< ယေရမိ 14 >

1 မိုး​ခေါင်​ခြင်း​နှင့်​ပတ်​သက်​၍​ထာ​ဝ​ရ​ဘု​ရား သည် ငါ့​အား​မိန့်​တော်​မူ​သည်​ကား၊
မိုဃ်း ပြတ်သောအမှု ကို ရည်မှတ် ၍၊ ယေရမိ သို့ ရောက်သော ထာဝရဘုရား ၏ နှုတ်ကပတ် တော်ဟူမူကား ၊
2 ``ယု​ဒ​ပြည်​သည်​ငို​ကြွေး​လျက်​နေ​၏။ ယု​ဒ​မြို့​တို့​သည်​နွမ်း​လျ​လျက်​နေ​၏။ ယု​ဒ​ပြည်​အ​တွက်​ဝမ်း​နည်း​ကြေ​ကွဲ​ကြ​၏။ ယေ​ရု​ရှ​လင်​မြို့​သည်​အော်​ဟစ်​လျက် အ​ကူ​အ​ညီ​တောင်း​ခံ​၍​နေ​၏။
ယုဒ ပြည်သည် ညည်းတွား ၏။ မြို့တံခါး တို့၌ မြည်တမ်း သော အသံရှိ၏။ နက် သောအဝတ်ကို မြေ တိုင်အောင် ဝတ်၍ ၊ ယေရုရှလင် မြို့သားတို့၏ ငိုကြွေး ခြင်း အသံသည် တက် လေ၏။
3 ချမ်း​သာ​ကြွယ်​ဝ​သူ​များ​သည်​မိ​မိ​တို့ အ​စေ​ခံ​များ​ကို​လွှတ်​၍ ရေ​အ​ခပ်​ခိုင်း​သည့်​အ​တိုင်း​အ​စေ​ခံ​တို့​သည် ရေ​ကန်​များ​သို့​သွား​ရောက်​ကြ​သော်​လည်း ရေ​ကို​မ​တွေ့​ရ​ကြ။ သူ​တို့​သည်​အိုး​ဟောင်း​လောင်း​နှင့်​ပြန်​လာ​ရ ကြ​၏။ သူ​တို့​သည်​စိတ်​ပျက်​အား​လျော့​ကာ​ဝေ​ခွဲ​မ​ရ ဖြစ်​လျက် ဦး​ခေါင်း​ခြုံ​၍​နေ​ကြ​၏။
မှူးမတ် တို့သည် မိမိ သူငယ် တို့ကို ရေ ခပ် စေလွှတ် ၍၊ သူငယ်တို့သည် ရေကျင်း သို့ ရောက် သောအခါ ၊ ရေ ကိုမ တွေ့ ။ အိုး သက်သက်ကိုသာ ဆောင်ခဲ့လျက် ပြန် လာကြ၏။ ဦးခေါင်း ကို ခြုံ လျက်ရှက် ကြောက်မှိုင်တွေ ကြ၏။
4 မိုး​ခေါင်​သ​ဖြင့်​မြေ​ကြီး​သည်​ခြောက်​ကပ် လျက်​နေ​၏။ လယ်​သ​မား​တို့​သည်​စိတ်​မ​ချမ်း​မ​သာ​သော ကြောင့် ဦး​ခေါင်း​ခြုံ​၍​နေ​ကြ​၏။
မိုဃ်း ပြတ် ၍ မြေ အက်ကွဲ သောကြောင့် ၊ လယ် လုပ် သောသူ တို့ သည် ဦးခေါင်း ကိုခြုံ လျက် ရှက်ကြောက် ကြ၏။
5 ကွင်း​ပြင်​တွင်​မြက်​မ​ရှိ​တော့​သ​ဖြင့်​သ​မင်​မ​သည် မွေး​ခါ​စ​သား​ငယ်​ကို​စွန့်​ပစ်​၍​ထား​ရ​၏။
သမင်မ သည် လယ်ပြင် ၌ မွေး သောအခါ မြက် မ ရှိ သောကြောင့် ၊ သားငယ်ကို စွန့်ပစ်၏။
6 မြင်း​ရိုင်း​တို့​သည်​တောင်​ထိပ်​များ​တွင်​ရပ်​လျက် ခွေး​အ​များ​ကဲ့​သို့​အ​သက်​လု​၍​ရှူ​နေ​ကြ​၏။ သူ​တို့​သည်​အ​စာ​ငတ်​မှု​ကြောင့်​မျက်​စိ​များ မှုံ​ဝေ​လျက်​နေ​ကြ​၏။
