< ယေရမိ 11 >

1 ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​အား​မိန့်​တော်​မူ​သည်​မှာ၊
ယေရမိ သို့ ရောက် လာသော ထာဝရဘုရား ၏ နှုတ်ကပတ် တော်ဟူမူကား၊
2 ``ဤ​ပ​ဋိ​ညာဉ်​တော်​တွင်​ပါ​ရှိ​သည့်​အ​ချက် အလက်​များ​ကို​နား​ထောင်​လော့။ ဣ​သ​ရေ​လ အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​ငါ​ထာ​ဝ​ရ ဘု​ရား​သည် ထို​ပ​ဋိ​ညာဉ်​ပါ​အ​ချက်​အ​လက် များ​ကို​မ​လိုက်​နာ​သူ​မှန်​သ​မျှ​အား ကျိန်​စာ သင့်​စေ​တော်​မူ​မည်​ဖြစ်​ကြောင်း​ယု​ဒ​ပြည် သား​တို့​နှင့်​ယေ​ရု​ရှ​လင်​မြို့​သား​တို့​အား ပြော​ကြား​လော့။-
ဤ ပဋိညာဉ် စကား ကို နားထောင် ကြလော့။ သင်သည် ယုဒ ပြည်သူ ၊ ယေရုရှလင် မြို့သား တို့အား ၊
3
ဣသရေလ အမျိုး၏ဘုရား သခင်ထာဝရဘုရား ၏ အမိန့် တော်ကို ဟောပြော ဆင့်ဆိုရမည်မှာ၊
4 ထို​ပ​ဋိ​ညာဉ်​သည်​သူ​တို့​၏​ဘိုး​ဘေး​များ​အား သံ​မီး​ဖို​ကြီး​နှင့်​တူ​သော​အီ​ဂျစ်​ပြည်​မှ ငါ ထုတ်​ဆောင်​လာ​စဉ်​အ​ခါ​က​ချုပ်​ဆို​ခဲ့​သည့် ပဋိ​ညာဉ်​ဖြစ်​၏။ ငါ​သည်​ထို​သူ​တို့​အား​ငါ့ စ​ကား​ကို​နား​ထောင်​ကြ​ရန်၊ ငါ​ခိုင်း​စေ​သ​မျှ သော​အ​မှု​တို့​ကို​ပြု​လုပ်​ကြ​ရန်​မှာ​ကြား​ခဲ့ ၏။ အ​ကယ်​၍​သူ​တို့​သည်​ငါ​၏​စ​ကား​ကို နား​ထောင်​ကြ​မည်​ဆို​ပါ​မူ ငါ​၏​လူ​မျိုး တော်​ဖြစ်​ရ​ကြ​လျက်၊ ငါ​သည်​လည်း​သူ​တို့ ၏​ဘုရား​ဖြစ်​တော်​မူ​မည်။-
ယနေ့ဖြစ်သည်နှင့်အညီ၊ နို့ နှင့် ပျားရည် စီး သောပြည် ကို ငါပေး မည်ဟု၊ သင် တို့၏ ဘိုးဘေး များ၌ ငါကျိန်ဆို သော သစ္စာ ဂတိကို စောင့် ရသောအခွင့်ရှိစေခြင်းငှါ၊ သင် တို့သည် ငါ ၏ လူ ဖြစ် ၍ ၊ ငါ သည်လည်း သင် တို့၏ ဘုရား ဖြစ် မည် အကြောင်း ၊ ငါ့ စကား ကို နားထောင် ၍ ၊ ငါမှာ ထား သမျှ အတိုင်း ကျင့် ကြလော့ဟု၊
5 ထို​နောက်​ယ​ခု​သူ​တို့​နေ​ထိုင်​လျက်​ရှိ​ရာ​နို့ နှင့်​ပျား​ရည်​စီး​သည့်​ပြည်​ကို သူ​တို့​၏​ဘိုး ဘေး​များ​အား​ပေး​အပ်​ရန်​ငါ​ပြု​ခဲ့​သည့် သစ္စာ​က​တိ​ကို​လည်း​တည်​စေ​မည်​ဖြစ် ကြောင်း​သူ​တို့​အား​ငါ​ပြော​ကြား​ခဲ့​၏။ ငါ​က``မှန်​လှ​ပါ၊ အို ထာ​ဝ​ရ​ဘု​ရား'' ဟု လျှောက်​လေ​၏။
