< ယေရမိ 13 >

1 ထာ​ဝ​ရ​ဘု​ရား​သည် ပိတ်​ခါး​ဝတ်​ကို​သွား ရောက်​ဝယ်​ယူ​ဝတ်​ဆင်​ရန်​ငါ့​အား​မိန့်​တော်​မူ ပြီး​လျှင် ထို​ခါး​ဝတ်​ကို​ရေ​မ​စွတ်​စို​စေ​ရန် လည်း​မှာ​ကြား​တော်​မူ​ပါ​၏။-
တဖန် ထာဝရဘုရားက၊ သင်သည် ချည်ခါးပန်း ကို သွား၍ယူပြီးလျှင် ခါး၌စည်းလော့။ ရေနှင့်မလျှော်ရ ဟု ငါ့အားမိန့်တော်မူသော စကားတော်အတိုင်း၊
2 သို့​ဖြစ်​၍​ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့် တော်​အ​တိုင်း​ပိတ်​ခါး​ဝတ်​ကို​ဝယ်​ယူ​ဝတ် ဆင်​၏။-
ငါသည် ခါးပန်းကိုယူ၍ ခါး၌စည်းလေ၏။
3 ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​အား တစ်​ဖန်​ဗျာ​ဒိတ်​ပေး​တော်​မူ​ပြန်​၏။-
ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ဒုတိယ အကြိမ် ငါ့ဆီသို့ရောက်လျှင်၊
4 ``ကိုယ်​တော်​က​ဥ​ဖ​ရတ်​မြစ်​သို့​သွား​လော့။ သင် ဝတ်​ဆင်​ထား​သည့်​ခါး​ဝတ်​ကို​ချွတ်​၍​ကျောက် တွင်း​၌​ဝှက်​ထား​လော့'' ဟု​မိန့်​တော်​မူ​၏။-
သင်သည် ခါး၌စည်းသော ခါးပန်းကို ယူပြီး လျှင်၊ ဥဖရတ်မြစ်သို့ ထသွား၍၊ ကျောက်တွင်း၌ ဝှက်ထား လော့ဟု၊
5 သို့​ဖြစ်​၍​ငါ​သည်​ဥ​ဖ​ရတ်​မြစ်​အ​နီး​သို့ သွား​၍ ထို​ခါး​ဝတ်​ကို​ဝှက်​ထား​လိုက်​၏။-
မိန့်တော်မူသည်အတိုင်း၊ ငါသည်သွား၍ ဥဖရတ်မြစ်နားမှာ ဝှက်ထား၏။
6 ထို​နောက်​ကာ​လ​အ​နည်း​ငယ်​ကြာ​သော​အ​ခါ ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​အား​ဥ​ဖ​ရတ်​မြစ် အ​နီး​သို့​ပြန်​သွား​ပြီး​လျှင် ခါး​ဝတ်​ကို​ထုတ် ယူ​ရန်​မိန့်​မှာ​တော်​မူ​၏။-
ထိုနောက်၊ ကာလအင်တန်ကြာပြီးမှ၊ ထာဝရ ဘုရားက၊ သင်သည် ထ၍ ဥဖရတ်မြစ်သို့ သွားလော့။ ထိုမြစ်နားမှာ ငါ့အမိန့်တော်နှင့် ဝှက်ထားခဲ့ပြီးသော ခါးပန်းကိုထုတ်လော့ဟု မိန့်တော်မူ၏။
7 သို့​ဖြစ်​၍​ငါ​သည်​ဥ​ဖ​ရတ်​မြစ်​သို့​သွား ပြီး​လျှင် ငါ​ဝှက်​ထား​ရာ​အ​ရပ်​ကို​ရှာ​ဖွေ​ရာ ခါး​ဝတ်​ကို​တွေ့​ရှိ​ရ​သော် ယင်း​တို့​သည်​ဆွေး မြေ့​လျက်​နေ​သ​ဖြင့်​အ​သုံး​မ​ဝင်​တော့​ချေ။
ငါသည်လည်း ဥဖရတ်မြစ်နားသို့ သွားပြီးလျှင်၊ ဝှက်ထားရာ အရပ်၌တူး၍ ခါးပန်းကို ထုတ်သောအခါ၊ ခါးပန်းသည် ဆွေးမြေ့၍ အသုံးမရဖြစ်၏။
