< ဟေရှာယ 9 >

1 မြေ​ထဲ​ပင်​လယ်​မှ​သည်​အ​ရှေ့​သို့​လား​သော် ယော်​ဒန်​မြစ်​တစ်​ဖက်​ကမ်း​နှင့်​ဂါ​လိ​လဲ ပြည်​တိုင်​အောင် ရောက်​ရှိ​သည့်​ဇာ​ဗု​လုန်​နှင့် န​ဿ​လိ​သား​ချင်း​စု​တို့​၏​နယ်​မြေ​တည်း ဟူ​သော​လူ​မျိုး​ခြား​တို့​နေ​ထိုင်​ရာ​အ​ရပ် သည် ယ​ခင်​က​အ​သ​ရေ​ပျက်​ခဲ့​သော်​လည်း နောင်​အ​ခါ​၌​အ​သ​ရေ​ရှိ​လိမ့်​မည်။
Mais il ne fera pas toujours sombre, là où l'angoisse avait régné. Comme, au premier temps, Dieu a humilié la terre de Zabulon et la terre de Nephthali; ainsi, dans l'avenir, il couvrira de gloire la terre voisine de la mer, au-delà du Jourdain, la contrée des Gentils.
2 အ​မှောင်​တွင်​သွား​လာ​နေ​သူ​တို့​သည် ကြီး​စွာ​သော​အ​လင်း​ကို​မြင်​ရကြ​၏။ သူ​တို့​သည်​သေ​မင်း​၏​အ​ရိပ်​လွှမ်း​မိုး​ရာ​ပြည်​တွင် နေ​ထိုင်​ခဲ့​ရ​သော်​လည်း၊ ယ​ခု​အ​ခါ​သူ​တို့​အပေါ်​သို့​အ​လင်း​ရောင် ကျ​ရောက်​လာ​လေ​ပြီ။
Le peuple qui marchait dans les ténèbres a vu une grande lumière, et la lumière a resplendi sur ceux qui habitaient le pays de l'ombre de la mort.
3 အို ထာ​ဝ​ရ​ဘု​ရား​ကိုယ်​တော်​ရှင်​သည်​သူ​တို့ အား လွန်​စွာ​အား​ရ​ရွှင်​လန်း​မှု​ကို​ပေး​တော်​မူ​ပါ​ပြီ။ ကိုယ်​တော်​ရှင်​သည်​သူ​တို့​အား​ဝမ်း​မြောက် စေ​တော်​မူ​ပါ​ပြီ။ လူ​တို့​သည်​အ​သီး​အ​နှံ​ရိတ်​သိမ်း​ချိန်​၌​လည်း​ကောင်း၊ တိုက်​ရာ​ပါ​ပစ္စည်း​များ​ကို​ခွဲ​ဝေ​ယူ​ချိန်​၌​လည်း​ကောင်း၊ ဝမ်း​မြောက်​ကြ​သ​ကဲ့​သို့ သူ​တို့​သည်​ကိုယ်​တော်​ရှင်​ပြု​တော်​မူ​သော အ​မှု​တော်​အ​တွက်​ရွှင်​လန်း​ဝမ်း​မြောက်​ကြ ပါ​၏။
Tu as multiplié la nation; tu as augmenté sa joie; ils se réjouissent devant toi, comme on se réjouit dans la moisson, comme on s'égaie en partageant le butin.
4 အ​ဘယ်​ကြောင့်​ဆို​သော်​ကိုယ်​တော်​ရှင်​သည် သူ​တို့​ထမ်း​ပိုး​နှင့် သူ​တို့​အား​ရိုက်​သည့်​တုတ်​ကို​ချိုး​ပစ် တော်​မူ​သော​ကြောင့်​ဖြစ်​၏။ ရှေး​အ​ခါ​က​ကိုယ်​တော်​သည်​မိ​ဒျန်​အ​မျိုး​သား တို့​အား​နှိမ်​နင်း​တော်​မူ​ခဲ့​သည့်​နည်း​တူ၊ ကိုယ်​တော်​၏​လူ​မျိုး​တော်​အား​နှိပ်​စက်​ညှဉ်း​ဆဲ ကြ​သည့် လူ​မျိုး​အား​နှိမ်​နင်း​တော်​မူ​ပါ​ပြီ။
Car tu as brisé le joug dont il était chargé, le bâton qui frappait ses épaules, le bâton de son oppresseur, comme tu fis à la journée de Madian.
