< ယေရမိ 14 >

1 မိုး​ခေါင်​ခြင်း​နှင့်​ပတ်​သက်​၍​ထာ​ဝ​ရ​ဘု​ရား သည် ငါ့​အား​မိန့်​တော်​မူ​သည်​ကား၊
which to be word LORD to(wards) Jeremiah upon word [the] drought
2 ``ယု​ဒ​ပြည်​သည်​ငို​ကြွေး​လျက်​နေ​၏။ ယု​ဒ​မြို့​တို့​သည်​နွမ်း​လျ​လျက်​နေ​၏။ ယု​ဒ​ပြည်​အ​တွက်​ဝမ်း​နည်း​ကြေ​ကွဲ​ကြ​၏။ ယေ​ရု​ရှ​လင်​မြို့​သည်​အော်​ဟစ်​လျက် အ​ကူ​အ​ညီ​တောင်း​ခံ​၍​နေ​၏။
to mourn Judah and gate her to weaken be dark to/for land: soil and outcry Jerusalem to ascend: rise
3 ချမ်း​သာ​ကြွယ်​ဝ​သူ​များ​သည်​မိ​မိ​တို့ အ​စေ​ခံ​များ​ကို​လွှတ်​၍ ရေ​အ​ခပ်​ခိုင်း​သည့်​အ​တိုင်း​အ​စေ​ခံ​တို့​သည် ရေ​ကန်​များ​သို့​သွား​ရောက်​ကြ​သော်​လည်း ရေ​ကို​မ​တွေ့​ရ​ကြ။ သူ​တို့​သည်​အိုး​ဟောင်း​လောင်း​နှင့်​ပြန်​လာ​ရ ကြ​၏။ သူ​တို့​သည်​စိတ်​ပျက်​အား​လျော့​ကာ​ဝေ​ခွဲ​မ​ရ ဖြစ်​လျက် ဦး​ခေါင်း​ခြုံ​၍​နေ​ကြ​၏။
and great their to send: depart (little their *Q(K)*) to/for water to come (in): come upon cistern not to find water to return: return article/utensil their emptily be ashamed and be humiliated and to cover head their
4 မိုး​ခေါင်​သ​ဖြင့်​မြေ​ကြီး​သည်​ခြောက်​ကပ် လျက်​နေ​၏။ လယ်​သ​မား​တို့​သည်​စိတ်​မ​ချမ်း​မ​သာ​သော ကြောင့် ဦး​ခေါင်း​ခြုံ​၍​နေ​ကြ​၏။
in/on/with for the sake of [the] land: soil to to be dismayed for not to be rain in/on/with land: country/planet be ashamed farmer to cover head their
5 ကွင်း​ပြင်​တွင်​မြက်​မ​ရှိ​တော့​သ​ဖြင့်​သ​မင်​မ​သည် မွေး​ခါ​စ​သား​ငယ်​ကို​စွန့်​ပစ်​၍​ထား​ရ​၏။
for also doe in/on/with land: country to beget and to leave: forsake for not to be grass
6 မြင်း​ရိုင်း​တို့​သည်​တောင်​ထိပ်​များ​တွင်​ရပ်​လျက် ခွေး​အ​များ​ကဲ့​သို့​အ​သက်​လု​၍​ရှူ​နေ​ကြ​၏။ သူ​တို့​သည်​အ​စာ​ငတ်​မှု​ကြောင့်​မျက်​စိ​များ မှုံ​ဝေ​လျက်​နေ​ကြ​၏။
and wild donkey to stand: stand upon bareness to long for spirit: breath like/as jackal to end: expend eye their for nothing vegetation
7 ငါ​၏​လူ​မျိုး​တော်​က​ငါ့​အား `ကျွန်​တော်​မျိုး​တို့​သည်​မိ​မိ​တို့​အ​ပြစ်​များ​၏ စွပ်​စွဲ​ခြင်း​ကို​ခံ​၍​နေ​ရ​သော်​လည်း၊ အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​တို့​အား​ကိုယ်​တော်​ရှင်​၏ နာ​မ​တော်​ကို​ထောက်​၍​ကူ​မ​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​တို့​သည်​ကြိမ်​ဖန်​များ​စွာ ကိုယ်​တော်​ရှင်​ကို ကျော​ခိုင်း​မိ​ကြ​ပါ​ပြီ။ ကိုယ်​တော်​ရှင်​အား​ပြစ်​မှား​မိ​ကြ​ပါ​ပြီ။
if iniquity: crime our to answer in/on/with us LORD to make: do because name your for to multiply faithlessness our to/for you to sin
