< ဟေရှာယ 63 >

1 ဧ​ဒုံ​ပြည်၊ ဗော​ဇ​ရ​မြို့​မှ​လာ​သော​သူ​ကား အ​ဘယ်​သူ​နည်း။ လှ​ပ​တင့်​တယ်​စွာ​နီ​မြန်း သော​အ​ဝတ်​ကို​ဝတ်​ဆင်​ထား​လျက်​ခွန်​အား စွမ်း​ရည်​အ​ပြည့်​အ​ဝ​နှင့်​ချီ​တက်​လာ​သူ ကား​အ​ဘယ်​သူ​နည်း။ ထို​သူ​သည်​မိ​မိ​၏​အောင်​ပွဲ​ကို​ကြေ​ညာ ရန်​ကြွ​လာ​သည့်​အ​ရှင်၊ ကယ်​တင်​ပိုင်​သော တန်​ခိုး​တော်​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​ပေ တည်း။
에돔에서 오며 홍의를 입고 보스라에서 오는 자가 누구뇨? 그 화려한 의복, 큰 능력으로 걷는 자가 누구뇨 그는 내니 의를 말하는자요 구원하기에 능한 자니라
2 ထို​အ​ရှင်​၏​အ​ဝတ်​များ​သည်​စ​ပျစ်​သီး နယ်​သူ​၏​အ​ဝတ်​များ​ကဲ့​သို့​အ​ဘယ် ကြောင့်​နီ​မြန်း​၍​နေ​ပါ​သ​နည်း။
어찌하여 네 의복이 붉으며 네 옷이 포도즙 틀을 밟는 자 같으뇨
3 ထာ​ဝ​ရ​ဘု​ရား​က``ငါ​သည်​လူ​မျိုး​တ​ကာ တို့​ကို​စ​ပျစ်​သီး​များ​သ​ဖွယ်​နင်း​နယ်​ခဲ့ လေ​ပြီ။ အ​ဘယ်​သူ​မျှ​ငါ့​အား​ကူ​ညီ​ရန် မ​လာ​မ​ရောက်​ကြ။ ငါ​သည်​အ​မျက်​ထွက် သ​ဖြင့်​သူ​တို့​အား​နင်း​နယ်​ရာ​တွင်​ငါ​၏ အ​ဝတ်​များ​သည်​သူ​တို့​၏​သွေး​များ​ဖြင့် စွန်း​၍​သွား​ပေ​သည်။-
만민 중에 나와 함께한 자가 없이 내가 홀로 포도즙 틀을 밟았는데 내가 노함을 인하여 무리를 밟았고 분함을 인하여 짓밟았으므로 그들의 선혈이 내 옷에 뛰어 내 의복을 다 더럽혔음이니
4 ငါ​သည်​မိ​မိ​၏​လူ​မျိုး​တော်​အား​ကယ်​တင် ရန်​အ​ချိန်​ကျ​ပြီ။ သူ​တို့​၏​ရန်​သူ​များ​အား အ​ပြစ်​ဒဏ်​ခတ်​ရန်​အ​ချိန်​ရောက်​ပြီ​ဟု​ဆုံး ဖြတ်​လိုက်​၏။-
이는 내 원수 갚는 날이 내 마음에 있고 내 구속할 해가 왔으나
5 ငါ့​အား​ကူ​ညီ​မည့်​သူ​တစ်​စုံ​တစ်​ယောက်​မျှ​မ ရှိ​သည်​ကို​တွေ့​ရ​သော​အ​ခါ ငါ​အံ့​သြ​မိ​၏။ သို့​ရာ​တွင်​ငါ​၏​အ​မျက်​ဒေါ​သ​က​ငါ့​အား စွမ်း​အား​ကို​ပေး​သ​ဖြင့် ငါ​ကိုယ်​တိုင်​အောင်​ပွဲ ကို​အ​ရ​ယူ​ခဲ့​ပါ​၏။-
내가 본즉 도와주는 자도 없고 붙들어 주는 자도 없으므로 이상히 여겨 내 팔이 나를 구원하며 내 분이 나를 붙들었음이라
6 ငါ​သည်​မိ​မိ​၏​အ​မျက်​ဒေါ​သ​အ​လျောက် လူ​မျိုး​တ​ကာ​တို့​ကို​နှိမ်​နင်း​ချေ​မှုန်း​ခဲ့​၏။ သူ​တို့​၏​သွေး​ကို​မြေ​ပေါ်​သို့​သွန်း​လောင်း ခဲ့​၏'' ဟု​မိန့်​တော်​မူ​၏။
내가 노함을 인하여 만민을 밟았으며 내가 분함을 인하여 그들을 취케 하고 그들의 선혈로 땅에 쏟아지게 하였느니라
