< ဟေရှာယ 7 >

1 ယု​ဒ​ပြည်​တွင် သြ​ဇိ​၏​မြေး၊ ယော​သံ​၏​သား၊ အာ​ခတ်​နန်း​စံ​စဉ်​အ​ခါ​စစ်​ဖြစ်​လေ​သည်။ ရှု​ရိ ဘု​ရင်​ရေ​ဇိန်​နှင့်​ဣ​သ​ရေ​လ​ဘု​ရင်​ရေ​မ​လိ ၏​သား​ပေ​ကာ​တို့​သည် ယေ​ရု​ရှ​လင်​မြို့​ကို တိုက်​ခိုက်​ကြ​သော်​လည်း​ထို​မြို့​ကို​သိမ်း​ယူ နိုင်​စွမ်း​မ​ရှိ​ကြ။
And it was in [the] days of Ahaz [the] son of Jotham [the] son of Uzziah [the] king of Judah he went up Rezin [the] king of Aram and Pekah [the] son of Remaliah [the] king of Israel Jerusalem for battle on it and not he was able to engage in battle on it.
2 ရှု​ရိ​တပ်​များ​သည် ဣ​သ​ရေ​လ​နယ်​မြေ​အ​တွင်း သို့​ရောက်​ရှိ​နေ​ပြီ​ဖြစ်​ကြောင်း ယု​ဒ​ဘု​ရင်​ကြား သိ​ရ​သော​အ​ခါ သူ​နှင့်​တ​ကွ​သူ​၏​ပြည်​သူ အ​ပေါင်း​သည်​လွန်​စွာ​ထိတ်​လန့်​ကြ​ကုန်​၏။ လေ တိုက်​၍​လှုပ်​သော​သစ်​ရွက်​များ​ကဲ့​သို့ သူ​တို့ ၏​စိတ်​နှ​လုံး​သည်​တုန်​လှုပ်​လျက်​နေ​ကုန်​၏။
And it was told to [the] house of David saying it has stood Aram with Ephraim and it shook heart his and [the] heart of people his as shake [the] trees of [the] forest from before a wind.
3 ထာ​ဝ​ရ​ဘု​ရား​သည်​ဟေ​ရှာ​ယ​အား``သင်​၏ သား​ရှာ​ယာ​ရှုပ်​ကို​ခေါ်​၍​အာ​ခတ်​နှင့်​သွား ရောက်​တွေ့​ဆုံ​လော့။ သင်​သည်​သူ့​ကို​အ​ထက် ရေ​ကန်​ရေ​သွယ်​မြောင်း​အ​ဆုံး​အ​ထည်​ယက် သ​မား​များ​အ​လုပ်​လုပ်​သည့်​နေ​ရာ​အနီး ရှိ​လမ်း​ပေါ်​တွင်​တွေ့​လိမ့်​မည်။-
And he said Yahweh to Isaiah go out please to meet Ahaz you and Shear-jashub son your to [the] end of [the] conduit of the pool upper to [the] highway of [the] field of [the] washer.
4 သူ့​အား​သ​တိ​ရှိ​မှု၊ တည်​ငြိမ်​မှု​ရှိ​ရန်​နှင့်​ထိတ် လန့်​မှု​နှင့်​စိတ်​အ​နှောက်​အ​ယှက်​မ​ဖြစ်​ရန် ကို​ပြော​ကြား​လော့။ ရေ​ဇိန်​မင်း​နှင့်​တ​ကွ ရှု​ရိ​ပြည်​သူ​တို့​၏​အ​မျက်​နှင့်​ပေ​ကာ​မင်း ၏​အ​မျက်​သည် ထင်း​စ​နှစ်​ခု​မှ​အ​ငွေ့​တ​လူ လူ​ထွက်​လျက်​နေ​သော​မီး​ခိုး​ထက်​ပို​၍ ဥ​ပဒ်​မ​ပေး​နိုင်။-
And you will say to him take care and show quietness may not you be afraid and heart your may not it be weak from [the] two [the] stumps of pieces of firewood smoking these by [the] heat of [the] anger of Rezin and Aram and [the] son of Remaliah.
5 ရှု​ရိ​ပြည်​သည်​ဣ​သ​ရေ​လ​ပြည်​နှင့် ၎င်း ၏​ရှင်​ဘု​ရင်​တို့​နှင့်​အ​တူ လျှို့​ဝှက်​သော အ​ကြံ​အ​စည်​တစ်​ခု​ကို​ပြု​၏။-
Because for it has planned on you Aram harm Ephraim and [the] son of Remaliah saying.
