< ယာကုပ် 5 >

1 ချမ်း​သာ​ကြွယ်​ဝ​သူ​တို့၊ ငါ့​စ​ကား​ကို​နား​ထောင် ကြ​လော့။ သင်​တို့​သည်​မိ​မိ​တို့​တွေ့​ကြုံ​ရ​မည့် ဆင်း​ရဲ​ဒုက္ခ​များ​အ​တွက်​ငို​ကြွေး​မြည်​တမ်း ကြ​လော့။-
Come, now, you rich men, weep, howl, on account of your miseries, which are coming upon you.
2 သင်​တို့​၏​စည်း​စိမ်​ဥစ္စာ​သည်​ဆွေး​မြေ့​လေ​ပြီ။ သင်​တို့​၏​အ​ဝတ်​များ​သည်​ပိုး​ကိုက်​စား​ကုန် ပြီ။-
Your riches are putrefied, and your garments are motheaten.
3 သင်​တို့​၏​ရွှေ​ငွေ​များ​သည်​လည်း​အ​ချေး​တက် လျက်​နေ​လေ​ပြီ။ ထို​အ​ချေး​သည်​သင်​တို့​တစ်​ဘက် ၌​သက်​သေ​အ​ထောက်​အ​ထား​ဖြစ်​၍ မီး​ကဲ့​သို့ သင်​တို့​အ​သား​ကို​လောင်​ကျွမ်း​ပျက်​စီး​စေ​လိမ့် မည်။ ဤ​နောက်​ဆုံး​သော​နေ့​ရက်​ကာ​လ​၌​သင်​တို့ သည်​ဥစ္စာ​ဘဏ္ဍာ​များ​ကို​စု​ဆောင်း​သို​မှီး​လျက် နေ​ကြ​သည်​တ​ကား။-
Your gold and silver are eaten with rust, and the rust of them will be a witness against you, and will eat your flesh as fire. You have heaped up treasure in the last days.
4 သင်​တို့​အ​သီး​အ​နှံ​များ​ကို​ရိတ်​သိမ်း​ပေး သူ​တို့​၏​လုပ်​အား​ခ​များ​ကို​မ​ပေး​ကြ။ သူ တို့​၏​တိုင်​တန်း​ခြင်း​ကို​နား​ထောင်​ကြ​လော့။ သူ တို့​ကျယ်​စွာ​ဟစ်​အော်​တောင်း​ခံ​သံ​ကို​အ​နန္တ တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​သ​ခင်​ကြား​တော် မူ​လေ​ပြီ။-
Hark! the hire of the laborers who have reaped your field, which is fraudulently kept back by you, cries; and the cries of the reapers have entered into the ears of the Lord of hosts.
5 သင်​တို့​သည်​လော​က​တွင်​စည်း​စိမ်​ခံ​လျက် ပျော်​ပါး​ခဲ့​ကြ​၏။ အ​သတ်​ခံ​ရ​ကြ​မည့်​နေ့ အ​တွက်​မိ​မိ​တို့​ကိုယ်​ကို​ဆူ​ဖြိုး​အောင်​ကျွေး မွေး​ခဲ့​ကြ​၏။-
You have lived luxuriously on the earth, and been wanton; you have nourished your hearts as in a day of festivity.
6 အ​ပြစ်​ကင်း​သူ​များ​ကို​သေ​ဒဏ်​ပေး​၍ သတ်​ခဲ့​ကြ​၏။ သို့​ရာ​တွင်​ထို​သူ​တို့​သည် သင်​တို့​အား​မ​ခု​ခံ​ကြ။
You have condemned--you have killed the Just One--he did not resist you.
7 သို့​ဖြစ်​၍​ညီ​အစ်​ကို​တို့၊ သင်​တို့​သည်​သ​ခင် ဘု​ရား​ကြွ​လာ​တော်​မူ​သည်​တိုင်​အောင် သည်း​ခံ ၍​စောင့်​မျှော်​နေ​ကြ​လော့။ လယ်​သ​မား​သည်​မိ​မိ လယ်​ယာ​မှ​အ​ဖိုး​တန်​အ​သီး​အ​နှံ​များ​ထွက် နိုင်​ရန် မိုး​ဦး​နှင့်​မိုး​နှောင်း​ရွာ​ပြီး​သည့်​တိုင် အောင်​စောင့်​မျှော်​တတ်​၏။-
Behold the husbandman, who expects the valuable fruit of the earth, waits patiently for it, till it receive the early and later rain.
8 သင်​တို့​သည်​လည်း​သည်း​ခံ​၍​စောင့်​မျှော်​နေ ကြ​လော့။ သ​ခင်​ဘု​ရား​ကြွ​လာ​တော်​မူ​မည့် နေ့​ရက်​ကာ​လ​သည်​နီး​ကပ်​လာ​ပြီ​ဖြစ်​၍ သင်​တို့​၏​မျှော်​လင့်​ချက်​ကို​ခိုင်​မာ​စေ​ကြ​လော့။
Be you also patient--strengthen your hearts: for the coming of the Lord draws nigh.