8 ကိုယ်​တော်​ရှင်​သာ​လျှင်​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​၏ မျှော်​လင့်​ရာ​ဖြစ်​တော်​မူ​ပါ​၏။ ကျွန်​တော်​မျိုး​တို့​ဒုက္ခ​ရောက်​သော​အ​ခါ ကူ​မ​တော်​မူ​သော​အ​ရှင်​ဖြစ်​တော်​မူ​ပါ​၏။ အ​ဘယ်​ကြောင့်​ကိုယ်​တော်​ရှင်​သည် ကျွန်​တော်​မျိုး​တို့​ပြည်​တွင်​ဧည့်​သည်​ကဲ့​သို့၊ တစ်​ညဥ့်​မျှ​သာ​တည်း​ခို​သည့်​ခ​ရီး​သည်​ကဲ့​သို့ ပြု​တော်​မူ​ပါ​သ​နည်း။
hope Israel to save him in/on/with time distress to/for what? to be like/as sojourner in/on/with land: country/planet and like/as to journey to stretch to/for to lodge
9 အ​ဘယ်​ကြောင့်​ကိုယ်​တော်​ရှင်​သည် အ​ငိုက်​မိ​သူ​ကဲ့​သို့​လည်း​ကောင်း၊ ကူ​မ​နိုင်​စွမ်း​မ​ရှိ​သည့်​စစ်​သူ​ရဲ​ကဲ့​သို့ လည်း​ကောင်း ဖြစ်​တော်​မူ​ပါ​သ​နည်း။ အို ထာ​ဝ​ရ​ဘု​ရား၊ကိုယ်​တော်​ရှင်​သည်​အ​မှန်​ပင် ကျွန်​တော်​မျိုး​တို့​နှင့်​အ​တူ​ရှိ​တော်​မူ​ပါ​၏။ ကျွန်​တော်​မျိုး​တို့​သည်​ကိုယ်​တော်​ရှင်​၏ နာ​မ​တော်​ကို​ဆောင်​သော​သူ​ဖြစ်​ကြ​ပါ​၏။ ကျွန်​တော်​မျိုး​တို့​အား​စွန့်​ပစ်​တော်​မ​မူ​ပါ နှင့်' ဟု​လျှောက်​ထား​ကြ​၏။''
to/for what? to be like/as man to astonish like/as mighty man not be able to/for to save and you(m. s.) in/on/with entrails: among our LORD and name your upon us to call: call by not to rest us
10 ၁၀ ထာ​ဝ​ရ​ဘု​ရား​သည်​ထို​သူ​တို့​အ​ကြောင်း နှင့်​ပတ်​သက်​၍``သူ​တို့​သည်​ငါ့​ထံ​မှ​ထွက် ပြေး​ရန်​နှစ်​သက်​ကြ​၏။ မိ​မိ​တို့​ခြေ​ကို မ​ချုပ်​တည်း​လို​ကြ။ ထို့​ကြောင့်​ငါ​သည်​သူ တို့​ကို​မ​နှစ်​သက်။ သူ​တို့​ပြု​ခဲ့​သည့်​ဒု​စ​ရိုက် များ​ကို​အောက်​မေ့​သ​တိ​ရ​၍ သူ​တို့​အား အ​ပြစ်​ဒဏ်​ခတ်​မည်'' ဟု​မိန့်​တော်​မူ​၏။
thus to say LORD to/for people [the] this so to love: lover to/for to shake foot their not to withhold and LORD not to accept them now to remember iniquity: crime their and to reckon: punish sin their
11 ၁၁ ထာ​ဝ​ရ​ဘု​ရား​က ငါ့​အား``သင်​သည်​ထို​သူ တို့​ကို​ကူ​မ​ရန်​ငါ့​အား​မ​လျှောက်​ထား​နှင့်။-
and to say LORD to(wards) me not to pray about/through/for [the] people [the] this to/for welfare
12 ၁၂ အ​ကယ်​၍​သူ​တို့​သည်​အ​စာ​ရှောင်​၍​ပင် အ​ကူ​အ​ညီ​ဟစ်​အော်​တောင်း​ခံ​ကြ​စေ ကာ​မူ ငါ​သည်​လူ​တို့​၏​ဟစ်​အော်​သံ​ကို နား​ထောင်​လိမ့်​မည်​မ​ဟုတ်။ အ​ကယ်​၍​သူ တို့​သည်​ငါ့​အား​မီး​ရှို့​ရာ​ယဇ်​များ​နှင့် ပူ​ဇော်​သ​ကာ​များ​ကို​ပင်​ဆက်​သ​သော် လည်း ငါ​သည်​သူ​တို့​အား​နှစ်​သက်​လိမ့် မည်​မ​ဟုတ်။ ယင်း​သို့​နှစ်​သက်​မည့်​အ​စား သူ​တို့​အား​စစ်​ပွဲ​များ​တွင်​ကျ​ဆုံး​စေ​မည်။ ငတ်​မွတ်​ခေါင်း​ပါး​ခြင်း​ဘေး၊ အ​နာ​ရော​ဂါ ဘေး​သင့်​၍​သေ​စေ​မည်'' ဟု​မိန့်​တော်​မူ ပါ​၏။
