< ဟေရှာယ 62 >

1 ငါ​သည်​ယေ​ရု​ရှ​လင်​မြို့​ကို​အား​ပေး​စ​ကား ဖွင့်​ဟ​ပြော​ဆို​မည်။ ထို​မြို့​သည်​ကယ်​တင်​ခြင်း​ကို​ခံ​ရ​၍​သူ​၏ အောင်​မြင်​ခြင်း​သည် မီး​ရှူး​တိုင်​သ​ဖွယ်​ထွန်း​တောက်​၍ မ​လာ​မ​ချင်း၊ငါ​သည်​ဇိ​အုန်​မြို့​အ​တွက် ဆိတ်​ဆိတ်​နေ​လိမ့်​မည်​မ​ဟုတ်။
“मी सियोनेकरीता शांत राहणार नाही, आणि यरूशलेमेकरीता तिचा चांगुलपणा तेजस्वी प्रकाशाप्रमाणे चमकेपर्यंत आणि तारण जळत्या मशालीप्रमाणे निघेपर्यंत मी गप्प बसणार नाही.”
2 အို ယေ​ရု​ရှ​လင်​မြို့၊လူ​မျိုး​တ​ကာ​တို့​သည် သင်​၏​အောင်​မြင်​ခြင်း​ကို​တွေ့​မြင် ရ​ကြ​လိမ့်​မည်။ ဘု​ရင်​အ​ပေါင်း​တို့​သည်​လည်း​သင်​၏​ဘုန်း အ​သ​ရေ​ကို တွေ့​မြင်​ရ​ကြ​လိမ့်​မည်။ သင်​သည်​ထာ​ဝ​ရ​ဘု​ရား​ကိုယ်​တော်​တိုင် ပေး​တော်​မူ​သည့်​နာ​မည်​သစ်​ကို​ရ​ရှိ​လိမ့်​မည်။
मग राष्ट्रे तुझा चांगुलपणा पाहतील सर्व राजे तुझी प्रतिष्ठा पाहतील. परमेश्वर तुला जे नवे नाव देईल, त्या नावाने तुला हाक मारतील.
3 သင်​သည်​ထာ​ဝ​ရ​ဘု​ရား​အ​တွက် အ​လွန်​လှ​ပ​တင့်​တယ်​သော​ဦး​ရစ်​သ​ရ​ဖူ​သ​ဖွယ် ဖြစ်​လိမ့်​မည်။
तू परमेश्वराच्या हातातील सुंदर मुकुटाप्रमाणे होशील, आणि तुझ्या देवाच्या हातात राजकीय पगडी होशील.
4 ``စွန့်​ပစ်​ခြင်း​ကို​ခံ​ရ​သူ'' ဟု​နာ​မည်​တွင် တော့​မည်​မ​ဟုတ်။ သင်​၏​ပြည်​သည်​လည်း``အ​ပယ်​ခံ​ဇ​နီး'' ဟူ​သော​နာ​မည်​ကို​ခံ​ယူ​ရ​တော့​မည်​မ​ဟုတ်။ သင်​၏​နာ​မည်​သစ်​မှာ``ဘု​ရား​သ​ခင်​နှစ်​သက် မြတ်​နိုး​သူ'' ဟူ​၍​ဖြစ်​လိမ့်​မည်။ သင်​၏​ပြည်​သည်​လည်း``ပျော်​ရွှင်​စွာ​ထိမ်း​မြား ထား​သူ'' ဟု​နာ​မည်​တွင်​လိမ့်​မည်။ အ​ဘယ်​ကြောင့်​ဆို​သော်​ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ကို​နှစ်​သက်​တော်​မူ​သ​ဖြင့်၊ ခင်​ပွန်း​ဖြစ်​သူ​သည်​မိ​မိ​ဇ​နီး​ကို​မြတ်​နိုး သ​ကဲ့​သို့၊ သင်​၏​ပြည်​ကို​လည်း​မြတ်​နိုး​တော်​မူ​လိမ့်​မည်။
यापुढे तुला “त्यागलेली” असे म्हणणार नाहीत, किंवा तुझ्या भूमीला “भयाण” असेही म्हणणार नाही. खरच तुला “माझा आनंद तिच्या ठायी आहे” असे म्हणतील, आणि तुझ्या भूमीला “विवाहित” म्हणतील. कारण परमेश्वराचा आनंद तुझ्यामध्ये आहे, आणि तुझी भूमी विवाहित होईल.