6 သူ​တို့​သည်​ယု​ဒ​ပြည်​ကို​ချင်း​နင်း​ဝင်​ရောက် ကာ​ပြည်​သူ​တို့​အား မိ​မိ​ဘက်​သို့​ပါ​အောင် ခြိမ်း​ခြောက်​၍​တ​ဗာ​လ​၏​သား​ကို​နန်း​တင် ရန်​ကြံ​ရွယ်​ထား​ကြ​၏။
Let us go up on Judah and let us demolish it and let us break into it to ourselves and let us make king a king in [the] midst of it [the] son of Tabeel.
7 သို့​ရာ​တွင် အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​ဖွင့်​ဟ ကြေ​ညာ​သည်​မှာ``ဤ​သို့​အ​ဘယ်​အ​ခါ ၌​မျှ​ဖြစ်​ရ​လိမ့်​မည်​မ​ဟုတ်။-
Thus he says [the] Lord Yahweh not it will stand and not it will happen.
8 အ​ဘယ်​ကြောင့်​ဆို​သော်​ရှု​ရိ​ပြည်​၏​အင်​အား သည် ဒ​မာ​သက်​မြို့​ပင်​ဖြစ်​၍​ဒ​မာ​သက်​မြို့​၏ အင်​အား​မှာ​လည်း ရေ​ဇိန်​မင်း​ပင်​ဖြစ်​သော ကြောင့်​တည်း။ ဣ​သ​ရေ​လ​ပြည်​သည်​လည်း ခြောက်​ဆယ့်​ငါး​နှစ်​အ​တွင်း ပြို​ကွဲ​လျက် နိုင်​ငံ​တစ်​ခု​အ​နေ​ဖြင့်​ရပ်​တည်​နိုင်​တော့ မည်​မ​ဟုတ်။-
For [is] [the] head of Aram Damascus and [is] [the] head of Damascus Rezin and in yet sixty and five year[s] it will be shattered Ephraim from a people.
9 ဣ​သ​ရေ​လ​ပြည်​၏​အင်​အား​သည် ရှ​မာ​ရိ မြို့​ဖြစ်​၍​ရှ​မာ​ရိ​မြို့​၏​အင်​အား​မှာ​လည်း ပေ​ကာ​မင်း​ပင်​ဖြစ်​ပေ​သည်။'' ``အ​ကယ်​၍​သင်​တို့​သည် ခိုင်​မြဲ​စွာ​ဘု​ရား​သ​ခင်​အား​ယုံ​ကြည်​ကိုး​စား​မှု​မ​ပြု​လျှင် အ​ဘယ်​အ​ခါ​၌​မျှ​ရပ်​တည်​နိုင်​ကြ​လိမ့် မည်​မ​ဟုတ်'' ဟု​မိန့်​တော်​မူ​၏။
And [is] [the] head of Ephraim Samaria and [is] [the] head of Samaria [the] son of Remaliah if not you will believe for not you will be established.
10 ၁၀ ထာ​ဝ​ရ​ဘု​ရား​သည်​အာ​ခတ်​ထံ​သို့ မိ​မိ ၏​စေ​တ​မန်​ကို​လွှတ်​တော်​မူ​ပြန်​၍၊-
And he repeated Yahweh to speak to Ahaz saying.
11 ၁၁ ``နိ​မိတ်​လက္ခ​ဏာ​တစ်​ခု​ကို​ပြ​တော်​မူ​ရန် သင်​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အား တောင်း​လျှောက်​လော့။ ထို​နိ​မိတ်​လက္ခ​ဏာ​သည် မ​ရ​ဏာ​နိုင်​ငံ​မှ​လည်း​ကောင်း၊ အ​ထက်​ကောင်း ကင်​ဘုံ​မှ​လည်း​ကောင်း​ဖြစ်​နိုင်​ပါ​သည်'' ဟု ပြော​ကြား​စေ​တော်​မူ​၏။ (Sheol h7585)
Ask for yourself a sign from with Yahweh God your make deep [as] Sheol or make high upwards. (Sheol h7585)
12 ၁၂ အာ​ခတ်​က``ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​အား အ​ကဲ​မ​စမ်း​လို​ပါ။ သို့​ဖြစ်​၍​နိ​မိတ် လက္ခ​ဏာ​ကို​တောင်း​လျှောက်​လိမ့်​မည် မ​ဟုတ်'' ဟု​ဆို​၏။
And he said Ahaz not I will ask and not I will put to [the] test Yahweh.