for to fast nothing I to hear: hear to(wards) cry their and for to ascend: offer up burnt offering and offering nothing I to accept them for in/on/with sword and in/on/with famine and in/on/with pestilence I to end: destroy [obj] them
13 ၁၃ ထို​အ​ခါ​ငါ​က``အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ ဤ ပြည်​တွင်​စစ်​မက်​အန္တ​ရာယ်၊ ငတ်​မွတ်​ခေါင်း​ပါး ခြင်း​ဘေး​အန္တရာယ်​ကျ​ရောက်​လိမ့်​မည်​မ​ဟုတ်။ ငြိမ်း​ချမ်း​သာ​ယာ​မှု​သာ​လျှင်​ရှိ​လိမ့်​မည်​ဟု ပ​ရော​ဖက်​များ​ဟော​ပြော​လျက်​နေ​ကြ​သည် ကို​ကိုယ်​တော်​ရှင်​သိ​တော်​မူ​ပါ​၏'' ဟု လျှောက်​၏။
and to say alas! Lord YHWH/God behold [the] prophet to say to/for them not to see: see sword and famine not to be to/for you for peace truth: certain to give: give to/for you in/on/with place [the] this
14 ၁၄ သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​က``ပ​ရော​ဖက်​တို့ သည် ငါ​၏​နာ​မ​တော်​ကို​အ​မှီ​ပြု​၍ လိမ်​လည် ပြော​ဆို​နေ​ကြ​ခြင်း​ဖြစ်​သည်။ ငါ​သည်​သူ​တို့ ကို​မ​စေ​လွှတ်​ခဲ့။ သူ​တို့​အား​အ​ဘယ်​သို့​မျှ လည်း​မ​မှာ​ကြား။ အ​ဘယ်​ဗျာ​ဒိတ်​ကို​မျှ လည်း​ငါ​မ​ပေး​ခဲ့။ သူ​တို့​ဖော်​ပြ​သည့်​ဗျာ​ဒိတ် ရူ​ပါ​ရုံ​တို့​သည်​ငါ​ပြ​သည့်​ရူ​ပါ​ရုံ​များ မ​ဟုတ်။ သူ​တို့​ကြို​တင်​ဟော​ပြော​မှု​များ သည်​အ​ချည်း​နှီး​ဟော​ပြော​မှု​များ​သာ လျှင်​ဖြစ်​၏။-
and to say LORD to(wards) me deception [the] prophet to prophesy in/on/with name my not to send: depart them and not to command them and not to speak: speak to(wards) them vision deception and divination (and idol *Q(K)*) (and deceitfulness *Q(k)*) heart their they(masc.) to prophesy to/for you
15 ၁၅ ငါ​မ​စေ​လွှတ်​ဘဲ​ငါ​၏​နာ​မ​တော်​ကို​အ​မှီ ပြု​၍ ဤ​ပြည်​တွင်​စစ်​မက်​နှင့်​ငတ်​မွတ်​ခေါင်း​ပါး ခြင်း​ဘေး​အန္တ​ရာယ်​ကျ​ရောက်​လိမ့်​မည်​မ​ဟုတ် ဟု ဟော​ပြော​ကြ​သူ​ပ​ရော​ဖက်​တို့​အား​အ​ဘယ် သို့​ငါ​ပြု​မည်​ကို သင့်​အား​ငါ​ထာ​ဝ​ရ​ဘု​ရား ဖော်​ပြ​မည်။ ငါ​သည်​သူ​တို့​အား​စစ်​ပွဲ​တွင် ကျ​ဆုံး​စေ​မည်။ ငတ်​မွတ်​ခေါင်း​ပါး​ခြင်း ဘေး​သင့်​၍​သေ​စေ​မည်။-
to/for so thus to say LORD upon [the] prophet [the] to prophesy in/on/with name my and I not to send: depart them and they(masc.) to say sword and famine not to be in/on/with land: country/planet [the] this in/on/with sword and in/on/with famine to finish [the] prophet [the] they(masc.)