7 ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ပျက်​ကွက်​ခြင်း မ​ရှိ​သော မေတ္တာ​တော်​အ​ကြောင်း​ကို​ဖော်​ပြ​မည်။ ငါ​တို့​အ​ဖို့​ပြု​တော်​မူ​ခဲ့​သော​အ​မှု​တော် အ​ပေါင်း အ​တွက်​ကိုယ်​တော်​အား​ထော​မ​နာ​ပြု​မည်။ ကိုယ်​တော်​သည်​မိ​မိ​၏​မေတ္တာ က​ရု​ဏာ​တော်​ကို​ထောက်​၍ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​ကောင်း​ချီး မင်္ဂ​လာ ကြွယ်​ဝ​စွာ​ချ​ပေး​တော်​မူ​ပြီ။
내가 여호와께서 우리에게 베푸신 모든 자비와 그 찬송을 말하며 그 긍휼을 따라 그 많은 자비를 따라 이스라엘 집에 베푸신 큰 은총을 말하리라
8 ထာ​ဝ​ရ​ဘု​ရား​က``သူ​တို့​သည်​ငါ​၏​လူ​မျိုး တော်​ဖြစ်​၍​ငါ့​အား​လိမ်​လည်​လှည့်​စား​ကြ​လိမ့် မည်​မ​ဟုတ်'' ဟု​မိန့်​တော်​မူ​၏။ ထို​နောက်​ကိုယ် တော်​သည်​သူ​တို့​ခံ​စား​ရ​သည့်​ဒုက္ခ​ဆင်း​ရဲ အ​ပေါင်း​မှ​ကယ်​တင်​တော်​မူ​၏။-
여호와께서 말씀하시되 그들은 실로 나의 백성이요 거짓을 행치 아니하는 자녀라 하시고 그들의 구원자가 되사
9 သူ​တို့​ကို​ကယ်​တင်​သူ​မှာ​ကောင်း​ကင်​တ​မန် မ​ဟုတ်။ ထာ​ဝ​ရ​ဘု​ရား​ကိုယ်​တိုင်​ဖြစ်​တော် မူ​၏။ ကိုယ်​တော်​သည်​မေတ္တာ​က​ရု​ဏာ​တော် ရှိ​သည့်​အ​တိုင်း​သူ​တို့​အား​ကယ်​တင်​တော် မူ​၏။ အ​တိတ်​ကာ​လ​၌​ကိုယ်​တော်​သည်​သူ တို့​အား​အ​စဉ်​အ​မြဲ​ကြည့်​ရှု​စောင့်​ရှောက် တော်​မူ​ခဲ့​သော်​လည်း၊-
그들의 모든 환난에 동참하사 자기 앞의 사자로 그들을 구원하시며 그 사랑과 그 긍휼로 그들을 구속하시고 옛적 모든 날에 그들을 드시며 안으셨으나
10 ၁၀ သူ​တို့​သည်​ပုန်​ကန်​ကာ​ကိုယ်​တော်​အား​ဝမ်း နည်း​စေ​ကြ​၏။ သို့​ဖြစ်​၍​ထာ​ဝ​ရ​ဘု​ရား သည်​သူ​တို့​ကို​ရန်​ဘက်​ပြု​ကာ​တိုက်​ခိုက် တော်​မူ​သ​တည်း။
그들이 반역하여 주의 성신을 근심케 하였으므로 그가 돌이켜 그들의 대적이 되사 친히 그들을 치셨더니
11 ၁၁ ထို​အ​ခါ​သူ​တို့​သည်​အ​တိတ်​ကာ​လ၊ ထာ​ဝ​ရ ဘု​ရား​၏​အ​စေ​ခံ​မော​ရှေ​၏​ခေတ်​ကို​အောက်​မေ့ သ​တိ​ရ​ကြ​လျက်``မိ​မိ​လူ​မျိုး​တော်​၏​ခေါင်း ဆောင်​များ​ကို​ပင်​လယ်​မှ​ကယ်​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား​သည်​အ​ဘယ်​မှာ​နည်း။ မော​ရှေ အား​ထူး​ကဲ​သည့်​တန်​ခိုး​ကို ပေး​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား​ကား​အ​ဘယ်​မှာ​နည်း။-