8 ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​အား ဗျာ​ဒိတ်​ပေး​တော်​မူ​ပြန်​၏။ ကိုယ်​တော်​က၊-
ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီ သို့ရောက်၍ မိန့်တော်မူသည်ကား၊
9 ``ဤ​နည်း​အ​တိုင်း​ပင်​ငါ​သည်​ယု​ဒ​ပြည် ၏​စိတ်​နေ​မြင့်​မှု​နှင့်​ယေ​ရု​ရှ​လင်​မြို့​၏ မာန်​မာ​န​ထောင်​လွှား​မှု​ကို​ချိုး​နှိမ်​မည်။-
ထိုနည်းတူ၊ ယုဒပြည်၏ ထောင်လွှားခြင်းကို ငါရှုတ်ချမည်။ ယေရုရှလင်မြို့၏ ထောင်လွှားခြင်းကို အလွန်ရှုတ်ချမည်။
10 ၁၀ ဤ​ဆိုး​ညစ်​သူ​တို့​သည်​ငါ့​စ​ကား​ကို နား​မ​ထောင်၊ ခေါင်း​မာ​မြဲ​ခေါင်း​မာ​လျက်၊ အ​ခြား​ဘု​ရား​တို့​အား​ဝတ်​ပြု​ကိုး​ကွယ်​၍ အ​စေ​ခံ​လျက်​နေ​ကြ​လေ​ပြီ။ သို့​ဖြစ်​၍ ထို​သူ​တို့​သည်​အ​သုံး​မ​ဝင်​တော့​သည့် ခါး​ဝတ်​ကဲ့​သို့​ဖြစ်​ကြ​လိမ့်​မည်။-
၁၀ငါ့စကားကို နားမထောင်၊ မိမိစိတ်နှလုံးခိုင်မာ သော သဘောအတိုင်းကျင့်၍၊ အခြားတပါးသော ဘုရား တို့ကို ဝတ်ပြုကိုးကွယ်ခြင်းငှါ လိုက်သွားသော ဤလူဆိုး မျိုးသည်၊ အသုံးမရသော ဤခါးပန်းကဲ့သို့ ဖြစ်လိမ့်မည်။
11 ၁၁ ဣ​သ​ရေ​လ​နှင့်​ယု​ဒ​ပြည်​သား​အ​ပေါင်း တို့​သည်​ငါ​၏​လူ​မျိုး​တော်​ဖြစ်​လာ​ကြ လျက် ငါ​၏​နာ​မ​တော်​ကို​ချီး​မွမ်း​ထော မ​နာ​ပြု​ကြ​စိမ့်​သော​ငှာ ငါ​သည်​သူ​တို့ အား​လူ​၏​ခါး​၌​တင်း​ကျပ်​စွာ​ကပ်​လျက် နေ​သည့်​ခါး​ဝတ်​ကဲ့​သို့ ငါ​နှင့်​နီး​နီး​ကပ် ကပ်​ရှိ​နေ​စေ​လို​သည်။ သို့​သော်​သူ​တို့ သည်​ငါ့​စ​ကား​ကို​နား​မ​ထောင်​ကြ။
၁၁ခါးပန်းသည် လူ၏ခါး၌မှီဝဲသကဲ့သို့၊ ဣသရေလ အမျိုးရှိသမျှတို့နှင့် ယုဒအမျိုးအပေါင်းတို့သည် ငါ၏ လူမျိုး၊ ဘွဲ့နာမ၊ ဘုန်းအသရေဖြစ်စေခြင်းငှါ၊ ငါ၌မှီဝဲ စေသော်လည်း၊ သူတို့သည်နားမထောင်ကြဟု ထာဝရ ဘုရား မိန့်တော်မူ၏။
12 ၁၂ ဣ​သ​ရေ​လ​လူ​မျိုး​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​က``အ​ချင်း​ယေ​ရ​မိ၊ စ​ပျစ် ရည်​အိုး​မှန်​သ​မျှ​ကို​စ​ပျစ်​ရည်​ဖြည့်​ရ​ကြ မည်​ဟု ဣ​သ​ရေ​လ​ပြည်​သား​တို့​အား​ပြော ကြား​ရ​မည်။ သူ​တို့​က​စ​ပျစ်​ရည်​အိုး​ရှိ သ​မျှ​ကို​စ​ပျစ်​ရည်​ဖြည့်​ရ​မည်​ဖြစ်​ကြောင်း မိ​မိ​တို့​သိ​ပါ​သည်​ဟု​ပြန်​ပြော​ကြ​လိမ့် မည်။-
