< ဟေရှာယ 60 >
1 ၁ အို ယေရုရှလင်မြို့၊နိုးထ၍နေကဲ့သို့ထွန်းတောက်လော့။ သင်၏အလင်းပေါ်ထွန်းလာပြီ။ ထာဝရဘုရား၏ဘုန်းအသရေတော်သည် သင့်အပေါ်၌ထွန်းလင်းလျက်နေ၏။
У ставай, світися, Єрусалиме, бо прийшло твоє світло, а слава Господня над тобою зася́ла!
2 ၂ အခြားအမျိုးသားတို့နှင့်ကမ္ဘာပေါ်တွင်အမှောင် လွှမ်းလျက်နေမည်ဖြစ်သော်လည်း၊ သင်၏အပေါ်၌မူထာဝရဘုရား၏အလင်းတော် ထွန်းတောက်လျက်နေလိမ့်မည်။ မျက်နှာတော်မှဘုန်းအသရေရောင်ခြည်တော်သည် သင့်အပေါ်သို့သက်ရောက်၍ တည်နေတော်မူလိမ့်မည်။
Бо те́мрява землю вкрива́є, а мо́рок — наро́ди, та сяє Господь над тобою, і слава Його над тобою з'явля́ється!
3 ၃ လူမျိုးတကာတို့သည်သင်၏ အလင်းရှိရာသို့လည်းကောင်း၊ ရှင်ဘုရင်တို့သည်သင်၏တက်သစ်စ နေအရုဏ်ရောင်ခြည်သို့လည်းကောင်း လာရောက်ကြလိမ့်မည်။
І пі́дуть наро́ди за світлом твоїм, а царі — за ясністю ся́йва твого́.
4 ၄ သင်၏ပတ်ဝန်းကျင်တွင်အဘယ်သို့ဖြစ်ပျက်လျက် ရှိသည်ကိုကြည့်ရှုလော့။ သင်၏အမျိုးသားများသည်မိမိတို့ပြည်သို့ ပြန်လာရန်စုရုံးလျက်ရှိကြ၏။ သင်၏သားတို့သည်ရပ်ဝေးမှပြန်လာကြ လိမ့်မည်။ သင်၏သမီးများအားပွေ့ချီလျက်လာကြ လိမ့်မည်။
Здійми́ свої очі навко́ло й побач: усі вони зі́брані, і до тебе ідуть; сини твої йдуть іздале́ка, а до́чок твоїх на рука́х он несуть!
5 ၅ သင်သည်ဤအမှုအရာကိုမြင်၍ရွှင်လန်း ဝမ်းမြောက်ရလိမ့်မည်။ စိတ်နှလုံးထိခိုက်တုန်လှုပ်လာလိမ့်မည်။ လူမျိုးတကာတို့သည်မိမိတို့၏စည်းစိမ် ချမ်းသာများကို သင်၏ထံသို့ယူဆောင်လာကြလိမ့်မည်။ သူတို့၏ပစ္စည်းဥစ္စာများသည်ပင်လယ်ရပ်ခြား မှ ရောက်ရှိလာလိမ့်မည်။
Побачиш тоді — і роз'я́снишся ти, сполохне́ться й поши́ршає серце твоє, бо зве́рнеться мо́рське бага́тство до тебе, і при́йде до тебе багатство наро́дів!
6 ၆ ဝန်တင်ကုလားအုပ်တပ်ကြီးများသည် မိဒျန်ပြည်နှင့်ဧဖာပြည်မှရောက်ရှိလာ၍ သင်၏ဒေသကိုလွှမ်းမိုးလိမ့်မည်။ ရှေဘပြည်မှရွှေနှင့်နံ့သာပေါင်းကိုယူဆောင် လာကြလိမ့်မည်။ လူတို့သည်ဘုရားသခင်ပြုတော်မူသော အမှုတော်အကြောင်းသတင်းကောင်းကို ချီးမွမ်းကြလိမ့်မည်။
Бе́зліч верблю́дів закриє тебе, молоді ті верблю́ди з Мідія́ну й Ефи́, — усі вони при́йдуть із Ше́ви, носитимуть золото й ла́дан та хва́ли Господні звіща́тимуть.
