< ဟေရှာယ 6 >

1 သြ​ဇိ​မင်း​နတ်​ရွာ​စံ​သော​နှစ်​၌​ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ကို​ဖူး​မြင်​ရ​၏။ ကိုယ်​တော်​သည်​မြင့်​မြတ်​သည့်​ပလ္လင်​တော်​ပေါ်​တွင်​ထိုင်​လျက်​နေ​တော်​မူ​၏။ ဗိ​မာန်​တော်​တစ်​ခု​လုံး​သည်​လည်း​ကိုယ်​တော်​၏​ဝတ်​ရုံ​တော်​နှင့်​ပြည့်​၍​နေ​၏။-
בִּשְׁנַת־מֹות֙ הַמֶּ֣לֶךְ עֻזִּיָּ֔הוּ וָאֶרְאֶ֧ה אֶת־אֲדֹנָ֛י יֹשֵׁ֥ב עַל־כִּסֵּ֖א רָ֣ם וְנִשָּׂ֑א וְשׁוּלָ֖יו מְלֵאִ֥ים אֶת־הַהֵיכָֽל׃
2 ကိုယ်​တော်​အား​မီး​လျှံ​ထ​လျက်​နေ​သော​ကောင်း​ကင်​တ​မန်​များ​သည် ခြံ​ရံ​ကာ​ရပ်​လျက်​နေ​ကြ​၏။ သူ​တို့​မှာ​အ​တောင်​ခြောက်​ခု​စီ​ရှိ​၏။ သူ​တို့​သည်​အ​တောင်​နှစ်​ခု​ဖြင့်​မိ​မိ​တို့​မျက်​နှာ​ကို​လည်း​ကောင်း၊ အ​ခြား​နှစ်​ခု​ဖြင့်​ကိုယ်​ခန္ဓာ​ကို​လည်း​ကောင်း​ဖုံး​အုပ်​ထား​ကာ​ကျန်​အ​တောင်​နှစ်​ခု​ကို​မူ​ပျံ​တက်​ရာ​တွင်​အ​သုံး​ပြု​ကြ​လေ​သည်။-
שְׂרָפִ֨ים עֹמְדִ֤ים ׀ מִמַּ֙עַל֙ לֹ֔ו שֵׁ֧שׁ כְּנָפַ֛יִם שֵׁ֥שׁ כְּנָפַ֖יִם לְאֶחָ֑ד בִּשְׁתַּ֣יִם ׀ יְכַסֶּ֣ה פָנָ֗יו וּבִשְׁתַּ֛יִם יְכַסֶּ֥ה רַגְלָ֖יו וּבִשְׁתַּ֥יִם יְעֹופֵֽף׃
3 သူ​တို့​သည် ``အနန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည်​သန့်​ရှင်း​မြင့်​မြတ်​တော်​မူ​၏။ သန့်​ရှင်း​မြင့်​မြတ်​တော်​မူ​၏။ သန့်​ရှင်း​မြင့်​မြတ်​တော်​မူ​၏။ ကမ္ဘာ​မြေ​ကြီး​သည်​ကိုယ်​တော်​၏​ဘုန်း​အ​သ​ရေ​တော်​ဖြင့်​ပြည့်​လျက်​ရှိ​ပါ​၏။'' ဟု​အ​ချင်း​ချင်း​ကြွေး​ကြော်​၍​နေ​ကြ​၏။
וְקָרָ֨א זֶ֤ה אֶל־זֶה֙ וְאָמַ֔ר קָדֹ֧ושׁ ׀ קָדֹ֛ושׁ קָדֹ֖ושׁ יְהוָ֣ה צְבָאֹ֑ות מְלֹ֥א כָל־הָאָ֖רֶץ כְּבֹודֹֽו׃
4 ဤ​သို့​သူ​တို့​ကြွေး​ကြော်​ကြ​သည့်​အ​သံ​ကြောင့်၊ ဗိ​မာန်​တော်​အုတ်​မြစ်​သည်​တုန်​လှုပ်​ကာ​ဗိ​မာန်​တော်​သည်​လည်း​မီး​ခိုး​များ​နှင့်​ပြည့်​၍​လာ​တော့​၏။
וַיָּנֻ֙עוּ֙ אַמֹּ֣ות הַסִּפִּ֔ים מִקֹּ֖ול הַקֹּורֵ֑א וְהַבַּ֖יִת יִמָּלֵ֥א עָשָֽׁן׃