၁၂တဖန် ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရားက၊ သားရေဘူးရှိသမျှတို့သည် စပျစ်ရည် နှင့် ပြည့်ကြလိမ့်မည်ဟု မိန့်တော်မူကြောင်းကို၊ သင်သည် သူတို့အားပြောလော့။ သူတို့ကလည်း၊ သားရေဘူး ရှိသမျှ တို့သည် စပျစ်ရည်နှင့်ပြည့်ကြလိမ့်မည်အကြောင်းကို၊ ငါတို့မသိသလောဟု ပြန်ပြောကြလျှင်၊
13 ၁၃ ထို​အ​ခါ​ငါ​ထာ​ဝ​ရ​ဘု​ရား​သည်​ဒါ​ဝိဒ် အ​နွယ်​ဝင်​ဘု​ရင်​များ၊ ယဇ်​ပု​ရော​ဟိတ်​များ၊ ပ​ရော​ဖက်​များ​နှင့်​ယေ​ရု​ရှ​လင်​မြို့​သား များ​မှ​စ​၍ ယေ​ရု​ရှ​လင်​မြို့​ရှိ​ပြည်​သူ ပြည်​သား​အ​ပေါင်း​မူး​ယစ်​စေ​ရန် စ​ပျစ် ရည်​တိုက်​မည်​ဟု​သူ​တို့​အား​ပြော​ကြား လော့။-
၁၃သင်ကလည်း၊ ထာဝရဘုရား မိန့်တော်မူသည် ကား၊ ဒါဝိဒ်မင်းကြီး၏ ရာဇပလ္လင်ပေါ်မှာ ထိုင်သော ရှင်ဘုရင်မှစ၍ ယဇ်ပုရောဟိတ်၊ ပရောဖက်၊ ယေရုရှလင် မြို့သားရှိသမျှတို့နှင့် ပြည်သူပြည်သားအပေါင်းတို့ကို ယစ်မူးခြင်းနှင့် ငါပြည့်စေမည်။
14 ၁၄ ထို​နောက်​ငါ​သည်​အိုး​များ​ကို​တစ်​ခု​နှင့် တစ်​ခု​ထိ​ခိုက်​၍​ကွဲ​စေ​သ​ကဲ့​သို့ သူ​တို့ အား​ကြီး​ငယ်​မ​ရွေး​ဖျက်​ဆီး​မည်။ အ​ဘယ် သ​နား​ကြင်​နာ၊ က​ရု​ဏာ​စိတ်​က​မျှ​ငါ့ ကို​သူ​တို့​အား​သတ်​ဖြတ်​မှု​မှ​ဆီး​တား လိမ့်​မည်​မ​ဟုတ်'' ဟု​မိန့်​တော်​မူ​၏။
၁၄ညီအစ်ကိုချင်း၊ သားအဘချင်းတို့ကို ငါ ထိခိုက် စေမည်။ ငါသည် ကရုဏာမရှိ၊ မနှမြော၊ မကယ်မဘဲ၊ ထိုသူတို့ကို ဖျက်ဆီးမည်ဟု ထာဝရဘုရားမိန့်တော်မူ၏။
15 ၁၅ ဣ​သ​ရေ​လ​ပြည်​သား​တို့၊ ထာ​ဝ​ရ​ဘု​ရား​အ​မိန့်​ရှိ​တော်​မူ​ပြီ။ စိတ်​နှိမ့်​ချ​လျက်​နား​ထောင်​ကြ​လော့။
၁၅သင်တို့သည် နားထောင်နာယူကြလော့။ ထောင် လွှားသော စိတ်မရှိကြနှင့်။ ထာဝရဘုရား အမိန့်တော် ရှိ၏။
16 ၁၆ သင်​တို့​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား သည် မိုး​ချုပ်​စေ​တော်​မူ​သ​ဖြင့် သင်​တို့​သည်​တောင်​ပေါ်​တွင်၊ခြေ​ချော်​၍ မ​လဲ​မီ​အ​ခါ​၌​လည်း​ကောင်း၊ ကိုယ်​တော်​သည်​သင်​တို့​စောင့်​မျှော်​ရာ​အ​လင်း ကို မှောင်​မိုက်​အ​ဖြစ်​သို့၊ ပြောင်း​လဲ​စေ​တော်​မ​မူ​မီ​အ​ခါ​၌​လည်း ကောင်း သင်​တို့​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​၏ ဂုဏ်​တော်​ကို ချီး​မွမ်း​ကြ​လော့။