16 ၁၆ သူ​တို့​ဟော​ပြော​သည်​ကို​ကြား​နာ​ကြ​သူ​တို့ သည်​လည်း သူ​တို့​ကဲ့​သို့​သေ​ကြ​လိမ့်​မည်။ ငတ် မွတ်​ခေါင်း​ပါး​ခြင်း​ဘေး​နှင့် စစ်​ဘေး​တို့​ကြောင့် သူ​တို့​၏​အ​လောင်း​များ​ကို​ယေ​ရု​ရှ​လင်​မြို့ လမ်း​များ​ပေါ်​တွင်​စွန့်​ပစ်​၍​ထား​ကြ​လိမ့်​မည်။ ယင်း​တို့​ကို​အ​ဘယ်​သူ​မျှ​သင်္ဂြိုဟ်​ကြ​လိမ့်​မည် မ​ဟုတ်။ ဇ​နီး​သား​သ​မီး​များ​ပါ​မ​ကျန်၊ ထို သူ​အား​လုံး​ပင်​ဤ​နည်း​အ​တိုင်း​ဖြစ်​ရ​ကြ လိမ့်​မည်။ မိ​မိ​တို့​၏​ယုတ်​မာ​မှု​များ​အ​တွက် သူ​တို့​အား​ငါ​ဒဏ်​ခတ်​မည်'' ဟု​မိန့်​တော်​မူ​၏။
and [the] people which they(masc.) to prophesy to/for them to be to throw in/on/with outside Jerusalem from face: because [the] famine and [the] sword and nothing to bury to/for them they(masc.) woman: wife their and son: child their and daughter their and to pour: pour upon them [obj] distress: evil their
17 ၁၇ ငါ​၏​ကြေ​ကွဲ​မှု​ကို​ပြည်​သူ​တို့​အား​ဤ​သို့ ပြော​ပြ​ရန်​ငါ့​အား​ထာ​ဝ​ရ​ဘု​ရား​အ​မိန့် ပေး​တော်​မူ​၏။ ``ငါ​၏​မျက်​စိ​များ​သည်​နေ့​ညဥ့်​မ​ပြတ် မျက်​ရည်​ထွက်​လျက်​နေ​ပါ​စေ​သော။ ငါ့​အ​မျိုး​သား​တို့​သည်​ပြင်း​စွာ ဒဏ်​ရာ​ရ​လျက် များ​စွာ​နာ​ကျင်​လျက်​ရှိ​သ​ဖြင့်၊ငါ​သည်​အ​ဘယ် အ​ခါ​၌​မျှ​အ​ငို​မ​တိတ်​နိုင်​ဘဲ​ရှိ​ပါ​စေ​သော။
and to say to(wards) them [obj] [the] word [the] this to go down eye my tears night and by day and not to cease for breaking great: large to break virgin daughter people my wound be weak: grieved much
18 ၁၈ လယ်​ပြင်​များ​သို့​သွား​သော​အ​ခါ​စစ်​ပွဲ​တွင် ကျ​ဆုံး​သူ​များ​ကို​ငါ​မြင်​ရ​၏။ မြို့​များ​သို့​ဝင်​သော​အ​ခါ​လူ​တို့​အ​စာ​ငတ်​၍ သေ​ကြ​သည်​ကို​မြင်​ရ​၏။ ပ​ရော​ဖက်​များ​နှင့်​ယဇ်​ပု​ရော​ဟိတ်​များ​သည် မိ​မိ​တို့​အ​ဘယ်​သို့​သော​အ​မှု​ကို​ပြု​လျက် နေ​မှန်း​မ​သိ​ဘဲ၊ အ​လုပ်​တာ​ဝန်​များ​ကို​ထမ်း​ဆောင်​နေ​ကြ​၏။''
if to come out: come [the] land: country and behold slain: killed sword and if to come (in): come [the] city and behold disease famine for also prophet also priest to trade to(wards) land: country/planet and not to know