သံ မီးဖို တည်းဟူသောအဲဂုတ္တု ပြည် မှ သင် တို့၏ဘိုးဘေး များကို နှုတ် ဆောင် သောအခါ သူတို့၌ ငါထား သော ပဋိညာဉ် တရားစကား ကို နား မ ထောင်သော သူ သည် ကျိန် တော်မူခြင်းကို ခံစေဟု မိန့် တော်မူလျှင်၊ ငါက၊ အိုထာဝရဘုရား ၊ အာမင် ဟု လျှောက် ၏။
6 ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​က ငါ့​အား``ယု​ဒ မြို့​များ​နှင့်​ယေ​ရု​ရှ​လင်​လမ်း​များ​သို့​သွား လော့။ ထို​အ​ရပ်​တို့​တွင်​ငါ​၏​ဗျာ​ဒိတ်​တော်​ကို ကြေ​ညာ​ကာ၊ ပ​ဋိ​ညာဉ်​တော်​တွင်​ပါ​ရှိ​သည့် အ​ချက်​အ​လက်​များ​ကို​နား​ထောင်​လိုက်​နာ ကျင့်​သုံး​ရန်​သူ​တို့​အား​ပြော​ကြား​လော့။-
ထာဝရဘုရား ကလည်း ၊ သင်သည် ယုဒ မြို့ များ နှင့် ယေရုရှလင် မြို့လမ်း များတို့၌ ဟစ်ကြော် ရမည်စကား ဟူမူကား၊ သင်တို့သည် ဤ ပဋိညာဉ် စကား ကို နားထောင် ၍ ကျင့် ကြလော့။
7 သူ​တို့​၏​ဘိုး​ဘေး​များ​အား​အီ​ဂျစ်​ပြည်​မှ ထုတ်​ဆောင်​လာ​စဉ်​အ​ခါ​က ငါ​သည်​သူ​တို့ အား​ငါ​၏​စ​ကား​ကို​နား​ထောင်​ကြ​ရန်​ကြပ် တည်း​စွာ​သ​တိ​ပေး​ခဲ့​၏။ ယ​နေ့​ထိ​တိုင် အောင်​ဆက်​လက်​၍​သ​တိ​ပေး​၏။-
အကြောင်း မူကား၊ ငါ့ စကား ကို နားထောင် ကြလော့ဟု၊ သင် တို့၏ ဘိုးဘေး များကို အဲဂုတ္တု ပြည် က ငါ နှုတ် ဆောင်သောနေ့ မှစ၍ ယနေ့ တိုင်အောင် ၊ ငါသည် စောစော ထ၍ အထပ်ထပ်ဆုံးမ သော်လည်း ၊
8 သို့​ရာ​တွင်​သူ​တို့​သည်​ငါ့​စ​ကား​ကို​နား​မ ထောင်​ကြ။ လိုက်​နာ​မှု​လည်း​မ​ပြု​ကြ။ သူ​တို့ အား​လုံး​ပင်​ခေါင်း​မာ​မြဲ​ခေါင်း​မာ​လျက်​ဆိုး ညစ်​မြဲ​ဆိုး​ညစ်​လျက်​နေ​ကြ​၏။ ငါ​သည်​သူ တို့​အား​လိုက်​နာ​ရန်​အ​မိန့်​ချ​မှတ်​ထား​လျက် နှင့်​သူ​တို့​မ​လိုက်​နာ​ကြ​သော ပ​ဋိ​ညာဉ်​တော် တွင်​ဖော်​ပြ​ပါ​ရှိ​သည့်​ကျိန်​စာ​များ​ကို​သူ တို့​အ​ပေါ်​သို့​သက်​ရောက်​စေ​၏'' ဟု​မိန့်​တော် မူ​၏။