13 ၁၃ ထို​အ​ခါ​ဟေ​ရှာ​ယ​က``အို ဒါ​ဝိဒ်​၏​သား​မြေး၊ နား​ထောင်​လော့။ သင်​သည်​မိ​မိ​အား​ပြည်​သူ​တို့ ငြီး​ငွေ့​အောင်​ပြု​ရုံ​ဖြင့်​မ​ကျေ​နပ်​ဘဲ ထာ​ဝ​ရ ဘု​ရား​လည်း​ငြီး​ငွေ့​လာ​အောင်​ပြု​လို​ပါ သ​လော။-
And he said hear please O house of David ¿ [too] little for you [is] to make weary people that you will make weary also God my.
14 ၁၄ ယ​ခု​ထာ​ဝ​ရ​ဘု​ရား​ကိုယ်​တော်​တိုင်​ပင် သင့် အား​နိ​မိတ်​လက္ခ​ဏာ​တစ်​ခု​ကို​ပြ​တော်​မူ လိမ့်​မည်။ အ​မျိုး​သ​မီး​ပျို​တစ်​ယောက်​သည် ကိုယ်​ဝန်​ဆောင်​၍​သား​ယောကျာ်း​ကို​ဖွား​မြင် လိမ့်​မည်။ သူ​သည်​ထို​သား​ကို`ဧ​မာ​နွေ​လ' ဟု​နာ​မည်​ပေး​လိမ့်​မည်။-
Therefore he will give [the] Lord he to you a sign there! the young woman [will be] pregnant and [will] bear a son and she will call name his Immanu-el.
15 ၁၅ ထို​သူ​ငယ်​သည်​အ​ရွယ်​ရောက်​၍​စဉ်း​စား ဆုံး​ဖြတ်​တတ်​ချိန်​ရောက်​သည့်​အ​ခါ နို့​နှင့် ပျား​ရည်​ကို​သာ​စား​သုံး​လိမ့်​မည်။-
Curd and honey he will eat to knowing his to reject the evil and to choose the good.
16 ၁၆ ထို​အ​ချိန်​ကာ​လ​မ​ကျ​မီ​၌​ပင်​လျှင် သင် ကြောက်​လန့်​သည့်​ဘု​ရင်​နှစ်​ပါး​၏​တိုင်း ပြည်​များ​သည်​လူ​သူ​ဆိတ်​ငြိမ်​ရာ​ဖြစ် လျက်​နေ​လိမ့်​မည်။
For before he will know the lad to reject the evil and to choose the good it will be forsaken the land which you [are] feeling dread of [the] two kings its.
17 ၁၇ ``ဣ​သ​ရေ​လ​နှင့်​ယု​ဒ​နှစ်​ခြမ်း​ကွဲ​ချိန်​မှ​အ​စ ပြု​၍ မ​ကြုံ​ဘူး​သေး​သော​ဘေး​ဒုက္ခ​များ​ကို ထာ​ဝ​ရ​ဘု​ရား​သည် သင်​နှင့်​သင်​၏​ပြည်​သူ​တို့ အ​ပေါ်​သို့​လည်း​ကောင်း၊ မင်း​ဆွေ​မင်း​မျိုး​မှန် သ​မျှ​အ​ပေါ်​သို့​လည်း​ကောင်း​သက်​ရောက်​စေ တော်​မူ​လိမ့်​မည်။ ကိုယ်​တော်​သည်​အာ​ရှု​ရိ ဘု​ရင်​ကို​ခေါ်​ဆောင်​လာ​တော်​မူ​ပေ​အံ့။
He will bring Yahweh on you and on people your and on [the] house of father your days which not they have come from [the] day departed Ephraim from with Judah [the] king of Assyria.
18 ၁၈ ``ထို​အ​ချိန်​ကျ​ရောက်​လာ​သော​အ​ခါ​ထာ​ဝ​ရ ဘု​ရား​သည် အီ​ဂျစ်​အ​မျိုး​သား​တို့​အား​ယင် ကောင်​များ​သ​ဖွယ်​နိုင်း​မြစ်​လက်​တက်​များ​၏ အ​စွန်​အ​ဖျား​မှ​လည်း​ကောင်း၊ အာ​ရှု​ရိ​အ​မျိုး သား​တို့​အား​ပျား​များ​သ​ဖွယ်​မိ​မိ​တို့​ပြည် မှ​လည်း​ကောင်း​လာ​ရောက်​ကြ​ရန်​လေ​ချွန်​သံ ဖြင့်​အ​ချက်​ပေး​တော်​မူ​လိမ့်​မည်။-
And it will be - in the day that he will whistle Yahweh for the fly which [is] at [the] end of [the] canals of Egypt and for the bee which [is] in [the] land of Assyria.