19 ၁၉ အို ထာ​ဝ​ရ​ဘု​ရား၊ကိုယ်​တော်​ရှင်​သည်​ယု​ဒ ပြည်​ကို အ​ပြီး​အ​ပိုင်​ပစ်​ပယ်​တော်​မူ​ပါ​ပြီ​လော။ ဇိ​အုန်​မြို့​သား​တို့​အား​မုန်း​တီး​ရွံ​ရှာ​တော် မူ​ပါ​သ​လော။ ကျွန်​တော်​မျိုး​တို့​၏​အ​နာ​ကို​ကု​သ​၍ မ​ရ​နိုင်​သည့်​တိုင်​အောင် အ​ဘယ်​ကြောင့်​ကိုယ်​တော်​ရှင်​သည် ကျွန်​တော်​မျိုး​တို့​အား၊ဤ​မျှ​ပြင်း​ထန်​စွာ ထိ​ခိုက်​ဒဏ်​ရာ​ရ​စေ​တော်​မူ​ပါ​သ​နည်း။ ကျွန်​တော်​မျိုး​တို့​သည်​ငြိမ်း​ချမ်း​သာ​ယာ​မှု​ကို စောင့်​မျှော်​ကြ​သော်​လည်း​အ​ချည်း​နှီး​သာ ဖြစ်​ပါ​၏။ အ​နာ​ပျောက်​လိမ့်​မည်​ဟု​မျှော်​လင့်​ကြ​သော်​လည်း ထိတ်​လန့်​၍​သာ​လာ​ရ​ကြ​ပါ​၏။
to reject to reject [obj] Judah if: surely yes in/on/with Zion to abhor soul your why? to smite us and nothing to/for us healing to await to/for peace and nothing good and to/for time healing and behold terror
20 ၂၀ အို ထာ​ဝ​ရ​ဘု​ရား၊ကျွန်​တော်​မျိုး​တို့​သည် မိ​မိ​တို့​အ​ပြစ်​နှင့်​ဘိုး​ဘေး​များ​၏​အ​ပြစ် များ​ကို ဖော်​ပြ​ဝန်​ခံ​ပါ​၏။ ကျွန်​တော်​မျိုး​တို့​သည်​ကိုယ်​တော်​ရှင်​အား ပြစ်​မှား​ကြ​ပါ​ပြီ။
to know LORD wickedness our iniquity: crime father our for to sin to/for you
21 ၂၁ ကိုယ်​တော်​ရှင်​၏​နာ​မ​တော်​ကို​ထောက်​၍ ကျွန်​တော်​မျိုး​တို့​အား​စက်​ဆုပ်​ရွံ​ရှာ​တော်​မ​မူ ပါ​နှင့်။ ကိုယ်​တော်​ရှင်​၏​ဘုန်း​အ​သ​ရေ​ကို​ဆောင်​သည့် ရာ​ဇ​ပလ္လင်​တည်း​ဟူ​သော​ယေ​ရု​ရှ​လင်​မြို့​ကို အ​သ​ရေ​ပျက်​စေ​တော်​မ​မူ​ပါ​နှင့်။ ကိုယ်​တော်​ရှင်​ကျွန်​တော်​မျိုး​တို့​နှင့်​ပြု​တော် မူ​သော ပ​ဋိ​ညာဉ်​ကို​ဖျက်​တော်​မ​မူ​ပါ​နှင့်။
not to spurn because name your not be senseless throne glory your to remember not to break covenant your with us
22 ၂၂ လူ​မျိုး​တ​ကာ​တို့​ကိုး​ကွယ်​သည့်​ရုပ်​တု​များ သည် မိုး​ကို​မ​ရွာ​စေ​နိုင်​ပါ။ ကောင်း​ကင်​သည်​အ​လို​အ​လျောက်​မိုး​ရေ ပေါက်​များ ကျ​လာ​အောင်​မ​တတ်​နိုင်​ပါ။ ကိုယ်​တော်​ရှင်​သာ​လျှင်​ဤ​အ​မှု​များ​ကို ပြု​တော်​မူ​သော​ကြောင့် ကျွန်​တော်​မျိုး​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား၊ ကျွန်​တော်​မျိုး​တို့​သည်​ကိုယ်​တော်​ရှင်​ကို မျှော်​ကိုး​ကြ​ပါ​၏။
there in/on/with vanity [the] nation to rain and if: surely yes [the] heaven to give: give shower not you(m. s.) he/she/it LORD God our and to await to/for you for you(m. s.) to make: do [obj] all these

< ယေရမိ 14 >