5 ငါ​က​လည်း၊``ငါ​၌​မျှော်​လင့်​စ​ရာ​မ​ရှိ​တော့​ပြီ။ ငါ​သည်​အ​မင်္ဂ​လာ​ရှိ​ပါ​သည်​တ​ကား။ ငါ​၏​နှုတ်​ထွက်​စ​ကား​မှန်​သ​မျှ​သည်​ညစ်​ညမ်း​၍ ညစ်​ညမ်း​သော​စ​ကား​ကို​သာ​လျှင်​ပြော​ဆို​တတ်​သူ​တို့​အ​ထဲ​တွင်​ငါ​နေ​ထိုင်​ရ​၏။ သို့​ရာ​တွင်​ယ​ခု​ငါ​သည် အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​တည်း​ဟူ​သော​ဘု​ရင်​မင်း​ကို​ဖူး​မြင်​ရ​လေ​ပြီ'' ဟု​ဆို​၏။
וָאֹמַ֞ר אֹֽוי־לִ֣י כִֽי־נִדְמֵ֗יתִי כִּ֣י אִ֤ישׁ טְמֵֽא־שְׂפָתַ֙יִם֙ אָנֹ֔כִי וּבְתֹוךְ֙ עַם־טְמֵ֣א שְׂפָתַ֔יִם אָנֹכִ֖י יֹושֵׁ֑ב כִּ֗י אֶת־הַמֶּ֛לֶךְ יְהוָ֥ה צְבָאֹ֖ות רָא֥וּ עֵינָֽי׃
6 ထို​အ​ခါ​ကောင်း​ကင်​တ​မန်​တစ်​ပါး​သည် ယဇ်​ပလ္လင်​မှ​မီး​ခဲ​တစ်​ခဲ​ကို​မီး​ညှပ်​နှင့်​ညှပ်​၍​ယူ​ဆောင်​ကာ ငါ့​ထံ​သို့​ပျံ​ဆင်း​လာ​၏။-
וַיָּ֣עָף אֵלַ֗י אֶחָד֙ מִן־הַשְּׂרָפִ֔ים וּבְיָדֹ֖ו רִצְפָּ֑ה בְּמֶ֨לְקַחַ֔יִם לָקַ֖ח מֵעַ֥ל הַמִּזְבֵּֽחַ׃
7 သူ​သည်​ငါ့​နှုတ်​ခမ်း​ကို​မီး​ခဲ​နှင့်​တို့​ပြီး​လျှင် ``သင်​၏​နှုတ်​ခမ်း​သည်​ဤ​မီး​ခဲ​နှင့်​တို့​ထိ​ရ​ပြီး​ဖြစ်​သ​ဖြင့်​သင့်​မှာ​အ​ပြစ်​မ​ရှိ​တော့။ သင်​သည်​အ​ပြစ်​များ​မှ​ဖြေ​လွှတ်​၍​သွား​ပေ​ပြီ'' ဟု​ဆို​၏။
וַיַּגַּ֣ע עַל־פִּ֔י וַיֹּ֕אמֶר הִנֵּ֛ה נָגַ֥ע זֶ֖ה עַל־שְׂפָתֶ֑יךָ וְסָ֣ר עֲוֹנֶ֔ךָ וְחַטָּאתְךָ֖ תְּכֻפָּֽר׃
8 ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​က``ငါ​သည်​အ​ဘယ်​သူ​ကို​စေ​လွှတ်​ရ​ပါ​မည်​နည်း'' ဟု​မေး​တော်​မူ​၏။ ငါ​က​လည်း``ကျွန်​တော်​မျိုး​သွား​ပါ​မည်။ ကျွန်​တော်​မျိုး​အား​စေ​လွှတ်​တော်​မူ​ပါ'' ဟု​ပြန်​လည်​လျှောက်​ထား​၏။
וָאֶשְׁמַ֞ע אֶת־קֹ֤ול אֲדֹנָי֙ אֹמֵ֔ר אֶת־מִ֥י אֶשְׁלַ֖ח וּמִ֣י יֵֽלֶךְ־לָ֑נוּ וָאֹמַ֖ר הִנְנִ֥י שְׁלָחֵֽנִי׃
9 ဤ​သို့​ဖြင့်​ကိုယ်​တော်​သည်​ငါ့​အား​ထို​သူ​တို့​ထံ​သို့​စေ​လွှတ်​ပြီး​လျှင်``သူ​တို့​အား`သင်​တို့​သည်​ထပ်​ကာ​ထပ်​ကာ​နား​ထောင်​သော်​လည်း​နား​လည်​လိမ့်​မည်​မ​ဟုတ်။ ထပ်​ကာ​ထပ်​ကာ​ကြည့်​သော်​လည်း​အ​ဖြစ်​အ​ပျက်​ကို​သိ​လိမ့်​မည်​မ​ဟုတ်' ဟု​ပြော​ကြား​လော့'' ဟု​မိန့်​တော်​မူ​၏။-
וַיֹּ֕אמֶר לֵ֥ךְ וְאָמַרְתָּ֖ לָעָ֣ם הַזֶּ֑ה שִׁמְע֤וּ שָׁמֹ֙ועַ֙ וְאַל־תָּבִ֔ינוּ וּרְא֥וּ רָאֹ֖ו וְאַל־תֵּדָֽעוּ׃