၁၆မိုဃ်းမချုပ်မှီ၊ မိုက်သောတောင်ပေါ်မှာ သင်တို့ သည် ထိခိုက်၍ မလဲမှီ၊ အလင်းကို မြော်လင့်သောအခါ၊ သေမင်းအရိပ်၊ ထူထပ်သော မှောင်မိုက်ကို ဖြစ်စေတော် မမူမှီ၊ သင်တို့၏ ဘုရားသခင် ထာဝရဘုရား၏ ဂုဏ်တော်ကို ချီးမွမ်းကြလော့။
17 ၁၇ အ​ကယ်​၍​သင်​တို့​နား​မ​ထောင်​ကြ​ပါ​မူ ငါ​သည်​သင်​တို့​၏​မာန်​မာ​န​ထောင်​လွှား​မှု အ​တွက် ကြိတ်​၍​ငို​ကြွေး​မည်။ ငါ​သည်​ဝမ်း​နည်း​ပက်​လက်​ငို​ကြွေး​မည်။ ထာ​ဝ​ရ​ဘု​ရား​၏​သိုး​စု​တော်​သည်​ဖမ်း​ဆီး ခေါ်​ဆောင် သွား​ခြင်း​ကို​ခံ​ရ​ပြီ​ဖြစ်​၍​ငါ့​မျက်​ရည်​စီး ကျ​မည်။
၁၇သင်တို့သည် နားမထောင်ဘဲနေလျှင် မူကား၊ သင်တို့ မာနကြောင့်၊ ငါ့စိတ်ဝိညာဉ်သည် မထင်ရှားသော အရပ်၌ ငိုကြွေးမည်။ ထာဝရဘုရား၏ သိုးစုကို သိမ်း သွားသောကြောင့်၊ ငါ့မျက်စိလည်း အလွန် ငို၍ မျက်ရည် ကျမည်။
18 ၁၈ ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​အား``ဘု​ရင်​နှင့်​သူ့ မယ်​တော်​၏​လှ​ပ​သော​သ​ရ​ဖူ​များ​သည် မိ​မိ တို့​ဦး​ခေါင်း​မှ​ပြုတ်​ကျ​ပြီ​ဖြစ်​၍ သူ​တို့ အား​မိ​မိ​တို့​၏​ရာ​ဇ​ပလ္လင်​များ​မှ​ဆင်း ကြ​ရန်​ပြော​ကြား​လော့။-
၁၈ကိုယ်ကိုကိုယ်နှိမ့်ချ၍ ထိုင်ကြလော့။ သင်တို့၌ ဘုန်းကြီးသော သရဖူသည် သင်တို့၏ ခေါင်းပေါ်မှ ဆင်းရလိမ့်မည်ဟု၊ ရှင်ဘုရင်နှင့် မိဖုရားတို့အား ပြော လော့။
19 ၁၉ တောင်​ဘက်​ယု​ဒ​မြို့​တို့​သည်​အ​ဝိုင်း​ခံ​လျက် ရှိ​၏။ ယင်း​တို့​ထံ​သို့​အ​ဘယ်​သူ​မျှ​မ​သွား နိုင်။ ယု​ဒ​ပြည်​သား​အ​ပေါင်း​တို့​သည်​အ​ဖမ်း ခံ​ရ​ကြ​လေ​ပြီ။ သူ​တို့​အား​လုံး​ပင်​ပြည်​နှင် ဒဏ်​သင့်​ကြ​လေ​ကုန်​ပြီ'' ဟု​မိန့်​တော်​မူ​၏။
၁၉တောင်ဘက် မြို့တို့ကို ပိတ်ထား၍ အဘယ် သူမျှ မဖွင့်ရ။ ယုဒပြည်သူပြည်သားအပေါင်းတို့ကို သိမ်းသွားကြပြီ။ အကုန်အစင် သိမ်းသွားကြပြီ။