သူတို့သည် နား မ ထောင်၊ နား ကို မ လှည့် ဘဲ ဆိုးညစ် သော မိမိ တို့ စိတ် နှလုံးခိုင်မာ ခြင်းရှိသည်အတိုင်း၊ တယောက်မျှ မကြွင်း၊ လိုက် သွားကြသောကြောင့် ၊ ငါမှာ ထား၍၊ သူတို့မ ကျင့် သော ဤ ပဋိညာဉ် စကား အလုံးစုံ တို့ကို၊ သူ တို့အပေါ် ၌ ငါသက်ရောက် စေမည်ဟု မိန့် တော်မူ ၏။
9 ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​အား``ယု​ဒ ပြည်​သား​များ​နှင့်​ယေ​ရု​ရှ​လင်​မြို့​သူ​မြို့ သား​တို့​သည် ငါ့​ကို​ပုန်​ကန်​လျက်​နေ​ကြ​၏။-
တဖန် ထာဝရဘုရား သည် ငါ့ အား မိန့် တော်မူသည် ကား၊ ယုဒ ပြည်သူ ၊ ယေရုရှလင် မြို့သား တို့သည် သင်းဖွဲ့ ကြ၏။
10 ၁၀ ငါ့​စ​ကား​ကို​နား​မ​ထောင်​သူ​မိ​မိ​တို့​ဘိုး ဘေး​များ​ပြု​ကျင့်​ခဲ့​သည့်​အ​ပြစ်​ဒု​စ​ရိုက် များ​ကို​ပင်​ပြန်​လည်​ပြု​ကျင့်​လျက်​နေ​ကြ လေ​ပြီ။ သူ​တို့​သည်​အ​ခြား​ဘု​ရား​ကို​ဝတ် ပြု​ကိုး​ကွယ်​ကြ​လေ​ပြီ။ ဣသ​ရေ​လ​အ​မျိုး သား​များ​နှင့်​ယု​ဒ​အ​မျိုး​သား​များ​သည် ငါ​နှင့်​မိ​မိ​တို့​ဘိုး​ဘေး​များ​ပြု​ခဲ့​သည့် ပ​ဋိ​ညာဉ်​ကို​ချိုး​ဖောက်​ကြ​လေ​ပြီ။-
၁၀ငါ့ စကား ကို ငြင်းပယ် သော ဘိုးဘေး တို့၏ ဒုစရိုက် များကို ပြုအံ့သောငှါ ပြန် သွားကြပြီ။ အခြား တပါး သော ဘုရား တို့ကို ဝတ်ပြု အံ့သောငှါ လိုက် သွားကြပြီ။ သူ တို့၏ ဘိုးဘေး များနှင့် ငါဖွဲ့ သော ပဋိညာဉ် တရားကို ဣသရေလ အမျိုး နှင့် ယုဒ အမျိုးသား တို့သည် ဖျက် ကြပြီ။
11 ၁၁ ထို့​ကြောင့်​သူ​တို့​အ​ပေါ်​သို့​ငါ​သက်​ရောက် စေ​မည့်​ဘေး​အန္တ​ရာယ်​ဆိုး​မှ​သူ​တို့​သည် လွတ်​မြောက်​ကြ​လိမ့်​မည်​မ​ဟုတ်​ကြောင်း ငါ​ထာ​ဝ​ရ​ဘု​ရား​သ​တိ​ပေး​၏။ ကူ​မ တော်​မူ​ရန်​သူ​တို့​ဟစ်​အော်​ကြ​သော​အ​ခါ ၌​လည်း​ငါ​နား​ထောင်​လိမ့်​မည်​မ​ဟုတ်။-
၁၁သို့ဖြစ်၍၊ ထာဝရဘုရား မိန့် တော်မူသည်ကား ၊ သူတို့မ လွတ် နိုင် သော ဘေး အန္တရာယ်ကို သူ တို့အပေါ် ၌ ငါ သက် ရောက်စေမည်။ သူတို့သည် ငါ့ ကိုအော်ဟစ် သော်လည်း ၊ ငါနား မ ထောင်ဘဲနေမည်။
