< ယေရမိ 11 >
1 ၁ ထာဝရဘုရားသည်ငါ့အားမိန့်တော်မူသည်မှာ၊
Iri ndiro shoko rakauya kuna Jeremia richibva kuna Jehovha:
2 ၂ ``ဤပဋိညာဉ်တော်တွင်ပါရှိသည့်အချက် အလက်များကိုနားထောင်လော့။ ဣသရေလ အမျိုးသားတို့၏ဘုရားသခင်ငါထာဝရ ဘုရားသည် ထိုပဋိညာဉ်ပါအချက်အလက် များကိုမလိုက်နာသူမှန်သမျှအား ကျိန်စာ သင့်စေတော်မူမည်ဖြစ်ကြောင်းယုဒပြည် သားတို့နှင့်ယေရုရှလင်မြို့သားတို့အား ပြောကြားလော့။-
“Inzwai mashoko esungano iyi mugoazivisa kuvanhu veJudha nokuna vanogara muJerusarema.
Muvaudze kuti zvanzi naJehovha Mwari waIsraeri, ‘Akatukwa munhu asingateereri mashoko esungano iyi,
4 ၄ ထိုပဋိညာဉ်သည်သူတို့၏ဘိုးဘေးများအား သံမီးဖိုကြီးနှင့်တူသောအီဂျစ်ပြည်မှ ငါ ထုတ်ဆောင်လာစဉ်အခါကချုပ်ဆိုခဲ့သည့် ပဋိညာဉ်ဖြစ်၏။ ငါသည်ထိုသူတို့အားငါ့ စကားကိုနားထောင်ကြရန်၊ ငါခိုင်းစေသမျှ သောအမှုတို့ကိုပြုလုပ်ကြရန်မှာကြားခဲ့ ၏။ အကယ်၍သူတို့သည်ငါ၏စကားကို နားထောင်ကြမည်ဆိုပါမူ ငါ၏လူမျိုး တော်ဖြစ်ရကြလျက်၊ ငါသည်လည်းသူတို့ ၏ဘုရားဖြစ်တော်မူမည်။-
mashoko andakarayira madzitateguru enyu pandakavabudisa muIjipiti kubva muchoto chamatare.’ Ndakati, ‘Nditeererei mugoita zvose zvandinokurayirai, mugova vanhu vangu, ini ndigova Mwari wenyu.
5 ၅ ထိုနောက်ယခုသူတို့နေထိုင်လျက်ရှိရာနို့ နှင့်ပျားရည်စီးသည့်ပြည်ကို သူတို့၏ဘိုး ဘေးများအားပေးအပ်ရန်ငါပြုခဲ့သည့် သစ္စာကတိကိုလည်းတည်စေမည်ဖြစ် ကြောင်းသူတို့အားငါပြောကြားခဲ့၏။ ငါက``မှန်လှပါ၊ အို ထာဝရဘုရား'' ဟု လျှောက်လေ၏။
Ipapo ndichazadzisa mhiko yandakapika kumadzitateguru enyu, kuti ndichavapa nyika inoyerera mukaka nouchi,’ nyika yava yenyu nhasi.” Ndakapindura ndichiti, “Ameni, Jehovha.”
6 ၆ ထိုအခါထာဝရဘုရားက ငါ့အား``ယုဒ မြို့များနှင့်ယေရုရှလင်လမ်းများသို့သွား လော့။ ထိုအရပ်တို့တွင်ငါ၏ဗျာဒိတ်တော်ကို ကြေညာကာ၊ ပဋိညာဉ်တော်တွင်ပါရှိသည့် အချက်အလက်များကိုနားထောင်လိုက်နာ ကျင့်သုံးရန်သူတို့အားပြောကြားလော့။-
Jehovha akati kwandiri, “Paridza mashoko aya ose mumaguta eJudha nomumigwagwa yeJerusarema uchiti, ‘Inzwai mashoko esungano iyi muatevere.
7 ၇ သူတို့၏ဘိုးဘေးများအားအီဂျစ်ပြည်မှ ထုတ်ဆောင်လာစဉ်အခါက ငါသည်သူတို့ အားငါ၏စကားကိုနားထောင်ကြရန်ကြပ် တည်းစွာသတိပေးခဲ့၏။ ယနေ့ထိတိုင် အောင်ဆက်လက်၍သတိပေး၏။-
Kubva panguva yandakabudisa madzitateguru enyu kubva muIjipiti kusvikira nhasi, ndakavayambira ndavayambirazve ndichiti, “Nditeererei.”