백성이 옛적 모세의 날을 추억하여 가로되 백성과 양 무리의 목자를 바다에서 올라오게 하신 자가 이제 어디 계시뇨 그들 중에 성신을 두신 자가 이제 어디 계시뇨
12 ၁၂ မော​ရှေ​အား​ဖြင့်​တန်​ခိုး​တော်​ကို​အ​သုံး​ပြု ကာ မိ​မိ​၏​လူ​မျိုး​တော်​ရှေ့​၌​ပင်​လယ်​ရေ​ကို နှစ်​ချမ်း​ကွဲ​စေ​တော်​မူ​ပြီး​လျှင် ထာ​ဝ​စဉ်​ကျော် ကြား​လာ​တော်​မူ​သော​ထာ​ဝ​ရ​ဘု​ရား​ကား အ​ဘယ်​မှာ​နည်း​ဟု'' မေး​ကြ​၏။
그 영광의 팔을 모세의 오른손과 함께 하시며 그 이름을 영영케 하려 하사 그들 앞에서 물로 갈라지게 하시고
13 ၁၃ ထာ​ဝ​ရ​ဘု​ရား​သည်​သူ​တို့​အား​ရေ​နက်​ရာ ကို​ဖြတ်​၍​ခေါ်​ဆောင်​သွား​တော်​မူ​သော​အ​ခါ သူ​တို့​သည်​မြင်း​ရိုင်း​များ​သ​ဖွယ်​ခြေ​ကုပ်​မြဲ လျက်​အ​ဘယ်​အ​ခါ​၌​မျှ​မ​လဲ​မ​ကျ​ကြ။-
그들을 깊음으로 인도하시되 말이 광야에 행함과 같이 넘어지지 않게 하신 자가 이제 어디 계시뇨
14 ၁၄ ကျွဲ​နွား​များ​ကို​စိမ်း​လန်း​စို​ပြေ​သည့်​ချိုင့်​ဝှမ်း သို့​ပို့​ဆောင်​သ​ကဲ့​သို့ ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​၏​လူ​မျိုး​တော်​အား ငြိမ်း​အေး​ရာ​အ​ရပ် သို့​ပို့​ဆောင်​တော်​မူ​၏။ ဤ​နည်း​အား​ဖြင့်​ကိုယ် တော်​သည် မိ​မိ​ဘုန်း​အ​သ​ရေ​တော်​ကို​ထင် ရှား​စေ​တော်​မူ​သ​တည်း။
여호와의 신이 그들로 골짜기로 내려가는 가축 같이 편히 쉬게 하셨도다 주께서 이같이 주의 백성을 인도하사 이름을 영화롭게 하셨나이다 하였느니라
15 ၁၅ အို ထာ​ဝ​ရ​ဘု​ရား၊ သန့်​ရှင်း​မြင့်​မြတ်​၍​ဘုန်း အ​သ​ရေ​တော်​တောက်​ပ​ရာ​ကောင်း​ကင်​ဘုံ​တည်း ဟူ​သော ကိုယ်​တော်​ရှင်​ကျိန်း​ဝပ်​တော်​မူ​ရာ​အ​ရပ် မှ​နေ​၍​ကျွန်​တော်​မျိုး​တို့​အား​ငုံ့​၍​ကြည့်​တော် မူ​ပါ။ ကျွန်​တော်​မျိုး​တို့​အ​တွက်​ကိုယ်​တော်​ရှင် စိုး​ရိမ်​ကြောင့်​ကြ​တော်​မူ​သည်​ကား​အ​ဘယ်​မှာ နည်း။ ကိုယ်​တော်​ရှင်​၏​တန်​ခိုး​တော်​သည်​အ​ဘယ် မှာ​နည်း။ ကိုယ်​တော်​ရှင်​၏​မေတ္တာ​နှင့်​သ​နား​ကြင် နာ​မှု​သည်​အ​ဘယ်​မှာ​နည်း။ ကျွန်​တော်​မျိုး တို့​အား​လျစ်​လူ​ရှု​တော်​မ​မူ​ပါ​နှင့်။-
주여, 하늘에서 굽어 살피시며 주의 거룩하시고 영화로운 처소에서 보옵소서! 주의 열성과 주의 능하신 행동이 이제 어디 있나이까? 주의 베푸시던 간곡한 자비와 긍휼이 내게 그쳤나이다
