< ယာကုပ် 4 >
1 ၁ သင်တို့တွင်အဘယ်ကြောင့်ခိုက်ရန်ဒေါသဖြစ် မှု၊ အငြင်းပွားမှုတို့ဖြစ်ပေါ်လာသနည်း။ သင် တို့၏ကာယလိုအင်ဆန္ဒများထကြွနေသော ကြောင့်မဟုတ်လော။-
Where do the fights and quarrels you're having come from? Aren't they due to the sensual passions that are in conflict within you?
2 ၂ သင်တို့သည်မိမိတို့အလိုရှိသောအရာ များကိုမရနိုင်သဖြင့်လူ့အသက်ကိုသတ် ရန်အသင့်ရှိကြ၏။ မိမိတို့လွန်စွာလိုလား တောင့်တသည့်အရာများကိုမရနိုင်သဖြင့် အငြင်းပွားကြ၏။ ရန်ဖြစ်ကြ၏။ သင်တို့လို လားသောအရာကိုမရရှိကြသည့်အကြောင်း မှာဘုရားသခင်ထံတော်သို့မတောင်းမလျှောက် ကြသောကြောင့်ဖြစ်၏။-
You burn with desire, but don't get what you want. You kill for what you lust after, but don't get what you're looking for. You argue and you fight, but you don't get anything, because you don't pray for it.
3 ၃ သင်တို့တောင်းလျှောက်၍မရခြင်းမှာရည်ရွယ် ချက်လွဲမှားလျက်မိမိတို့စည်းစိမ်ခံစားမှု အတွက်သာလျှင်တောင်းလျှောက်တတ်ကြသော ကြောင့်ဖြစ်၏။-
You pray, but don't receive anything, because you ask with a wrong motive, wanting to spend what you'd receive on your selfish pleasures.
4 ၄ သင်တို့သည်သစ္စာမဲ့သူများပါတကား။ လောက နှင့်မိတ်ဖွဲ့သောသူတို့သည်ဘုရားသခင်အား ရန်ဘက်ပြုသူများဖြစ်သည်ကို သင်တို့မသိ နားမလည်ကြသလော။ လောက၏မိတ်ဆွေ ဖြစ်လိုသူသည်ဘုရားသခင်၏ရန်သူဖြစ်၏။-
You adulterous people! Don't you realize that friendship with the world is hatred towards God? Those who want to be friends of the world make themselves enemies of God.
5 ၅ ကျမ်းစာတော်က``ငါတို့အထဲသို့ဘုရားသခင် ပေးသွင်းတော်မူသောဝိညာဉ်သည်ကြောက်မက် ဖွယ်ကောင်းသည့်အလိုဆန္ဒများနှင့်ပြည့်ဝ၏'' ဟုအကြောင်းမဲ့ဖော်ပြသည်ဟုမထင်ကြနှင့်။-
Do you think Scripture doesn't mean what it says: that the spirit that he put in us is very jealous?
6 ၆ သို့ရာတွင်ငါတို့အားဘုရားသခင်ပေးသနား တော်မူသောကျေးဇူးတော်သည်ပို၍စွမ်းအား ကြီးပေသည်။ ``ဘုရားသခင်သည်မာနကြီး သူတို့အားဆန့်ကျင်ဘက်ပြုတော်မူ၍နှိမ့်ချ သောသူတို့အားကျေးဇူးတော်ကိုချပေးတော် မူ၏'' ဟုကျမ်းစာလာသည်နှင့်အညီဖြစ်၏။
But God gives us even more grace, as Scripture says: “God is against those who are arrogant, but gives grace to those who are humble.”
7 ၇ သို့ဖြစ်၍ဘုရားသခင်၏အလိုတော်သို့လိုက် ကြလော့။ မာရ်နတ်ကိုခုခံကြလော့။ သို့ပြု လျှင်သူသည်သင်တို့ထံမှထွက်ပြေးလိမ့်မည်။-
So place yourself under God's direction. Confront the devil, and he will run away from you.
8 ၈ ဘုရားသခင်ထံတော်သို့ချဉ်းကပ်ကြလော့။ သို့ပြုလျှင်ကိုယ်တော်သည်သင်တို့ထံသို့ ကြွလာတော်မူသည်။ အပြစ်ကူးသူတို့၊ သင်တို့လက်များကိုဆေးကြောကြလော့။ မာနထောင်သူတို့၊ သင်တို့၏စိတ်နှလုံးကို သန့်ရှင်းစင်ကြယ်စေကြလော့။-
Come close to God and he will come close to you. Wash your hands, you sinners. Purify your way of thinking, you people with divided loyalties.