5 ချင်း​နင်း​ဝင်​ရောက်​လာ​သော​ရန်​သူ​စစ်​သည် တို့​၏ ဖိ​နပ်​များ​နှင့်​သွေး​စွန်း​လျက် ရှိ​သည့်​အ​ဝတ်​အ​စား​များ​သည်​မီး​ရှို့ ဖျက်​ဆီး​ခြင်း ကို​ခံ​ရ​ကြ​လိမ့်​မည်။
Toute chaussure qu'on porte dans la mêlée, et le vêtement roulé dans le sang, seront brûlés et dévorés par les flammes.
6 ငါ​တို့​အ​ဖို့​သူ​ငယ်​ကို​ဖွားမြင်​၏။ ငါ​တို့​အား​သား​ကို​ပေး​သ​နား​တော်​မူ​ပါ​၏။ သူ​သည်​ငါ​တို့​ကို​အုပ်​စိုး​လိမ့်​မည်။ ``သူ​၏​နာ​မ​တော်​ကို​အံ့​သြ​ဖွယ်၊'' ``တိုင်​ပင်​ဘက်'' ``တန်​ခိုး​ကြီး​သော​ဘု​ရား'' ``ထာ​ဝ​ရ​အ​ဖ'' ``ငြိမ်း​ချမ်း​ရေး​အ​ရှင်'' ဟူ​၍​နာ​မည်​တွင် လိမ့်​မည်။
Car un enfant nous est né, un fils nous est donné, et l'empire est mis sur son épaule: on l'appellera l'Admirable, le Conseiller, le Dieu fort, le Père d'éternité, le Prince de la paix;
7 သူ​၏​ရာ​ဇ​အာ​ဏာ​သည်​ဆက်​လက်​တိုး တက်​လျက် သူ​၏​နိုင်​ငံ​တော်​သည်​လည်း၊အ​စဉ်​အ​မြဲ ငြိမ်း​ချမ်း​သာ​ယာ​လိမ့်​မည်။ သူ​သည်​ဒါ​ဝိဒ်​မင်း​၏​အ​ရိုက်​အ​ရာ​ကို ဆက်​ခံ​ကာ ယ​ခု​မှ​စ​၍​ကပ်​ကာ​လ​ကုန်​ဆုံး​ချိန်​တိုင်​အောင် တ​ရား​တော်​နှင့်​အ​ညီ​မျှ​တ​စွာ​အုပ်​စိုး​လိမ့်​မည်။ အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် ဤ အ​မှု​အ​ရာ​အ​လုံး​စုံ​တို့​အား​ဖြစ်​ပျက်​စေ ရန်​သန္နိ​ဋ္ဌာန်​ချ​မှတ်​တော်​မူ​ပြီး​ဖြစ်​သ​တည်း။
Pour accroître l'empire, pour donner une prospérité sans fin au trône de David et à son royaume; pour l'établir et l'affermir dans l'équité et dans la justice, dès maintenant et à toujours. La jalousie de l'Éternel des armées fera cela.
8 ထာ​ဝ​ရ​ဘု​ရား​သည်​ယာ​ကုပ်​၏​သား​မြေး များ​အ​ပေါ်​နှင့် ဣ​သ​ရေ​လ​ပြည်​အ​ပေါ်​၌ တ​ရား​စီ​ရင်​ချက်​ချ​မှတ်​တော်​မူ​လေ​ပြီ။-
Le Seigneur envoie une parole à Jacob; elle tombe sur Israël.
9 ယင်း​သို့​ပြု​တော်​မူ​ကြောင်း​ကို​ရှ​မာ​ရိ​မြို့ တွင်​နေ​ထိုင်​သူ​မှန်​သ​မျှ​နှင့်​ဣ​သ​ရေ​လ အမျိုး​သား​မှန်​သ​မျှ​တို့​သိ​ရှိ​ကြ​လိမ့်​မည်။ ယ​ခု​အ​ခါ​သူ​တို့​သည်​မာန်​မာ​န​ထောင်​လွှား လျက်​စိတ်​ကြီး​ဝင်​လျက်​နေ​ကြ​၏။ သူ​တို့​က၊-
Le peuple entier en aura connaissance, Éphraïm et les habitants de Samarie, ceux qui disent avec orgueil et avec fierté:
10 ၁၀ ``အုတ်​တိုက်​များ​ပြို​ကျ​ပြီ​ဖြစ်​သော်​လည်း ယင်း​တို့​ကို​ငါ​တို့​သည်​ဆစ်​ကျောက်​များ​ဖြင့် အ​စား​ထိုး​တည်​ဆောက်​ကြ​ကုန်​အံ့။ သ​ဖန်း သား​ယက်​မ​များ​ကို​ခုတ်​ဖြတ်​ပစ်​ကြ​သော် လည်း၊ ငါ​တို့​သည်​ယင်း​တို့​ကို​အ​ကောင်း​ဆုံး အာ​ရစ်​သား(သစ်​က​တိုး​သား) ဖြင့်​အ​စား​ထိုး ကြ​ကုန်​အံ့'' ဟု​ဆို​ကြ​၏။
Les briques sont tombées, nous bâtirons en pierres de taille; les sycomores ont été coupés, nous les remplacerons par des cèdres!