12 ၁၂ ထို​အ​ခါ​ယု​ဒ​ပြည်​သား​များ​နှင့်​ယေ​ရု ရှ​လင်​မြို့​သူ​မြို့​သား​တို့​သည် မိ​မိ​တို့​ယဇ် ပူ​ဇော်​သည့်​ဘု​ရား​များ​ထံ​သို့​ဟစ်​အော်​ကာ အ​ကူ​အ​ညီ​တောင်း​ခံ​ကြ​လိမ့်​မည်။ သို့​ရာ တွင်​ထို​ဘု​ရား​တို့​သည်​ဘေး​အန္တ​ရာယ်​ကျ ရောက်​လာ​ချိန်​၌​ကူ​မ​နိုင်​ကြ​လိမ့်​မည်​မ ဟုတ်။-
၁၂ထိုအခါယုဒ မြို့ သူရွာသားနှင့် ယေရုရှလင် မြို့သား တို့သည် နံ့သာပေါင်းကို မီးရှို့ ၍၊ ပူဇော်ဘူးသော ဘုရား များထံသို့ သွား၍ အော်ဟစ် သော်လည်း ၊ ဘေး ရောက်ရာကာလ ၌ ထိုဘုရားတို့သည် အလျှင်းချမ်းသာ မ ပေးဘဲနေကြလိမ့်မည်။
13 ၁၃ ယု​ဒ​ပြည်​တွင်​မြို့​အ​ရေ​အ​တွက်​များ​သည် နှင့်​အ​မျှ ပြည်​သား​တို့​တွင်​လည်း​ဘု​ရား အ​ရေ​အ​တွက်​များ​ပေ​သည်။ ယေ​ရု​ရှ​လင် မြို့​တွင်​လည်း​လမ်း​အ​ရေ​အ​တွက်​များ​သည် နှင့်​အ​မျှ​မြို့​သူ​မြို့​သား​တို့​သည် ရှက်​ဖွယ် သော​ဗာ​လ​ဘု​ရား​အ​တွက်​ယဇ်​တို့​ကို​ပူ​ဇော် ရန်​ယဇ်​ပလ္လင်​များ​ကို​တည်​ထား​ကြ​လေ​သည်။-
၁၃အိုယုဒ ပြည်၊ သင် သည်မြို့ များ အရေအတွက် ရှိသည်အတိုင်း ၊ သင် ၏ဘုရား များရှိ ပါသည်တကား။ ယေရုရှလင် မြို့လမ်း များ အရေအတွက် ရှိသည်အတိုင်း၊ ရှက်ဘွယ် သော ရုပ်တုအဘို့ ယဇ် ပလ္လင်များ၊ ဗာလ ဘုရားရှေ့ မှာ နံ့သာပေါင်း ရှို့ ရာ ယဇ်ပလ္လင် များကို တည် ကြပြီ။
14 ၁၄ ယေ​ရ​မိ၊ ထို​သူ​တို့​အ​ဖို့​နှင့်​သူ​တို့​၏​ကိုယ် စား​ငါ့​ထံ​သို့​မ​တောင်း​ပန်​နှင့်၊ အ​သ​နား​မ ခံ​နှင့်။ ဆု​တောင်း​ပတ္ထ​နာ​လည်း​မ​ပြု​နှင့်။ သူ​တို့ ဒုက္ခ​ရောက်​၍​ကူ​မ​ရန်​ငါ့​ထံ​ဟစ်​အော်​ကြ သော​အ​ခါ​ငါ​သည်​နား​ထောင်​လိမ့်​မည်​မ ဟုတ်'' ဟု​မိန့်​တော်​မူ​၏။
၁၄သို့ဖြစ်၍သင် သည်ဤ လူမျိုး အဘို့ ပဌနာ မ ပြု နှင့်။ သူ တို့အဘို့ အော်ဟစ် ခြင်း၊ ဆုတောင်း ခြင်းကို မ ပြုနှင့်။ ဘေး ရောက်သည်ကာလ ၊ သူ တို့ အော်ဟစ် သော စကားကို ငါ နား မ ထောင်။