8 ၈ သို့ရာတွင်သူတို့သည်ငါ့စကားကိုနားမ ထောင်ကြ။ လိုက်နာမှုလည်းမပြုကြ။ သူတို့ အားလုံးပင်ခေါင်းမာမြဲခေါင်းမာလျက်ဆိုး ညစ်မြဲဆိုးညစ်လျက်နေကြ၏။ ငါသည်သူ တို့အားလိုက်နာရန်အမိန့်ချမှတ်ထားလျက် နှင့်သူတို့မလိုက်နာကြသော ပဋိညာဉ်တော် တွင်ဖော်ပြပါရှိသည့်ကျိန်စာများကိုသူ တို့အပေါ်သို့သက်ရောက်စေ၏'' ဟုမိန့်တော် မူ၏။
Asi havana kuteerera kana kuva nehanya; asi vakatevera kusindimara kwemwoyo yavo yakaipa. Saka ndakauyisa pamusoro pavo kutuka kwose kwesungano yandakanga ndavarayira kuti vatevere asi havana kuichengeta.’”
9 ၉ ထိုနောက်ထာဝရဘုရားသည် ငါ့အား``ယုဒ ပြည်သားများနှင့်ယေရုရှလင်မြို့သူမြို့ သားတို့သည် ငါ့ကိုပုန်ကန်လျက်နေကြ၏။-
Ipapo Jehovha akati kwandiri, “Pane rangano pakati pavanhu veJudha navanogona kundimukira navanogara muJerusarema.
10 ၁၀ ငါ့စကားကိုနားမထောင်သူမိမိတို့ဘိုး ဘေးများပြုကျင့်ခဲ့သည့်အပြစ်ဒုစရိုက် များကိုပင်ပြန်လည်ပြုကျင့်လျက်နေကြ လေပြီ။ သူတို့သည်အခြားဘုရားကိုဝတ် ပြုကိုးကွယ်ကြလေပြီ။ ဣသရေလအမျိုး သားများနှင့်ယုဒအမျိုးသားများသည် ငါနှင့်မိမိတို့ဘိုးဘေးများပြုခဲ့သည့် ပဋိညာဉ်ကိုချိုးဖောက်ကြလေပြီ။-
Vadzokera pazvakaipa zvamadzitateguru avo, avo vakaramba kuteerera mashoko angu. Vakatevera vamwe vamwari kuti vavashumire. Dzimba mbiri idzi, yaIsraeri neyaJudha dzakaputsa sungano yandakaita namadzitateguru avo.
11 ၁၁ ထို့ကြောင့်သူတို့အပေါ်သို့ငါသက်ရောက် စေမည့်ဘေးအန္တရာယ်ဆိုးမှသူတို့သည် လွတ်မြောက်ကြလိမ့်မည်မဟုတ်ကြောင်း ငါထာဝရဘုရားသတိပေး၏။ ကူမ တော်မူရန်သူတို့ဟစ်အော်ကြသောအခါ ၌လည်းငါနားထောင်လိမ့်မည်မဟုတ်။-
Naizvozvo zvanzi naJehovha, ‘Ndichauyisa njodzi pamusoro pavo yavasingagoni kupunyuka. Kunyange vakachema kwandiri handingavateereri.
12 ၁၂ ထိုအခါယုဒပြည်သားများနှင့်ယေရု ရှလင်မြို့သူမြို့သားတို့သည် မိမိတို့ယဇ် ပူဇော်သည့်ဘုရားများထံသို့ဟစ်အော်ကာ အကူအညီတောင်းခံကြလိမ့်မည်။ သို့ရာ တွင်ထိုဘုရားတို့သည်ဘေးအန္တရာယ်ကျ ရောက်လာချိန်၌ကူမနိုင်ကြလိမ့်မည်မ ဟုတ်။-
Maguta eJudha navanhu veJerusarema vachaenda kundodana kuna vamwari vavaipisira zvinonhuhwira, asi havazovabatsiri zvachose pavanosvikirwa nenjodzi.
13 ၁၃ ယုဒပြည်တွင်မြို့အရေအတွက်များသည် နှင့်အမျှ ပြည်သားတို့တွင်လည်းဘုရား အရေအတွက်များပေသည်။ ယေရုရှလင် မြို့တွင်လည်းလမ်းအရေအတွက်များသည် နှင့်အမျှမြို့သူမြို့သားတို့သည် ရှက်ဖွယ် သောဗာလဘုရားအတွက်ယဇ်တို့ကိုပူဇော် ရန်ယဇ်ပလ္လင်များကိုတည်ထားကြလေသည်။-
Una vamwari vakawanda sokuwanda kwakaita maguta ako, iwe Judha; uye aritari dzamakamisa kuti mupisire zvinonhuhwira kuna mwari anonyadzisa, iye Bhaari, dzakawanda sokuwanda kwakaita migwagwa yeJerusarema.’
