< ယာကုပ် 2 >

1 ငါ့​ညီ​အစ်​ကို​တို့၊ သင်​တို့​သည်​ငါ​တို့​၏​ဘုန်း အ​သ​ရေ​တော်​ရှင်​သ​ခင်​ယေ​ရှု​ခ​ရစ်​ကို သက် ဝင်​ယုံ​ကြည်​သူ​များ​ဖြစ်​ကြ​သည့်​အ​လျောက် လူ​တို့​အား​မျက်​နှာ​ကြီး​ငယ်​လိုက်​၍​မ​ဆက် ဆံ​ကြ​နှင့်။-
My brothers, stop holding the faith of our Lord Jesus Christ, the Glory, with partiality!
2 အ​ကယ်​၍​သင်​တို့​စည်း​ဝေး​ရာ​သို့​ဝင်​လာ သော​လူ​နှစ်​ယောက်​အ​နက် လူ​တစ်​ယောက်​က ရွှေ​လက်​စွပ်​နှင့်​ဝတ်​ကောင်း​စား​လှ​များ​ကို ဝတ်​ဆင်​ထား​၍ အ​ခြား​တစ်​ယောက်​က​မူ ဆင်း​ရဲ​နွမ်း​ပါး​သူ​ဖြစ်​သ​ဖြင့် စုတ်​ပြတ် သော​အ​ဝတ်​ကို​ဝတ်​ဆင်​ထား​သည်​ဆို​အံ့။-
For if a man with a gold ring, in fine clothes, should enter your synagogue, and a poor man in filthy rags should also enter,
3 သင်​တို့​သည်​ဝတ်​ကောင်း​စား​လှ​ဝတ်​ဆင်​ထား သူ​အား​အ​ရေး​ပေး​လျက်``ဤ​နေ​ရာ​တွင်​ထိုင် ပါ'' ဟူ​၍​လည်း​ကောင်း၊ ဆင်း​ရဲ​သူ​အား``ထို နေ​ရာ​တွင်​ရပ်​နေ​လော့'' ဟူ​၍​လည်း​ကောင်း ဆို​ပါ​မူ၊-
and you pay special attention to the one wearing the fine clothes and say to him, “You sit in this special seat,” but to the poor one you say, “You stand there,” or “Sit here at my footstool,”
4 အ​ချင်း​ချင်း​လူ​တန်း​စား​ခွဲ​ခြား​၍ မ​ကောင်း သော​အ​ကြံ​အ​စည်​နှင့်​အ​ကဲ​ဖြတ်​ရာ​ရောက် သည်​မ​ဟုတ်​ပါ​လော။
have you not been separated among yourselves and become judges with malignant thoughts?
5 ချစ်​သော​ညီ​အစ်​ကို​တို့၊ နား​ထောင်​ကြ​လော့။ ယုံ​ကြည်​ခြင်း​၌​ကြွယ်​ဝ​သူ​များ​ဖြစ်​ကြ စေ​ရန်​ကိုယ်​တော်​ကို​ချစ်​သော​သူ​တို့​အ​တွက် က​တိ​ထား​တော်​မူ​သော​နိုင်​ငံ​တော်​ကို​ဆက်​ခံ သူ​များ​ဖြစ်​ကြ​စေ​ရန် ကိုယ်​တော်​သည်​လော​က တွင်​ဆင်း​ရဲ​သူ​တို့​အား​ရွေး​ချယ်​တော်​မူ​သည် မ​ဟုတ်​လော။-
Listen, my beloved brothers. Has not God chosen the poor of the world to be rich in faith and heirs of the kingdom that He has promised to those loving Him?
6 သို့​ရာ​တွင်​သင်​တို့​က​ဆင်း​ရဲ​သူ​တို့​အား ရှုတ်​ချ​ကြ​သည်​တ​ကား။ ကြွယ်​ဝ​သူ​တို့​သည် သင်​တို့​အား​နှိပ်​စက်​၍​တ​ရား​သူ​ကြီး​များ ရှေ့​သို့​ဆွဲ​ငင်​ခေါ်​ဆောင်​သွား​ကြ​သည် မ​ဟုတ်​လော။-
But you dishonored the poor one. Do not the rich oppress you and drag you into courts?