15 ၁၅ ထာ​ဝ​ရ​ဘု​ရား​က``ငါ​ချစ်​မြတ်​နိုး​သည့် လူ​တို့​သည် မ​ကောင်း​မှု​များ​ကို​ပြု​ကျင့် လျက်​နေ​ကြ​၏။ သူ​တို့​မှာ​အ​ဘယ်​သို့​လျှင် ငါ​၏​ဗိ​မာန်​တော်​သို့​ဝင်​ရောက်​ခွင့်​ရှိ​သ​နည်း။ တိ​ရစ္ဆာန်​များ​ကို​ယဇ်​ပူ​ဇော်​ခြင်း​အား​ဖြင့် သက်​ရောက်​လတ္တံ့​သော​ဘေး​အန္တ​ရာယ်​ဆိုး​ကို ဖယ်​ရှား​နိုင်​မည်​ဟု​ထင်​မှတ်​ကြ​သ​လော။ သူ တို့​သည်​ဆိုး​ညစ်​မှု​များ​ကို​ပြု​လုပ်​လျက် ဝမ်း​မြောက်​ကြ​မည်​လော။-
၁၅ငါ ချစ် သောအစ်မသည် များ စွာသောသူတို့ နှင့် မတရား သဖြင့် ပေါင်းဘော် ၍ ၊ ဆိုးညစ်စဉ်တွင်၊ ငါ့ အိမ် နှင့် အဘယ်သို့ ဆိုင် သနည်း။ သင်သည် သန့်ရှင်း သော အမဲသား ကို မပူဇော်ရ။ ဒုစရိုက် ကို ပြုစဉ် တွင်ပင်၊ ဝမ်းမြောက် ပါသည်တကား၊
16 ၁၆ အ​ခါ​တစ်​ပါး​က​ထာ​ဝ​ရ​ဘု​ရား​သည်​ထို သူ​တို့​အား​အ​ရွက်​များ​ဖြင့်​စိမ်း​လန်း​ဝေ​ဆာ ၍ လှ​ပ​သော​အ​သီး​များ​နှင့်​ပြည့်​နှက်​လျက် ရှိ​သည့်​သံ​လွင်​ပင်​ဟု​ခေါ်​ဆို​သ​မုတ်​ခဲ့​၏။ သို့​ရာ​တွင်​ယ​ခု​အ​ခါ​၌​သူ​သည်​မိုး​ကြိုး သံ​နှင့်​တူ​သော​အ​သံ​ဖြင့် ထို​အ​ပင်​အ​ရွက် များ​ကို​မီး​ရှို့​၍​အ​ကိုင်း​အ​ခက်​များ​ကို ချိုး​တော်​မူ​မည်။
၁၆စိမ်းလန်း လှပ ၍ ကောင်းသော အသီး ကို သီးသောသံလွင် ပင်ဟု၊ သင့် ကို ထာဝရဘုရား သမုတ် တော်မူ၏။ ကြီး သော အသံ ဗလံနှင့် ထိုအပင် ကို မီးရှို့ တော်မူ၍ ၊ အခက် အလက်တို့သည် ကျွမ်း လောင်ကြ၏။
17 ၁၇ ``အ​နန္တ​တန်​ခိုး​ရှင်​ငါ​ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​ပြည်​နှင့်​ယု​ဒ​ပြည်​ကို​ပြု​စု ပျိုး​ထောင်​ပေး​ခဲ့​၏။ သို့​ရာ​တွင်​ယ​ခု​အ​ခါ ငါ​သည်​ထို​ပြည်​များ​အ​ပေါ်​သို့ ဘေး​အန္တ​ရာယ် ဆိုး​ကို​သက်​ရောက်​စေ​မည်။ သူ​တို့​သည်​ဒု​စ ရိုက်​ကို​ပြု​ခဲ့​ကြ​သည်​ဖြစ်​၍​ဗာ​လ​ဘု​ရား ကို​ယဇ်​ပူ​ဇော်​ခြင်း​အား​ဖြင့်​သူ​တို့​သည် ငါ ၏​အ​မျက်​တော်​ကို​လှုံ့​ဆော်​ကြ​လေ​ပြီ။''
