< ယာကုပ် 2 >
1 ၁ ငါ့ညီအစ်ကိုတို့၊ သင်တို့သည်ငါတို့၏ဘုန်း အသရေတော်ရှင်သခင်ယေရှုခရစ်ကို သက် ဝင်ယုံကြည်သူများဖြစ်ကြသည့်အလျောက် လူတို့အားမျက်နှာကြီးငယ်လိုက်၍မဆက် ဆံကြနှင့်။-
My brothers, do not hold the faith of our Lord Jesus Christ of glory with partiality.
2 ၂ အကယ်၍သင်တို့စည်းဝေးရာသို့ဝင်လာ သောလူနှစ်ယောက်အနက် လူတစ်ယောက်က ရွှေလက်စွပ်နှင့်ဝတ်ကောင်းစားလှများကို ဝတ်ဆင်ထား၍ အခြားတစ်ယောက်ကမူ ဆင်းရဲနွမ်းပါးသူဖြစ်သဖြင့် စုတ်ပြတ် သောအဝတ်ကိုဝတ်ဆင်ထားသည်ဆိုအံ့။-
For if someone with a gold ring, in fine clothing, comes into your synagogue, and a poor person in filthy clothing also comes in;
3 ၃ သင်တို့သည်ဝတ်ကောင်းစားလှဝတ်ဆင်ထား သူအားအရေးပေးလျက်``ဤနေရာတွင်ထိုင် ပါ'' ဟူ၍လည်းကောင်း၊ ဆင်းရဲသူအား``ထို နေရာတွင်ရပ်နေလော့'' ဟူ၍လည်းကောင်း ဆိုပါမူ၊-
and you pay special attention to the one who wears the fine clothing, and say, "Sit here in a good place;" but you tell the poor person, "Stand there," or "Sit by my footstool."
4 ၄ အချင်းချင်းလူတန်းစားခွဲခြား၍ မကောင်း သောအကြံအစည်နှင့်အကဲဖြတ်ရာရောက် သည်မဟုတ်ပါလော။
Have you not discriminated among yourselves, and become judges with evil thoughts?
5 ၅ ချစ်သောညီအစ်ကိုတို့၊ နားထောင်ကြလော့။ ယုံကြည်ခြင်း၌ကြွယ်ဝသူများဖြစ်ကြ စေရန်ကိုယ်တော်ကိုချစ်သောသူတို့အတွက် ကတိထားတော်မူသောနိုင်ငံတော်ကိုဆက်ခံ သူများဖြစ်ကြစေရန် ကိုယ်တော်သည်လောက တွင်ဆင်းရဲသူတို့အားရွေးချယ်တော်မူသည် မဟုတ်လော။-
Listen, my beloved brothers. Did not God choose those who are poor in this world to be rich in faith, and heirs of the Kingdom which he promised to those who love him?
6 ၆ သို့ရာတွင်သင်တို့ကဆင်းရဲသူတို့အား ရှုတ်ချကြသည်တကား။ ကြွယ်ဝသူတို့သည် သင်တို့အားနှိပ်စက်၍တရားသူကြီးများ ရှေ့သို့ဆွဲငင်ခေါ်ဆောင်သွားကြသည် မဟုတ်လော။-
But you have dishonored the poor person. Do not the rich oppress you, and personally drag you before the courts?
7 ၇ သင်တို့ခံယူရရှိသည့်နာမတော်မြတ်ကို ကဲ့ရဲ့ကြသည်မဟုတ်လော။
Do not they blaspheme the honorable name by which you are called?
8 ၈ သင်တို့သည်``သင်၏အိမ်နီးချင်းကိုကိုယ်နှင့် အမျှချစ်လော့'' ဟုကျမ်းစာတော်တွင်ဖော် ပြပါရှိသည့်ရွှေပညတ်တော်ကိုစောင့်ထိန်း လျှင်သင့်လျော်ပေ၏။-
However, if you fulfill the royal law, according to the Scripture, "You are to love your neighbor as yourself," you do well.
9 ၉ သို့ရာတွင်မျက်နှာကြီးငယ်လိုက်ကြပါမူ အပြစ်ကူးသူများဖြစ်၍ထိုပညတ်တော် အားဖြင့်အပြစ်သင့်လိမ့်မည်။-
But if you show partiality, you commit sin, being convicted by the law as transgressors.
