< ဟေရှာယ 61 >
1 ၁ ထာဝရအရှင်ဘုရားသခင်သည် ငါ့ကိုတန်ခိုးနှင့်ပြည့်ဝစေတော်မူပြီ။ ဆင်းရဲသူတို့အတွက်သတင်းကောင်းကို ယူဆောင်ကာ၊စိတ်နှလုံးကြေကွဲသူတို့၏ အနာ ရောဂါကိုပျောက်ကင်းစေ၍၊ ပြည်နှင်ဒဏ်ခံရသူများနှင့်အချုပ်အနှောင်ခံရ သူတို့အားလွတ်ငြိမ်းချမ်းသာခွင့်ကိုကြေညာရန်၊ ကိုယ်တော်သည်ငါ့ကိုရွေးချယ်စေလွှတ်တော် မူလေပြီ။
Duh Gospoda Boga je nad menoj, ker me je Gospod mazilil, da oznanjam dobre novice krotkim, poslal me je, da povežem potrte v srcu, da razglasim svobodo ujetnikom in odprtje ječe tem, ki so zvezani,
2 ၂ ထာဝရဘုရားသည်မိမိ၏လူမျိုးတော်အား ကယ်တင်တော်မူ၍ ရန်သူတို့အားဖြိုခွင်းတော်မူသည့်အချိန် ကျရောက်ပြီဖြစ်ကြောင်းကြေညာရန်ငါ့ကို စေလွှတ်တော်မူပြီ။ ဝမ်းနည်းပူဆွေးသူအပေါင်းတို့အား နှစ်သိမ့်မှုပေးရန်၊
da razglasim sprejemljivo leto Gospodovo in dan maščevanja našega Boga, da potolažim vse tiste, ki žalujejo,
3 ၃ ဇိအုန်မြို့တွင်ပူဆွေးဝမ်းနည်းနေသူတို့အား ပူဆွေးခြင်းအစား ဝမ်းမြောက်ခြင်းကိုလည်းကောင်း၊ ဝမ်းနည်းခြင်းအစားထောမနာသီချင်း ကိုလည်းကောင်း ပေးရန်ကိုယ်တော်သည်ငါ့အားစေလွှတ်တော်မူပြီ။ သူတို့သည်ထာဝရဘုရား၏ဂုဏ်တော်ကို ထင်ရှားစေရန် ကိုယ်တော်တိုင်စိုက်တော်မူသောဖြောင့်မတ်ခြင်း တည်းဟူသော ဝက်သစ်ချပင်များသဖွယ်စိုပြေဖွံ့ဖြိုးကြလိမ့်မည်။
da določim tem, ki žalujejo na Sionu, da jim dam lepoto namesto pepela, olje veselja namesto žalovanja, obleko hvale namesto duha potrtosti, da se bodo lahko imenovali drevesa pravičnosti, Gospodov nasad, da bo on lahko proslavljen.
4 ၄ သူတို့သည်ကာလကြာမြင့်စွာ ပျက်စီးယိုယွင်းနေခဲ့သောမြို့များကို ပြန်လည်တည်ဆောက်၍အသစ်ပြုပြင် ကြလိမ့်မည်။
Zgradili bodo stare opustošenosti, dvignili bodo prejšnja opustošenja in popravili bodo opustošena mesta, zapuščenosti mnogih rodov.
5 ၅ အို ငါ၏လူများတို့၊ လူမျိုးခြားတို့သည်သင်တို့ကို အစေခံကြလိမ့်မည်။ သင်တို့၏လယ်ယာများကိုထွန်ယက်ကာသင်တို့ စပျစ်ဥယျာဉ်များကိုပြုစုကြလိမ့်မည်။
Tujci bodo stali in pasli vaše trope in sinovi neznanca bodo vaši orači in vaši obrezovalci trte.
6 ၆ သင်တို့မူကား၊ထာဝရဘုရား၏ယဇ်ပုရော ဟိတ်များ၊ ဘုရားသခင်၏ဘုန်းတော်ကြီးများဟု နာမည်တွင်လျက်၊ လူမျိုးတကာတို့၏စည်းစိမ်ချမ်းသာများကို ခံစားကာ၊ ယင်းသို့ခံစားရသည့်အတွက်ဂုဏ်ယူ ဝါကြွားကြလိမ့်မည်။
Toda vi boste imenovani Gospodovi duhovniki. Ljudje vas bodo klicali Služabniki našega Boga. Jedli boste bogastva poganov in v njihovi slavi se boste bahali.
