< ဟေရှာယ 7 >
1 ၁ ယုဒပြည်တွင် သြဇိ၏မြေး၊ ယောသံ၏သား၊ အာခတ်နန်းစံစဉ်အခါစစ်ဖြစ်လေသည်။ ရှုရိ ဘုရင်ရေဇိန်နှင့်ဣသရေလဘုရင်ရေမလိ ၏သားပေကာတို့သည် ယေရုရှလင်မြို့ကို တိုက်ခိုက်ကြသော်လည်းထိုမြို့ကိုသိမ်းယူ နိုင်စွမ်းမရှိကြ။
І сталося за днів Аха́за, сина Йота́ма, Уззіїного сина, царя Юди, вийшов Реці́н, цар сирійський, і Пе́ках, син Ремаліїн, цар Ізраїлів, до Єрусалиму на війну́ на нього, та не міг звоюва́ти його.
2 ၂ ရှုရိတပ်များသည် ဣသရေလနယ်မြေအတွင်း သို့ရောက်ရှိနေပြီဖြစ်ကြောင်း ယုဒဘုရင်ကြား သိရသောအခါ သူနှင့်တကွသူ၏ပြည်သူ အပေါင်းသည်လွန်စွာထိတ်လန့်ကြကုန်၏။ လေ တိုက်၍လှုပ်သောသစ်ရွက်များကဲ့သို့ သူတို့ ၏စိတ်နှလုံးသည်တုန်လှုပ်လျက်နေကုန်၏။
І спові́щено Давидів дім, і сказано: „Став табо́ром Ара́м у землі Єфремовій“. І захиталося серце його й серце наро́ду його, як хитаються лісові́ дере́ва від вітру!
3 ၃ ထာဝရဘုရားသည်ဟေရှာယအား``သင်၏ သားရှာယာရှုပ်ကိုခေါ်၍အာခတ်နှင့်သွား ရောက်တွေ့ဆုံလော့။ သင်သည်သူ့ကိုအထက် ရေကန်ရေသွယ်မြောင်းအဆုံးအထည်ယက် သမားများအလုပ်လုပ်သည့်နေရာအနီး ရှိလမ်းပေါ်တွင်တွေ့လိမ့်မည်။-
І сказав Господь до Ісаї: „Вийди навпроти Ахаза, ти та твій син Шеар-Яшув, до кінця водово́ду горі́шнього ставу, на биту дорогу По́ля-Валю́шників.
4 ၄ သူ့အားသတိရှိမှု၊ တည်ငြိမ်မှုရှိရန်နှင့်ထိတ် လန့်မှုနှင့်စိတ်အနှောက်အယှက်မဖြစ်ရန် ကိုပြောကြားလော့။ ရေဇိန်မင်းနှင့်တကွ ရှုရိပြည်သူတို့၏အမျက်နှင့်ပေကာမင်း ၏အမျက်သည် ထင်းစနှစ်ခုမှအငွေ့တလူ လူထွက်လျက်နေသောမီးခိုးထက်ပို၍ ဥပဒ်မပေးနိုင်။-
І скажеш до нього: Стережися й будь спокійний, не бійся, а серце твоє нехай не мякне через два за́лишки тих димля́чих голове́шок, від по́лум'я гніву Реціна й Арама та сина Ремаліїного,
5 ၅ ရှုရိပြည်သည်ဣသရေလပြည်နှင့် ၎င်း ၏ရှင်ဘုရင်တို့နှင့်အတူ လျှို့ဝှက်သော အကြံအစည်တစ်ခုကိုပြု၏။-
за те, що Арам, Єфрем та син Ремаліїн радили проти тебе лихе, говорячи:
6 ၆ သူတို့သည်ယုဒပြည်ကိုချင်းနင်းဝင်ရောက် ကာပြည်သူတို့အား မိမိဘက်သို့ပါအောင် ခြိမ်းခြောက်၍တဗာလ၏သားကိုနန်းတင် ရန်ကြံရွယ်ထားကြ၏။
Ходім на Юдею та її налякаємо, і здобу́демо для себе, і настано́вимо царем серед нього Тавеїлового сина.
7 ၇ သို့ရာတွင် အရှင်ထာဝရဘုရားဖွင့်ဟ ကြေညာသည်မှာ``ဤသို့အဘယ်အခါ ၌မျှဖြစ်ရလိမ့်မည်မဟုတ်။-
Так сказав Господь Бог: Цього не станеться й не бу́де!
8 ၈ အဘယ်ကြောင့်ဆိုသော်ရှုရိပြည်၏အင်အား သည် ဒမာသက်မြို့ပင်ဖြစ်၍ဒမာသက်မြို့၏ အင်အားမှာလည်း ရေဇိန်မင်းပင်ဖြစ်သော ကြောင့်တည်း။ ဣသရေလပြည်သည်လည်း ခြောက်ဆယ့်ငါးနှစ်အတွင်း ပြိုကွဲလျက် နိုင်ငံတစ်ခုအနေဖြင့်ရပ်တည်နိုင်တော့ မည်မဟုတ်။-
Бо голова Ара́му — Дама́ск, а голова Дамаску — Рецін, та ще шістдеся́т і п'ять літ, — і буде зла́маний Єфрем, так що перестане бути наро́дом!