မြည်း ရိုင်းတို့သည် မြင့် သောအရပ်ပေါ် မှာ ရပ် လျက် မြေခွေး ကဲ့သို့ လေ ကိုရှု ကြ၏။ မြက် မ ရှိသောကြောင့် ၊ သူ တို့ မျက်စိ ပျက် လေ၏။
7 ငါ​၏​လူ​မျိုး​တော်​က​ငါ့​အား `ကျွန်​တော်​မျိုး​တို့​သည်​မိ​မိ​တို့​အ​ပြစ်​များ​၏ စွပ်​စွဲ​ခြင်း​ကို​ခံ​၍​နေ​ရ​သော်​လည်း၊ အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​တို့​အား​ကိုယ်​တော်​ရှင်​၏ နာ​မ​တော်​ကို​ထောက်​၍​ကူ​မ​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​တို့​သည်​ကြိမ်​ဖန်​များ​စွာ ကိုယ်​တော်​ရှင်​ကို ကျော​ခိုင်း​မိ​ကြ​ပါ​ပြီ။ ကိုယ်​တော်​ရှင်​အား​ပြစ်​မှား​မိ​ကြ​ပါ​ပြီ။
အိုထာဝရဘုရား ၊ အကျွန်ုပ် တို့၏ အပြစ် သည် အကျွန်ုပ် တို့တဘက် ၌ သက်သေခံ သော်လည်း ၊ နာမ တော်ကိုထောက် ၍စီရင် တော်မူပါ။ အကျွန်ုပ် တို့သည် ကြိမ်ဖန် များစွာဖောက်ပြန် ပါပြီ။ ကိုယ်တော် ကို ပြစ်မှား ပါပြီ။
8 ကိုယ်​တော်​ရှင်​သာ​လျှင်​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​၏ မျှော်​လင့်​ရာ​ဖြစ်​တော်​မူ​ပါ​၏။ ကျွန်​တော်​မျိုး​တို့​ဒုက္ခ​ရောက်​သော​အ​ခါ ကူ​မ​တော်​မူ​သော​အ​ရှင်​ဖြစ်​တော်​မူ​ပါ​၏။ အ​ဘယ်​ကြောင့်​ကိုယ်​တော်​ရှင်​သည် ကျွန်​တော်​မျိုး​တို့​ပြည်​တွင်​ဧည့်​သည်​ကဲ့​သို့၊ တစ်​ညဥ့်​မျှ​သာ​တည်း​ခို​သည့်​ခ​ရီး​သည်​ကဲ့​သို့ ပြု​တော်​မူ​ပါ​သ​နည်း။
အို ဣသရေလ အမျိုး၏ မြော်လင့် စရာ အကြောင်း၊ အမှု ရောက်သောကာလ ကယ်တင် တော်မူသော သခင်၊ ကိုယ်တော်သည် အကျွန်ုပ်တို့ ပြည် ၌ ဧည့်သည် ကဲ့သို့ ၎င်း ၊ တညဉ့်သာ အိပ် ခြင်းငှါဝင်သော ခရီးသွား ကဲ့သို့ ၎င်း ၊ အဘယ်ကြောင့် ဖြစ် တော်မူသနည်း။
9 အ​ဘယ်​ကြောင့်​ကိုယ်​တော်​ရှင်​သည် အ​ငိုက်​မိ​သူ​ကဲ့​သို့​လည်း​ကောင်း၊ ကူ​မ​နိုင်​စွမ်း​မ​ရှိ​သည့်​စစ်​သူ​ရဲ​ကဲ့​သို့ လည်း​ကောင်း ဖြစ်​တော်​မူ​ပါ​သ​နည်း။ အို ထာ​ဝ​ရ​ဘု​ရား၊ကိုယ်​တော်​ရှင်​သည်​အ​မှန်​ပင် ကျွန်​တော်​မျိုး​တို့​နှင့်​အ​တူ​ရှိ​တော်​မူ​ပါ​၏။ ကျွန်​တော်​မျိုး​တို့​သည်​ကိုယ်​တော်​ရှင်​၏ နာ​မ​တော်​ကို​ဆောင်​သော​သူ​ဖြစ်​ကြ​ပါ​၏။ ကျွန်​တော်​မျိုး​တို့​အား​စွန့်​ပစ်​တော်​မ​မူ​ပါ နှင့်' ဟု​လျှောက်​ထား​ကြ​၏။''