10 ၁၀ ပညတ်တော်တစ်ပါးကိုချိုးဖောက်သူသည် ပညတ်တော်အလုံးစုံကိုချိုးဖောက်ရာရောက် ပေသည်။-
For whoever keeps the whole law, and yet stumbles in one point, he has become guilty of all.
11 ၁၁ အဘယ်ကြောင့်ဆိုသော်``သူ့အိမ်ရာကိုမပြစ် မှားနှင့်'' ဟုမိန့်တော်မူသောအရှင်သည် ``သူ့ အသက်ကိုမသတ်နှင့်'' ဟုလည်းမိန့်တော်မူ သောကြောင့်ဖြစ်၏။ သင်သည်သူ့အိမ်ရာကို မပြစ်မှားဘဲနေကောင်းနေလိမ့်မည်။ သို့ရာ တွင်လူ့အသက်ကိုသတ်ပါမူပညတ်တော် ကိုချိုးဖောက်ရာရောက်၏။-
For he who said, "Do not commit adultery," also said, "Do not commit murder." Now if you do not commit adultery, but murder, you have become a transgressor of the law.
12 ၁၂ သို့ဖြစ်၍သင်တို့သည်လွတ်မြောက်ခြင်းဆိုင် ရာတရားတော်အရတရားစီရင်ခြင်းခံ ရကြမည့်သူတို့ကဲ့သို့ပြောဆိုကျင့်ကြံ ကြလော့။-
So speak, and so do, as those who are to be judged by a law of freedom.
13 ၁၃ ဘုရားသခင်သည်သနားကရုဏာမရှိသူ အားသနားကရုဏာကင်းမဲ့စွာတရားစီရင် တော်မူလိမ့်မည်။ သို့ရာတွင်သနားခြင်းကရုဏာ ရှိသူသည်တရားစီရင်ခြင်းကိုကြောက်လန့် ရန်မလိုပေ။
For judgment is without mercy to him who has shown no mercy. Mercy triumphs over judgment.
14 ၁၄ ငါ့ညီအစ်ကိုတို့၊ လူတစ်စုံတစ်ယောက်သည် ယုံကြည်ပါသည်ဟုဆိုသော်လည်း အကျင့် အားဖြင့်သက်သေမပြနိုင်ပါမူအဘယ် အကျိုးရှိမည်နည်း။ ထိုယုံကြည်ခြင်းက သူ့အားကယ်တင်နိုင်မည်လော။-
What good is it, my brothers, if someone says he has faith, but has no works? Can faith save him?
15 ၁၅ ညီအစ်ကိုမောင်နှမတို့သည်ဝတ်ရေးစား ရေးချို့တဲ့ဆင်းရဲသောအခါ၊-
And if a brother or sister is poorly clothed and may be lacking in daily food,
16 ၁၆ သင်တို့က``သင်တို့ကိုဘုရားသခင်ကောင်းချီး ပေးတော်မူပါစေ။ နွေးနွေးနေကြလော့။ ဝစွာ စားကြလော့'' ဟုဆိုလျက်သူတို့လိုအပ်သည့် အသုံးအဆောင်ကိုမပေးဘဲနေပါမူ အဘယ်အကျိုးရှိပါမည်နည်း။-
and one of you tells them, "Go in peace, be warmed and filled;" and yet you did not give them the things the body needs, what good is it?
17 ၁၇ ယုံကြည်ခြင်းသည်လည်းထိုနည်းတူပင်ဖြစ် သည်။ အကျင့်အားဖြင့်မပြနိုင်သောယုံကြည် ခြင်းသည်အသေဖြစ်သည်။
Even so faith, if it has no works, is dead in itself.
18 ၁၈ သို့ရာတွင်တစ်စုံတစ်ယောက်က``လူတစ်ဦး မှာယုံကြည်ခြင်းရှိ၍အခြားတစ်ဦးမှာ အကျင့်ရှိသည်'' ဟုစောဒကတက်လျှင်``အကျင့် နှင့်ကင်းသည့်ယုံကြည်ခြင်းကိုငါ့အားပြလော့။ ငါမူကားအကျင့်အားဖြင့်ငါ၏ယုံကြည် ခြင်းကိုပြမည်'' ဟုငါဆိုပေအံ့။-
But someone will say, "You have faith, and I have works." Show me your faith without works, and I by my works will show you my faith.