7 ၇ ကေဒါပြည်နှင့်နဗာယုတ်ပြည်တို့မှသိုးရှိ သမျှကို ယဇ်ကောင်များအဖြစ်ဖြင့်သင်၏ထံသို့ ယူဆောင်လာပြီးလျှင်၊ ထာဝရဘုရားနှစ်သက်တော်မူစေရန် ယဇ်ပလ္လင်ပေါ်တွင်တင်လှူပူဇော်ကြလိမ့်မည်။ ထာဝရဘုရားသည်မိမိ၏ဗိမာန်တော်ကို အဘယ်အခါနှင့်မျှမတူအောင်ဘုန်း အသရေထွန်းတောက်စေတော်မူလိမ့်မည်။
Всі отари кеда́рські зберу́ться до тебе, барани́ невайо́тські послу́жать тобі, — вони пі́дуть усі на Мій ві́втар, як жертва приє́мна, і Я просла́влю дім слави Своєї!
8 ၈ မိုးတိမ်များကဲ့သို့လည်းကောင်း၊အိပ်တန်းပြန် ချိုးငှက်များကဲ့သို့လည်းကောင်း၊ ရေမျက်နှာပြင်ကိုလျှပ်၍လာနေသောသင်္ဘောများ ကားအဘယ်သင်္ဘောများနည်း။
Хто вони, що летять, як та хмара, і немов голуби́ до своїх голубникі́в?
9 ၉ ထိုသင်္ဘောတို့သည်ရပ်ဝေးမှ ဘုရားသခင်၏လူမျိုးတော်အား မိမိတို့ပြည်သို့တင်ဆောင်လာသည့် သင်္ဘောများဖြစ်၏။ ယင်းတို့သည်ဣသရေလအမျိုးသားတို့၏ သန့်ရှင်းသောဘုရားသခင် ထာဝရဘုရားကိုချီးမြှောက်ရန်၊ ရွှေနှင့်ငွေများကိုယူဆောင် လာကြခြင်းဖြစ်၏။ ကိုယ်တော်သည်မိမိ၏လူမျိုးတော်ကို ချီးမြှောက်စေတော်မူပြီ။
Бо до Мене збираються морепла́вці, і найперше пливуть кораблі́ із Тарші́шу, щоб приве́сти синів твоїх зда́лека, з ними їхнє срібло́ та їхнє золото для Імені Господа, Бога твого, і для Святого Ізраїля, Він бо просла́вив тебе.
10 ၁၀ ထာဝရဘုရားကယေရုရှလင်မြို့အား ``လူမျိုးခြားတို့သည်သင်၏မြို့ရိုးများကို ပြန်လည်တည်ဆောက်ကြလိမ့်မည်။ သူတို့၏ဘုရင်များသည်လည်းသင်တို့၏ အစေကိုခံကြလိမ့်မည်။ ငါသည်အမျက်ထွက်သဖြင့်သင်တို့အား အပြစ်ဒဏ်ခတ်ခဲ့၏။ သို့ရာတွင်ယခုအခါသင်တို့အားမျက်နှာ သာပေး၍ ကရုဏာပြတော်မူမည်။
І мури твої побуду́ють чужи́нці, а їхні царі́ тобі бу́дуть служи́ти, бо в за́палі гніву Свого́ Я був ура́зив тебе, а в Своїм уподо́банні змилуюся над тобою!
11 ၁၁ လူမျိုးတကာတို့၏ဘုရင်များသည် မိမိတို့ပစ္စည်းများကိုယူဆောင်လာနိုင်ရန်၊ သင်သည်မိမိ၏တံခါးကိုနေ့ရောညဥ့်ပါ ဖွင့်၍ထားရလိမ့်မည်။
І будуть пості́йно відкри́тими брами твої, — ані вдень, ні вночі не замкну́ться вони, щоб прино́сити до тебе бага́тство наро́дів, і їхні царі́ щоб були припрова́джені.