မိန်းမော တွေဝေသော သူ ကဲ့သို့ ၎င်း ၊ ကယ်တင် ခြင်းငှါ မ တတ် နိုင်သော သူရဲ ကဲ့သို့ ၎င်း ၊ အဘယ်ကြောင့် ဖြစ် တော်မူသနည်း။ အိုထာဝရဘုရား ၊ ကိုယ်တော် သည် အကျွန်ုပ် တို့တွင် ရှိတော်မူ၏။ အကျွန်ုပ် တို့သည် နာမ တော်ဖြင့် သမုတ် သောသူဖြစ်ပါ၏။ အကျွန်ုပ်တို့ကို စွန့်ပစ်တော်မမူပါနှင့်။
10 ၁၀ ထာ​ဝ​ရ​ဘု​ရား​သည်​ထို​သူ​တို့​အ​ကြောင်း နှင့်​ပတ်​သက်​၍``သူ​တို့​သည်​ငါ့​ထံ​မှ​ထွက် ပြေး​ရန်​နှစ်​သက်​ကြ​၏။ မိ​မိ​တို့​ခြေ​ကို မ​ချုပ်​တည်း​လို​ကြ။ ထို့​ကြောင့်​ငါ​သည်​သူ တို့​ကို​မ​နှစ်​သက်။ သူ​တို့​ပြု​ခဲ့​သည့်​ဒု​စ​ရိုက် များ​ကို​အောက်​မေ့​သ​တိ​ရ​၍ သူ​တို့​အား အ​ပြစ်​ဒဏ်​ခတ်​မည်'' ဟု​မိန့်​တော်​မူ​၏။
၁၀ဤ လူမျိုး ကို ရည်မှတ် ၍ ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ဤလူတို့သည် လှည့်လည် ခြင်းငှါ အလွန် အလို ရှိကြ၏။ မိမိ တို့ခြေ ကို မ ချုပ်တည်း ကြ။ ထိုကြောင့် ၊ ထာဝရဘုရား နှစ်သက် တော်မ မူ။ သူ တို့ ပြုသောဒုစရိုက် ကို အောက်မေ့ ၍ ၊ သူ တို့အပြစ် များ ကြောင့် စစ်ကြော တော်မူမည်။
11 ၁၁ ထာ​ဝ​ရ​ဘု​ရား​က ငါ့​အား``သင်​သည်​ထို​သူ တို့​ကို​ကူ​မ​ရန်​ငါ့​အား​မ​လျှောက်​ထား​နှင့်။-
၁၁ထာဝရဘုရား သည် ငါ့ အား မိန့် တော်မူသည် ကား ၊ ဤ လူမျိုး အဘို့ မေတ္တာ ပို့၍ ဆု မ တောင်းနှင့်။
12 ၁၂ အ​ကယ်​၍​သူ​တို့​သည်​အ​စာ​ရှောင်​၍​ပင် အ​ကူ​အ​ညီ​ဟစ်​အော်​တောင်း​ခံ​ကြ​စေ ကာ​မူ ငါ​သည်​လူ​တို့​၏​ဟစ်​အော်​သံ​ကို နား​ထောင်​လိမ့်​မည်​မ​ဟုတ်။ အ​ကယ်​၍​သူ တို့​သည်​ငါ့​အား​မီး​ရှို့​ရာ​ယဇ်​များ​နှင့် ပူ​ဇော်​သ​ကာ​များ​ကို​ပင်​ဆက်​သ​သော် လည်း ငါ​သည်​သူ​တို့​အား​နှစ်​သက်​လိမ့် မည်​မ​ဟုတ်။ ယင်း​သို့​နှစ်​သက်​မည့်​အ​စား သူ​တို့​အား​စစ်​ပွဲ​များ​တွင်​ကျ​ဆုံး​စေ​မည်။ ငတ်​မွတ်​ခေါင်း​ပါး​ခြင်း​ဘေး၊ အ​နာ​ရော​ဂါ ဘေး​သင့်​၍​သေ​စေ​မည်'' ဟု​မိန့်​တော်​မူ ပါ​၏။