11 ၁၁ ထာ​ဝ​ရ​ဘု​ရား​သည်​သူ​တို့​အား​တိုက်​ခိုက် ကြ​စေ​ရန် ရန်​သူ​တို့​ကို​လှုံ့​ဆော်​တော်​မူ​၏။-
L'Éternel élèvera les adversaires de Retsin contre le peuple; il armera aussi leurs ennemis:
12 ၁၂ အ​ရှေ့​ဘက်​ရှိ​အာ​ရှု​ရိ​ပြည်​နှင့်​အ​နောက် ဘက်​ရှိ​ဖိ​လိတ္တိ​ပြည်​တို့​သည် ဣ​သ​ရေ​လ ပြည်​ကို​ဖျက်​ဆီး​ချေ​မှုန်း​ရန်​အ​သင့်​ပြင် ဆင်​ကြ​ကုန်​၏။ သို့​နှင့်​လည်း​ထာ​ဝ​ရ​ဘု​ရား ၏​အ​မျက်​တော်​သည်​မ​ပြေ။ သူ​တို့​အား​ဆုံး မ​ရန်​ကိုယ်​တော်​သည်​လက်​တော်​ကို​ဆန့်​လျက် ပင်​ရှိ​ထား​တော်​မူ​သေး​၏။
Les Syriens par-devant, et les Philistins par-derrière; et ils dévoreront Israël à pleine bouche. Malgré tout cela, sa colère ne s'arrête pas, et sa main est toujours étendue!
13 ၁၃ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​နောင်​တ မ​ရ​ကြ။ မိ​မိ​တို့​အား​အ​နန္တ​တန်​ခိုး​ရှင် ထာ​ဝရ​ဘု​ရား​သည် အ​ပြစ်​ဒဏ်​ခတ်​တော်​မူ ပြီ​ဖြစ်​သော်​လည်း​သူ​တို့​သည်​အ​ထံ​တော် သို့​မ​ပြန်​ကြ။-
Mais le peuple ne retourne pas à celui qui le frappe; ils ne cherchent pas l'Éternel des armées.
14 ၁၄ ထာ​ဝ​ရ​ဘု​ရား​သည်​တစ်​နေ့​တည်း​တွင်​ဣ​သ ရေ​လ​ခေါင်း​ဆောင်​များ​နှင့်​ပြည်​သူ​တို့​အား အ​ပြစ်​ဒဏ်​ခတ်​တော်​မူ​လိမ့်​မည်။ ကိုယ်​တော်​သည် သူ​တို့​၏​ခေါင်း​ပိုင်း၊ အ​မြီး​ပိုင်း​တို့​ကို​တစ်​နေ့ တည်း​အ​တွင်း​ဖြတ်​တောက်​ပစ်​တော်​မူ​လိမ့်​မည်။-
Aussi l'Éternel retranchera d'Israël, en un jour, la tête et la queue, la palme et le jonc.
15 ၁၅ ခေါင်း​ပိုင်း​သည်​သက်​ကြီး​ဝါ​ကြီး​ဂုဏ်​အ​သ​ရေ ရှိ​သူ​များ​ဖြစ်​၍ အ​မြီး​ပိုင်း​သည်​လိမ်​လည် ဟော​ပြော​တတ်​သူ​ပ​ရော​ဖက်​များ​ဖြစ်​၏။-
La tête, c'est l'ancien et l'homme considéré; et la queue, c'est le prophète qui enseigne le mensonge.
16 ၁၆ ဤ​လူ​တို့​အား​ရှေ့​ဆောင်​လမ်း​ပြ​သူ​တို့​သည် လမ်း​မှား​ကို​ပြ​၍​စိတ်​ရှုပ်​ထွေး​စေ​တတ်​ကြ​၏။-
Car les conducteurs de ce peuple l'égarent, et ceux qui sont conduits par eux se perdent.
