း​စိမ်​ဥစ္စာ​ရွှေ​ငွေ၊ ရ​တ​နာ​များ ကို​သိမ်း​ယူ​ရန်​ရန်​သူ​များ​ကို​စေ​လွှတ်​မည်။-
חֵילְךָ֧ וְאוֹצְרוֹתֶ֛יךָ לָבַ֥ז אֶתֵּ֖ן לֹ֣א בִמְחִ֑יר וּבְכָל־חַטֹּאותֶ֖יךָ וּבְכָל־גְּבוּלֶֽיךָ׃
14 ၁၄ ငါ​၏​အ​မျက်​တော်​သည်​မီး​နှင့်​တူ​၍​ထာ​ဝ​စဉ် တောက်​လောင်​လျက်​ရှိ​သ​ဖြင့် ငါ​သည်​မိ​မိ​လူ မျိုး​တော်​အား​သူ​တို့​မ​ရောက်​ဘူး​သည့်​ပြည် တွင်​ရန်​သူ​များ​၏​အ​စေ​အ​ပါး​ကို​ခံ​စေ မည်'' ဟု​မိန့်​တော်​မူ​၏။
וְהַֽעֲבַרְתִּי֙ אֶת־אֹ֣יְבֶ֔יךָ בְּאֶ֖רֶץ לֹ֣א יָדָ֑עְתָּ כִּֽי־אֵ֛שׁ קָדְחָ֥ה בְאַפִּ֖י עֲלֵיכֶ֥ם תּוּקָֽד׃ ס
15 ၁၅ ထို​အ​ခါ​ငါ​က``ကိုယ်​တော်​ရှင်​သိ​ရှိ​နား​လည် တော်​မူ​ပါ​၏။ ကျွန်​တော်​မျိုး​တို့​ကို​အောက်​မေ့ သတိ​ရ​၍​ကူ​မ​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​ကို ညှင်း​ဆဲ​နှိပ်​စက်​သူ​တို့​အား​လက်​စား​ချေ​ရ သော​အ​ခွင့်​ကို​ပေး​တော်​မူ​ပါ။ သူ​တို့​သည် ကျွန်​တော်​မျိုး​အား​သတ်​ဖြတ်​ကြ​သည့်​တိုင် အောင်​သည်း​ခံ​လျက်​နေ​တော်​မ​မူ​ပါ​နှင့်။ ကျွန်​တော်​မျိုး​အ​စော်​ကား​ခံ​ရ​သည်​မှာ ကိုယ်​တော်​ရှင်​၏​အ​တွက်​ကြောင့်​ဖြစ်​သည် ကို​အောက်​မေ့​သ​တိ​ရ​တော်​မူ​ပါ။-
אַתָּ֧ה יָדַ֣עְתָּ יְהוָ֗ה זָכְרֵ֤נִי וּפָקְדֵ֙נִי֙ וְהִנָּ֤קֶם לִי֙ מֵרֹ֣דְפַ֔י אַל־לְאֶ֥רֶךְ אַפְּךָ֖ תִּקָּחֵ֑נִי דַּ֕ע שְׂאֵתִ֥י עָלֶ֖יךָ חֶרְפָּֽה׃
16 ၁၆ ကိုယ်​တော်​ရှင်​ဗျာ​ဒိတ်​ပေး​တော်​မူ​သော​အ​ခါ ကျွန်​တော်​မျိုး​သည်​လုံး​စေ့​ပတ်​စေ့​နား​ထောင် ပါ​၏။ နှုတ်​က​ပတ်​တော်​တို့​သည်​ကျွန်​တော်​မျိုး ၏​စိတ်​နှ​လုံး​ကို​ရွှင်​ပြုံး​အား​ရ​စေ​ပါ​၏။ အ​နန္တ​တန်​ခိုး​ရှင်​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား၊ ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​၏ နာ​မ​တော်​ကို​ဆောင်​ပါ​၏။-
נִמְצְא֤וּ דְבָרֶ֙יךָ֙ וָאֹ֣כְלֵ֔ם וַיְהִ֤י דבריך לִ֔י לְשָׂשׂ֖וֹן וּלְשִׂמְחַ֣ת לְבָבִ֑י כִּֽי־נִקְרָ֤א שִׁמְךָ֙ עָלַ֔י יְהוָ֖ה אֱלֹהֵ֥י צְבָאֽוֹת׃ ס
17 ၁၇ ကျွန်​တော်​မျိုး​သည်​အ​ခြား​သူ​များ​နှင့် ရယ်​မော​လျက် အ​ပျော်​အ​ပါး​လိုက်​စား​လျက် အ​ချိန်​မ​ဖြုန်း​ပါ။ ကိုယ်​တော်​ရှင်​ပေး​အပ်​ထား တော်​မူ​သည့်​အ​လုပ်​တာ​ဝန်​ကြောင့် ကျွန်​တော် မျိုး​သည်​တစ်​ဦး​တစ်​ယောက်​တည်း​နေ​ထိုင် ကာ​အ​မျက်​ဒေါ​သ​နှင့်​ပြည့်​၍​လာ​ပါ​၏။-