၁၂သူတို့သည် အစာရှောင် ခြင်းအကျင့်ကို ကျင့် သောအခါ ၊ သူ တို့ အော်ဟစ် သံကို ငါ နား မ ထောင်။ မီးရှို့ ရာယဇ်ကိုသော်၎င်း၊ ပူဇော် သက္ကာကိုသော်၎င်း၊ ဆက်ကပ် သောအခါ ငါ လက် မ ခံ။ ထား ဘေး၊ မွတ်သိပ် ခြင်းဘေး၊ ကာလနာ ဘေးဖြင့် ၊ သူ တို့ကို ငါ ဆုံး စေမည်ဟု မိန့်တော်မူလျှင်၊
13 ၁၃ ထို​အ​ခါ​ငါ​က``အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ ဤ ပြည်​တွင်​စစ်​မက်​အန္တ​ရာယ်၊ ငတ်​မွတ်​ခေါင်း​ပါး ခြင်း​ဘေး​အန္တရာယ်​ကျ​ရောက်​လိမ့်​မည်​မ​ဟုတ်။ ငြိမ်း​ချမ်း​သာ​ယာ​မှု​သာ​လျှင်​ရှိ​လိမ့်​မည်​ဟု ပ​ရော​ဖက်​များ​ဟော​ပြော​လျက်​နေ​ကြ​သည် ကို​ကိုယ်​တော်​ရှင်​သိ​တော်​မူ​ပါ​၏'' ဟု လျှောက်​၏။
၁၃ငါကလည်း ၊ အိုအရှင် ထာဝရဘုရား ၊ ပရောဖက် တို့က၊ သင်တို့သည် ထား ဘေးကို မ တွေ့ ရကြ။ မွတ်သိပ် ခြင်းဘေးသည် သင် တို့ရှိရာသို့ မ ရောက် ရ။ ဤ အရပ် ၌ မြဲ သော ငြိမ်သက် ခြင်းကို ငါပေး မည်ဟု၊ ဤသူ တို့ အား ဟော ပြောကြောင်းကို ငါလျှောက် သောအခါ၊
14 ၁၄ သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​က``ပ​ရော​ဖက်​တို့ သည် ငါ​၏​နာ​မ​တော်​ကို​အ​မှီ​ပြု​၍ လိမ်​လည် ပြော​ဆို​နေ​ကြ​ခြင်း​ဖြစ်​သည်။ ငါ​သည်​သူ​တို့ ကို​မ​စေ​လွှတ်​ခဲ့။ သူ​တို့​အား​အ​ဘယ်​သို့​မျှ လည်း​မ​မှာ​ကြား။ အ​ဘယ်​ဗျာ​ဒိတ်​ကို​မျှ လည်း​ငါ​မ​ပေး​ခဲ့။ သူ​တို့​ဖော်​ပြ​သည့်​ဗျာ​ဒိတ် ရူ​ပါ​ရုံ​တို့​သည်​ငါ​ပြ​သည့်​ရူ​ပါ​ရုံ​များ မ​ဟုတ်။ သူ​တို့​ကြို​တင်​ဟော​ပြော​မှု​များ သည်​အ​ချည်း​နှီး​ဟော​ပြော​မှု​များ​သာ လျှင်​ဖြစ်​၏။-
၁၄ထာဝရဘုရား က၊ ထိုပရောဖက် တို့သည် ငါ ၏ နာမ ကိုအမှီပြု ၍ မုသာ ကို ဟော တတ်ကြ၏။ သူ တို့ကို ငါမ စေလွှတ် ၊ မ မှာ ထား၊ ဗျာဒိတ် မ ပေး။ သူတို့ ဟောပြော ချက်တို့သည် မျက်စိကို လှည့် ခြင်း၊ နတ် ပူးခြင်း၊ အချည်းနှီး ကြံစည်ခြင်း၊ မိမိ ဉာဏ် အတိုင်း လှည့်စား ခြင်း သက်သက်ဖြစ်ကြ၏။