၁၇ဣသရေလ အမျိုး နှင့် ယုဒ အမျိုးသား တို့သည် ဗာလ ဘုရားရှေ့ မှာ နံ့သာ ပေါင်းကို မီးရှို့၍၊ ငါ့ အမျက် ကို နှိုးဆော်ခြင်းငှါ မိမိ တို့အဘို့ မကောင်း သောအမှုကို ပြု သောကြောင့် ၊ သင့် ကိုစိုက် တော်မူသောကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား သည်၊ သင် ၌ အမှု ရောက် မည် အကြောင်းမိန့် တော်မူပြီ။
18 ၁၈ ငါ့​ကို​သတ်​ဖြတ်​ရန် ရန်​သူ​တို့​လျှို့​ဝှက်​စွာ ကြံ​စည်​လျက်​နေ​ကြောင်း ငါ့​အား​ထာ​ဝ​ရ ဘု​ရား​ဗျာ​ဒိတ်​ပေး​တော်​မူ​၏။-
၁၈ထာဝရဘုရား သည် ငါ့ အား ဗျာဒိတ် ပေးတော်မူသောကြောင့် ငါသိ ရ၏။ သူ တို့ပြုသောအမှု များကို ကိုယ်တော်သည် ပြ တော်မူပြီ။
19 ၁၉ ငါ​သည်​သတ်​ရန်​ထုတ်​ဆောင်​သွား​သည့် သိုး ငယ်​ကဲ့​သို့​ယုံ​ကြည်​စိတ်​ချ​တတ်​သူ​ဖြစ်​ပေ သည်။ ငါ့​ကို​သူ​တို့​မ​ကောင်း​ကြံ​လျက်​နေ ကြ​ကြောင်း​ကို​ငါ​မ​သိ။ သူ​တို့​က``စိမ်း​လန်း စို​ပြေ​လျက်​နေ​ချိန်​၌ သစ်​ပင်​ကို​ခုတ်​လှဲ ကြ​ကုန်​အံ့။ သူ့​အား​နောင်​အ​ခါ​အ​ဘယ်​သူ မျှ​သ​တိ​မ​ရ​ကြ​စေ​ရန် သူ့​ကို​ငါ​တို့​သတ် ဖြတ်​ကြ​ကုန်​အံ့'' ဟု​ဆို​ကြ​၏။
၁၉အသေသတ် ခြင်းငှါ ဆောင်သွား သော သိုး သငယ် ယဉ် ကဲ့သို့ ငါ ဖြစ်၏။ သူတို့က၊ သူ ၏နာမ ကို ရှင်းရှင်း ပျောက်စေခြင်းငှါ ၊ အသီး အကင်းနှင့် တကွအပင် ကို ရှင်းရှင်းဖျက် ၍၊ အသက် ရှင်သောသူတို့၏ နေရာ မှ သူ့ ကိုပယ်ဖြတ် ကြကုန်အံ့ဟု၊ ငါ့ တဘက် ၌ မကောင်းသော အကြံ နှင့် ကြံစည် ကြောင်းကို ငါမ သိ ။
20 ၂၀ ထို​အ​ခါ​ငါ​သည်``အို အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ ဘု​ရား၊ ကိုယ်​တော်​ရှင်​သည်​ဖြောင့်​မှန်​စွာ​တ​ရား စီ​ရင်​တော်​မူ​တတ်​သော​အ​ရှင်​ဖြစ်​တော်​မူ ပါ​၏။ လူ​တို့​၏​အ​ကြံ​အ​စည်​နှင့်​စိတ်​နေ သ​ဘော​ထား​တို့​ကို​လည်း​စစ်​ဆေး​ကြည့်​ရှု တော်​မူ​တတ်​ပါ​၏။ ကျွန်​တော်​မျိုး​သည်​မိ​မိ ၏​အ​မှု​ကို​ကိုယ်​တော်​ရှင်​၏​လက်​တော်​တွင် အပ်​နှံ​ထား​ပါ​ပြီ။ သို့​ဖြစ်​၍​ထို​သူ​တို့​အား ကိုယ်​တော်​ရှင်​လက်​စား​ချေ​တော်​မူ​သည်​ကို ကျွန်​တော်​မျိုး​မြင်​ပါ​ရ​စေ'' ဟု​ဆု​တောင်း​၏။