12 ၁၂ သို့ရာတွင်သင်၏အစေကိုမခံသည့် လူမျိုးတို့မူကား၊လုံးဝသုတ်သင်ဖျက်ဆီး ခြင်းကို ခံရကြလိမ့်မည်။
Бо погинуть наро́д та те ца́рство, що не схо́чуть служити тобі, — і ці наро́ди пони́щені будуть зовсі́м!
13 ၁၃ ``အို ယေရုရှလင်မြို့၊ သင့်ကိုပြန်လည်တည်ဆောက်၍ ငါ၏ဗိမာန်တော်ကိုလှပတင့်တယ်စေရန်နှင့်၊ ငါခြေချရာနေရာကိုဘုန်းအသရေ ထွန်းတောက်စေရန် သူတို့သည်လေဗနုန်တောမှလက်ရွေးစင် ထင်းရှူးသား၊ တဒေရသားနှင့်တာရှုရသားတို့ကို သင့်ထံယူဆောင်လာကြလိမ့်မည်။
Слава ліва́нська прибу́де до тебе, кипари́с, сосна й бук будуть ра́зом, щоб приоздобити місце святині Моєї, і місце ніг Своїх Я пошану́ю.
14 ၁၄ သင်တို့ကိုနှိပ်စက်ညှဉ်းဆဲသူတို့၏ သားမြေးများသည်သင့်ထံလာရောက်၍ ဦးညွှတ် အလေးပြုကြလိမ့်မည်။ အခါတစ်ပါးကသင့်အားမထီမဲ့မြင် ပြုသူအပေါင်းတို့သည်သင်၏ခြေရင်း၌ ပျပ်ဝပ် ရှိခိုးကြလိမ့်မည်။ သူတို့သည်သင့်အား`ထာဝရဘုရား၏မြို့တော်' ဟူ၍လည်းကောင်း၊ `ဣသရေလအမျိုးသားတို့၏ သန့်ရှင်းမြင့်မြတ်သည့်မြို့တော်ဇိအုန်' ဟူ၍လည်းကောင်းခေါ်ဝေါ်သမုတ်ကြလိမ့် မည်။
І зі́гнуті при́йдуть до тебе сини твоїх кри́вдників, і кла́нятись будуть до стіп твоїх ніг усі нена́висники, і тебе будуть кликати: Місто Господнє, Сіон Святого Ізраїлевого!
15 ၁၅ ``သင်သည်လူသူဆိတ်ငြိမ်လျက်စွန့်ပစ်မုန်းတီး ခြင်းကို ခံရသောမြို့ဖြစ်တော့မည်မဟုတ်။ ငါသည်သင့်ကိုခမ်းနားကြီးကျယ်လှပစေ၍ ကာလအစဉ်အဆက် ရွှင်လန်းချမ်းမြေ့ဖွယ်ကောင်းသည့်မြို့ဖြစ်စေမည်။
За те, що була ти поки́нута та осору́жна, о до́чко Сіону, і через тебе ніхто не ходив, то вчиню́ тебе славою вічною, радістю з роду в рід!
16 ၁၆ မိခင်သည်သားငယ်ကိုနို့ချိုတိုက်ကျွေးသကဲ့သို့၊ လူမျိုးတကာတို့၏ဘုရင်များသည် သင့်ကိုကြည့်ရှုပြုစုကြလိမ့်မည်။ ငါထာဝရဘုရားသည်သင့်ကိုကယ်တင်တော် မူပြီ ဖြစ်ကြောင်းကိုလည်းကောင်း၊ ဣသရေလအမျိုးသားတို့၏အနန္တတန်ခိုးရှင် ဘုရားသခင်သည် သင့်အားကျွန်ဘဝမှလွတ်မြောက်စေတော်မူပြီ ဖြစ်ကြောင်းကိုလည်းကောင်း၊ သင်သည်သိရှိရလိမ့်မည်။
І бу́деш ти ссати молоко із наро́дів, і гру́ди царів будеш сса́ти, і пізнаєш, що Я — то Господь, твій Спаси́тель, а твій Викупи́тель — Поту́жний Яковів!