9 ညီ​အစ်​ကို​တို့၊ သင်​တို့​ကိုယ်​တိုင်​ဘု​ရား​သ​ခင်​၏ စစ်​ကြော​စီ​ရင်​ခြင်း​နှင့်​ကင်း​လွတ်​မည်​အ​ကြောင်း အ​ချင်း​ချင်း​တစ်​ယောက်​ကို​တစ်​ယောက်​အ​ပြစ် မ​တင်​ကြ​နှင့်။ တ​ရား​စီ​ရင်​တော်​မူ​သော​အ​ရှင် သည်​ဤ​အ​ရပ်​သို့​ရောက်​ရှိ​ကာ​တံ​ခါး​ဝ​၌ ရပ်​လျက်​နေ​တော်​မူ​လေ​ပြီ။-
Repine not against one another, brethren, lest you be condemned: behold, the Judge stands before the door.
10 ၁၀ ညီ​အစ်​ကို​တို့၊ ထာ​ဝ​ရ​ဘု​ရား​၏​နာ​မ​တော် ကို​အ​မှီ​ပြု​၍​ဟော​ပြော​ခဲ့​ကြ​သော​ပ​ရော​ဖက် တို့​၏​အ​ကြောင်း​ကို​သ​တိ​ရ​လော့။ ဆင်း​ရဲ​ဒုက္ခ ရောက်​သော​အ​ခါ​သူ​တို့​တွင်​ခံ​နိုင်​ရည်​ရှိ​ပုံ​ကို စံ​န​မူ​နာ​ယူ​ကြ​လော့။-
Take, my brethren, the prophets, who have spoken in the name of the Lord: for an example of suffering evil, and of patience.
11 ၁၁ သူ​တို့​သည်​ခံ​နိုင်​ရည်​ရှိ​သူ​များ​ဖြစ်​သ​ဖြင့် သူ​တို့​အား​မင်္ဂ​လာ​ရှိ​သူ​များ​ဟူ​၍​ငါ​တို့ ခေါ်​ကြ​၏။ ယော​ဘ​မည်​သို့​ခံ​နိုင်​ရည်​ရှိ​သည် ကို​သင်​တို့​ကြား​သိ​ခဲ့​ကြ​လေ​ပြီ။ နောက်​ဆုံး​၌ သူ့​အား​ထာ​ဝ​ရ​ဘု​ရား​အ​ဘယ်​သို့​ကြည့်​ရှု တော်​မူ​ကြောင်း​ကို​လည်း​သင်​တို့​သိ​ကြ​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​ထာ​ဝ​ရ​ဘု​ရား သည် သ​နား​ကြင်​နာ​တော်​မူ​၍​က​ရု​ဏာ တော်​နှင့်​ပြည့်​စုံ​တော်​မူ​သော​အ​ရှင်​ဖြစ် တော်​မူ​သော​ကြောင့်​တည်း။
Behold, we call them happy, who are patient. You have heard of the patience of Job, and you have seen the end of the Lord, that the Lord is very compassionate and merciful.
12 ၁၂ ငါ့​ညီ​အစ်​ကို​တို့၊ အ​ထူး​သ​ဖြင့်​ကျိန်​ဆို​မှု ကို​မ​ပြု​ကြ​နှင့်။ ကောင်း​ကင်​ဘုံ​သို့​မ​ဟုတ် ကမ္ဘာ​မြေ​ကြီး​ကို​တိုင်​တည်​၍​မ​ကျိန်​ဆို​နှင့်။ အ​ဘယ်​အ​ရာ​ကို​မျှ​တိုင်​တည်​၍​မ​ကျိန်​ဆို နှင့်။ သင်​တို့​စ​ကား​သည်​ဟုတ်​လျှင်​ဟုတ်​သည် ဟူ​၍​လည်း​ကောင်း၊ မ​ဟုတ်​လျှင်​မ​ဟုတ်​ဟူ​၍ လည်း​ကောင်း​ဖြစ်​စေ​ကြ​လော့။ သို့​ပြု​လျှင် သင်​တို့​သည်​ဘု​ရား​သ​ခင်​၏​တရား​စီ​ရင် တော်​မူ​ခြင်း​နှင့်​ကင်း​လွတ်​ကြ​လိမ့်​မည်။
But, above all things, my brethren, swear not; neither by the heaven, or by the earth, nor by any other oath: but let your yes, be Yes, and your no, No; that you may not fall under condemnation.
13 ၁၃ သင်​တို့​တွင်​ဒုက္ခ​ရောက်​လျက်​နေ​သော​သူ​သည် ဆု​တောင်း​စေ။ စိတ်​ရွှင်​လန်း​သူ​သည်​သီ​ချင်း ဆို​စေ။-
Does any one among you suffer evil? let him pray: is any one cheerful? let him sing psalms.