7 သင်​တို့​ခံ​ယူ​ရ​ရှိ​သည့်​နာ​မ​တော်​မြတ်​ကို ကဲ့​ရဲ့​ကြ​သည်​မ​ဟုတ်​လော။
Do they not blaspheme the noble name that was called upon you?
8 သင်​တို့​သည်``သင်​၏​အိမ်​နီး​ချင်း​ကို​ကိုယ်​နှင့် အ​မျှ​ချစ်​လော့'' ဟု​ကျမ်း​စာ​တော်​တွင်​ဖော် ပြ​ပါ​ရှိ​သည့်​ရွှေ​ပ​ညတ်​တော်​ကို​စောင့်​ထိန်း လျှင်​သင့်​လျော်​ပေ​၏။-
If you really fulfill the royal law according to the Scripture, “You shall love your neighbor as yourself,” you do well;
9 သို့​ရာ​တွင်​မျက်​နှာ​ကြီး​ငယ်​လိုက်​ကြ​ပါ​မူ အ​ပြစ်​ကူး​သူ​များ​ဖြစ်​၍​ထို​ပ​ညတ်​တော် အား​ဖြင့်​အ​ပြစ်​သင့်​လိမ့်​မည်။-
but if you show partiality, you commit sin, being convicted by the law as transgressors.
10 ၁၀ ပ​ညတ်​တော်​တစ်​ပါး​ကို​ချိုး​ဖောက်​သူ​သည် ပ​ညတ်​တော်​အ​လုံး​စုံ​ကို​ချိုး​ဖောက်​ရာ​ရောက် ပေ​သည်။-
For whoever will keep the whole law, yet stumble in one point, has become guilty of all.
11 ၁၁ အ​ဘယ်​ကြောင့်​ဆို​သော်``သူ့​အိမ်​ရာ​ကို​မ​ပြစ် မှား​နှင့်'' ဟု​မိန့်​တော်​မူ​သော​အ​ရှင်​သည် ``သူ့ အ​သက်​ကို​မ​သတ်​နှင့်'' ဟု​လည်း​မိန့်​တော်​မူ သော​ကြောင့်​ဖြစ်​၏။ သင်​သည်​သူ့​အိမ်​ရာ​ကို မ​ပြစ်​မှား​ဘဲ​နေ​ကောင်း​နေ​လိမ့်​မည်။ သို့​ရာ တွင်​လူ့​အ​သက်​ကို​သတ်​ပါ​မူ​ပ​ညတ်​တော် ကို​ချိုး​ဖောက်​ရာ​ရောက်​၏။-
Because He who said, “Do not commit adultery,” also said, “Do not murder.” Now if you do not commit adultery, but you do murder, you have become a transgressor of the law.
12 ၁၂ သို့​ဖြစ်​၍​သင်​တို့​သည်​လွတ်​မြောက်​ခြင်း​ဆိုင် ရာ​တ​ရား​တော်​အ​ရ​တ​ရား​စီ​ရင်​ခြင်း​ခံ ရ​ကြ​မည့်​သူ​တို့​ကဲ့​သို့​ပြော​ဆို​ကျင့်​ကြံ ကြ​လော့။-
Speak and act as being those who are about to be judged by a law of liberty
13 ၁၃ ဘု​ရား​သ​ခင်​သည်​သ​နား​က​ရု​ဏာ​မ​ရှိ​သူ အား​သ​နား​က​ရု​ဏာ​ကင်း​မဲ့​စွာ​တ​ရား​စီ​ရင် တော်​မူ​လိမ့်​မည်။ သို့​ရာ​တွင်​သ​နားခြင်း​က​ရု​ဏာ ရှိ​သူ​သည်​တ​ရား​စီ​ရင်​ခြင်း​ကို​ကြောက်​လန့် ရန်​မ​လို​ပေ။
(the judgment will be without mercy to the one not showing mercy). That law exalts mercy over judgment.