၂၀နှလုံး ကျောက်ကပ် ကို စစ်ကြော ၍၊ တရား သဖြင့် စီရင် တော်မူသောကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား ၊ ကိုယ်တော် သည် ထိုသူ တို့အား အပြစ် ပေးတော်မူ ကြောင်းကို အကျွန်ုပ်မြင် လိုပါ၏။ အကျွန်ုပ် အမှု ကို ကိုယ်တော် အား ကြား လျှောက်ပါပြီ။
21 ၂၁ အာ​န​သုတ်​မြို့​သား​တို့​အ​တွက်​ထာ​ဝ​ရ ဘု​ရား​မိန့်​တော်​မူ​၏။ အ​ဘယ်​ကြောင့်​ဆို​သော် ထို​မြို့​သား​တို့​သည် ငါ့​အား​သတ်​လို​သ​ဖြင့် ထာ​ဝ​ရ​ဘု​ရား​၏​ဗျာ​ဒိတ်​တော်​ကို​ဆက်​လက် ဟော​ပြော​လျှင် ငါ့​ကို​သတ်​မည်​ဟု​ဆို​ကြ​၏။-
၂၁ထာဝရဘုရား မိန့် တော်မူသည်ကား ၊ အာနသုတ် မြို့သား တို့က၊ သင်သည် ငါ တို့လက် ဖြင့် မ သေ ရမည်အကြောင်း ၊ ထာဝရဘုရား ၏ နာမ တော်အားဖြင့် ပရောဖက် မ ပြုနှင့်ဟုဆို လျက်၊ သင် ၏အသက် ကို ရှာ ကြ သောကြောင့်၊
22 ၂၂ သို့​ဖြစ်​၍​အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား က``ငါ​သည်​သူ​တို့​အား​အ​ပြစ်​ဒဏ်​ခတ်​မည်။ သူ​တို့​၏​လူ​ငယ်​လူ​ရွယ်​များ​သည်​စစ်​ပွဲ​တွင် ကျ​ဆုံး​ကြ​လိမ့်​မည်။ သူ​တို့​၏​က​လေး​သူ​ငယ် များ​သည်​လည်း အ​စာ​ရေ​စာ​ငတ်​၍​သေ​ကြ လိမ့်​မည်။-
၂၂ငါ သည်သူ တို့ကို စစ်ကြော သဖြင့်၊ လူပျို တို့သည် ထား ဖြင့် သေ ကြလိမ့်မည်။ သား သမီး တို့သည် ငတ်မွတ် ၍ သေ ကြလိမ့်မည်။
23 ၂၃ အာ​န​သုတ်​မြို့​သား​တို့​ပေါ်​သို့​ဘေး​အန္တ​ရာယ် ဆိုး​ကျ​ရောက်​လာ​သော​နေ့​ကို​ငါ​သတ်​မှတ် ပြီ။ ထို​နေ့​၌​သူ​တို့​တစ်​ဦး​တစ်​ယောက်​မျှ အ​သက်​ရှင်​လျက်​ကျန်​ရှိ​မည်​မ​ဟုတ်'' ဟု​မိန့်​တော်​မူ​၏။
၂၃တစုံတယောက်မျှ မ ကြွင်း ရ။ ထိုသို့စစ်ကြော ရာ ကာလ တည်းဟူသောဘေး ဥပဒ်ကို အာနသုတ် မြို့သား တို့အပေါ် သို့ ငါသက်ရောက် စေမည်ဟု၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူ၏။

< ယေရမိ 11 >