14 ၁၄ ယေရမိ၊ ထိုသူတို့အဖို့နှင့်သူတို့၏ကိုယ် စားငါ့ထံသို့မတောင်းပန်နှင့်၊ အသနားမ ခံနှင့်။ ဆုတောင်းပတ္ထနာလည်းမပြုနှင့်။ သူတို့ ဒုက္ခရောက်၍ကူမရန်ငါ့ထံဟစ်အော်ကြ သောအခါငါသည်နားထောင်လိမ့်မည်မ ဟုတ်'' ဟုမိန့်တော်မူ၏။
“Usanyengeterera vanhu kana kupa chikumbiro chipi zvacho kana kuvakumbirira, nokuti handizoteereri pavanodana kwandiri panguva yokutambudzika kwavo.
15 ၁၅ ထာဝရဘုရားက``ငါချစ်မြတ်နိုးသည့် လူတို့သည် မကောင်းမှုများကိုပြုကျင့် လျက်နေကြ၏။ သူတို့မှာအဘယ်သို့လျှင် ငါ၏ဗိမာန်တော်သို့ဝင်ရောက်ခွင့်ရှိသနည်း။ တိရစ္ဆာန်များကိုယဇ်ပူဇော်ခြင်းအားဖြင့် သက်ရောက်လတ္တံ့သောဘေးအန္တရာယ်ဆိုးကို ဖယ်ရှားနိုင်မည်ဟုထင်မှတ်ကြသလော။ သူ တို့သည်ဆိုးညစ်မှုများကိုပြုလုပ်လျက် ဝမ်းမြောက်ကြမည်လော။-
“Ko, mudiwa wangu ari kuitei mutemberi yangu, zvaari kuita mabasa ake akaipa navazhinji? Ko, nyama yakatsaurwa ingadzivisa kurohwa kwako here? Pamunoita zvakaipa zvenyu, ipapo imi mofara.”
16 ၁၆ အခါတစ်ပါးကထာဝရဘုရားသည်ထို သူတို့အားအရွက်များဖြင့်စိမ်းလန်းဝေဆာ ၍ လှပသောအသီးများနှင့်ပြည့်နှက်လျက် ရှိသည့်သံလွင်ပင်ဟုခေါ်ဆိုသမုတ်ခဲ့၏။ သို့ရာတွင်ယခုအခါ၌သူသည်မိုးကြိုး သံနှင့်တူသောအသံဖြင့် ထိုအပင်အရွက် များကိုမီးရှို့၍အကိုင်းအခက်များကို ချိုးတော်မူမည်။
Jehovha akati ndiwe muti womuorivhi une upenyu, une michero yakanaka yakaurungana. Asi nokutinhira kwemhepo ine simba achautungidza nomoto, uye matavi awo achavhunika.
17 ၁၇ ``အနန္တတန်ခိုးရှင်ငါထာဝရဘုရားသည် ဣသရေလပြည်နှင့်ယုဒပြည်ကိုပြုစု ပျိုးထောင်ပေးခဲ့၏။ သို့ရာတွင်ယခုအခါ ငါသည်ထိုပြည်များအပေါ်သို့ ဘေးအန္တရာယ် ဆိုးကိုသက်ရောက်စေမည်။ သူတို့သည်ဒုစ ရိုက်ကိုပြုခဲ့ကြသည်ဖြစ်၍ဗာလဘုရား ကိုယဇ်ပူဇော်ခြင်းအားဖြင့်သူတို့သည် ငါ ၏အမျက်တော်ကိုလှုံ့ဆော်ကြလေပြီ။''
Jehovha Wamasimba Ose, iye akakusima, atema chirevo chezvakaipa kwauri, nokuti imba yaIsraeri neimba yaJudha vakaita zvakaipa, vakanditsamwisa nokupisira Bhaari zvinonhuhwira.
18 ၁၈ ငါ့ကိုသတ်ဖြတ်ရန် ရန်သူတို့လျှို့ဝှက်စွာ ကြံစည်လျက်နေကြောင်း ငါ့အားထာဝရ ဘုရားဗျာဒိတ်ပေးတော်မူ၏။-
Nokuti Jehovha akandionesa rangano yavo, ndikaiziva, nokuti panguva iyoyo akandiratidza zvavakanga vachiita.