17 ၁၇ ``ငါသည်သင့်အားကြေးဝါအစားရွှေ၊ သံအစားငွေနှင့်သစ်သားအစားကြေးဝါ ကို ပေးတော်မူမည်။ သင်သည်ကျောက်အစားသံကိုရရှိလိမ့်မည်။ သင်တို့ကိုအုပ်ချုပ်သူတို့အားတရားမျှတ ငြိမ်းချမ်းစွာအုပ်စိုးစေမည်။
Замість міді впрова́джу Я золото, і замість заліза впрова́джу срібло́, і замість дерева — мідь, а за́мість камі́ння — залізо, і дозо́ром твоїм зроблю мир, твоїми ж начальниками — справедливість!
18 ၁၈ အကြမ်းဖက်မှုအသံဗလံများပေါ်ထွက် ရတော့မည်မဟုတ်။ သင်၏ပြည်သည်လည်းနောက်တစ်ဖန်လုယက် ဖျက်ဆီးခြင်းကိုခံရလိမ့်မည်မဟုတ်။ ငါသည်မြို့ရိုးသဖွယ်သင့်ကိုကာကွယ်စောင့် ရှောက်မည်။ သင်သည်လည်းမိမိကိုကယ်တင်သည့်အတွက် ငါ့ကိုချီးမွမ်းလိမ့်မည်။
В твоїм кра́ї не буде вже чуте наси́лля, руїна й спусто́шення в ме́жах твоїх, і назве́ш свої му́ри спасі́нням, а брами свої — похвало́ю!
19 ၁၉ ``နေ့အခါနေသည်လည်းကောင်း၊ ညဥ့်အခါလသည်လည်းကောင်း၊ သင်၏အလင်းဖြစ်တော့မည်မဟုတ်။ ငါထာဝရဘုရားသည်သာလျှင်သင်၏ အတွက် ထာဝစဉ်အလင်းဖြစ်လိမ့်မည်။ ငါ၏ဘုန်းအသရေရောင်ခြည်တော်သည် သင့်အပေါ်၌ထွန်းလင်းလိမ့်မည်။
Удень сонце не буде тобі вже за світло, і не буде світити тобі місяць за ся́йво, бо бу́де тобі вічним світлом Госпо́дь, а твій Бог — за окра́су твою!
20 ၂၀ ငါထာဝရဘုရားသည်သင်၏အတွက်နေလတို့ထက် ပိုမိုတည်တံ့သည့်ထာဝစဉ်အလင်းဖြစ်လိမ့်မည်။ ထို့ကြောင့်သင်ဝမ်းနည်းပူဆွေးရာနေ့ရက်များသည် ကုန်ဆုံး၍သွားလိမ့်မည်။
Не за́йде вже сонце твоє, і місяць твій вже не схова́ється, бо бу́де тобі вічним світлом Госпо́дь, і дні жало́би твоєї покі́нчаться!
21 ၂၁ သင်၏လူအပေါင်းတို့သည်မှန်ရာကိုပြုကျင့် ကြလျက်၊ ပြည်တော်ကိုအစဉ်အမြဲပိုင်ဆိုင်ရကြလိမ့်မည်။ လူအပေါင်းတို့ရှေ့တွင်ငါ၏ဘုန်းတော်ကို ထင်ရှားစေရန်၊ ငါသည်သူတို့ကိုပြုစုပျိုးထောင်ခဲ့ပြီ။
А наро́д твій — усі справедли́ві вони, землю вспадку́ють навіки, па́рость Моїх саджанці́в, чин Моїх рук на просла́влення!
22 ၂၂ သင်၏အနည်းဆုံးအညံ့ဆုံးသောသူပင်လျှင်၊ ထောင်ချီလျက်များပြားလာပြီး တန်ခိုးကြီးမားသည့်လူမျိုးသဖွယ်ကြီးမြတ်၍ လာလိမ့်မည်။ အချိန်ကျလျှင်ငါသည်ဤအတိုင်းလျင်မြန်စွာ ဖြစ်ပျက်စေတော်မူမည်။ ငါသည်ထာဝရဘုရားဖြစ်တော်မူပါသည် တကား။''
Цей мали́й стане тисячею, і наймолодший — наро́дом міцни́м! Я, Господь, цього ча́су оце приспішу́!