15 ၁၅ ငါ​မ​စေ​လွှတ်​ဘဲ​ငါ​၏​နာ​မ​တော်​ကို​အ​မှီ ပြု​၍ ဤ​ပြည်​တွင်​စစ်​မက်​နှင့်​ငတ်​မွတ်​ခေါင်း​ပါး ခြင်း​ဘေး​အန္တ​ရာယ်​ကျ​ရောက်​လိမ့်​မည်​မ​ဟုတ် ဟု ဟော​ပြော​ကြ​သူ​ပ​ရော​ဖက်​တို့​အား​အ​ဘယ် သို့​ငါ​ပြု​မည်​ကို သင့်​အား​ငါ​ထာ​ဝ​ရ​ဘု​ရား ဖော်​ပြ​မည်။ ငါ​သည်​သူ​တို့​အား​စစ်​ပွဲ​တွင် ကျ​ဆုံး​စေ​မည်။ ငတ်​မွတ်​ခေါင်း​ပါး​ခြင်း ဘေး​သင့်​၍​သေ​စေ​မည်။-
၁၅ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ဤ ပြည် ၌ ထား ဘေး၊ မွတ်သိပ် ခြင်း ဘေးမ ရှိ ရဟု၊ ငါ မ စေလွှတ် ဘဲ ၊ ငါ့ နာမ ကို အမှီပြု ၍၊ ကိုယ်အလိုအလျောက်ဟောပြော သော ပရောဖက် တို့သည် ထား ဘေး၊ မွတ်သိပ် ခြင်း ဘေးဖြင့် ဆုံး ရကြလိမ့်မည်။
16 ၁၆ သူ​တို့​ဟော​ပြော​သည်​ကို​ကြား​နာ​ကြ​သူ​တို့ သည်​လည်း သူ​တို့​ကဲ့​သို့​သေ​ကြ​လိမ့်​မည်။ ငတ် မွတ်​ခေါင်း​ပါး​ခြင်း​ဘေး​နှင့် စစ်​ဘေး​တို့​ကြောင့် သူ​တို့​၏​အ​လောင်း​များ​ကို​ယေ​ရု​ရှ​လင်​မြို့ လမ်း​များ​ပေါ်​တွင်​စွန့်​ပစ်​၍​ထား​ကြ​လိမ့်​မည်။ ယင်း​တို့​ကို​အ​ဘယ်​သူ​မျှ​သင်္ဂြိုဟ်​ကြ​လိမ့်​မည် မ​ဟုတ်။ ဇ​နီး​သား​သ​မီး​များ​ပါ​မ​ကျန်၊ ထို သူ​အား​လုံး​ပင်​ဤ​နည်း​အ​တိုင်း​ဖြစ်​ရ​ကြ လိမ့်​မည်။ မိ​မိ​တို့​၏​ယုတ်​မာ​မှု​များ​အ​တွက် သူ​တို့​အား​ငါ​ဒဏ်​ခတ်​မည်'' ဟု​မိန့်​တော်​မူ​၏။
၁၆သူတို့၏ တရားနာပရိသတ် တို့သည် ကိုယ်တိုင်မှစ ၍၊ မယား သား သမီး တို့နှင့်တကွမွတ်သိပ် ခြင်းဘေး၊ ထား ဘေးကြောင့် ၊ ယေရုရှလင် မြို့လမ်း ထဲသို့ ပစ် ချခြင်းကို ခံရ၍၊ အဘယ်သူမျှမ သင်္ဂြိုဟ် ရ။ သူ တို့၏အပြစ် ကို သူ တို့ အပေါ် သို့ ငါသွန်းလောင်း မည်။
17 ၁၇ ငါ​၏​ကြေ​ကွဲ​မှု​ကို​ပြည်​သူ​တို့​အား​ဤ​သို့ ပြော​ပြ​ရန်​ငါ့​အား​ထာ​ဝ​ရ​ဘု​ရား​အ​မိန့် ပေး​တော်​မူ​၏။ ``ငါ​၏​မျက်​စိ​များ​သည်​နေ့​ညဥ့်​မ​ပြတ် မျက်​ရည်​ထွက်​လျက်​နေ​ပါ​စေ​သော။ ငါ့​အ​မျိုး​သား​တို့​သည်​ပြင်း​စွာ ဒဏ်​ရာ​ရ​လျက် များ​စွာ​နာ​ကျင်​လျက်​ရှိ​သ​ဖြင့်၊ငါ​သည်​အ​ဘယ် အ​ခါ​၌​မျှ​အ​ငို​မ​တိတ်​နိုင်​ဘဲ​ရှိ​ပါ​စေ​သော။