9 ၉ ဝမ်းနည်းကြေကွဲကြလော့။ ငိုကြွေးမြည်တမ်း ကြလော့။ သင်တို့၏ရယ်မောခြင်းကိုငိုကြွေး ခြင်းဖြစ်စေကြလော့။ သင်တို့၏ဝမ်းမြောက် ခြင်းကိုစိတ်ညှိုးငယ်စေခြင်းဖြစ်စေကြလော့။-
Show some remorse, cry and weep! Turn your laughter into mourning, and your joy to sadness.
10 ၁၀ သင်တို့သည်မိမိတို့ကိုယ်ကိုထာဝရဘုရား ၏ရှေ့တော်၌နှိမ့်ချကြလော့။ သို့ပြုလျှင်ကိုယ် တော်သည်သင်တို့အားချီးမြှောက်တော်မူလိမ့် မည်။
Be humble before the Lord and he will lift you up.
11 ၁၁ ညီအစ်ကိုတို့၊ သင်တို့သည်အချင်းချင်းပုတ် ခတ်ဝေဖန်လျှင်သော်လည်းကောင်း၊ စစ်ကြော စီရင်လျှင်သော်လည်းကောင်းပညတ်တရား တော်ကိုပုတ်ခတ်ပြောဆိုစစ်ကြောစီရင်ရာ ရောက်၏။ ပညတ်တရားတော်ကိုစစ်ကြောစီရင် ကြလျှင် သင်တို့သည်ထိုတရားတော်ကိုစောင့် ထိန်းသူများမဟုတ်ဘဲစစ်ကြောစီရင်သူ များသာဖြစ်ကြ၏။-
Friends, don't speak badly of one another. Anyone who criticizes a fellow-believer and condemns them, criticizes and condemns the law. If you condemn the law you're not someone who keeps the law, because you're sitting in judgment of it.
12 ၁၂ ဘုရားသခင်တစ်ပါးတည်းသာလျှင်ပညတ် တရားတော်ကိုပေး၍စစ်ကြောစီရင်ပိုင်သော အရှင်ဖြစ်တော်မူ၏။ ကိုယ်တော်တစ်ပါးတည်း သာလျှင်ကယ်တင်ရန်သော်လည်းကောင်း၊ ဖျက် ဆီးရန်သော်လည်းကောင်းတတ်နိုင်တော်မူ၏။ သင်သည်အဘယ်သူဖြစ်၍မိမိ၏အိမ်နီး ချင်းကိုစစ်ကြောစီရင်ရသနည်း။
There's only one lawgiver and judge—the one who can either save or destroy you—so who are you to judge your neighbor?
13 ၁၃ ``ယနေ့သို့မဟုတ်နက်ဖြန်နေ့၌ဤမည်သော မြို့သို့ငါတို့သွား၍တစ်နှစ်မျှနေကြကုန်အံ့။ ထိုမြို့တွင်ကုန်သွယ်၍ငွေအမြောက်အမြားရှာ ကြကုန်အံ့'' ဟုသင်တို့အချို့ပြောဆိုလေ့ရှိ ကြ၏။ သို့ရာတွင်ငါပြောသည်ကိုနားထောင် ကြလော့။-
Come on now!—you people who say, “Either today or tomorrow we'll go to such-and-such a city, spend a year in business there, and make a profit.”
14 ၁၄ သင်တို့သည်နက်ဖြန်နေ့၌မည်သို့ဖြစ်မည်ကို ပင်မသိနိုင်ကြ။ လူ့ဘဝဟူသည်ခေတ္တခဏ မျှသာပေါ်လာပြီးနောက်ပျောက်ကွယ်သွား တတ်သည့်မီးခိုးနှင့်တူ၏။-
You have no idea what will happen tomorrow! What's your life like? It's just a mist that appears for a little while, and then is gone.
15 ၁၅ ``ထာဝရဘုရားအလိုတော်ရှိလျှင်ငါတို့ သည်အသက်ရှင်၍ဤအမှုထိုအမှုကိုပြု ကြမည်'' ဟုသင်တို့ဆိုသင့်ကြ၏။-
What you should say is, “If it's the Lord's will, we'll live like this and plan to do that.”
16 ၁၆ ယခုမူကားသင်တို့သည်မာန်မာနကြီးကာ ကြွားဝါတတ်ကြ၏။ ယင်းသို့ကြွားဝါမှုရှိ သမျှသည်အပြစ်ဖြစ်၏။
But right now you're caught up in your vain ideas. All this boasting is evil.
17 ၁၇ သို့ဖြစ်၍ကောင်းသောအကျင့်ကိုသိလျက်နှင့် မပြုမကျင့်ဘဲနေသောသူသည်အပြစ်ရှိ၏။
For it is a sin if you know to do what's right but don't do it.