19 ၁၉ သူ​တို့​သည်​လည်း​ကျောက်​ထူ​ထပ်​သည့်​ချိုင့် ဝှမ်း​များ၊ ကျောက်​ဂူ​များ၊ ဆူး​ခြုံ​ရှိ​သ​မျှ နှင့်​စား​ကျက်​ရှိ​သ​မျှ​တို့​ကို​ကြိတ်​ကြိတ် တိုး​လာ​ရောက်​ကြ​လိမ့်​မည်။
And they will come and they will settle all of them in [the] wadis of the cliffs and in [the] clefts of the rocks and on all the thornbushes and in all the watering-places.
20 ၂၀ ``ထို​အ​ချိန်​ကျ​ရောက်​လာ​သော​အ​ခါ၊ ထာ​ဝ​ရ ဘု​ရား​သည်​ဥ​ဖ​ရတ်​မြစ်​တစ်​ဖက်​ကမ်း​မှ အာ​ရှု​ရိ​ဘု​ရင်​တည်း​ဟူ​သော​ဆံ​ပင်​ညှပ် သ​မား​ကို​ငှား​၍​သင်​တို့​၏​မုတ်​ဆိတ်​များ ကို​လည်း​ကောင်း၊ ဆံ​ပင်​နှင့်​ကိုယ်​မွေး​များ ကို​လည်း​ကောင်း​ရိတ်​စေ​တော်​မူ​လိမ့်​မည်။
In the day that he will shave [the] Lord with a razor hired on [the] other sides [the] River with [the] king of Assyria the head and [the] hair of the feet and also the beard it will sweep away.
21 ၂၁ ``ထို​အ​ချိန်​ကျ​ရောက်​လာ​သော​အ​ခါ​အ​ကယ် ၍​လယ်​သ​မား​တစ်​ယောက်​တွင် နွား​သ​ငယ် တစ်​ကောင်​နှင့်​ဆိတ်​နှစ်​ကောင်​သာ​လျှင်​ရှိ သော်​လည်း၊-
And it will be in the day that he will preserve alive a person a heifer of [the] herd and two sheep.
22 ၂၂ သူ​သည်​မိ​မိ​စား​သုံး​ရန်​လို​သ​မျှ​သော​နို့ များ​ကို​ရ​ရှိ​လိမ့်​မည်။ ထို​ပြည်​တွင်​မ​သေ​ဘဲ ကျန်​ရစ်​သ​မျှ​သော​လူ​တို့​သည်​နို့​နှင့်​ပျား ရည်​ကို​စား​သုံး​ရ​ကြ​လိမ့်​မည်။
And it will be from [the] abundance of producing of milk he will eat curd for curd and honey he will eat every [one who] remains in [the] midst of the land.
23 ၂၃ ထို​အ​ချိန်​ကျ​ရောက်​လာ​သော​အ​ခါ​စ​ပျစ် ပင်​တစ်​ထောင်​ရှိ​၍ ငွေ​ခွက်​တစ်​ထောင်​တန်​ဖိုး ထိုက်​သည့်​စ​ပျစ်​ဥ​ယျာဉ်​တိုင်း​ပင်​လျှင်​ဆူး ခြုံ​အ​မျိုး​မျိုး​ဖြင့်​ဖုံး​အုပ်​၍​နေ​လိမ့်​မည်။-
And it will be in the day that it will be every place where it was there a thousand vine[s] for a thousand silver the thorn[s] and the> bush[es] it will become.
24 ၂၄ လေး​မြား​မ​ပါ​ဘဲ​အ​ဘယ်​သူ​မျှ​ထို​အ​ရပ် သို့​သွား​ရဲ​ကြ​လိမ့်​မည်​မ​ဟုတ်။ တိုင်း​ပြည် တစ်​ခု​လုံး​ပင်​လျှင်​ဆူး​ခြုံ​အ​မျိုး​မျိုး ဖြင့်​ပြည့်​၍​နေ​လိမ့်​မည်။-
With arrows and with bow anyone will go there for thorn[s] and bush[es] it will be all the land.
25 ၂၅ အ​ခါ​တစ်​ပါး​က​သီး​နှံ​ပင်​များ​စိုက်​ပျိုး​ခဲ့ သည့်​တောင်​ကုန်း​မှန်​သ​မျှ​သည် ဆူး​ခြုံ​အ​မျိုး မျိုး​နှင့်​ပြည့်​နှက်​နေ​သ​ဖြင့် ထို​နေ​ရာ​များ​သို့ အ​ဘယ်​သူ​မျှ​သွား​ကြ​လိမ့်​မည်​မ​ဟုတ်။ နွား များ​သိုး​များ​ကျက်​စား​ရာ​သာ​လျှင်​ဖြစ် လိမ့်​မည် '' ဟု​ဆို​၏။
And all the hills which with the hoe they were hoed! not you will go there fear of thorn[s] and bush[es] and it will become pastureland of ox[en] and a trampling place of sheep.

< ဟေရှာယ 7 >