၁၇သင် သည်လည်း သူ တို့အား ပြော ရမည့်စကား ဟူမူကား၊ ငါ သည် နေ့ ညဉ့် မ ပြတ် မျက်ရည် ကျ ရမည်။ ငါ ၏လူမျိုး သတို့သမီး သည် အလွန်ပြင်းစွာ သော ဒဏ်ချက် ကို ခံရ ၍ အရိုးများကျိုး လေပြီ။
18 ၁၈ လယ်​ပြင်​များ​သို့​သွား​သော​အ​ခါ​စစ်​ပွဲ​တွင် ကျ​ဆုံး​သူ​များ​ကို​ငါ​မြင်​ရ​၏။ မြို့​များ​သို့​ဝင်​သော​အ​ခါ​လူ​တို့​အ​စာ​ငတ်​၍ သေ​ကြ​သည်​ကို​မြင်​ရ​၏။ ပ​ရော​ဖက်​များ​နှင့်​ယဇ်​ပု​ရော​ဟိတ်​များ​သည် မိ​မိ​တို့​အ​ဘယ်​သို့​သော​အ​မှု​ကို​ပြု​လျက် နေ​မှန်း​မ​သိ​ဘဲ၊ အ​လုပ်​တာ​ဝန်​များ​ကို​ထမ်း​ဆောင်​နေ​ကြ​၏။''
၁၈ငါသည်မြို့ ပြင်သို့သွား သောအခါ ၊ သတ် သော အသေ ကောင်များကို တွေ့ ရ၏။ မြို့ ထဲသို့ဝင် သောအခါ ၊ ငတ်မွတ် ၍ နာကျင် စွာခံရသောသူများကိုလည်း တွေ့ ရ ၏။ ပရောဖက် နှင့် ယဇ် ပုရောဟိတ်တို့သည် အဘယ်အမှု ကိုမျှမ သိ ဘဲ အရပ်ရပ် လှည့်လည် ကြ၏။
19 ၁၉ အို ထာ​ဝ​ရ​ဘု​ရား၊ကိုယ်​တော်​ရှင်​သည်​ယု​ဒ ပြည်​ကို အ​ပြီး​အ​ပိုင်​ပစ်​ပယ်​တော်​မူ​ပါ​ပြီ​လော။ ဇိ​အုန်​မြို့​သား​တို့​အား​မုန်း​တီး​ရွံ​ရှာ​တော် မူ​ပါ​သ​လော။ ကျွန်​တော်​မျိုး​တို့​၏​အ​နာ​ကို​ကု​သ​၍ မ​ရ​နိုင်​သည့်​တိုင်​အောင် အ​ဘယ်​ကြောင့်​ကိုယ်​တော်​ရှင်​သည် ကျွန်​တော်​မျိုး​တို့​အား၊ဤ​မျှ​ပြင်း​ထန်​စွာ ထိ​ခိုက်​ဒဏ်​ရာ​ရ​စေ​တော်​မူ​ပါ​သ​နည်း။ ကျွန်​တော်​မျိုး​တို့​သည်​ငြိမ်း​ချမ်း​သာ​ယာ​မှု​ကို စောင့်​မျှော်​ကြ​သော်​လည်း​အ​ချည်း​နှီး​သာ ဖြစ်​ပါ​၏။ အ​နာ​ပျောက်​လိမ့်​မည်​ဟု​မျှော်​လင့်​ကြ​သော်​လည်း ထိတ်​လန့်​၍​သာ​လာ​ရ​ကြ​ပါ​၏။
၁၉ကိုယ်တော်သည် ယုဒ ပြည်ကို အကုန်အစင်ပယ် တော်မူသလော။ ဇိအုန် မြို့ကို စက်ဆုပ် ရွံရှာတော်မူသလော။ ချမ်းသာ မ ရအောင် အကျွန်ုပ် တို့ကို အဘယ်ကြောင့် ဒဏ်ခတ် တော်မူသနည်း။ အကျွန်ုပ်တို့ သည် ငြိမ်သက် ခြင်းကို မြော်လင့် သော်လည်း ၊ ကောင်းကျိုး ကို မ ရကြပါ။ ချမ်းသာ ကို မြော်လင့်သော်လည်း၊ ဘေး နှင့် သာ တွေ့ ရကြပါ၏။