17 ၁၇ သို့​ဖြစ်​၍​ထာ​ဝ​ရ​ဘု​ရား​သည်​အ​ဘယ် လူ​ငယ်​လူ​ရွယ်​ကို​မျှ ချမ်း​သာ​ပေး​တော်​မူ လိမ့်​မည်​မ​ဟုတ်။ မု​ဆိုး​မ​များ​နှင့်​မိ​ဘ​မဲ့ သူ​များ​အား​လည်း​က​ရု​ဏာ​ပြ​တော်​မူ လိမ့်​မည်​မ​ဟုတ်။ အ​ဘယ်​ကြောင့်​ဆို​သော်​လူ အ​ပေါင်း​တို့​သည်​ဘု​ရား​မဲ့​လျက်​ယုတ်​မာ လျက်​ရှိ​ကြ​သည့်​အ​ပြင် ညစ်​ညမ်း​သည့် စ​ကား​ကို​သာ​လျှင်​ပြော​ဆို​ကြ​သော​ကြောင့် ဖြစ်​၏။ ထို့​ကြောင့်​ထာ​ဝ​ရ​ဘု​ရား​အ​မျက် တော်​မ​ပြေ​ဘဲ​အ​ပြစ်​ဒဏ်​ခတ်​တော်​မူ​ရန် လက်​တော်​ကို​ဆန့်​တန်း​ချိန်​ရွယ်​လျက်​ပင် ထား​တော်​မူ​၏။
C'est pourquoi l'Éternel ne prendra point plaisir en ses jeunes gens, et n'aura point pitié de ses orphelins ni de ses veuves; car ce ne sont tous que des impies et des méchants, et toute bouche profère des infamies. Malgré tout cela, sa colère ne s'arrête pas, et sa main est toujours étendue!
18 ၁၈ လူ​တို့​၏​ယုတ်​မာ​မှု​သည် ဆူး​ပင်​အ​မျိုး​မျိုး ကို​ကျွမ်း​လောင်​စေ​သည့်​မီး​ကဲ့​သို့​တောက် လောင်​တတ်​၏။ တော​မီး​ကဲ့​သို့​တောက်​လောင်​၍ မီး​ခိုး​လုံး​ကြီး​များ​ကို​တက်​စေ​တတ်​၏။-
Car la méchanceté brûle, comme un feu qui dévore les ronces et les épines; il embrase les taillis de la forêt, qui montent en colonnes de fumée.
19 ၁၉ အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် အ​မျက်​ထွက်​တော်​မူ​သ​ဖြင့်​ကိုယ်​တော် ပေး​တော်​မူ​သော​အ​ပြစ်​ဒဏ်​သည် တစ်​ပြည် လုံး​တွင်​မီး​သ​ဖွယ်​တောက်​လောင်​ကာ​လူ တို့​အား​သုတ်​သင်​ဖျက်​ဆီး​ပစ်​လိမ့်​မည်။ ထို​အ​ခါ​လူ​တိုင်း​ပင်​ကိုယ်​လွတ်​ရုန်း ကြ​လိမ့်​မည်။-
La colère de l'Éternel des armées embrase le pays, et le peuple devient la proie du feu; nul n'épargne son frère.
20 ၂၀ နေ​ရာ​တ​ကာ​တွင်​လူ​တို့​သည်​မိ​မိ​တို့​ရ​နိုင် သ​မျှ​သော​အ​စား​အ​စာ​များ​ကို​စား​ကြ သော်​လည်း အာ​သာ​မ​ပြေ​ဘဲ​ရှိ​လိမ့်​မည်။ သူ တို့​သည်​မိ​မိ​တို့​၏​သား​သ​မီး​များ​ကို​ပင် ပြန်​၍​စား​ကြ​ပါ​သည်​တ​ကား၊-
On déchire à droite, et l'on a faim; on dévore à gauche, et l'on n'est pas rassasié; chacun mange la chair de son bras.
21 ၂၁ မ​နာ​ရှေ​သား​ချင်း​စု​နှင့်​ဧ​ဖ​ရိမ်​သား​ချင်း စု​သည်​အ​ပြန်​အ​လှန်​တိုက်​ခိုက်​ကြ​ပြီး​လျှင် သူ​တို့​နှစ်​ဦး​ပေါင်း​၍​ယု​ဒ​သား​ချင်း​စု​ကို တိုက်​ခိုက်​ကြ​တော့​၏။ သို့​နှင့်​လည်း​ထာ​ဝ​ရ ဘု​ရား​သည်​အ​မျက်​တော်​မ​ပြေ​ဘဲ​အ​ပြစ် ဒဏ်​ခတ်​တော်​မူ​ရန်​လက်​တော်​ကို​ချိန်​ရွယ် လျက်​ပင်​ထား​တော်​မူ​၏။
Manassé dévore Éphraïm; et Éphraïm, Manassé. Ensemble, ils fondent sur Juda. Malgré tout cela, sa colère ne s'arrête pas, et sa main est toujours étendue!

< ဟေရှာယ 9 >