19 ၁၉ ငါသည်သတ်ရန်ထုတ်ဆောင်သွားသည့် သိုး ငယ်ကဲ့သို့ယုံကြည်စိတ်ချတတ်သူဖြစ်ပေ သည်။ ငါ့ကိုသူတို့မကောင်းကြံလျက်နေ ကြကြောင်းကိုငါမသိ။ သူတို့က``စိမ်းလန်း စိုပြေလျက်နေချိန်၌ သစ်ပင်ကိုခုတ်လှဲ ကြကုန်အံ့။ သူ့အားနောင်အခါအဘယ်သူ မျှသတိမရကြစေရန် သူ့ကိုငါတို့သတ် ဖြတ်ကြကုန်အံ့'' ဟုဆိုကြ၏။
Ndakanga ndakaita segwayana rakapfava riri kuendeswa kundobayiwa; ndakanga ndisingazivi kuti vakanga vandirangana, vachiti, “Ngatiparadzei muti nemichero yawo; ngatimubvisei panyika yavapenyu, kuti zita rake rirege kuzorangarirwazve.”
20 ၂၀ ထိုအခါငါသည်``အို အနန္တတန်ခိုးရှင်ထာဝရ ဘုရား၊ ကိုယ်တော်ရှင်သည်ဖြောင့်မှန်စွာတရား စီရင်တော်မူတတ်သောအရှင်ဖြစ်တော်မူ ပါ၏။ လူတို့၏အကြံအစည်နှင့်စိတ်နေ သဘောထားတို့ကိုလည်းစစ်ဆေးကြည့်ရှု တော်မူတတ်ပါ၏။ ကျွန်တော်မျိုးသည်မိမိ ၏အမှုကိုကိုယ်တော်ရှင်၏လက်တော်တွင် အပ်နှံထားပါပြီ။ သို့ဖြစ်၍ထိုသူတို့အား ကိုယ်တော်ရှင်လက်စားချေတော်မူသည်ကို ကျွန်တော်မျိုးမြင်ပါရစေ'' ဟုဆုတောင်း၏။
Asi imi Jehovha Wamasimba Ose, iyemi munotonga nokururama, uye munoedza mwoyo nendangariro, ngandione kutsiva kwenyu pamusoro pavo, nokuti ndakaisa mhaka yangu kwamuri.
21 ၂၁ အာနသုတ်မြို့သားတို့အတွက်ထာဝရ ဘုရားမိန့်တော်မူ၏။ အဘယ်ကြောင့်ဆိုသော် ထိုမြို့သားတို့သည် ငါ့အားသတ်လိုသဖြင့် ထာဝရဘုရား၏ဗျာဒိတ်တော်ကိုဆက်လက် ဟောပြောလျှင် ငါ့ကိုသတ်မည်ဟုဆိုကြ၏။-
“Naizvozvo zvanzi naJehovha pamusoro pavarume veAnatoti vari kutsvaka kukuuraya, vachiti, ‘Regai kuprofita nezita raJehovha nokuti ungafa namaoko edu,’
22 ၂၂ သို့ဖြစ်၍အနန္တတန်ခိုးရှင်ထာဝရဘုရား က``ငါသည်သူတို့အားအပြစ်ဒဏ်ခတ်မည်။ သူတို့၏လူငယ်လူရွယ်များသည်စစ်ပွဲတွင် ကျဆုံးကြလိမ့်မည်။ သူတို့၏ကလေးသူငယ် များသည်လည်း အစာရေစာငတ်၍သေကြ လိမ့်မည်။-
naizvozvo zvanzi naJehovha Wamasimba Ose, ‘Ndichavaranga. Majaya avo achafa nomunondo, vanakomana navanasikana vavo vachafa nenzara.
23 ၂၃ အာနသုတ်မြို့သားတို့ပေါ်သို့ဘေးအန္တရာယ် ဆိုးကျရောက်လာသောနေ့ကိုငါသတ်မှတ် ပြီ။ ထိုနေ့၌သူတို့တစ်ဦးတစ်ယောက်မျှ အသက်ရှင်လျက်ကျန်ရှိမည်မဟုတ်'' ဟုမိန့်တော်မူ၏။
Hakuna kunyange mumwe achasara kwavari, nokuti ndichauyisa njodzi pamusoro pavarume veAnatoti mugore rokurangwa kwavo.’”