לֹֽא־יָשַׁ֥בְתִּי בְסוֹד־מְשַׂחֲקִ֖ים וָֽאֶעְלֹ֑ז מִפְּנֵ֤י יָֽדְךָ֙ בָּדָ֣ד יָשַׁ֔בְתִּי כִּֽי־זַ֖עַם מִלֵּאתָֽנִי׃ ס
18 ၁၈ ကျွန်​တော်​မျိုး​သည်​အ​ဘယ်​ကြောင့် ဆက်​လက် ၍​ဝေ​ဒ​နာ​ခံ​ရ​ပါ​သ​နည်း။ ကျွန်​တော်​မျိုး ၏​အနာ​များ​သည်​အ​ဘယ်​ကြောင့် ကု​သ​၍ မ​ပျောက်​နိုင်​ပါ​သ​နည်း။ အ​ဘယ်​ကြောင့်​ထို အ​နာ​များ​မ​ကျက်​ဘဲ​နေ​ပါ​သ​နည်း။ ကိုယ် တော်​ရှင်​သည်​နွေ​အ​ခါ​ခန်း​ခြောက်​သည့်​ချောင်း ရေ​မ​ထွက်​သည့်​စမ်း​ကဲ့​သို့​ကျွန်​တော်​မျိုး အား​စိတ်​ပျက်​စေ​လို​တော်​မူ​ပါ​သ​လော'' ဟု​လျှောက်​၏။
לָ֣מָּה הָיָ֤ה כְאֵבִי֙ נֶ֔צַח וּמַכָּתִ֖י אֲנוּשָׁ֑ה֙ מֵֽאֲנָה֙ הֵֽרָפֵ֔א הָי֨וֹ תִֽהְיֶ֥ה לִי֙ כְּמ֣וֹ אַכְזָ֔ב מַ֖יִם לֹ֥א נֶאֱמָֽנוּ׃ ס
19 ၁၉ ယင်း​သို့​လျှောက်​ထား​သော​အ​ခါ ထာ​ဝ​ရ ဘု​ရား​က``အ​ကယ်​၍​သင်​သည်​နောင်​တ​ရ မည်​ဆို​လျှင် သင့်​အား​ငါ​ပြန်​လက်​ခံ​မည်။ သင်​သည်​လည်း​ငါ​၏​အ​စေ​ခံ​ဖြစ်​ပြန်​ရ လိမ့်​မည်။ အ​ကယ်​၍​သင်​သည်​တန်​ဖိုး​မဲ့​သော စ​ကား​ကို​မ​ပြော​ဘဲ​အ​ကျိုး​ရှိ​သည့်​စ​ကား ကို​ပြော​မည်​ဆို​က ငါ​၏​ပ​ရော​ဖက်​ဖြစ်​ပြန် ရ​လိမ့်​မည်။ ပြည်​သူ​တို့​သည်​သင်​၏​ထံ​သို့ ပြန်​လာ​ကြ​လိမ့်​မည်။ သင်​သည်​သူ​တို့​ထံ သို့​သွား​ရန်​မ​လို​တော့​ပေ။-
לָכֵ֞ן כֹּֽה־אָמַ֣ר יְהוָ֗ה אִם־תָּשׁ֤וּב וַאֲשִֽׁיבְךָ֙ לְפָנַ֣י תַּֽעֲמֹ֔ד וְאִם־תּוֹצִ֥יא יָקָ֛ר מִזּוֹלֵ֖ל כְּפִ֣י תִֽהְיֶ֑ה יָשֻׁ֤בוּ הֵ֙מָּה֙ אֵלֶ֔יךָ וְאַתָּ֖ה לֹֽא־תָשׁ֥וּב אֲלֵיהֶֽם׃
20 ၂၀ ထို​သူ​တို့​အား​ခု​ခံ​တိုက်​ခိုက်​နိုင်​ရန် ငါ​သည် သင့်​အား​ကြေး​ဝါ​တံ​တိုင်း​သ​ဖွယ်​ဖြစ်​စေ​မည်။ သူ​တို့​သည်​သင့်​ကို​တိုက်​ခိုက်​ကြ​မည်​ဖြစ်​သော် လည်း​သင့်​ကို​နှိမ်​နင်း​နိုင်​လိမ့်​မည်​မ​ဟုတ်။ သင့် ကို​ကွယ်​ကာ​စောင့်​ရှောက်​၍​ဘေး​မဲ့​လုံ​ခြုံ​စွာ ထား​ရှိ​နိုင်​ရန်​ငါ​သည်​သင်​နှင့်​အ​တူ​ရှိ​တော် မူ​မည်'' ဟု​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​သည့် စ​ကား​ဖြစ်​၏။-
וּנְתַתִּ֜יךָ לָעָ֣ם הַזֶּ֗ה לְחוֹמַ֤ת נְחֹ֙שֶׁת֙ בְּצוּרָ֔ה וְנִלְחֲמ֥וּ אֵלֶ֖יךָ וְלֹא־י֣וּכְלוּ לָ֑ךְ כִּֽי־אִתְּךָ֥ אֲנִ֛י לְהוֹשִֽׁיעֲךָ֥ וּלְהַצִּילֶ֖ךָ נְאֻם־יְהוָֽה ׃
21 ၂၁ ``သင့်​ကို​သူ​ယုတ်​မာ​တို့​၏​လက်​မှ​ကယ်​ဆယ် ၍ အ​ကြမ်း​ဖက်​သ​မား​တို့​၏​ဘေး​မှ​ကယ် တင်​မည်။''
וְהִצַּלְתִּ֖יךָ מִיַּ֣ד רָעִ֑ים וּפְדִתִ֖יךָ מִכַּ֥ף עָרִצִֽים׃ פ

< ယေရမိ 15 >