16 ၁၆ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​တို့​၏​အ​ဖ ဖြစ်​တော်​မူ​ပါ​၏။ ကျွန်​တော်​မျိုး​တို့​၏​ဘိုး​ဘေး များ​ဖြစ်​သော​အာ​ဗြ​ဟံ​နှင့်​ယာ​ကုပ်​တို့​ပင် လျှင် ကျွန်​တော်​မျိုး​တို့​အား​အ​သိ​အ​မှတ်​မ ပြု​နိုင်​ကြ​ပါ။ သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား သည် ကျွန်​တော်​မျိုး​တို့​၏​အ​ဖ​ဖြစ်​တော်​မူ ပါ​၏။ ကျွန်​တော်​မျိုး​တို့​အား​ရှေး​ကာ​လ ထဲ​က အ​စဉ်​အ​မြဲ​ကယ်​ဆယ်​တော်​မူ​ခဲ့ သူ​မှာ​ကိုယ်​တော်​ရှင်​ပင်​ဖြစ်​ပါ​၏။-
주는 우리 아버지시라 아브라함은 우리를 모르고 이스라엘은 우리를 인정치 아니할지라도 여호와여, 주는 우리의 아버지시라 상고부터 주의 이름을 우리의 구속자라 하셨거늘
17 ၁၇ ကျွန်​တော်​မျိုး​တို့​အား​အ​ဘယ်​ကြောင့်​ကိုယ်​တော် ရှင်​၏​တ​ရား​လမ်း​မှ​လွှဲ​ရှောင်​သွား​စေ​တော်​မူ ပါ​သ​နည်း၊ အ​ဘယ်​ကြောင့်​ကျွန်​တော်​မျိုး​တို့ အား​ခေါင်း​မာ​စေ​လျက် ကိုယ်​တော်​ရှင်​ထံ​မှ​ရှောင် လွှဲ​စေ​ပါ​သ​နည်း။ ကိုယ်​တော်​ရှင်​အား​ကိုး​ကွယ် သူ​တို့​ကို​ထောက်​ထား​သ​ဖြင့်​လည်း​ကောင်း၊ ကိုယ်​တော်​ရှင်​ထာ​ဝ​စဉ်​ပိုင်​သ​တော်​မူ​သည့် လူ​မျိုး​တော်​အား​ထောက်​ထား​သ​ဖြင့်​လည်း ကောင်း ပြန်​လည်​ကြွ​လာ​တော်​မူ​ပါ။
여호와여, 어찌하여 우리로 주의 길에서 떠나게 하시며 우리의 마음을 강퍅케 하사 주를 경외하지 않게 하시나이까? 원컨대 주의 종들 곧 주의 산업인 지파들을 위하사 돌아오시옵소서
18 ၁၈ ကိုယ်​တော်​ရှင်​၏​လူ​မျိုး​တော်​ဖြစ်​သော​ကျွန် တော်​မျိုး​တို့​ကို​ရန်​သူ​တို့​သည်​အ​ခိုက် အ​တန့်​အား​ဖြင့်​နှင်​ထုတ်​လျက်​သူ​တို့​သည် ဗိ​မာန်​တော်​ကို​နင်း​ချေ​ကြ​ပါ​ပြီ။-
주의 거룩한 백성이 땅을 차지한지 오래지 아니하여서 우리의 대적이 주의 성소를 유린하였사오니
19 ၁၉ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​တို့​၏​ဘု​ရင် မ​ဟုတ်​ဘိ​သ​ကဲ့​သို့​လည်း​ကောင်း၊ ကျွန်​တော် မျိုး​တို့​သည်​ကိုယ်​တော်​ရှင်​၏​လူ​မ​ဟုတ်​ဘိ သ​ကဲ့​သို့​လည်း​ကောင်း​ကျွန်​တော်​မျိုး​တို့​ကို ကိုယ်​တော်​ရှင်​ဆက်​ဆံ​တော်​မူ​ပါ​၏။
우리는 주의 다스림을 받지 못하는 자 같으며 주의 이름으로 칭함을 받지 못하는 자 같이 되었나이다

< ဟေရှာယ 63 >