20 ၂၀ ယေ​ရု​ရှ​လင်​မြို့၊ ကြည့်​လော့။ သင်​၏​ရန်​သူ များ​သည်​မြောက်​အ​ရပ်​မှ​လာ​လျက်​ရှိ​၏။ ကြည့်​ရှု​စောင့်​ရှောက်​ရန် သင့်​အား​ငါ​ပေး အပ်​ထား​သည့်​လူ​များ၊ သင်​တို့​ဂုဏ်​ယူ သည့်​လူ​မျိုး​တို့​ကား​အ​ဘယ်​မှာ​နည်း။-
၂၀မြောက်မျက်နှာကလာသော သူတို့ကို မျှော်၍ ကြည့်လော့။ သင့်အား ငါပေးသော သိုးစု၊ လှသောသိုးစု သည် အဘယ်မှာရှိသနည်း။
21 ၂၁ မိ​မိ​တို့​၏​မိတ်​ဆွေ​များ​ဟု​သင်​တို့​ထင်​မှတ် သူ​တို့​သည် သင်​တို့​ကို​နှိမ်​နင်း​၍​အုပ်​စိုး​ရန် ထာ​ဝ​ရ​ဘု​ရား​ချ​မှတ်​တော်​မူ​သော​အ​ခါ သင်​တို့​အ​ဘယ်​သို့​ပြော​ဆို​ကြ​မည်​နည်း။ သင်​တို့​သည်​သား​ဖွား​သည့်​အ​မျိုး​သ​မီး ကဲ့​သို့​ဝေ​ဒ​နာ​ခံ​ရ​ကြ​လိမ့်​မည်။-
၂၁သင်သည် ဆုံးမတော်မူခြင်းကို ခံရသောအခါ၊ အဘယ်သို့ ပြောလိမ့်မည်နည်း။ သူတို့သည် သင့်ကို အစိုးတရပြုစေခြင်းငှါ၊ သင်သည် ကိုယ်တိုင်အကြံပေးပြီး။ သားဘွားသော မိန်းမခံရသော ဝေဒနာကို သင်ခံရလိမ့် မည်မဟုတ်လော။
22 ၂၂ အ​ကယ်​၍​သင်​တို့​က``ဤ​အ​မှု​အ​ရာ​သည် အ​ဘယ်​ကြောင့်​ဖြစ်​ပျက်​ရ​ပါ​မည်​နည်း။ ငါ တို့​၏​အ​ဝတ်​များ​သည်​အ​ဘယ်​ကြောင့်​စုတ် ပြတ်​သွား​ရ​ပါ​သ​နည်း။ ငါ​တို့​သည်​အ​ဘယ် ကြောင့်​အ​နှောင့်​အ​ယှက်​ခံ​ရ​ကြ​ပါ​သ​နည်း'' ဟူ​၍​မေး​ပါ​မူ``သင်​တို့​၏​အ​ပြစ်​သည် ကြောက်​လန့်​ဖွယ်​ကောင်း​လှ​သော​ကြောင့် ဖြစ်​သည်'' ဟု​ဖြေ​ကြား​ရ​ပေ​မည်။-
၂၂သင်ကလည်း၊ အဘယ်အကြောင်းကြောင့် ဤအမှုရောက်သနည်းဟု စိတ်ထဲ၌ အောက်မေ့လျှင်၊ သင်၏အပြစ်များသောကြောင့်၊ သင့်အဝတ်ကို ချွတ်ရ၏။ ခြေနင်းကိုလည်းမစီးရ။
23 ၂၃ လူ​မည်း​သည်​မိ​မိ​၏​အ​သား​အ​ရောင်​ကို ပြောင်း​လဲ​စေ​နိုင်​ပါ​သ​လော။ သို့​တည်း​မ ဟုတ်​ကျား​သစ်​သည်​မိ​မိ​၏​အ​ကွက်​များ ကို​ဖယ်​ရှား​ပစ်​နိုင်​ပါ​သ​လော။ အ​ကယ်​၍ ဤ​အ​မှု​အ​ရာ​များ​ကို​ပြု​လုပ်​နိုင်​မည် ဆို​ပါ​မူ ဒု​စ​ရိုက်​ကို​သာ​လျှင်​ပြု​ကျင့် တတ်​သူ​သင်​တို့​သည်​လည်း သု​စ​ရိုက်​သို့ ပြောင်း​လဲ​ပြု​ကျင့်​ကောင်း​ပြု​ကျင့်​နိုင်​ကြ ပေ​လိမ့်​မည်။-
၂၃အဲသယောပိလူသည် မိမိအရေ၏ အဆင်းကို၎င်း၊ ကျားသစ်သည် မိမိအကွက်အကျားတို့ကို၎င်း ပြောင်းလဲနိုင်သလော။ ပြောင်းလဲနိုင်လျှင်၊ ဒုစရိုက်ကို ပြုလေ့ရှိသော သူတို့သည်၊ သုစရိုက်ကိုပြုခြင်းငှါ တတ်နိုင် ကြလိမ့်မည်။