9 ၉ ဣသရေလပြည်၏အင်အားသည် ရှမာရိ မြို့ဖြစ်၍ရှမာရိမြို့၏အင်အားမှာလည်း ပေကာမင်းပင်ဖြစ်ပေသည်။'' ``အကယ်၍သင်တို့သည် ခိုင်မြဲစွာဘုရားသခင်အားယုံကြည်ကိုးစားမှုမပြုလျှင် အဘယ်အခါ၌မျှရပ်တည်နိုင်ကြလိမ့် မည်မဟုတ်'' ဟုမိန့်တော်မူ၏။
А голова Єфрему — Самарі́я, а голова Самарії — син Ремаліїн. Якщо ви не повірите, то не встоїте́“.
10 ၁၀ ထာဝရဘုရားသည်အာခတ်ထံသို့ မိမိ ၏စေတမန်ကိုလွှတ်တော်မူပြန်၍၊-
I Господь далі говорив до Ахаза й казав:
11 ၁၁ ``နိမိတ်လက္ခဏာတစ်ခုကိုပြတော်မူရန် သင်၏ဘုရားသခင်ထာဝရဘုရားအား တောင်းလျှောက်လော့။ ထိုနိမိတ်လက္ခဏာသည် မရဏာနိုင်ငံမှလည်းကောင်း၊ အထက်ကောင်း ကင်ဘုံမှလည်းကောင်းဖြစ်နိုင်ပါသည်'' ဟု ပြောကြားစေတော်မူ၏။ (Sheol )
„Зажадай собі знака від Господа, Бога твого, і зійди гли́боко до шео́лу, або зійди ви́соко догори́!“ (Sheol )
12 ၁၂ အာခတ်က``ငါသည်ထာဝရဘုရားအား အကဲမစမ်းလိုပါ။ သို့ဖြစ်၍နိမိတ် လက္ခဏာကိုတောင်းလျှောက်လိမ့်မည် မဟုတ်'' ဟုဆို၏။
А Ахаз відказав: „Не пожадаю я, і не буду споку́шувати Господа“.
13 ၁၃ ထိုအခါဟေရှာယက``အို ဒါဝိဒ်၏သားမြေး၊ နားထောင်လော့။ သင်သည်မိမိအားပြည်သူတို့ ငြီးငွေ့အောင်ပြုရုံဖြင့်မကျေနပ်ဘဲ ထာဝရ ဘုရားလည်းငြီးငွေ့လာအောင်ပြုလိုပါ သလော။-
І він сказав: „Послухайте, доме Давидів, — чи мало вам труди́ти людей, що тру́дите також Бога мого?
14 ၁၄ ယခုထာဝရဘုရားကိုယ်တော်တိုင်ပင် သင့် အားနိမိတ်လက္ခဏာတစ်ခုကိုပြတော်မူ လိမ့်မည်။ အမျိုးသမီးပျိုတစ်ယောက်သည် ကိုယ်ဝန်ဆောင်၍သားယောကျာ်းကိုဖွားမြင် လိမ့်မည်။ သူသည်ထိုသားကို`ဧမာနွေလ' ဟုနာမည်ပေးလိမ့်မည်။-
Тому Господь Сам дасть вам знака: Ось Діва в утро́бі зачне́, і Сина поро́дить, і назве́ш ім'я́ Йому: Еммануї́л.
15 ၁၅ ထိုသူငယ်သည်အရွယ်ရောက်၍စဉ်းစား ဆုံးဖြတ်တတ်ချိန်ရောက်သည့်အခါ နို့နှင့် ပျားရည်ကိုသာစားသုံးလိမ့်မည်။-
Масло та мед буде Він спожива́ти, аж поки не пізна́є того, як зло відкидати та добро́ вибирати.
16 ၁၆ ထိုအချိန်ကာလမကျမီ၌ပင်လျှင် သင် ကြောက်လန့်သည့်ဘုရင်နှစ်ပါး၏တိုင်း ပြည်များသည်လူသူဆိတ်ငြိမ်ရာဖြစ် လျက်နေလိမ့်မည်။
Бо поки пізна́є Та Дити́на, як зло відкида́ти та добро вибира́ти, буде поки́нена та земля, що ти лякаєшся перед двома́ царями її.“
17 ၁၇ ``ဣသရေလနှင့်ယုဒနှစ်ခြမ်းကွဲချိန်မှအစ ပြု၍ မကြုံဘူးသေးသောဘေးဒုက္ခများကို ထာဝရဘုရားသည် သင်နှင့်သင်၏ပြည်သူတို့ အပေါ်သို့လည်းကောင်း၊ မင်းဆွေမင်းမျိုးမှန် သမျှအပေါ်သို့လည်းကောင်းသက်ရောက်စေ တော်မူလိမ့်မည်။ ကိုယ်တော်သည်အာရှုရိ ဘုရင်ကိုခေါ်ဆောင်လာတော်မူပေအံ့။
Спровадить Госпо́дь на тебе, і на наро́д твій, і на дім ба́тька твого дні, які не прихо́дили від дня відсту́плення Єфрема від Юди, — спровадить царя асирійського.