14 ၁၄ ဖျား​နာ​သူ​သည်​အ​သင်း​တော်​ကို​အုပ်​ထိန်း​သူ လူ​ကြီး​များ​အား​ဖိတ်​ခေါ်​စေ။ သူ​တို့​သည်​သခင် ဘု​ရား​၏​နာ​မ​တော်​ကို​အ​မှီ​ပြု​၍ လူ​နာ အား​ဆီ​ဖြင့်​လူး​၍​ဆု​တောင်း​ကြ​စေ။-
Is any one sick, among you? let him send for the seniors of the congregation, and let them pray over him, having anointed him with oil, in the name of the Lord.
15 ၁၅ ယုံ​ကြည်​ခြင်း​ဖြင့်​ဆု​တောင်း​ခြင်း​သည် လူ​နာ အား​ကျန်း​မာ​စေ​လိမ့်​မည်။ သ​ခင်​ဘု​ရား​သည် သူ့​အား​ကျန်း​မာ​လာ​စေ​တော်​မူ​၍ သူ​ပြု​မိ သော​အ​ပြစ်​များ​ကို​လည်း​ဖြေ​လွှတ်​တော်​မူ လိမ့်​မည်။-
And the prayer of faith will save the sick person, and so the Lord will raise him up; and if he have committed sins, they shall be forgiven him.
16 ၁၆ သို့​ဖြစ်​၍​သင်​တို့​အ​ချင်း​ချင်း​မိ​မိ​တို့​၏ အ​ပြစ်​များ​ကို​ဖော်​ပြ​ဝန်​ခံ​၍ အ​ချင်း​ချင်း အ​တွက်​ဆု​တောင်း​သ​ဖြင့်​သင်​တို့​၏​ရော​ဂါ များ​ပျောက်​ကင်း​လိမ့်​မည်။ သူ​တော်​ကောင်း​၏ ဆု​တောင်း​ပတ္ထ​နာ​သည်​အ​လွန်​တန်​ခိုး​ပါ​၏။-
Confess your faults, one to another, and pray for one another, that you may be healed. The inwrought prayer of the righteous man avails much.
17 ၁၇ ဧ​လိ​ယ​သည်​ငါ​တို့​နည်း​တူ​သာ​မန်​လူ​သား ဖြစ်​ပေ​သည်။ သူ​သည်​မိုး​မ​ရွာ​စေ​ရန်​စိတ်​အား ထက်​သန်​စွာ​ဆု​တောင်း​သော​အ​ခါ ကမ္ဘာ​မြေ ပေါ်​သို့​သုံး​နှစ်​နှင့်​ခြောက်​လ​တိုင်​တိုင်​မိုး​မ​ရွာ ဘဲ​နေ​၏။-
Elias was a man frail and mortal like us, and he prayed fervently that it might not rain, and it did not rain on the land for three years and six months.
18 ၁၈ နောက်​တစ်​ဖန်​ဧ​လိ​ယ​ဆု​တောင်း​သော​အ​ခါ ကောင်း​ကင်​မှ​မိုး​များ​ရွာ​ချ​လာ​သ​ဖြင့် မြေ ဆီ​လွှာ​သည်​အ​သီး​အ​နှံ​များ​ကို​ဖြစ်​ထွန်း စေ​၏။
And again he prayed, and the heaven gave rain, and the land brought forth its fruit.
19 ၁၉ ငါ့​ညီ​အစ်​ကို​တို့၊ သင်​တို့​အ​နက်​တစ်​စုံ​တစ် ယောက်​သော​သူ​သည်​သမ္မာ​တ​ရား​လမ်း​မှ​လွဲ မှား​၍​သွား​သ​ဖြင့် အ​ခြား​သူ​တစ်​ယောက်​က လမ်း​မှန်​သို့​ပြန်​လည်​ပို့​ဆောင်​ခဲ့​သည်​ဆို​အံ့။-
Brethren, if any one among you be seduced from the truth, and any one turn him back;
20 ၂၀ ယင်း​သို့​အ​ပြစ်​ကူး​သူ​တစ်​ဦး​အား​လမ်း​မှား မှ​ပြန်​လည်​ခေါ်​ဆောင်​ကာ​သူ​သည် ထို​သူ​၏ ဝိ​ညာဉ်​ကို​သေ​ခြင်း​မှ​ကယ်​တင်​၍​သူ့​အား များ​စွာ​သော​အ​ပြစ်​တို့​မှ​ပြေ​လွှတ်​ခွင့်​ရ စေ​ရန်​ဆောင်​ရွက်​ပေး​သူ​ဖြစ်​လိမ့်​မည်။ ရှင်​ယာ​ကုပ်​သြ​ဝါ​ဒ​စာ​ပြီး​၏။
let him know what he who converts a sinner from the error of his way, shall save a soul from death, and shall cover a multitude of sins.

< ယာကုပ် 5 >