19 ၁၉ ဘုရားတစ်ဆူတည်းသာရှိသည်ကိုယုံကြည် ၏။ ကောင်းပေ၏။ နတ်မိစ္ဆာများပင်လျှင်ထိုသို့ ယုံကြည်၍ကြောက်ရွံ့တုန်လှုပ်ကြ၏။-
You believe that God is one. You do well. The demons also believe, and shudder.
20 ၂၀ အချင်းလူမိုက်၊ အကျင့်နှင့်ကင်းသည့်ယုံ ကြည်ခြင်းသည် အချည်းနှီးဖြစ်ကြောင်းသိ လိုသလော။-
But do you want to know, foolish person, that faith apart from works is useless?
21 ၂၁ ငါတို့၏ဘိုးဘေးအာဗြဟံသည် ဘုရား သခင်နှင့်မှန်ကန်စွာဆက်ဆံမှုကိုအဘယ် သို့ရရှိသနည်း။ သူသည်မိမိသားဣဇာက် ကို ပလ္လင်ပေါ်တွင်တင်လှူပူဇော်ခြင်းတည်း ဟူသောအကျင့်အားဖြင့်ရရှိပေသည်။-
Wasn't Abraham our father justified by works, in that he offered up Isaac his son on the altar?
22 ၂၂ သူ၏ယုံကြည်ခြင်းသည်အကျင့်နှင့်ဒွန်တွဲ လျက်နေသည်ကို သင်မသိမမြင်သလော။ အကျင့်အားဖြင့်သူ၏ယုံကြည်ခြင်းကို ပြည့်ဝစုံလင်၍လာ၏။-
You see that faith worked with his works, and by works faith was perfected;
23 ၂၃ သို့ဖြစ်၍``အာဗြဟံသည်ဘုရားသခင်အား ယုံကြည်၏။ သူ၏ယုံကြည်မှုကြောင့်ဘုရား သခင်သည် သူ့အားဖြောင့်မတ်သူအဖြစ် လက်ခံတော်မူသည်'' ဟူသောကျမ်းစကား သည်မှန်ကန်၍လာ၏။ ထို့ကြောင့်အာဗြဟံ သည် ဘုရားသခင်၏အဆွေဟုခေါ်ဝေါ် ခြင်းကိုခံရ၏။-
and the Scripture was fulfilled which says, "And Abraham believed God, and it was credited to him as righteousness;" and he was called the friend of God.
24 ၂၄ သို့ဖြစ်၍လူသည်ယုံကြည်ခြင်းအားဖြင့် သာမဟုတ်ဘဲ ဘုရားသခင်နှင့်မှန်ကန်စွာ ဆက်ဆံမှုကိုရရှိနိုင်ကြောင်းသင်တို့သိ ကြ၏။
You see that a person is justified by works and not by faith alone.
25 ၂၅ ပြည့်တန်ဆာမရာခပ်၏အကြောင်းမှာလည်း ထိုနည်းအတိုင်းပင်ဖြစ်၏။ သူသည်ဣသရေလ သူလျှိုများကိုကြိုဆိုလက်ခံပြီးနောက် အခြား လမ်းဖြင့်ထွက်ခွာသွားနိုင်ရန်ကူညီမစခဲ့ ပေသည်။ ဤအမှုကြောင့်သူသည်ဘုရား သခင်နှင့်မှန်ကန်စွာဆက်ဆံမှုကိုရရှိ၏။
In like manner was not Rahab the prostitute also justified by works, in that she received the messengers, and sent them out another way?
26 ၂၆ ထို့ကြောင့်ဝိညာဉ်နှင့်ကင်းသောကိုယ်ခန္ဓာသည် အသေဖြစ်သကဲ့သို့ အကျင့်နှင့်ကင်းသည့် ယုံကြည်ခြင်းသည်အသေဖြစ်သတည်း။
For as the body apart from the spirit is dead, even so faith apart from works is dead.