20 ၂၀ အို ထာ​ဝ​ရ​ဘု​ရား၊ကျွန်​တော်​မျိုး​တို့​သည် မိ​မိ​တို့​အ​ပြစ်​နှင့်​ဘိုး​ဘေး​များ​၏​အ​ပြစ် များ​ကို ဖော်​ပြ​ဝန်​ခံ​ပါ​၏။ ကျွန်​တော်​မျိုး​တို့​သည်​ကိုယ်​တော်​ရှင်​အား ပြစ်​မှား​ကြ​ပါ​ပြီ။
၂၀အို ထာဝရဘုရား ၊ အကျွန်ုပ် တို့သည် ကိုယ် ဒုစရိုက် များနှင့် ဘိုးဘေး တို့၏ အပြစ် များကို ဝန်ချ ပါ၏။ ကိုယ်တော် ကို ပြစ်မှား ပါပြီ။
21 ၂၁ ကိုယ်​တော်​ရှင်​၏​နာ​မ​တော်​ကို​ထောက်​၍ ကျွန်​တော်​မျိုး​တို့​အား​စက်​ဆုပ်​ရွံ​ရှာ​တော်​မ​မူ ပါ​နှင့်။ ကိုယ်​တော်​ရှင်​၏​ဘုန်း​အ​သ​ရေ​ကို​ဆောင်​သည့် ရာ​ဇ​ပလ္လင်​တည်း​ဟူ​သော​ယေ​ရု​ရှ​လင်​မြို့​ကို အ​သ​ရေ​ပျက်​စေ​တော်​မ​မူ​ပါ​နှင့်။ ကိုယ်​တော်​ရှင်​ကျွန်​တော်​မျိုး​တို့​နှင့်​ပြု​တော် မူ​သော ပ​ဋိ​ညာဉ်​ကို​ဖျက်​တော်​မ​မူ​ပါ​နှင့်။
၂၁ကိုယ်တော် ၏နာမ ကြောင့်၊ အကျွန်ုပ်တို့ကို စက်ဆုပ် ရွံရှာတော်မ မူပါနှင့်။ ဘုန်း တော်ပလ္လင် ၏ အသရေကို ရှုတ်ချ တော်မ မူပါနှင့်။ အောက်မေ့ တော်မူပါ။ အကျွန်ုပ် တို့နှင့် ဖွဲ့သော ပဋိညာဉ် တော်ကို ဖျက် တော် မ မူပါနှင့်။
22 ၂၂ လူ​မျိုး​တ​ကာ​တို့​ကိုး​ကွယ်​သည့်​ရုပ်​တု​များ သည် မိုး​ကို​မ​ရွာ​စေ​နိုင်​ပါ။ ကောင်း​ကင်​သည်​အ​လို​အ​လျောက်​မိုး​ရေ ပေါက်​များ ကျ​လာ​အောင်​မ​တတ်​နိုင်​ပါ။ ကိုယ်​တော်​ရှင်​သာ​လျှင်​ဤ​အ​မှု​များ​ကို ပြု​တော်​မူ​သော​ကြောင့် ကျွန်​တော်​မျိုး​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား၊ ကျွန်​တော်​မျိုး​တို့​သည်​ကိုယ်​တော်​ရှင်​ကို မျှော်​ကိုး​ကြ​ပါ​၏။
၂၂သာသနာပ လူတို့ ကိုးကွယ်သော ရုပ်တု ဆင်းတုတို့တွင် ၊ မိုဃ်းရွာ စေနိုင်သော သူရှိ ပါသလော။ မိုဃ်း သည် အလိုလို ရွာ နိုင်ပါသလော။ အကျွန်ုပ် တို့ ဘုရား သခင်ထာဝရဘုရား ၊ ကိုယ်တော် သာလျှင် တတ်နိုင်တော်မူသည် မ ဟုတ်လော။ သို့ ဖြစ်၍၊ ကိုယ်တော် ကို မြော်လင့် လျက်နေ ပါမည်။ ကိုယ်တော် သည် အလုံးစုံ တို့ကို ဖန်ဆင်း သော ဘုရားဖြစ်တော်မူ၏။

< ယေရမိ 14 >