10 ၁၀ ထို​နောက်​ကိုယ်​တော်​က``ဤ​လူ​စု​၏​စိတ်​နှ​လုံး​သည်​ထိုင်း​မှိုင်း​လျက်၊ သူ​တို့​၏​နား​များ​သည်​လေး​လျက်၊ မျက်​စိ​များ​သည်​လည်း​ပိတ်​လျက်​နေ​အောင်​ပြု​လော့။ သို့​မှ​သာ​လျှင်​သူ​တို့​သည်​မ​မြင်​နိုင်၊ မ​ကြား​နိုင်၊ နား​မ​လည်​နိုင်​ဘဲ​နေ​ကြ​လိမ့်​မည်။ အ​ကယ်​၍​သူ​တို့​သည်​မြင်​နိုင်​ကြား​နိုင်​နား​လည်​နိုင်​ကြ​မည်​ဆို​ပါ​မူ မိ​မိ​တို့​၏​ဝိ​ညာဉ်​ဆိုင်​ရာ​ရော​ဂါ​များ​ပျောက်​ကင်း​စေ​ရ​အောင်​စိတ်​နှ​လုံး​ပြောင်း​လဲ​ကြ​လိမ့်​မည်'' ဟု​ငါ့​အား​မိန့်​တော်​မူ​၏။
הַשְׁמֵן֙ לֵב־הָעָ֣ם הַזֶּ֔ה וְאָזְנָ֥יו הַכְבֵּ֖ד וְעֵינָ֣יו הָשַׁ֑ע פֶּן־יִרְאֶ֨ה בְעֵינָ֜יו וּבְאָזְנָ֣יו יִשְׁמָ֗ע וּלְבָבֹ֥ו יָבִ֛ין וָשָׁ֖ב וְרָ֥פָא לֹֽו׃
11 ၁၁ ငါ​က​လည်း``အို ထာ​ဝ​ရ​ဘု​ရား၊ အ​ဘယ်​မျှ​ကြာ​အောင်​ဤ​သို့​ဖြစ်​ပျက်​လျက်​နေ​ပါ​မည်​နည်း'' ဟု​လျှောက်​လျှင် ကိုယ်​တော်​က``မြို့​များ​ပျက်​စီး​ယို​ယွင်း​၍​ဟာ​လာ​ဟင်း​လင်း​ဖြစ်​၍​နေ​ချိန်​တိုင်​အောင်​ဖြစ်​၏။ အိမ်​များ​တွင်​လူ​သူ​ကင်း​မဲ့​ပြီး​ထို​ပြည်​ကိုယ်​တိုင်​လူ​သူ​ဆိတ်​ငြိမ်​ရာ​ဖြစ်​လျက်​နေ​ချိန်​တိုင်​အောင်​ဖြစ်​၏။-
וָאֹמַ֕ר עַד־מָתַ֖י אֲדֹנָ֑י וַיֹּ֡אמֶר עַ֣ד אֲשֶׁר֩ אִם־שָׁא֨וּ עָרִ֜ים מֵאֵ֣ין יֹושֵׁ֗ב וּבָתִּים֙ מֵאֵ֣ין אָדָ֔ם וְהָאֲדָמָ֖ה תִּשָּׁאֶ֥ה שְׁמָמָֽה׃
12 ၁၂ ငါ​သည်​လူ​တို့​အား​တစ်​ပါး​အ​ရပ်​သို့​ပြောင်း​ရွှေ့​စေ​၍ ထို​ပြည်​ကို​လူ​သူ​ဆိတ်​ငြိမ်​ရာ​ဖြစ်​စေ​မည်။-
וְרִחַ֥ק יְהוָ֖ה אֶת־הָאָדָ֑ם וְרַבָּ֥ה הָעֲזוּבָ֖ה בְּקֶ֥רֶב הָאָֽרֶץ׃
13 ၁၃ အ​ကယ်​၍​ထို​ပြည်​တွင်​လူ​ဦး​ရေ​ဆယ်​ရာ​နှုန်း​မျှ​သာ​ကျန်​ရစ်​မည်​ဆို​လျှင်​လည်း ထို​သူ​တို့​သည်​ဆုံး​ပါး​ပျက်​စီး​ရ​ကြ​မည်​သာ​ဖြစ်​၏။ ထို​သူ​တို့​သည်​ခုတ်​လှဲ​လိုက်​သည့်​ဝက်​သစ်​ချ​ပင်​တို့​၏​ငုတ်​တို​များ​နှင့်​တူ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။ (သစ်​ငုတ်​တို​များ​သည်​ဘု​ရား​သ​ခင်​လူ​မျိုး​တော်​၏​ဘ​ဝ​သစ်​အ​စ​ပျိုး​မှု​ကို​ဖော်​ပြ​သည်။)
וְעֹ֥וד בָּהּ֙ עֲשִׂ֣רִיָּ֔ה וְשָׁ֖בָה וְהָיְתָ֣ה לְבָעֵ֑ר כָּאֵלָ֣ה וְכָאַלֹּ֗ון אֲשֶׁ֤ר בְּשַׁלֶּ֙כֶת֙ מַצֶּ֣בֶת בָּ֔ם זֶ֥רַע קֹ֖דֶשׁ מַצַּבְתָּֽהּ׃ פ

< ဟေရှာယ 6 >