18 ၁၈ ``ထိုအချိန်ကျရောက်လာသောအခါထာဝရ ဘုရားသည် အီဂျစ်အမျိုးသားတို့အားယင် ကောင်များသဖွယ်နိုင်းမြစ်လက်တက်များ၏ အစွန်အဖျားမှလည်းကောင်း၊ အာရှုရိအမျိုး သားတို့အားပျားများသဖွယ်မိမိတို့ပြည် မှလည်းကောင်းလာရောက်ကြရန်လေချွန်သံ ဖြင့်အချက်ပေးတော်မူလိမ့်မည်။-
І станеться в день той, прива́бить Госпо́дь муху, що в кінці рік Єгипту, та бджолу́, що в ассирійському кра́ї,
19 ၁၉ သူတို့သည်လည်းကျောက်ထူထပ်သည့်ချိုင့် ဝှမ်းများ၊ ကျောက်ဂူများ၊ ဆူးခြုံရှိသမျှ နှင့်စားကျက်ရှိသမျှတို့ကိုကြိတ်ကြိတ် တိုးလာရောက်ကြလိမ့်မည်။
і вони прилетя́ть, та уся́дуться всі по прова́ллях стрімки́х та по щі́линах ске́льних, і в усіх тернови́ннях, та на лу́ках усіх.
20 ၂၀ ``ထိုအချိန်ကျရောက်လာသောအခါ၊ ထာဝရ ဘုရားသည်ဥဖရတ်မြစ်တစ်ဖက်ကမ်းမှ အာရှုရိဘုရင်တည်းဟူသောဆံပင်ညှပ် သမားကိုငှား၍သင်တို့၏မုတ်ဆိတ်များ ကိုလည်းကောင်း၊ ဆံပင်နှင့်ကိုယ်မွေးများ ကိုလည်းကောင်းရိတ်စေတော်မူလိမ့်မည်။
Дня то́го ого́лить Господь немов бритвою, на́йнятою по тім боці ріки́, — царем асирійським, го́лову та воло́сся ніг, забере також бо́роду.
21 ၂၁ ``ထိုအချိန်ကျရောက်လာသောအခါအကယ် ၍လယ်သမားတစ်ယောက်တွင် နွားသငယ် တစ်ကောင်နှင့်ဆိတ်နှစ်ကောင်သာလျှင်ရှိ သော်လည်း၊-
І бу́де дня то́го, що хто прогоду́є корівку та дві штуки худо́би дрібно́ї,
22 ၂၂ သူသည်မိမိစားသုံးရန်လိုသမျှသောနို့ များကိုရရှိလိမ့်မည်။ ထိုပြည်တွင်မသေဘဲ ကျန်ရစ်သမျှသောလူတို့သည်နို့နှင့်ပျား ရည်ကိုစားသုံးရကြလိမ့်မည်။
то ста́неться, що від многоти́ молока, що надо́їть, спожива́тиме масло, бо масло та мед буде їсти всякий, хто зоста́неться серед землі.
23 ၂၃ ထိုအချိန်ကျရောက်လာသောအခါစပျစ် ပင်တစ်ထောင်ရှိ၍ ငွေခွက်တစ်ထောင်တန်ဖိုး ထိုက်သည့်စပျစ်ဥယျာဉ်တိုင်းပင်လျှင်ဆူး ခြုံအမျိုးမျိုးဖြင့်ဖုံးအုပ်၍နေလိမ့်မည်။-
І бу́де дня то́го: кожне місце, що в нім буде тисяча лоз винограду на тисячу срі́бла, стане терни́ною та будяко́м!
24 ၂၄ လေးမြားမပါဘဲအဘယ်သူမျှထိုအရပ် သို့သွားရဲကြလိမ့်မည်မဟုတ်။ တိုင်းပြည် တစ်ခုလုံးပင်လျှင်ဆူးခြုံအမျိုးမျိုး ဖြင့်ပြည့်၍နေလိမ့်မည်။-
Зо стрі́лами й з луком він бу́де ходи́ти туди́, бо стане терни́ною та будяко́м уся земля.
25 ၂၅ အခါတစ်ပါးကသီးနှံပင်များစိုက်ပျိုးခဲ့ သည့်တောင်ကုန်းမှန်သမျှသည် ဆူးခြုံအမျိုး မျိုးနှင့်ပြည့်နှက်နေသဖြင့် ထိုနေရာများသို့ အဘယ်သူမျှသွားကြလိမ့်မည်မဟုတ်။ နွား များသိုးများကျက်စားရာသာလျှင်ဖြစ် လိမ့်မည် '' ဟုဆို၏။
А на всі го́ри, що за́ступом копано їх, ти не зі́йдеш туди, бо будеш боятись терни́ни й будя́ччя, — і стануться місцем вони, куди волів посила́тимуть, і топта́тимуть ві́вці його́.