5 ထာ​ဝ​ရ​ဘု​ရား​သည်​သင့်​ကို​မင်္ဂ​လာ​ဆောင် သ​တို့​သ​မီး​သ​ဖွယ်​သိမ်း​ပိုက်​တော်​မူ​လိမ့်​မည်။ မင်္ဂ​လာ​ဆောင်​သ​တို့​သ​မီး​ကို​သ​တို့​သား​သည် နှစ်​သက်​သ​ကဲ့​သို့၊ ဘု​ရား​သ​ခင်​သည်​သင့်​ကို​နှစ်​သက်​တော်​မူ လိမ့်​မည်။
जसा तरूण मुलगा तरूणीशी विवाह करतो, त्याचप्रकारे तुझी मुले तुझ्याशी विवाह करतील. जसा वर आपल्या वधूवरुन हर्ष करतो, तसा तुझा देव तुझ्यावरून हर्ष करील.
6 အို ယေ​ရု​ရှ​လင်​မြို့၊ငါ​သည်​သင်​၏​မြို့​ရိုး​များ ပေါ်​တွင် အ​စောင့်​တပ်​သား​များ​ကို​ချ​ထား​၏။ သူ​တို့​သည်​နေ့​ရော​ညဥ့်​ပါ​အ​ခါ​ခပ်​သိမ်း ဆိတ်​ဆိတ်​နေ​ရ​ကြ​လိမ့်​မည်​မ​ဟုတ်။ သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​အား မိ​မိ​၏​က​တိ​တော်​များ​ကို​အောက်​မေ့ သ​တိ​ရ​အောင် ပြု​ရ​ကြ​မည်။ အ​ဘယ်​အ​ခါ​၌​မျှ​မ​မေ့​လျော့​စေ​ရန် သ​တိ​ပေး​ရ​ကြ​မည်။
हे यरूशलेमे, तुझ्या वेशीवर मी रखवालदार ठेवला आहे. ते रांत्रदिवस गप्प बसणार नाहीत. जे तुम्ही परमेश्वरास स्मरता, ते तुम्ही शांत बसू नका.
7 ကိုယ်​တော်​သည်​ယေ​ရု​ရှ​လင်​မြို့​ကို​ပြန်​လည် ထူ​ထောင်​ကာ၊ ကမ္ဘာ​တစ်​ဝှမ်း​လုံး​က​ချီး​မွမ်း​ထော​မ​နာ​ပြု​ရာ​မြို့ အ​ဖြစ်​သို့​ရောက်​စေ​တော်​မ​မူ​မီ​တိုင်​အောင်၊ သူ​တို့​သည်​ကိုယ်​တော်​အား​အ​ငြိမ်​နေ​စေ ကြ​လိမ့်​မည်​မ​ဟုတ်။
यरूशलेमेला पुन: स्थापीपर्यंत आणि पृथ्वीवर तिला प्रशंसनीय करीपर्यंत, त्यास विसावा घेऊ देऊ नका.
8 ထာ​ဝ​ရ​ဘု​ရား​သည်​တန်​ခိုး​ကြီး​သော​လက်​ယာ လက်​တော်​နှင့်​ကျိန်​ဆို​တော်​မူ​သည်။ ``သင်​၏​ကောက်​ပဲ​သီး​နှံ​များ​သည်​ရန်​သူ​တို့​အ​တွက် ရိက္ခာ​ဖြစ်​ရ​တော့​မည်​မ​ဟုတ်။ လူ​မျိုး​ခြား​တို့​သည်​လည်း​သင်​ကြိုး​စား​၍ လုပ်​ဆောင်​ခဲ့​သော​စ​ပျစ်​ရည်​ကို​သောက်​ရ​ကြ တော့​မည်​မ​ဟုတ်။
परमेश्वराने आपल्या उजव्या हाताची आणि सामर्थ्यवान बाहूची शपथ वाहीली आहे, खचित तुमचे धान्य मी तुझ्या शत्रूंना अन्न व्हायला देणार नाही.