7 ၇ သင်တို့၏အရှက်ကွဲအကျိုးနည်းမှုများသည် ဆုံးခန်းတိုင်ရောက်လေပြီ။ သင်တို့သည်မိမိတို့ကိုယ်ပိုင်ပြည်တွင်နေထိုင်ရလျက်၊ သင်တို့၏ပစ္စည်းဥစ္စာများသည်လည်းနှစ်ဆ တိုး၍လာလိမ့်မည်။ သင်တို့သည်ထာဝစဉ်ဝမ်းမြောက်ပျော်ရွှင် ရကြလိမ့်မည်။
Zaradi vaše sramote boste imeli dvojno in zaradi nečasti se bodo veselili v svojem deležu, zato bodo v svoji deželi posedovali dvojno, njim bo v večno radost.
8 ၈ ထာဝရဘုရားက ``ငါသည်တရားမျှတမှုကိုနှစ်သက်မြတ်နိုး၍ လုယက်မှုနှင့်နှိပ်စက်ညှဉ်းဆဲမှုကိုမုန်း၏။ ငါ၏လူမျိုးတော်အားသစ္စာရှိစွာ ဆုလာဘ်များကိုပေးအပ်မည်။ သူတို့နှင့်လည်းထာဝရပဋိညာဉ်ကိုငါပြုမည်။
Kajti jaz, Gospod, ljubim sodbo, sovražim naropano za žgalno daritev in njihovo delo bom vodil v resnici in z njimi bom sklenil večno zavezo.
9 ၉ သူတို့သည်လူမျိုးတကာတို့တွင်ထင်ပေါ် ကျော်ကြားကြလိမ့်မည်။ သူတို့ကားငါ၏ကောင်းချီးမင်္ဂလာကို ခံစားရကြသူများဖြစ်ကြောင်း သူတို့ကိုမြင်သူအပေါင်းတို့သိရှိကြလိမ့်မည်'' ဟု မိန့်တော်မူ၏။
Njihovo seme bo znano med pogani in njihovo potomstvo med ljudstvom. Vsi, ki jih vidijo, jim bodo priznali, da so seme, ki ga je Gospod blagoslovil.
10 ၁၀ ယေရုရှလင်မြို့သည်ထာဝရဘုရားပြု တော်မူသော အမှုတော်အတွက်ရွှင်လန်းဝမ်းမြောက်ရလိမ့်မည်။ သူသည်မင်္ဂလာဆောင်ပွဲအတွက်ဝတ်စား တန်ဆာဆင်ထားသည့်သတို့သမီးနှင့်တူ၏။ ဘုရားသခင်သည်သူ့ကိုကယ်တင်ခြင်းနှင့် အောင်မြင်ခြင်း တို့ဖြင့်တန်ဆာဆင်ပေးတော်မူပါ၏။
Silno se bom razveseljeval v Gospodu, moja duša bo radostna v mojem Bogu, kajti oblekel me je z oblačili rešitve duše, pokril me je s svečanim oblačilom pravičnosti, kakor ženin sebe odene z okrasjem in kakor nevesta sebe okrasi s svojimi dragocenostmi.
11 ၁၁ မျိုးစေ့များသည်အညှောက်ထိုး၍အပင် ပေါက်သကဲ့သို့၊ ထာဝရအရှင်ဘုရားသခင်သည် မိမိ၏လူမျိုးတော်အားအမှန်ပင် ကယ်တင်တော်မူလိမ့်မည်။ လူမျိုးတကာတို့သည်လည်းကိုယ်တော်ကို ထောမနာပြုကြလိမ့်မည်။
Kajti kakor zemlja prinaša svoj brst in kakor vrt povzroča stvarem, ki so posejane vanj, da poženejo, tako bo Gospod Bog povzročil pravičnosti in hvali, da poženeta pred vsemi narodi.