24 ၂၄ ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​အား​သဲ​ကန္တာ​ရ မှ​လာ​သော​လေ​ပြင်း​တွင် လွင့်​ပါ​သွား​သည့် ဖွဲ​ကဲ့​သို့​ကွဲ​လွင့်​စေ​တော်​မူ​လိမ့်​မည်။-
၂၄ထိုကြောင့်၊ ဖွဲကို လေပြင်းတိုက် လွှင့်သကဲ့သို့၊ ထိုသူတို့ကို ငါလွင့်စေမည်။
25 ၂၅ ဤ​သည်​ကား​သင်​တို့​ကံ​ကြမ္မာ​ဖြစ်​လိမ့်​မည် ဟု​ထာ​ဝ​ရ​ဘု​ရား​က​မိန့်​တော်​မူ​လေ​ပြီ။ သင်​တို့​သည်​ကိုယ်​တော်​အား​မေ့​လျော့​ကာ ဘု​ရား​အ​တု​အ​ယောင်​များ​ကို​ယုံ​ကြည် အား​ကိုး​ကြ​သည်​ဖြစ်​၍၊ ကိုယ်​တော်​သည် သင်​တို့​အား​ဤ​သို့​စီ​ရင်​ရန်​ဆုံး​ဖြတ် တော်​မူ​ခြင်း​ဖြစ်​၏။-
၂၅သင်သည်ငါ့ကို မေ့လျော့၍၊ မုသာ၌ မှီဝဲ ဆည်းကပ်သောကြောင့်၊ သင့်အဘို့ ငါတိုင်းထွာ၍ ပေး လတံ့သော အငန်းအတာကား ဤသို့တည်း။
26 ၂၆ ထာ​ဝ​ရ​ဘု​ရား​ကိုယ်​တော်​တိုင်​ပင်​သင်​တို့ ၏​အ​ဝတ်​များ​ကို​ဆွဲ​ချွတ်​တော်​မူ​၍ သင် တို့​အား​အ​ရှက်​ကွဲ​စေ​တော်​မူ​လိမ့်​မည်။-
၂၆ထိုသို့နှင့်အညီ သင်ရှက်စရာအကြောင်းကို ထင်ရှားစေခြင်းငှါ၊ သင်၏ အဝတ်ကို ငါဖွင့်လှစ်၍ ပြမည်။
27 ၂၇ ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​စက်​ဆုတ်​သည့် အ​မှု​များ​ကို သင်​တို့​ပြု​ကျင့်​ကြ​သည်​ကို မြင်​တော်​မူ​ပြီ။ သင်​တို့​သည်​အိမ်​နီး​ချင်း​၏ ဇ​နီး​ကို​တပ်​မက်​သူ​ကဲ့​သို့၊ မြင်း​မ​ကို​တပ် မက်​၍​ဟီ​သည့်​မြင်း​လား​ကဲ့​သို့၊ တောင်​ကုန်း များ၊ လယ်​ကွင်း​များ​တွင်​အ​ရှက်​ကင်း​မဲ့​စွာ ပြည့်​တန်​ဆာ​လုပ်​ငန်း​ကို​လုပ်​ကြ​၏။ ယေ​ရု ရှ​လင်​မြို့​သား​တို့၊ သင်​တို့​သည်​အ​မင်္ဂ​လာ ရှိ​ပါ​သည်​တ​ကား။ အ​ဘယ်​အ​ခါ​မှ​သင် တို့​သည်​သန့်​စင်​၍​လာ​ကြ​မည်​နည်း။
၂၇သင်၏ မျောက်မထားခြင်း၊ ဟီမြည်ခြင်း၊ မတရားသော မေထုန် ၏ညစ်ညူးခြင်း၊ တောင်ပေါ်၌၎င်း၊ လယ်ပြင်၌၎င်းပြုသော စက်ဆုပ်ရွံရှာဘွယ်တို့ကို ငါ သိမြင်၏။ အိုယေရုရှလင်မြို့၊ သင်သည် အမင်္ဂလာရှိ၏။ သန့်ရှင်းခြင်းသို့ မရောက်ဘဲ အဘယ်မျှကာလပတ်လုံး နေလိမ့်မည်နည်းဟု ထာဝရဘုရား မိန့်တော်မူ၏။

< ယေရမိ 13 >