14 ၁၄ ငါ့​ညီ​အစ်​ကို​တို့၊ လူ​တစ်​စုံ​တစ်​ယောက်​သည် ယုံ​ကြည်​ပါ​သည်​ဟု​ဆို​သော်​လည်း အ​ကျင့် အား​ဖြင့်​သက်​သေ​မ​ပြ​နိုင်​ပါ​မူ​အ​ဘယ် အ​ကျိုး​ရှိ​မည်​နည်း။ ထို​ယုံ​ကြည်​ခြင်း​က သူ့​အား​ကယ်​တင်​နိုင်​မည်​လော။-
What is the advantage, my brothers, if someone says he has faith but does not have works? That faith cannot save him, can it?
15 ၁၅ ညီ​အစ်​ကို​မောင်​နှ​မ​တို့​သည်​ဝတ်​ရေး​စား ရေး​ချို့​တဲ့​ဆင်း​ရဲ​သောအ​ခါ၊-
If a brother or sister is actually naked, and is destitute of the daily food,
16 ၁၆ သင်​တို့​က``သင်​တို့​ကို​ဘု​ရား​သ​ခင်​ကောင်း​ချီး ပေး​တော်​မူ​ပါ​စေ။ နွေး​နွေး​နေ​ကြ​လော့။ ဝ​စွာ စား​ကြ​လော့'' ဟု​ဆို​လျက်​သူ​တို့​လို​အပ်​သည့် အ​သုံး​အ​ဆောင်​ကို​မ​ပေး​ဘဲ​နေ​ပါ​မူ အ​ဘယ်​အ​ကျိုး​ရှိ​ပါ​မည်​နည်း။-
and someone among you says to them, “Go in peace, be warmed and filled,” but you (pl) do not give them the things needed for the body, what is the benefit?
17 ၁၇ ယုံ​ကြည်​ခြင်း​သည်​လည်း​ထို​နည်း​တူ​ပင်​ဖြစ် သည်။ အ​ကျင့်​အား​ဖြင့်​မ​ပြ​နိုင်​သော​ယုံ​ကြည် ခြင်း​သည်​အ​သေ​ဖြစ်​သည်။
Thus also that faith, if it does not have works, is dead, being by itself.
18 ၁၈ သို့​ရာ​တွင်​တစ်​စုံ​တစ်​ယောက်​က``လူ​တစ်​ဦး မှာ​ယုံ​ကြည်​ခြင်း​ရှိ​၍​အ​ခြား​တစ်​ဦး​မှာ အ​ကျင့်​ရှိ​သည်'' ဟု​စော​ဒ​က​တက်​လျှင်``အ​ကျင့် နှင့်​ကင်း​သည့်​ယုံ​ကြည်​ခြင်း​ကို​ငါ့​အား​ပြ​လော့။ ငါ​မူ​ကား​အ​ကျင့်​အား​ဖြင့်​ငါ​၏​ယုံ​ကြည် ခြင်း​ကို​ပြ​မည်'' ဟု​ငါ​ဆို​ပေ​အံ့။-
(But someone will say: “You have faith and I have works. Show me your faith by your works and I, by my works will show you my faith [what he believes].”
19 ၁၉ ဘု​ရား​တစ်​ဆူ​တည်း​သာ​ရှိ​သည်​ကို​ယုံ​ကြည် ၏။ ကောင်း​ပေ​၏။ နတ်​မိစ္ဆာ​များ​ပင်​လျှင်​ထို​သို့ ယုံ​ကြည်​၍​ကြောက်​ရွံ့​တုန်​လှုပ်​ကြ​၏။-
You believe that God is one. You do well. The demons also believe—and shudder!)
20 ၂၀ အ​ချင်း​လူ​မိုက်၊ အ​ကျင့်​နှင့်​ကင်း​သည့်​ယုံ ကြည်​ခြင်း​သည် အ​ချည်း​နှီး​ဖြစ်​ကြောင်း​သိ လို​သ​လော။-
But you need to know, you foolish fellow, that faith without works is dead!