9 သို့​ရာ​တွင်​အ​သီး​အ​နှံ​များ​ကို​စိုက်​ပျိုး ရိတ်​သိမ်း သူ​သင်​တို့​သာ​လျှင်၊ ယင်း​တို့​ကို​စား​သုံး​ကြ​လျက်၊ထာ​ဝ​ရ​ဘု​ရား အား ထော​မ​နာ​ပြု​ရ​ကြ​လိမ့်​မည်။ စ​ပျစ်​သီး​များ​ကို​ပြု​စု​ဆွတ်​ခူး​သူ​သင်​တို့ သာ​လျှင် ငါ​၏​ဗိ​မာန်​တော်​တန်​တိုင်း​အ​တွင်း​၌ စ​ပျစ်​ရည်​ကို သောက်​ရ​ကြ​လိမ့်​မည်။''
जो अन्न मिळवतो, तोच ते खाईल आणि तो परमेश्वराची स्तुती करील, आणि द्राक्षे गोळा करणारा त्याचा द्राक्षरस माझ्या पवित्र भूमीवर पितील.
10 ၁၀ ယေ​ရု​ရှ​လင်​မြို့​သူ​မြို့​သား​တို့၊ မြို့​တွင်း​မှ ထွက်​ကြ​လော့။ ပြည်​တော်​ပြန်​သင်​တို့​၏​အ​မျိုး​သား​များ အ​တွက် လမ်း​ကို​ဖောက်​လုပ်​ကြ​လော့။ လမ်း​မ​ကြီး​ကို​ပြင်​ဆင်​ကြ​လော့။ ကျောက်​ခဲ​တို့​ကို​ဖယ်​ရှား​ပစ်​ကြ​လော့။ တိုင်း​သူ​ပြည်​သား​များ​သိ​စေ​ရန်​အ​ချက်​ပြ အ​လံ​များ​တင်​ကြ​လော့။
१०वेशीतून आत ये, लोकांचा मार्ग तयार करा! बांध, मार्ग तयार कर, रस्त्यावरील दगड बाजूला काढा, राष्ट्रांकरिता निशाणी म्हणून ध्वज उंच उभारा.
11 ၁၁ ``သင်​တို့​၏​ကယ်​တင်​ရှင်​ထာ​ဝ​ရ​ဘု​ရား သည် မိ​မိ​ကယ်​တင်​တော်​မူ​ခဲ့​သည့်​လူ​တို့​ကို ခေါ်​ဆောင်​ကာ ကြွ​လာ​တော်​မူ​လိမ့်​မည်'' ဟု ယေ​ရု​ရှ​လင်​မြို့​သား​တို့​အား​ပြော​ပြ​ကြ​ရန်၊ ကမ္ဘာ​သူ​ကမ္ဘာ​သား​အ​ပေါင်း​တို့​အား​ထာ​ဝ​ရ ဘု​ရား ကြေ​ညာ​လျက်​နေ​တော်​မူ​ပါ​၏။
११पाहा! परमेश्वराने पृथ्वीच्या सीमेपर्यंत घोषीत केले आहे की, “सियोनेच्या कन्येला सांग, पाहा! तुमचा तारणारा येत आहे. त्यांचे बक्षिस त्याच्याजवळ आहे. त्यांचे प्रतिफळ त्याच्यापुढे आहे.”
12 ၁၂ သင်​တို့​သည်``ထာ​ဝ​ရ​ဘု​ရား​၏​သန့်​ရှင်း မြင့်​မြတ်​သည့် လူ​မျိုး​တော်၊'' ``ထာ​ဝ​ရ​ဘု​ရား​ကယ်​တင်​တော်​မူ​ခဲ့​သည့် လူ​မျိုး​တော်'' ဟု ခေါ်​ဝေါ်​သ​မုတ်​ခြင်း​ကို​ခံ​ရ​ကြ​လိမ့်​မည်။ ယေ​ရု​ရှ​လင်​မြို့​သည်​လည်း``ဘု​ရား​သ​ခင် ချစ်​မြတ်​နိုး​သည့်​မြို့'' ``ဘု​ရား​သ​ခင်​စွန့်​ပစ်​တော်​မ​မူ​သည့်​မြို့'' ဟု ခေါ်​ဝေါ်​သ​မုတ်​ခြင်း​ကို​ခံ​ရ​လိမ့်​မည်။
१२त्यांना पवित्र लोक, “परमेश्वराने खंडणी भरून सोडवलेले” असे म्हटले जाईल आणि तुला शोधलेली, न टाकलेली नगरी असे म्हटले जाईल.

< ဟေရှာယ 62 >