21 ၂၁ ငါ​တို့​၏​ဘိုး​ဘေး​အာ​ဗြ​ဟံ​သည် ဘု​ရား သ​ခင်​နှင့်​မှန်​ကန်​စွာ​ဆက်​ဆံ​မှု​ကို​အ​ဘယ် သို့​ရ​ရှိ​သ​နည်း။ သူ​သည်​မိ​မိ​သား​ဣ​ဇာက် ကို ပလ္လင်​ပေါ်​တွင်​တင်​လှူ​ပူ​ဇော်​ခြင်း​တည်း ဟူ​သော​အ​ကျင့်​အား​ဖြင့်​ရ​ရှိ​ပေ​သည်။-
Was not Abraham our father justified by works when he offered Isaac his son on the altar?
22 ၂၂ သူ​၏​ယုံ​ကြည်​ခြင်း​သည်​အ​ကျင့်​နှင့်​ဒွန်​တွဲ လျက်​နေ​သည်​ကို သင်​မ​သိ​မ​မြင်​သ​လော။ အ​ကျင့်​အား​ဖြင့်​သူ​၏​ယုံ​ကြည်​ခြင်း​ကို ပြည့်​ဝ​စုံ​လင်​၍​လာ​၏။-
You can see that faith was acting together with his works, and the faith was made complete by the works.
23 ၂၃ သို့​ဖြစ်​၍``အာ​ဗြ​ဟံ​သည်​ဘု​ရား​သ​ခင်​အား ယုံ​ကြည်​၏။ သူ​၏​ယုံ​ကြည်​မှု​ကြောင့်​ဘု​ရား သ​ခင်​သည် သူ့​အား​ဖြောင့်​မတ်​သူ​အ​ဖြစ် လက်​ခံ​တော်​မူ​သည်'' ဟူ​သော​ကျမ်း​စ​ကား သည်​မှန်​ကန်​၍​လာ​၏။ ထို့​ကြောင့်​အာ​ဗြ​ဟံ သည် ဘု​ရား​သ​ခင်​၏​အ​ဆွေ​ဟု​ခေါ်​ဝေါ် ခြင်း​ကို​ခံ​ရ​၏။-
And the Scripture was fulfilled which says, “So Abraham believed God, and it was accounted to him for righteousness.” And he was called ‘friend of God’.
24 ၂၄ သို့​ဖြစ်​၍​လူ​သည်​ယုံ​ကြည်​ခြင်း​အား​ဖြင့် သာ​မ​ဟုတ်​ဘဲ ဘု​ရား​သ​ခင်​နှင့်​မှန်​ကန်​စွာ ဆက်​ဆံ​မှု​ကို​ရ​ရှိ​နိုင်​ကြောင်း​သင်​တို့​သိ ကြ​၏။
You see then that a man is justified by works, and not by faith only.
25 ၂၅ ပြည့်​တန်​ဆာ​မ​ရာ​ခပ်​၏​အ​ကြောင်း​မှာ​လည်း ထို​နည်း​အ​တိုင်း​ပင်​ဖြစ်​၏။ သူ​သည်​ဣ​သ​ရေ​လ သူ​လျှို​များ​ကို​ကြို​ဆို​လက်​ခံ​ပြီး​နောက် အ​ခြား လမ်း​ဖြင့်​ထွက်​ခွာ​သွား​နိုင်​ရန်​ကူ​ညီ​မ​စ​ခဲ့ ပေ​သည်။ ဤ​အ​မှု​ကြောင့်​သူ​သည်​ဘု​ရား သ​ခင်​နှင့်​မှန်​ကန်​စွာ​ဆက်​ဆံ​မှု​ကို​ရ​ရှိ​၏။
Similarly, was not Rahab the prostitute also justified by works when she received the messengers and sent them out by a different way?
26 ၂၆ ထို့​ကြောင့်​ဝိ​ညာဉ်​နှင့်​ကင်း​သော​ကိုယ်​ခန္ဓာ​သည် အ​သေ​ဖြစ်​သ​ကဲ့​သို့ အ​ကျင့်​နှင့်​ကင်း​သည့် ယုံ​ကြည်​ခြင်း​သည်​အ​သေ​ဖြစ်​သ​တည်း။
For just as the body without spirit is dead, so also faith without works is dead.

< ယာကုပ် 2 >